Premier League

ခြုံညုံဆုရခဲ့တဲ့ ဆွန်ဟောင်မင်က ထိုက်တန်တဲ့ချီးကျူးမှုမရခဲ့ဘူးလို့ ဝေဖန်ခဲ့တဲ့ ပေါလ် မာဆန်

တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ယခုအပတ် PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင် ၆ ဦးစာရင်းမှာ အံ့အားသင့်ဖွယ် ချန်လှပ်ခြင်းခံခဲ့ရပေမယ့်လည်း အမိမြေ တောင်ကိုရီးယားနိုင်ငံမှာတော့ ကြီးမားတဲ့ ဂုဏ်ပြုခြင်းကို ခံခဲ့ရပါတယ်။

ဆွန်ဟောင်မင်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ရရှိခဲ့တဲ့ အောင်မြင်မှုတွေအတွက် တောင်ကိုရီးယားနိုင်ငံရဲ့ အားကစားဆိုင်ရာ အမြင့်မားဆုံးဆုတံဆိပ်ဖြစ်တဲ့ ခြုံညုံဆုတံဆိပ်ကို ကြာသပတေးနေ့က ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

တောင်ကိုရီးယားကြယ်ပွင့်တိုက်စစ်မှူးဟာ ဘရာဇီးလ်နဲ့ ဆိုးလ် ကမ္ဘာ့ဖလားဘောလုံးကွင်းမှာ ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မတိုင်ခင် ကွင်းအတွင်းမှာ အခမ်းအနားနဲ့ သမ္မတ ယွန်း ဆပ်ယောကိုယ်တိုင် ပေးအပ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်ဂန္တဝင်ကစားသမားဟောင်း ပေါလ် မာဆန်က စပါးစ် ကြယ်ပွင့်တိုက်စစ်မှူးဟာ ထိုက်တန်တဲ့ ချီးကျူး ဂုဏ်ပြုမှုမျိုး ရခဲတယ်လို့ ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ တော့တင်ဟမ်ဟော့စပါးအတွက် အကောင်းဆုံးကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။

Sky Sports ဘောလုံးဝေဖန်သုံးသပ်သူ ပေါလ် မာဆန်က တောင်ကိုရီးယားလက်ရွေးစင်ကြယ်ပွင့်ဟာ စပါးစ်အသင်းအတွက် ထူးခြားခဲ့ပြီး ဆွန်ဟောင်မင်ရဲ့ အလုပ်အပြင်းအထန် ကြိုးစားတတ်တဲ့ အလေ့အကျင့်ကို ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ဆွန်ဟောင်မင်က တော့တင်ဟမ်ဟော့စပါးအတွက် လုံးဝကို ထူးချွန်ခဲ့ပါတယ်။ သူ ပရီးမီးယားလိဂ်မှာ ရွှေဖိနပ်ဆုရခဲ့ပြီး သူမတူအောင် ကောင်းမွန်ခဲ့ပါတယ်။ သူ့ ခြေအိတ်တွေ ကျွတ်တဲ့အထိ(တင်စားပြောဆိုခြင်း)အလုပ်လုပ်ပြီး သူနဲ့ထိုက်တန်တဲ့ ချီးကျူးမှု ရတာမျိုး ရှားပါတယ်”

“ဆွန်က PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ထည့်သွင်းမခံခဲ့ရဘဲ အဲဒါက အမြင့်မားဆုံးအဆင့်မှာ ဝမ်းနည်းစရာကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက တစ်ရာသီလုံး ခြေစွမ်းတည်ငြိမ်ခဲ့ပြီး လက်ရှိခြေစွမ်းနဲ့ဆို ကမ္ဘာပေါ်က ဘယ်အသင်းမှာမဆို ဝင်ကစားလို့ရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးအသင်းအတွက် မရှိမဖြစ် ကစားသမားတစ်ဦးဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်မှာ စုစုပေါင်း သွင်းဂိုး ၂၃ ဂိုးအထိ သွင်းယူပေးခဲ့ပြီး တော့တင်ဟမ်ဟော့စပါးအသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့တာမှာ ၎င်းရဲ့ စွမ်းဆောင်မှုတွေက အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေတာ့တင္ဟမ္ေဟာ့စပါးတိုက္စစ္မႉး ဆြန္ေဟာင္မင္ဟာ ယခုအပတ္ PFA ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုအတြက္ ဆန္ခါတင္ ၆ ဦးစာရင္းမွာ အံ့အားသင့္ဖြယ္ ခ်န္လွပ္ျခင္းခံခဲ့ရေပမယ့္လည္း အမိေျမ ေတာင္ကိုရီးယားႏိုင္ငံမွာေတာ့ ႀကီးမားတဲ့ ဂုဏ္ျပဳျခင္းကို ခံခဲ့ရပါတယ္။

ဆြန္ေဟာင္မင္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ ရရွိခဲ့တဲ့ ေအာင္ျမင္မႈေတြအတြက္ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ အားကစားဆိုင္ရာ အျမင့္မားဆုံးဆုတံဆိပ္ျဖစ္တဲ့ ၿခဳံညဳံဆုတံဆိပ္ကို ၾကာသပေတးေန႔က ခ်ီးျမႇင့္ျခင္းခံခဲ့ရပါတယ္။

ေတာင္ကိုရီးယားၾကယ္ပြင့္တိုက္စစ္မႉးဟာ ဘရာဇီးလ္နဲ႔ ဆိုးလ္ ကမာၻ႔ဖလားေဘာလုံးကြင္းမွာ ေျခစမ္းပြဲအျဖစ္ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္မတိုင္ခင္ ကြင္းအတြင္းမွာ အခမ္းအနားနဲ႔ သမၼတ ယြန္း ဆပ္ေယာကိုယ္တိုင္ ေပးအပ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္ဂႏၲဝင္ကစားသမားေဟာင္း ေပါလ္ မာဆန္က စပါးစ္ ၾကယ္ပြင့္တိုက္စစ္မႉးဟာ ထိုက္တန္တဲ့ ခ်ီးက်ဴး ဂုဏ္ျပဳမႈမ်ိဳး ရခဲတယ္လို႔ ေျပာၾကားခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီမွာ ေတာ့တင္ဟမ္ေဟာ့စပါးအတြက္ အေကာင္းဆုံးကစားသမားျဖစ္ခဲ့တာျဖစ္ပါတယ္။

Sky Sports ေဘာလုံးေဝဖန္သုံးသပ္သူ ေပါလ္ မာဆန္က ေတာင္ကိုရီးယားလက္ေ႐ြးစင္ၾကယ္ပြင့္ဟာ စပါးစ္အသင္းအတြက္ ထူးျခားခဲ့ၿပီး ဆြန္ေဟာင္မင္ရဲ႕ အလုပ္အျပင္းအထန္ ႀကိဳးစားတတ္တဲ့ အေလ့အက်င့္ကို ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

“ဆြန္ေဟာင္မင္က ေတာ့တင္ဟမ္ေဟာ့စပါးအတြက္ လုံးဝကို ထူးခြၽန္ခဲ့ပါတယ္။ သူ ပရီးမီးယားလိဂ္မွာ ေ႐ႊဖိနပ္ဆုရခဲ့ၿပီး သူမတူေအာင္ ေကာင္းမြန္ခဲ့ပါတယ္။ သူ႔ ေျခအိတ္ေတြ ကြၽတ္တဲ့အထိ(တင္စားေျပာဆိုျခင္း)အလုပ္လုပ္ၿပီး သူနဲ႔ထိုက္တန္တဲ့ ခ်ီးက်ဴးမႈ ရတာမ်ိဳး ရွားပါတယ္”

“ဆြန္က PFA ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုအတြက္ ဆန္ခါတင္စာရင္းမွာ ထည့္သြင္းမခံခဲ့ရဘဲ အဲဒါက အျမင့္မားဆုံးအဆင့္မွာ ဝမ္းနည္းစရာေကာင္းတယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ သူက တစ္ရာသီလုံး ေျခစြမ္းတည္ၿငိမ္ခဲ့ၿပီး လက္ရွိေျခစြမ္းနဲ႔ဆို ကမာၻေပၚက ဘယ္အသင္းမွာမဆို ဝင္ကစားလို႔ရပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဆြန္ေဟာင္မင္ဟာ ပရီးမီးယားလိဂ္က အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအတြက္ မရွိမျဖစ္ ကစားသမားတစ္ဦးျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ပရီးမီးယားလိဂ္မွာ စုစုေပါင္း သြင္းဂိုး ၂၃ ဂိုးအထိ သြင္းယူေပးခဲ့ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးအသင္း ခ်န္ပီယံလိဂ္ဝင္ခြင့္ ရခဲ့တာမွာ ၎ရဲ႕ စြမ္းေဆာင္မႈေတြက အဓိကအခန္းက႑ကေန ပါဝင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.