Premier League

နွေရာသီမှာ မာရီနာ ဂရာနော့ဗ်စကားယာ ရောင်းချဖို့ ငြင်းဆန်ရမယ့် ချဲလ်ဆီးကြယ်ပွင့် ၄ ဦး

ချဲလ်ဆီးအသင်းရဲ့ နွေရာသီ ပြန်လည်ပြုပြင်တည်ဆောက်မှုဟာ ကစားသမားသစ်တွေကို ဝယ်ယူဖို့ မျှော်မှန်းထားသလောက် နည်းလမ်းမျိုးစုံနဲ့ ဆက်လက်ထိန်းသိမ်းရမယ့် ကစားသမားတွေနဲ့လည်း သက်ဆိုင်ကောင်း သက်ဆိုင်နိုင်ပါတယ်။

အန်တိုနီယို ရူဒီဂါဟာ အသင်းနဲ့ လမ်းခွဲခဲ့ပြီးဖြစ်သလို ခရစ္စတင်ဆန်ကလည်း မကြာမီမှာ ဂျာမန်နောက်ခံကစားသမား ခြေရာလိုက်နင်းတော့မှာဖြစ်ပြီး အက်ဇ်ပီလီကွေတာ၊ အလွန်ဆိုနဲ့ အခြား ကစားသမားတွေရဲ့ အနာဂတ်ကလည်း မရေရာ မသေချာတော့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ယခုနွေရာသီမှာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ အထိ သုံးစွဲသွားဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး နွေရာသီအပြောင်းအရွှေ့ဘတ်ဂျက်ဟာ အသင်းနဲ့ လမ်းခွဲမယ့်ကစားသမားတွေအပေါ်မှာ မူတည်ဖွယ်ရှိနေပါတယ်။

အပေါ်မှာ ဖော်ပြခဲ့တဲ့ ကစားသမားတွေလိုပဲ လူကာကူးကလည်း ပေါင် ၉၇.၅ သန်းနဲ့ စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြန်လည်ပြောင်းရွှေ့လာပြီးနောက် ၁၂ လတောင် မရှိသေးချိန်မှာ အသင်းကို စွန့်ခွာဖို့ စဉ်းစားနေပုံပေါ်ပြီး ၂၀၂၃ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်တော့မယ့် ဂျော်ဂျင်ညို၊ ကွန်တေတို့လိုမျိုး ကစားသမားတွေနဲ့ပတ်သက်ပြီးလည်း မဖြစ်မနေ ကြီးမားတဲ့ဆုံးဖြတ်ချက် ချရမှာဖြစ်ပါတယ်။

ချဲလ်ဆီးကြယ်ပွင့်အများအပြားရဲ့အနာဂတ်ဟာ မေးခွန်းထုတ်ခြင်းခံနေရပြီး ဇူလိုင်လအစ ကော့ဘ်ဟမ်ကို လေ့ကျင့်ရေးလုပ်ဖို့ ပြန်သွားတဲ့အချိန်မှာ သောမတ်စ် တူဟယ်ရဲ့ ပြုပြင်တည်ဆောက်မှုမှာ ဘယ်နေရာမှာ ပါဝင်ခွင့်ရမလဲဆိုတာကို မေးမြန်းမှုတွေ ပြုလုပ်သွားကြတော့မှာဖြစ်ပါတယ်။

ချဲလ်ဆီး ပထမအသင်းမှာ သိသာထင်ရှားခြင်းမရှိခဲ့ပေမယ့်လည်း ဆက်လက် ထိန်းသိမ်ထားဖို့ ထိုက်တန်တဲ့ကစားသမား ၄ ဦးရှိနေပြီး အဲဒီကစားသမားတွေက ဘယ်သူတွေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁။ ရူဘင် လော့ဖ်တပ်စ်-ချိခ်

ချဲလ်ဆီးကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ အများစု မျှော်မှန်းထားတာထက် ပါဝင်ကစားခွင့် ပိုမိုရရှိခဲ့ပြီး တူဟယ်ဆီကနေ ချီးကျူးမှုတွေရော၊ စိတ်ပျက်မှုတွေပါ ထပ်တူထပ်မျှ ရရှိခဲ့တာဖြစ်ပါတယ်။ ဂျာမန်လူမျိုးနည်းပြက အင်္ဂလန်ကွင်းလယ်ကစားသမားဆီကနေ အလားအလာရှိတဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရပြီးနောက် ပိုပြီး လုပ်ပြဖို့တောင် ထပ်ခါထပ်ခါ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ နည်းပြ တူဟယ်လက်အောက် ပထမဆုံးရာသီမှာ ၁၈ ပွဲ ပွဲထွက်ခွင့်ရရှိခဲ့ပြီး နောက်ရာသီ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ဖို့ ဝေးကွာနေဆဲဖြစ်ပေမယ့်လည်း ကွင်းလယ်မှာ မရေရာမသေချာမှုတွေ များစွာရှိနေတာကြောင့် တူဟယ်ရဲ့ ပြုပြင်တည်ဆောက်မှုကို တည်ငြိမ်မှုအချို့ ယူဆောင်ပေးပြီး ကူညီနိုင်ပါတယ်။ အသက်အရွယ်ရလာပြီဖြစ်တဲ့ ကွန်တေနဲ့ ဂျော်ဂျင်ညိုတို့ရဲ့နေရာမှာ အစားထိုးဖို့ ချူအာမေနီနဲ့ ဒီကလန် ရိုက်စ်တို့လို နာမည်ကြီးကစားသမားတွေ ခေါ်ယူဖို့ ခက်ခဲကြောင်း သက်သေပြသခဲ့ပြီးဖြစ်တာကြောင့် လော့ဖ်တပ်စ်-ချိခ်ရဲ့ ထွက်ခွာမှုကို လတ်တလောမှာတော့ ချဲလ်ဆီးအနေနဲ့ ထည့်သွင်းမစဉ်းစားသင့်သေးတာဖြစ်ပါတယ်။

၂။ ဘီလီ ဂီးလ်မိုး

၂၀၂၁-၂၀၂၂ ရာသီ နောဝစ်ချ်စီးတီးမှာ ခက်ခဲကြမ်းတမ်းတဲ့ အငှားကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ဂီးလ်မိုးဟာ လာမယ့်ရာသီ တူဟယ်ရဲ့လူစာရင်းအတွက် ပြီးပြည့်စုံတဲ့ ဖြည့်စွက်မှုဖြစ်တယ်ဆိုတာ သက်သေပြသနိုင်ဖွယ်ရှိပါတယ်။ ဒါပေမယ့်လည်း ဂျာမန်လူမျိုးနည်းပြဟာ အငှားချထားတဲ့ ကစားသမားတွေအတွက် သီးခြား တောင်းဆိုမှုတွေ ရှိနေပါတယ်။ “သူ ပွဲကစားချိန်အချို့ ရဖို့အတွက် အငှားထွက်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါက အရေးကြီးပါတယ်။ ဒါပေမယ့် ပထမဆုံးအနေနဲ့ သူ့ကို စွမ်းဆောင်နိုင်စေချင်ပါတယ်။ ကျွန်တော်တို့ရဲ့အသင်းထဲမှာ ပါဝင်နိုင်ဖို့ ခင်ဗျား စွမ်းဆောင်ရည်သက်သက်နဲ့ပဲ လုပ်လို့ရမယ်။ ခင်ဗျား အငှားနဲ့ထွက်ကစားဖို့ ဆုံးဖြတ်ချက်ရင်လည်း အဲဒီအတိုင်းပဲ ရိုးရှင်းပါတယ်။ အဲဒါက ပြင်းထန်တယ်လို့ ကျွန်တော် မထင်ပါဘူး။ ခင်ဗျား စွမ်းဆောင်ပြဖို့ လိုပါတယ်။ ခင်ဗျား ဘယ်နေရာကိုပဲသွားသွား ထိပ်တန်းကစားသမားဖြစ်ဖို့ ကွင်းထဲမှာ ရှိနေဖို့ လိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဂီးလ်မိုးဟာ အရင်တုန်းက အမြင့်မားဆုံးအဆင့်မှာတောင် ချဲလ်ဆီးကွင်းလယ်မှာ ပါဝင်ကစားပေးနိုင်တယ်ဆိုတာကို သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ ဆာအူးလ် နီဂေး အသင်းနဲ့ လမ်းခွဲဖို့ ပြင်ဆင်နေပြီး စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲကို ရောက်ရှိနေတဲ့ ဂျော်ဂျင်ညိုကို မာရီနာ ဂရာနော့ဗ်စကားယာက ရောင်းထုတ်နိုင်ခြေရှိနေတာကြောင့် အသက် ၂၀ အရွယ်ကစားသမားအနေနဲ့ အသင်းကို ပြန်လာဖို့ အချိန်ကောင်းဖြစ်နိုင်ပါတယ်။ ပရီးမီးယားလိဂ်မှာ လူစားလဲလှယ်နိုင်တဲ့ပမာဏ ၅ ဦးအထိ ခွင့်ပြုတော့မှာဖြစ်တာကြောင့် ဂီးလ်မိုးဟာ ချဲလ်ဆီးရဲ့ ၂၅ ဦးစာရင်းထဲမှာ ထည့်သွင်းမရေတွက်ရင်တောင် အပိုအရည်အသွေးတွေကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ စကော့တလန် ကွင်းလယ်လူဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၁၂ လသာ ကျန်တော့တာကြောင့် ချဲလ်ဆီးဟာ ဂီးလ်မိုးကို ရောင်းချဖို့ လိုအပ်တယ်လို့ စဉ်းစားကောင်း စဉ်းစားနိုင်ပေမယ့်လည်း အခုမရောင်းသေးဘဲ အချိန်တစ်ခုမှာ ရောင်းဖို့ စီစဉ်ထားတယ်ဆိုရင်တောင်မှ အသင်းမှာ မထားဘဲ အငှားပဲချနေမယ်ဆိုရင် ဘယ်လိုမှ ပြောင်းရွှေ့ကြေးတန်ဖိုးက တက်လာဖွယ်မရှိတာဖြစ်ပါတယ်။

၃။ ဟတ်ဒ်ဆန်-အိုဒွိုင်း

ကော့ဘ်ဟမ်အကယ်ဒမီထွက် တောင်ပံကစားသမားဟာ ထင်သလိုမဖြစ်ခဲ့တဲ့ ၂၀၂၁-၂၀၂၂ ရာသီကို ဖြတ်သန်းခဲ့ရပြီး ဖနောင့်ကြောဒဏ်ရာက ၎င်းရဲ့ရာသီကို စောစီးစွာ အဆုံးသတ်စေခဲ့တာဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ဒေါ့မွန်နဲ့ လက်စတာစီးတီးတို့ကို ပြောင်းရွှေ့ဖို့ ငြင်းပယ်ခြင်းခံခဲ့ရပီးနောက် အရန်ခုံမှာ အချိန်များစွာ ကုန်ဆုံးခဲ့ရတာကြောင့် နှေးကွေးလေးလံလာခဲ့ပါတယ်။ အိုဒွိုင်းဟာ ဆောင်းဦးကာလတုန်းက ၎င်း နှစ်သက်တဲ့နေရာမှာ အောင်မြင်မှုတွေ ရှာတွေ့ခဲ့ပေမယ့်လည်း နေရာစုံ ကစားနိုင်စွမ်းက တူဟယ်ရဲ့အသင်းကို အားကောင်းစေခဲ့တာဖြစ်ပါတယ်။

အိုဒွိုင်းဟာ ဇီယက်ရှ်၊ ပူလီရှစ်၊ တီမို ဗာနာတို့လို ကစားသမားတွေထက် ခြေစွမ်းမပြသနိုင်ခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ အိုဒွိုင်းဟာ လေ့ကျင့်ရေး ပြန်လည်ပြုလုပ်နေခဲ့ပြီးဖြစ်ပြီး တိုးတက်အောင် ပြုလုပ်ဖို့ လိုအပ်တာတွေရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိနေတာဖြစ်ပါတယ်။ အပိုဆုအနေနဲ့ အိုဒွိုင်းဟာ ချဲလ်ဆီးလူစာရင်းမှာ နေရာပို မယူဖို့ အရည်အချင်းပြည့်မီတာကြောင့် ယှဉ်ပြိုင်မှုမှာလည်း ခြေတစ်လှမ်း သာနိုင်ခြေရှိနေပါတယ်။

၄။ အာမန်ဒို ဘရိုဂျာ

အယ်လ်ဘေးနီးယားတိုက်စစ်မှူးဟာ ၂၀၂၁-၂၀၂၂ ရာသီကို တိတ်ဆိတ်စွာ အဆုံးသတ်ခဲ့ရပေမယ့် ဆောက်သမ်တန်အတွက် ၃၈ ပွဲမှာ ၉ ဂိုးသွင်းယူနိုင်ခဲ့တာကတော့ စိတ်ဝင်စားမှုတွေကို ဆွဲဆောင်နိုင်ဖို့ လုံလောက်ခဲ့ပုံ ပေါ်ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ဘရိုဂျာကို အပြီးသတ် ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပေမယ့် ချဲလ်ဆီးအသင်းက ရောင်းထုတ်သင့်တဲ့ကစားသမားတစ်ဦးတော့ မဟုတ်တာဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် ချဲလ်ဆီးအနေနဲ့ ရာသီကြိုမှာ အထင်ကြီးအောင် လုပ်ပြနိုင်ဖို့ အခွင့်အရေးရှိနိုင်တဲ့ လူငယ်တိုက်စစ်မှူးကို ရောင်းထုတ်ဖို့ အလျင်မလိုသင့်တာဖြစ်ပါတယ်။ လူကာကူးနဲ့ ဗာနာတို့အနာဂတ်ဟာ တူဟယ်ရဲ့ လူစာရင်းမှာ နေရာရှိ၊ မရှိကို ဆုံးဖြတ်နိုင်ပေမယ့်လည်း အသက် ၂၀ အရွယ် တိုက်စစ်မှူးရဲ့ စိန့် မေရီက တိုးတက်မှုနှုန်းဟာ ၎င်းရဲ့ စီနီယာဘောလုံးသမားဘဝ ဒုတိယရာသီပြီးဆုံးမှသာ လိုအပ်ရင် နောက်ထပ် အငှားချလို့ ရနိုင်ကြောင်း ပြသနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းရဲ႕ ေႏြရာသီ ျပန္လည္ျပဳျပင္တည္ေဆာက္မႈဟာ ကစားသမားသစ္ေတြကို ဝယ္ယူဖို႔ ေမွ်ာ္မွန္းထားသေလာက္ နည္းလမ္းမ်ိဳးစုံနဲ႔ ဆက္လက္ထိန္းသိမ္းရမယ့္ ကစားသမားေတြနဲ႔လည္း သက္ဆိုင္ေကာင္း သက္ဆိုင္ႏိုင္ပါတယ္။

အန္တိုနီယို ႐ူဒီဂါဟာ အသင္းနဲ႔ လမ္းခြဲခဲ့ၿပီးျဖစ္သလို ခရစၥတင္ဆန္ကလည္း မၾကာမီမွာ ဂ်ာမန္ေနာက္ခံကစားသမား ေျခရာလိုက္နင္းေတာ့မွာျဖစ္ၿပီး အက္ဇ္ပီလီေကြတာ၊ အလြန္ဆိုနဲ႔ အျခား ကစားသမားေတြရဲ႕ အနာဂတ္ကလည္း မေရရာ မေသခ်ာေတာ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ယခုေႏြရာသီမွာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၂၀၀ အထိ သုံးစြဲသြားဖြယ္ရွိတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး ေႏြရာသီအေျပာင္းအေ႐ႊ႕ဘတ္ဂ်က္ဟာ အသင္းနဲ႔ လမ္းခြဲမယ့္ကစားသမားေတြအေပၚမွာ မူတည္ဖြယ္ရွိေနပါတယ္။

အေပၚမွာ ေဖာ္ျပခဲ့တဲ့ ကစားသမားေတြလိုပဲ လူကာကူးကလည္း ေပါင္ ၉၇.၅ သန္းနဲ႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ျပန္လည္ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ၁၂ လေတာင္ မရွိေသးခ်ိန္မွာ အသင္းကို စြန႔္ခြာဖို႔ စဥ္းစားေနပုံေပၚၿပီး ၂၀၂၃ ခုႏွစ္မွာ စာခ်ဳပ္သက္တမ္းကုန္ေတာ့မယ့္ ေဂ်ာ္ဂ်င္ညိဳ၊ ကြန္ေတတို႔လိုမ်ိဳး ကစားသမားေတြနဲ႔ပတ္သက္ၿပီးလည္း မျဖစ္မေန ႀကီးမားတဲ့ဆုံးျဖတ္ခ်က္ ခ်ရမွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးၾကယ္ပြင့္အမ်ားအျပားရဲ႕အနာဂတ္ဟာ ေမးခြန္းထုတ္ျခင္းခံေနရၿပီး ဇူလိုင္လအစ ေကာ့ဘ္ဟမ္ကို ေလ့က်င့္ေရးလုပ္ဖို႔ ျပန္သြားတဲ့အခ်ိန္မွာ ေသာမတ္စ္ တူဟယ္ရဲ႕ ျပဳျပင္တည္ေဆာက္မႈမွာ ဘယ္ေနရာမွာ ပါဝင္ခြင့္ရမလဲဆိုတာကို ေမးျမန္းမႈေတြ ျပဳလုပ္သြားၾကေတာ့မွာျဖစ္ပါတယ္။

ခ်ဲလ္ဆီး ပထမအသင္းမွာ သိသာထင္ရွားျခင္းမရွိခဲ့ေပမယ့္လည္း ဆက္လက္ ထိန္းသိမ္ထားဖို႔ ထိုက္တန္တဲ့ကစားသမား ၄ ဦးရွိေနၿပီး အဲဒီကစားသမားေတြက ဘယ္သူေတြလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ႐ူဘင္ ေလာ့ဖ္တပ္စ္-ခ်ိခ္

ခ်ဲလ္ဆီးကြင္းလယ္ကစားသမားဟာ ၿပီးခဲ့တဲ့ရာသီမွာ အမ်ားစု ေမွ်ာ္မွန္းထားတာထက္ ပါဝင္ကစားခြင့္ ပိုမိုရရွိခဲ့ၿပီး တူဟယ္ဆီကေန ခ်ီးက်ဴးမႈေတြေရာ၊ စိတ္ပ်က္မႈေတြပါ ထပ္တူထပ္မွ် ရရွိခဲ့တာျဖစ္ပါတယ္။ ဂ်ာမန္လူမ်ိဳးနည္းျပက အဂၤလန္ကြင္းလယ္ကစားသမားဆီကေန အလားအလာရွိတဲ့ စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ပိုၿပီး လုပ္ျပဖို႔ေတာင္ ထပ္ခါထပ္ခါ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ ကစားသမားဟာ နည္းျပ တူဟယ္လက္ေအာက္ ပထမဆုံးရာသီမွာ ၁၈ ပြဲ ပြဲထြက္ခြင့္ရရွိခဲ့ၿပီး ေနာက္ရာသီ ပြဲထြက္ကစားသမားစာရင္းမွာ ပါဝင္ဖို႔ ေဝးကြာေနဆဲျဖစ္ေပမယ့္လည္း ကြင္းလယ္မွာ မေရရာမေသခ်ာမႈေတြ မ်ားစြာရွိေနတာေၾကာင့္ တူဟယ္ရဲ႕ ျပဳျပင္တည္ေဆာက္မႈကို တည္ၿငိမ္မႈအခ်ိဳ႕ ယူေဆာင္ေပးၿပီး ကူညီႏိုင္ပါတယ္။ အသက္အ႐ြယ္ရလာၿပီျဖစ္တဲ့ ကြန္ေတနဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ရဲ႕ေနရာမွာ အစားထိုးဖို႔ ခ်ဴအာေမနီနဲ႔ ဒီကလန္ ႐ိုက္စ္တို႔လို နာမည္ႀကီးကစားသမားေတြ ေခၚယူဖို႔ ခက္ခဲေၾကာင္း သက္ေသျပသခဲ့ၿပီးျဖစ္တာေၾကာင့္ ေလာ့ဖ္တပ္စ္-ခ်ိခ္ရဲ႕ ထြက္ခြာမႈကို လတ္တေလာမွာေတာ့ ခ်ဲလ္ဆီးအေနနဲ႔ ထည့္သြင္းမစဥ္းစားသင့္ေသးတာျဖစ္ပါတယ္။

၂။ ဘီလီ ဂီးလ္မိုး

၂၀၂၁-၂၀၂၂ ရာသီ ေနာဝစ္ခ်္စီးတီးမွာ ခက္ခဲၾကမ္းတမ္းတဲ့ အငွားကစားသမားဘဝကို ပိုင္ဆိုင္ခဲ့ေပမယ့္လည္း ဂီးလ္မိုးဟာ လာမယ့္ရာသီ တူဟယ္ရဲ႕လူစာရင္းအတြက္ ၿပီးျပည့္စုံတဲ့ ျဖည့္စြက္မႈျဖစ္တယ္ဆိုတာ သက္ေသျပသႏိုင္ဖြယ္ရွိပါတယ္။ ဒါေပမယ့္လည္း ဂ်ာမန္လူမ်ိဳးနည္းျပဟာ အငွားခ်ထားတဲ့ ကစားသမားေတြအတြက္ သီးျခား ေတာင္းဆိုမႈေတြ ရွိေနပါတယ္။ “သူ ပြဲကစားခ်ိန္အခ်ိဳ႕ ရဖို႔အတြက္ အငွားထြက္ကစားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ အဲဒါက အေရးႀကီးပါတယ္။ ဒါေပမယ့္ ပထမဆုံးအေနနဲ႔ သူ႔ကို စြမ္းေဆာင္ႏိုင္ေစခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕အသင္းထဲမွာ ပါဝင္ႏိုင္ဖို႔ ခင္ဗ်ား စြမ္းေဆာင္ရည္သက္သက္နဲ႔ပဲ လုပ္လို႔ရမယ္။ ခင္ဗ်ား အငွားနဲ႔ထြက္ကစားဖို႔ ဆုံးျဖတ္ခ်က္ရင္လည္း အဲဒီအတိုင္းပဲ ႐ိုးရွင္းပါတယ္။ အဲဒါက ျပင္းထန္တယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး။ ခင္ဗ်ား စြမ္းေဆာင္ျပဖို႔ လိုပါတယ္။ ခင္ဗ်ား ဘယ္ေနရာကိုပဲသြားသြား ထိပ္တန္းကစားသမားျဖစ္ဖို႔ ကြင္းထဲမွာ ရွိေနဖို႔ လိုပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဂီးလ္မိုးဟာ အရင္တုန္းက အျမင့္မားဆုံးအဆင့္မွာေတာင္ ခ်ဲလ္ဆီးကြင္းလယ္မွာ ပါဝင္ကစားေပးႏိုင္တယ္ဆိုတာကို သက္ေသျပခဲ့ၿပီးျဖစ္ပါတယ္။ ဆာအူးလ္ နီေဂး အသင္းနဲ႔ လမ္းခြဲဖို႔ ျပင္ဆင္ေနၿပီး စာခ်ဳပ္သက္တမ္းေနာက္ဆုံးႏွစ္ထဲကို ေရာက္ရွိေနတဲ့ ေဂ်ာ္ဂ်င္ညိဳကို မာရီနာ ဂရာေနာ့ဗ္စကားယာက ေရာင္းထုတ္ႏိုင္ေျခရွိေနတာေၾကာင့္ အသက္ ၂၀ အ႐ြယ္ကစားသမားအေနနဲ႔ အသင္းကို ျပန္လာဖို႔ အခ်ိန္ေကာင္းျဖစ္ႏိုင္ပါတယ္။ ပရီးမီးယားလိဂ္မွာ လူစားလဲလွယ္ႏိုင္တဲ့ပမာဏ ၅ ဦးအထိ ခြင့္ျပဳေတာ့မွာျဖစ္တာေၾကာင့္ ဂီးလ္မိုးဟာ ခ်ဲလ္ဆီးရဲ႕ ၂၅ ဦးစာရင္းထဲမွာ ထည့္သြင္းမေရတြက္ရင္ေတာင္ အပိုအရည္အေသြးေတြကို ေထာက္ပံ့ေပးႏိုင္မွာျဖစ္ပါတယ္။ စေကာ့တလန္ ကြင္းလယ္လူဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁၂ လသာ က်န္ေတာ့တာေၾကာင့္ ခ်ဲလ္ဆီးဟာ ဂီးလ္မိုးကို ေရာင္းခ်ဖို႔ လိုအပ္တယ္လို႔ စဥ္းစားေကာင္း စဥ္းစားႏိုင္ေပမယ့္လည္း အခုမေရာင္းေသးဘဲ အခ်ိန္တစ္ခုမွာ ေရာင္းဖို႔ စီစဥ္ထားတယ္ဆိုရင္ေတာင္မွ အသင္းမွာ မထားဘဲ အငွားပဲခ်ေနမယ္ဆိုရင္ ဘယ္လိုမွ ေျပာင္းေ႐ႊ႕ေၾကးတန္ဖိုးက တက္လာဖြယ္မရွိတာျဖစ္ပါတယ္။

၃။ ဟတ္ဒ္ဆန္-အိုဒြိဳင္း

ေကာ့ဘ္ဟမ္အကယ္ဒမီထြက္ ေတာင္ပံကစားသမားဟာ ထင္သလိုမျဖစ္ခဲ့တဲ့ ၂၀၂၁-၂၀၂၂ ရာသီကို ျဖတ္သန္းခဲ့ရၿပီး ဖေနာင့္ေၾကာဒဏ္ရာက ၎ရဲ႕ရာသီကို ေစာစီးစြာ အဆုံးသတ္ေစခဲ့တာျဖစ္ပါတယ္။ အသက္ ၂၁ ႏွစ္အ႐ြယ္ ကစားသမားဟာ ေဒါ့မြန္နဲ႔ လက္စတာစီးတီးတို႔ကို ေျပာင္းေ႐ႊ႕ဖို႔ ျငင္းပယ္ျခင္းခံခဲ့ရပီးေနာက္ အရန္ခုံမွာ အခ်ိန္မ်ားစြာ ကုန္ဆုံးခဲ့ရတာေၾကာင့္ ေႏွးေကြးေလးလံလာခဲ့ပါတယ္။ အိုဒြိဳင္းဟာ ေဆာင္းဦးကာလတုန္းက ၎ ႏွစ္သက္တဲ့ေနရာမွာ ေအာင္ျမင္မႈေတြ ရွာေတြ႕ခဲ့ေပမယ့္လည္း ေနရာစုံ ကစားႏိုင္စြမ္းက တူဟယ္ရဲ႕အသင္းကို အားေကာင္းေစခဲ့တာျဖစ္ပါတယ္။

အိုဒြိဳင္းဟာ ဇီယက္ရွ္၊ ပူလီရွစ္၊ တီမို ဗာနာတို႔လို ကစားသမားေတြထက္ ေျခစြမ္းမျပသႏိုင္ခဲ့တာျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိတယ္ဆိုတာကို ျပသႏိုင္ခဲ့ပါတယ္။ အိုဒြိဳင္းဟာ ေလ့က်င့္ေရး ျပန္လည္ျပဳလုပ္ေနခဲ့ၿပီးျဖစ္ၿပီး တိုးတက္ေအာင္ ျပဳလုပ္ဖို႔ လိုအပ္တာေတြရွိတယ္ဆိုတာကို ရွင္းရွင္းလင္းလင္းသိေနတာျဖစ္ပါတယ္။ အပိုဆုအေနနဲ႔ အိုဒြိဳင္းဟာ ခ်ဲလ္ဆီးလူစာရင္းမွာ ေနရာပို မယူဖို႔ အရည္အခ်င္းျပည့္မီတာေၾကာင့္ ယွဥ္ၿပိဳင္မႈမွာလည္း ေျခတစ္လွမ္း သာႏိုင္ေျခရွိေနပါတယ္။

၄။ အာမန္ဒို ဘ႐ိုဂ်ာ

အယ္လ္ေဘးနီးယားတိုက္စစ္မႉးဟာ ၂၀၂၁-၂၀၂၂ ရာသီကို တိတ္ဆိတ္စြာ အဆုံးသတ္ခဲ့ရေပမယ့္ ေဆာက္သမ္တန္အတြက္ ၃၈ ပြဲမွာ ၉ ဂိုးသြင္းယူႏိုင္ခဲ့တာကေတာ့ စိတ္ဝင္စားမႈေတြကို ဆြဲေဆာင္ႏိုင္ဖို႔ လုံေလာက္ခဲ့ပုံ ေပၚပါတယ္။ ဝက္စ္ဟမ္းအသင္းဟာ ဘ႐ိုဂ်ာကို အၿပီးသတ္ ေခၚယူဖို႔ စဥ္းစားေနတယ္လို႔ သိရေပမယ့္ ခ်ဲလ္ဆီးအသင္းက ေရာင္းထုတ္သင့္တဲ့ကစားသမားတစ္ဦးေတာ့ မဟုတ္တာျဖစ္ပါတယ္။

၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနေသးတာေၾကာင့္ ခ်ဲလ္ဆီးအေနနဲ႔ ရာသီႀကိဳမွာ အထင္ႀကီးေအာင္ လုပ္ျပႏိုင္ဖို႔ အခြင့္အေရးရွိႏိုင္တဲ့ လူငယ္တိုက္စစ္မႉးကို ေရာင္းထုတ္ဖို႔ အလ်င္မလိုသင့္တာျဖစ္ပါတယ္။ လူကာကူးနဲ႔ ဗာနာတို႔အနာဂတ္ဟာ တူဟယ္ရဲ႕ လူစာရင္းမွာ ေနရာရွိ၊ မရွိကို ဆုံးျဖတ္ႏိုင္ေပမယ့္လည္း အသက္ ၂၀ အ႐ြယ္ တိုက္စစ္မႉးရဲ႕ စိန႔္ ေမရီက တိုးတက္မႈႏႈန္းဟာ ၎ရဲ႕ စီနီယာေဘာလုံးသမားဘဝ ဒုတိယရာသီၿပီးဆုံးမွသာ လိုအပ္ရင္ ေနာက္ထပ္ အငွားခ်လို႔ ရႏိုင္ေၾကာင္း ျပသေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.