La Liga

စမောဆွဲတဲ့ ပီကေးနဲ့ တရားဝင် လမ်းခွဲလိုက်ပြီလို့ ကြေညာခဲ့တဲ့ ရှာကီရာ

ဘာစီလိုနာဝါရင့်နောက်ခံကစားသမား ဂျရတ် ပီကေးနဲ့ နှစ်ရှည်လများ ပေါင်းသင်းလာခဲ့တဲ့ ကမ္ဘာကျော်အဆိုတော် ရှာကီရာတို့ဟာ အိမ်ထောင်ရေးဖောက်ပြန်မှုတွေရှိနေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေချိန်မှာ တရားဝင် လမ်းခွဲလိုက်ပြီဖြစ်ပါတယ်။

စနေနေ့မှာ ရှာကီရာရဲ့ PR အသင်းက စပိန်လက်ရွေးစင်နောက်ခံကစားသမား ဂျရတ် ပီကေးနဲ့ ကိုလံဘီယာ လက်တင်ဂီတ ဘုရင်မတို့ဟာ လမ်းခွဲလိုက်ကြပြီဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ လမ်းခွဲလိုက်ပြီဆိုတာကို အတည်ပြုရတဲ့အတွက် ဝမ်းနည်းမိပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက ဦးစားပေးဖြစ်တဲ့ ကလေးတွေရဲ့ ပျော်ရွှင်မှုအတွက် ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ပုဂ္ဂိုလ်ရေးကို လေးစားမှုပေးဖို့ တောင်းဆိုချင်ပါတယ်။ နားလည်ပေးမှုအတွက်လည်း ကျေးဇူးတင်ပါတယ်”လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေအရ ပီကေးဟာ အသင်းဖော် ဆယ်ကျော်သက်ကြယ်ပွင့် ဂါဗီရဲ့ မိခင်ဖြစ်သူနဲ့ ဖောက်ပြန်ခဲ့ပြီး ဘာစီလိုနာကွင်းလယ်ကြယ်ပွင့်ကစားသမားဟာ စပိန်ဝါရင့်နောက်ခံလူကို အင်စတာဂရမ်မှာ ဖောလိုး ဖြုတ်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း စပိန်သတင်းစာ El Periodico ရဲ့သတင်းထောက် ၂ ဦးဖြစ်တဲ့ လော်ရာ ဖာနဲ့ လိုရီနာ ဗက်ဇ်ကွက်ဇ်တို့ရဲ့ ပြောကြားချက်အရ ရှာကီရာဟာ မကြာသေးမီက ဂျရတ် ပီကေးဟာ ဘာစီလိုနာက အသက် ၂၀ အရွယ် ကျောင်းသူ၊ ပွဲစီစဉ်တင်ဆက်သူ မိန်းကလေးတစ်ဦးနဲ့ ဖောက်ပြန်နေတာကို မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပီကေးဟာ အသက် ၂၀ အရွယ် ငယ်ရွယ်တဲ့ ဆံပင်ရွှေရောင် မိန်းကလေးတစ်ဦးနဲ့ တွေ့ဆုံခဲ့တယ်လို့ El Periodico သတင်းထောက် ၂ ဦးက အတည်ပြုခဲ့ပေမယ့်လည်း ဘယ်သူဘယ်ဝါဆိုတာ အတိအကျ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိခဲ့တာဖြစ်ပါတယ်။

ရှာကီရာ၊ ပီကေးတို့နဲ့ အနီးကပ် နေထိုင်တဲ့သူတွေရဲ့ ပြောကြားချက်အရ ၎င်းတို့ စုံတွဲဟာ အတူတူ မနေကြတော့တာ အချိန်တော်တော်ကြာခဲ့ပြီဖြစ်တယ်လို့ သိရပြီး ကလေးတွေကိုလည်း ကျောင်းအတူတူ လာမကြိုတာ တော်တော်ကြာခဲ့ပြီလို့ အခြား ကျောင်းသားမိဘတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ရှာကီရာဟာ မေလတုန်းက မိသားစု အားလပ်ရက်အတွက် ကလေးတွေကို အီဘီဇာကို ခေါ်သွားခဲ့ပေမယ့်လည်း ပီကေးက လိုက်မသွားခဲ့ဘူးလို့တောင် သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပြီး ထင်ပေါ်ကျော်ကြားတဲ့ ပီကေးတို့စုံတွဲဟာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တွေ့ဆုံပြီးနောက် သိပ်မကြာခင်မှာပဲ စတွဲခဲ့ကြတာဖြစ်ပါတယ်။ ပီကေးနဲ့ ရှာကီရာတို့ဟာ မီလန်နဲ့ ဆက်ရှ်လို့ အမည်ရတဲ့ သားသမီး ၂ ဦး ထွန်းကားခဲ့ပေမယ့်လည်း ဘယ်တုန်းကမှ တရားဝင် လက်ထပ်ထိမ်းမြားခြင်း မရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာဝါရင့္ေနာက္ခံကစားသမား ဂ်ရတ္ ပီေကးနဲ႔ ႏွစ္ရွည္လမ်ား ေပါင္းသင္းလာခဲ့တဲ့ ကမာၻေက်ာ္အဆိုေတာ္ ရွာကီရာတို႔ဟာ အိမ္ေထာင္ေရးေဖာက္ျပန္မႈေတြရွိေနတယ္လို႔ ေကာလာဟလေတြ ထြက္ေပၚေနခ်ိန္မွာ တရားဝင္ လမ္းခြဲလိုက္ၿပီျဖစ္ပါတယ္။

စေနေန႔မွာ ရွာကီရာရဲ႕ PR အသင္းက စပိန္လက္ေ႐ြးစင္ေနာက္ခံကစားသမား ဂ်ရတ္ ပီေကးနဲ႔ ကိုလံဘီယာ လက္တင္ဂီတ ဘုရင္မတို႔ဟာ လမ္းခြဲလိုက္ၾကၿပီျဖစ္တယ္လို႔ တရားဝင္ ထုတ္ျပန္ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ လမ္းခြဲလိုက္ၿပီဆိုတာကို အတည္ျပဳရတဲ့အတြက္ ဝမ္းနည္းမိပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ အဓိက ဦးစားေပးျဖစ္တဲ့ ကေလးေတြရဲ႕ ေပ်ာ္႐ႊင္မႈအတြက္ ဆုံးျဖတ္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ပုဂၢိဳလ္ေရးကို ေလးစားမႈေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္။ နားလည္ေပးမႈအတြက္လည္း ေက်းဇူးတင္ပါတယ္”လို႔ ထုတ္ျပန္ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက သတင္းေတြအရ ပီေကးဟာ အသင္းေဖာ္ ဆယ္ေက်ာ္သက္ၾကယ္ပြင့္ ဂါဗီရဲ႕ မိခင္ျဖစ္သူနဲ႔ ေဖာက္ျပန္ခဲ့ၿပီး ဘာစီလိုနာကြင္းလယ္ၾကယ္ပြင့္ကစားသမားဟာ စပိန္ဝါရင့္ေနာက္ခံလူကို အင္စတာဂရမ္မွာ ေဖာလိုး ျဖဳတ္သြားခဲ့တယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း စပိန္သတင္းစာ El Periodico ရဲ႕သတင္းေထာက္ ၂ ဦးျဖစ္တဲ့ ေလာ္ရာ ဖာနဲ႔ လိုရီနာ ဗက္ဇ္ကြက္ဇ္တို႔ရဲ႕ ေျပာၾကားခ်က္အရ ရွာကီရာဟာ မၾကာေသးမီက ဂ်ရတ္ ပီေကးဟာ ဘာစီလိုနာက အသက္ ၂၀ အ႐ြယ္ ေက်ာင္းသူ၊ ပြဲစီစဥ္တင္ဆက္သူ မိန္းကေလးတစ္ဦးနဲ႔ ေဖာက္ျပန္ေနတာကို မိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ပီေကးဟာ အသက္ ၂၀ အ႐ြယ္ ငယ္႐ြယ္တဲ့ ဆံပင္ေ႐ႊေရာင္ မိန္းကေလးတစ္ဦးနဲ႔ ေတြ႕ဆုံခဲ့တယ္လို႔ El Periodico သတင္းေထာက္ ၂ ဦးက အတည္ျပဳခဲ့ေပမယ့္လည္း ဘယ္သူဘယ္ဝါဆိုတာ အတိအက် ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္း မရွိခဲ့တာျဖစ္ပါတယ္။

ရွာကီရာ၊ ပီေကးတို႔နဲ႔ အနီးကပ္ ေနထိုင္တဲ့သူေတြရဲ႕ ေျပာၾကားခ်က္အရ ၎တို႔ စုံတြဲဟာ အတူတူ မေနၾကေတာ့တာ အခ်ိန္ေတာ္ေတာ္ၾကာခဲ့ၿပီျဖစ္တယ္လို႔ သိရၿပီး ကေလးေတြကိုလည္း ေက်ာင္းအတူတူ လာမႀကိဳတာ ေတာ္ေတာ္ၾကာခဲ့ၿပီလို႔ အျခား ေက်ာင္းသားမိဘေတြရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

ရွာကီရာဟာ ေမလတုန္းက မိသားစု အားလပ္ရက္အတြက္ ကေလးေတြကို အီဘီဇာကို ေခၚသြားခဲ့ေပမယ့္လည္း ပီေကးက လိုက္မသြားခဲ့ဘူးလို႔ေတာင္ သတင္းေတြ ထြက္ေပၚခဲ့တာျဖစ္ၿပီး ထင္ေပၚေက်ာ္ၾကားတဲ့ ပီေကးတို႔စုံတြဲဟာ ၂၀၁၀ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေတြ႕ဆုံၿပီးေနာက္ သိပ္မၾကာခင္မွာပဲ စတြဲခဲ့ၾကတာျဖစ္ပါတယ္။ ပီေကးနဲ႔ ရွာကီရာတို႔ဟာ မီလန္နဲ႔ ဆက္ရွ္လို႔ အမည္ရတဲ့ သားသမီး ၂ ဦး ထြန္းကားခဲ့ေပမယ့္လည္း ဘယ္တုန္းကမွ တရားဝင္ လက္ထပ္ထိမ္းျမားျခင္း မရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.