Premier League Serie A Transfer News

ကိုယ်ထည့်တဲ့ဂျင်းနဲ့ ကိုယ်ပြန်ဂျင်းထည့်ခံနေရတဲ့ အင်တာမီလန်

အင်တာမီလန်အသင်းဟာ ချဲလ်ဆီး တိုက်စစ်မှူး လူကာကူးကို ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အငှားနဲ့ ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် ပေါင်သန်း ၂၀ အထိ ပေးချေရမယ်လို့ သတင်းတွေအရ သိရပါတယ်။

လူကာကူးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီးအသင်းကို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ ပြောင်းရွှေ့ပြီးနောက်ပိုင်း အင်္ဂလန်မှာ ရုန်းကန်ခဲ့ရပြီးနောက် အီတလီကို ပြန်လည်ပြောင်းရွှေ့မယ်လို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ဘယ်လ်ဂျီယမ် တိုက်စစ်မှူးဟာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၄ နှစ်ကျန်ရှိနေသေးပေမယ့် အင်တာမီလန်ကို ပြန်လည်ပြောင်းရွှေ့ဖို့အတွက် အသင်းနဲ့ စောစောစီးစီး လမ်းခွဲချင်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အီတလီထိပ်သီးအသင်းကြီးဟာ လူကာကူးကို အပြီးသတ်ပြန်လည်ခေါ်ယူဖို့ ငွေကြေးမတတ်နိုင်တဲ့အပြင် Financial Fair Play ရဲ့ မျက်ခုံးကို စင်္ကြန်လျှောက်နေရပြီး နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ သိသာထင်ရှားတဲ့ အကျိုးအမြတ်ရရှိအောင် ပြုလုပ်ဖို့နဲ့ လစာပေးချေနေရတဲ့ပမာဏကို လျှော့ချဖို့ ဖိအားတွေ ရှိနေတာဖြစ်ပါတယ်။

အဲဒါကြောင့် အင်တာမီလန်အသင်းဟာ တူဟယ်က အစားထိုးဖို့ ကြံစည်နေတဲ့ ဘယ်လ်ဂျီယမ်ကြယ်ပွင့်တိုက်စစ်မှူးကို အငှားနဲ့ပဲ ပြန်ခေါ်ဖို့ ကြိုးပမ်းသွားတော့မှာဖြစ်ပေမယ့်လည်း The Telegraph ရဲ့ဖော်ပြချက်အရ အငှားချခက ပေါင်သန်း ၂၀ လောက်ရှိနိုင်တယ်လို့ သိရပါတယ်။

လူကာကူးဟာ အီတလီကို ပြန်လည်ပြောင်းရွှေ့နိုင်ဖို့အတွက် လစာပမာဏ ၅၀ ရာခိုင်နှုန်း လျှော့ယူသွားချင်နေပြီး ဟော်လန်ကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မတိုင်ခင် ၎င်းရဲ့ အနာဂတ်အကြောင်း မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ ပါးစပ်စေ့ထားပြီး အနာဂတ်အကြောင်း မပြောနိုင်ဘူးလို့ သတင်းထောက်တွေကို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

သတင်းတွေရဲ့ အဆိုအရ လူကာကူးဟာ ချဲလ်ဆီးအသင်းကနေ အင်တာမီလန်အသင်းကို အငှားနဲ့ ပြန်လည်ပြောင်းရွှေ့နိုင်ခဲ့ရင် လစာ သန်းနဲ့ချီ လျှော့ယူသွားဖို့ စီစဉ်နေတယ်လို့ သိရပြီး အီတလီကလပ်အသင်းက ဘယ်လ်ဂျီယမ်တိုက်စစ်မှူးအနေနဲ့ အင်္ဂလန်ကို ပြန်လည်မပြောင်းရွှေ့မီက ရရှိခဲ့တဲ့ တစ်နှစ်လုပ်ခလစာ ပေါင် ၆.၄ သန်းသာ ရရှိလိမ့်မယ်ဆိုတာကို လက်ခံလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ချဲလ်ဆီးအသင်းဟာ အင်တာမီလန်အသင်းဆီကနေရော နိုင်ငံတကာပွဲကစားဖို့ ဘယ်လ်ဂျီယမ်လက်ရွေးစင်အသင်းနဲ့ပူးပေါင်းနေတဲ့ လူကာကူးဆီကပါ အဆက်အသွယ်မရှိခဲ့ဘူးလို့ သိရပြီး ဒီအပြောင်းအရွှေ့က ၂ ဖက်စလုံးအတွက် သင့်တော်တဲ့အစားထိုးခေါ်ယူမှုတွေ ခေါ်ယူဖို့အတွက် အလုပ်ဖြစ်စေမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အင္တာမီလန္အသင္းဟာ ခ်ဲလ္ဆီး တိုက္စစ္မႉး လူကာကူးကို ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ အငွားနဲ႔ ျပန္လည္ေခၚယူႏိုင္ဖို႔အတြက္ ေပါင္သန္း ၂၀ အထိ ေပးေခ်ရမယ္လို႔ သတင္းေတြအရ သိရပါတယ္။

လူကာကူးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ခ်ဲလ္ဆီးအသင္းကို အသင္းစံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၉၇.၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ၿပီးေနာက္ပိုင္း အဂၤလန္မွာ ႐ုန္းကန္ခဲ့ရၿပီးေနာက္ အီတလီကို ျပန္လည္ေျပာင္းေ႐ႊ႕မယ္လို႔ သတင္းေတြ အခိုင္အမာ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ ဘယ္လ္ဂ်ီယမ္ တိုက္စစ္မႉးဟာ ခ်ဲလ္ဆီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၄ ႏွစ္က်န္ရွိေနေသးေပမယ့္ အင္တာမီလန္ကို ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔အတြက္ အသင္းနဲ႔ ေစာေစာစီးစီး လမ္းခြဲခ်င္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အီတလီထိပ္သီးအသင္းႀကီးဟာ လူကာကူးကို အၿပီးသတ္ျပန္လည္ေခၚယူဖို႔ ေငြေၾကးမတတ္ႏိုင္တဲ့အျပင္ Financial Fair Play ရဲ႕ မ်က္ခုံးကို စၾကၤန္ေလွ်ာက္ေနရၿပီး ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ သိသာထင္ရွားတဲ့ အက်ိဳးအျမတ္ရရွိေအာင္ ျပဳလုပ္ဖို႔နဲ႔ လစာေပးေခ်ေနရတဲ့ပမာဏကို ေလွ်ာ့ခ်ဖို႔ ဖိအားေတြ ရွိေနတာျဖစ္ပါတယ္။

အဲဒါေၾကာင့္ အင္တာမီလန္အသင္းဟာ တူဟယ္က အစားထိုးဖို႔ ႀကံစည္ေနတဲ့ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္တိုက္စစ္မႉးကို အငွားနဲ႔ပဲ ျပန္ေခၚဖို႔ ႀကိဳးပမ္းသြားေတာ့မွာျဖစ္ေပမယ့္လည္း The Telegraph ရဲ႕ေဖာ္ျပခ်က္အရ အငွားခ်ခက ေပါင္သန္း ၂၀ ေလာက္ရွိႏိုင္တယ္လို႔ သိရပါတယ္။

လူကာကူးဟာ အီတလီကို ျပန္လည္ေျပာင္းေ႐ႊ႕ႏိုင္ဖို႔အတြက္ လစာပမာဏ ၅၀ ရာခိုင္ႏႈန္း ေလွ်ာ့ယူသြားခ်င္ေနၿပီး ေဟာ္လန္ကို ၄-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မတိုင္ခင္ ၎ရဲ႕ အနာဂတ္အေၾကာင္း ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ ပါးစပ္ေစ့ထားၿပီး အနာဂတ္အေၾကာင္း မေျပာႏိုင္ဘူးလို႔ သတင္းေထာက္ေတြကို တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

သတင္းေတြရဲ႕ အဆိုအရ လူကာကူးဟာ ခ်ဲလ္ဆီးအသင္းကေန အင္တာမီလန္အသင္းကို အငွားနဲ႔ ျပန္လည္ေျပာင္းေ႐ႊ႕ႏိုင္ခဲ့ရင္ လစာ သန္းနဲ႔ခ်ီ ေလွ်ာ့ယူသြားဖို႔ စီစဥ္ေနတယ္လို႔ သိရၿပီး အီတလီကလပ္အသင္းက ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးအေနနဲ႔ အဂၤလန္ကို ျပန္လည္မေျပာင္းေ႐ႊ႕မီက ရရွိခဲ့တဲ့ တစ္ႏွစ္လုပ္ခလစာ ေပါင္ ၆.၄ သန္းသာ ရရွိလိမ့္မယ္ဆိုတာကို လက္ခံလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ အင္တာမီလန္အသင္းဆီကေနေရာ ႏိုင္ငံတကာပြဲကစားဖို႔ ဘယ္လ္ဂ်ီယမ္လက္ေ႐ြးစင္အသင္းနဲ႔ပူးေပါင္းေနတဲ့ လူကာကူးဆီကပါ အဆက္အသြယ္မရွိခဲ့ဘူးလို႔ သိရၿပီး ဒီအေျပာင္းအေ႐ႊ႕က ၂ ဖက္စလုံးအတြက္ သင့္ေတာ္တဲ့အစားထိုးေခၚယူမႈေတြ ေခၚယူဖို႔အတြက္ အလုပ္ျဖစ္ေစမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.