Bundesliga La Liga Transfer News

စာချုပ်လျော်ကြေးရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ဘိုင်ယန်ကို ခြေစုံကန်တော့မယ့် လီဗန်ဒေါ့ဗ်စကီး

ဘိုင်ယန်မြူးနစ်အသင်းဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ၎င်းတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးကို ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်ချက်ဟာ အံ့အားသင့်ဖွယ် ထိုးနှက်ခံရနိုင်တယ်လို့ သတင်းတွေအရ သိရပါတယ်။

ပိုလန်လက်ရွေးစင်တိုက်စစ်မှူးဟာ အခုအချိန်မှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့အတွက် သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ် ကျန်ရှိနေသေးပေမယ့်လည်း အပြောင်းအရွှေ့ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

Bild ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်မှာ စိုးရိမ်စရာ အကြောင်းအရင်းအချို့ ရှိနေပုံရတာဖြစ်ကောင်းဖြစ်နိုင်ပြီး လီဗန်ဒေါ့ဗ်စကီးဟာ ‘Webster Clause’ လို့ ခေါ်တဲ့ လှည့်ကွက်နဲ့ ကိုယ့်ဘာသာကိုယ် ပြန်ဝယ်ပြီး စာချုပ်ကို စောစောစီးစီး အဆုံးသတ်နိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီလှည့်ကွက်ဟာ မကြာခဏ အသုံးပြုလေ့ရှိတဲ့ အရာတစ်ခုတော့ မဟုတ်ခဲ့ဘဲ ၂၀၀၆ ခုနှစ်တုန်းက အန်ဒီ ဝက်ဘ်စတာလို့ အမည်ရတဲ့ ကစားသမားဟာ ဟာ့တ်စ်အသင်းကနေ ဝီဂန်ကို စာချုပ်လျော်ကြေး ကိုယ့်ဘာသာ ပေးပြီး ပြောင်းရွှေ့ခဲ့တာက နောက်ဆုံး လူသိများထင်ရှားခဲ့တဲ့ နမူနာတွေထဲက တစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။

နည်းနည်း စိတ်ရှုပ်ထွေးစရာကောင်းတဲ့ ဥပဒေက အသက် ၂၈ နှစ်နဲ့အထက် ကစားသမားတွေကို နောက်ဆုံ စာချုပ်သက်တမ်း တိုးခဲ့တာ ၂ နှစ်ရှိနေသရွေ့၊ အသင်းကို လျော်ကြေးပေးသရွေ့ စာချုပ် ဖျက်သိမ်းနိုင်အောင် ကိုယ့်ဘာသာ ကိုယ် ပြန်လည်ဝယ်ယူခွင့် ပြုထားတာဖြစ်ပါတယ်။

အာဆင်နယ်ဂန္တဝင်ကွင်းလယ်ကစားသမား ရောဘတ်စ် ပီးရက်စ်က ပိုလန်တိုက်စစ်မှူးကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ဘာစီလိုနာအသင်းရဲ့ အပြောင်းအရွှေ့ကို ထောက်ခံခဲ့ပြီး လီဗန်ဒေါ့ဗ်စကီးအနေနဲ့ ဘွန်ဒက်စ်လီဂါထက်စာရင် လာလီဂါမှာ ပိုပြီး တောက်ပနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ဘာစီလိုနာသာ လီဗန်ဒေါ့ဗ်စကီးကို ခေါ်ယူခဲ့မယ်ဆိုရင် အဲဒါက အရမ်းကောင်းတဲ့ အပြောင်းအရွှေ့လို့ ကျွန်တော် ယူဆမှာပါ။ ဒီလို ကစားသမားမျိုးအတွက် လာလီဂါက ကောင်းမွန်တဲ့ လိဂ်တစ်ခုပါ။ သူ ဘွန်ဒက်စ်လီဂါမှာထက်စာရင် စပိန်မှာက ပိုပြီးတော့ လွတ်လွတ်လပ်လပ် ကစားနိုင်ပါလိမ့်မယ်။ လာလီဂါက နည်းစနစ်ပိုင်း ပိုကောင်းပြီး သူ့အတွက်တော့ သင့်တော်တဲ့အရာဖြစ်မယ့်ပုံပေါ်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘိုင္ယန္ျမဴးနစ္အသင္းဟာ ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ၎တို႔ရဲ႕ ၾကယ္ပြင့္တိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးကို ထိန္းသိမ္းထားႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ဟာ အံ့အားသင့္ဖြယ္ ထိုးႏွက္ခံရႏိုင္တယ္လို႔ သတင္းေတြအရ သိရပါတယ္။

ပိုလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ အခုအခ်ိန္မွာ ဘာစီလိုနာအသင္းကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ သတင္းေတြ အခိုင္အမာ ထြက္ေပၚေနတာျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁ ႏွစ္ က်န္ရွိေနေသးေပမယ့္လည္း အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္ေအာင္ လုပ္ေဆာင္ႏိုင္ဖြယ္ရွိေနတာျဖစ္ပါတယ္။

Bild ရဲ႕ ေဖာ္ျပခ်က္အရ ဘိုင္ယန္ျမဴးနစ္မွာ စိုးရိမ္စရာ အေၾကာင္းအရင္းအခ်ိဳ႕ ရွိေနပုံရတာျဖစ္ေကာင္းျဖစ္ႏိုင္ၿပီး လီဗန္ေဒါ့ဗ္စကီးဟာ ‘Webster Clause’ လို႔ ေခၚတဲ့ လွည့္ကြက္နဲ႔ ကိုယ့္ဘာသာကိုယ္ ျပန္ဝယ္ၿပီး စာခ်ဳပ္ကို ေစာေစာစီးစီး အဆုံးသတ္ႏိုင္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ဒီလွည့္ကြက္ဟာ မၾကာခဏ အသုံးျပဳေလ့ရွိတဲ့ အရာတစ္ခုေတာ့ မဟုတ္ခဲ့ဘဲ ၂၀၀၆ ခုႏွစ္တုန္းက အန္ဒီ ဝက္ဘ္စတာလို႔ အမည္ရတဲ့ ကစားသမားဟာ ဟာ့တ္စ္အသင္းကေန ဝီဂန္ကို စာခ်ဳပ္ေလ်ာ္ေၾကး ကိုယ့္ဘာသာ ေပးၿပီး ေျပာင္းေ႐ႊ႕ခဲ့တာက ေနာက္ဆုံး လူသိမ်ားထင္ရွားခဲ့တဲ့ နမူနာေတြထဲက တစ္ခုျဖစ္ခဲ့တာျဖစ္ပါတယ္။

နည္းနည္း စိတ္ရႈပ္ေထြးစရာေကာင္းတဲ့ ဥပေဒက အသက္ ၂၈ ႏွစ္နဲ႔အထက္ ကစားသမားေတြကို ေနာက္ဆုံ စာခ်ဳပ္သက္တမ္း တိုးခဲ့တာ ၂ ႏွစ္ရွိေနသေ႐ြ႕၊ အသင္းကို ေလ်ာ္ေၾကးေပးသေ႐ြ႕ စာခ်ဳပ္ ဖ်က္သိမ္းႏိုင္ေအာင္ ကိုယ့္ဘာသာ ကိုယ္ ျပန္လည္ဝယ္ယူခြင့္ ျပဳထားတာျဖစ္ပါတယ္။

အာဆင္နယ္ဂႏၲဝင္ကြင္းလယ္ကစားသမား ေရာဘတ္စ္ ပီးရက္စ္က ပိုလန္တိုက္စစ္မႉးကို ေခၚယူဖို႔ ႀကိဳးပမ္းေနတဲ့ ဘာစီလိုနာအသင္းရဲ႕ အေျပာင္းအေ႐ႊ႕ကို ေထာက္ခံခဲ့ၿပီး လီဗန္ေဒါ့ဗ္စကီးအေနနဲ႔ ဘြန္ဒက္စ္လီဂါထက္စာရင္ လာလီဂါမွာ ပိုၿပီး ေတာက္ပႏိုင္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ဘာစီလိုနာသာ လီဗန္ေဒါ့ဗ္စကီးကို ေခၚယူခဲ့မယ္ဆိုရင္ အဲဒါက အရမ္းေကာင္းတဲ့ အေျပာင္းအေ႐ႊ႕လို႔ ကြၽန္ေတာ္ ယူဆမွာပါ။ ဒီလို ကစားသမားမ်ိဳးအတြက္ လာလီဂါက ေကာင္းမြန္တဲ့ လိဂ္တစ္ခုပါ။ သူ ဘြန္ဒက္စ္လီဂါမွာထက္စာရင္ စပိန္မွာက ပိုၿပီးေတာ့ လြတ္လြတ္လပ္လပ္ ကစားႏိုင္ပါလိမ့္မယ္။ လာလီဂါက နည္းစနစ္ပိုင္း ပိုေကာင္းၿပီး သူ႔အတြက္ေတာ့ သင့္ေတာ္တဲ့အရာျဖစ္မယ့္ပုံေပၚပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.