International

ကစားသမားသစ်ရဲ့နောက်ကျဂိုးကြောင့် စပိန်ကို သရေကျတဲ့ ပေါ်တူဂီ

ပေါ်တူဂီအသင်းဟာ ဆီဗီလာမှာ စပိန်အသင်းနဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ နောက်ကျ ချေပဂိုးကြောင့် တစ်ဖက် ၁ ဂိုးစီ သရေရလဒ် ရရှိခဲ့ပါတယ်။

အယ်လ်ဗာရို မိုရာတာရဲ့ အလွန်ကောင်းမွန်တဲ့ တန်ပြန်တိုက်စစ်ကနေ သွငး်ဂိုးကြောင့် စပိန်အသင်းဟာ ပထမပိုင်းမှာပဲ ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း ကန်ဆယ်လိုရဲ့ ကောင်းမွန်တဲ့ ထိုးဖောက်မှုအပြီးမှာ ရီကာဒို ဟော်တာက ချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ဒုတိယရခဲ့တဲ့ စပိန်အသင်းဟာ ပွဲကစားချိန် အများစုကို ဘာစီလိုနာလူငယ်ကြယ်ပွင့် ဂါဗီကြောင့် ထိပ်တန်းပုံစံမှာ ရှိနေခဲ့ပြီး မိုရာတာနဲ့ ကားလို့စ် ဆိုလာတို့ဟာ အသက် ၁၇ နှစ်အရွယ် လူငယ်ကစားသမားရဲ့ ဖန်တီးပေးပို့မှုတွေကို ဖြုန်းတီးခဲ့ကြတာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဘက်မှာလည်း အန်ဒရေး ဆေးလ်ဗားက အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒို အရန်ခုံကနေ လူစားဝင်ကစားခဲ့တဲ့အချိန်မှာ အလှည့်အပြောင်းတွေ ဖြစ်လာတော့မယ်ဆိုတာကို သတိပြုမိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပြောင်းအလဲကို လုပ်ဆောင်ပေးခဲ့တဲ့သူက စံချိန်တင်ထိပ်တန်းဂိုးသွင်းရှင်တော့မဟုတ်ခဲ့ဘဲ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ပထမဆုံးသော ဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ကစားသမားသစ်ဖြစ်နေခဲ့တာဖြစ်ပါတယ်။

ဟော်တာရဲ့ နောက်ကျ ချေပဂိုးကြောင့် ၂၀၁၉ နေးရှင်းလိဂ်ချန်ပီယံတွေဟာ ဒီနှစ်ပြိုင်ပွဲကို အရှုံးနဲ့ မစတင်ခဲ့ရတာဖြစ်ပြီး စပိန်အသင်းအတွက် အဖွင့်ဂိုးကို ၂၅ မိနစ်မှာ ပါဘလို ဆာရာဘီရာရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် မိုရာတာက အမှားအယွင်းမရှိ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ရာဖေး လီအိုဟာ ဖာနန်ဒက်စ် မျှောထိုးပေးလိုက်တဲ့ ဘောလုံးကို အူနိုင်း ဆီမွန်နဲ့ တစ်ဦးချင်း ကန်သွင်းခဲ့ရာမှာ အက်သလက်တစ် ဘီလ်ဘာအို ဂိုးသမားက ပုတ်ထုတ်ကာကွယ်သွားခဲ့တာကြောင့် ပေါ်တူဂီတို့ ချေပဂိုးရရှိမယ့်အခွင့်အရေး လွဲချော်ခဲ့ရပါတယ်။

ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၆၂ မိနစ်မှာ လူစားဝင် ကစားခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟာ ကွင်းထဲမှာ ရှိခဲ့တဲ့ မိနစ် ၃၀ စလုံးမှာ စပိန်ကစားသမားတွေရဲ့ ဝိုင်းဝန်းပိတ်ဆို့ခြင်းကို ခံခဲ့ရပြီး ၇၂ မိနစ်မှာ ရာဖေးလ် လီအိုရဲ့နေရာမှာ ရီကာဒို ဟော်တာက လူစားဝင်ကစားခဲ့ပါတယ်။

နောက်ထပ် ၁၀ မိနစ်အကြာမှာပဲ ကန်ဆယ်လိုက ဘရာဂါကြယ်ပွင့်ရဲ့ လမ်းကြောင်းထဲကို ဘောလုံး ထိုးပေးခဲ့ရာမှာ ၂၀၁၄ တုန်းက ပထမဆုံးနိုင်ငံတကာပွဲစဉ်အဖြစ် ပါဝင်ကစားပေးခဲ့ပြီးနောက် ၈ နှစ်အကြာမှ ဒုတိယမြောက်ပွဲအဖြစ် ပါဝင်ကစားခဲ့တဲ့ ဟော်တာက သက်တောင့်သက်သာပဲ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးနေးရှင်းလိဂ်ပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ စပိန်နဲ့ ပေါ်တူဂီတို့ကြားမှာ လေးကြိမ်ဆက်တိုက် သရေကျခဲ့တဲ့ ပွဲစဉ်လည်း ဖြစ်ခဲ့ပြီး အုပ်စု A2 မှာ ပေါ်တူဂီက အဆင့် ၂၊ စပိန်က အဆင့် ၃ နေရာမှာသာ ရပ်တည်နိုင်ခဲ့ချိန်မှာ ချက်ကတော့ ဆွစ်ဇာလန်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် အုပ်စု ပထမနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေပၚတူဂီအသင္းဟာ ဆီဗီလာမွာ စပိန္အသင္းနဲ႔ ကစားခဲ့တဲ့ ေနးရွင္းလိဂ္ပြဲစဥ္မွာ ေနာက္က် ေခ်ပဂိုးေၾကာင့္ တစ္ဖက္ ၁ ဂိုးစီ သေရရလဒ္ ရရွိခဲ့ပါတယ္။

အယ္လ္ဗာရို မိုရာတာရဲ့ အလြန္ေကာင္းမြန္တဲ့ တန္ျပန္တိုက္စစ္ကေန သြငး္ဂိုးေၾကာင့္ စပိန္အသင္းဟာ ပထမပိုင္းမွာပဲ ဦးေဆာင္ထားနိုင္ခဲ့ေပမယ့္လည္း ကန္ဆယ္လိုရဲ့ ေကာင္းမြန္တဲ့ ထိုးေဖာက္မႈအၿပီးမွာ ရီကာဒို ေဟာ္တာက ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းက ဒုတိယရခဲ့တဲ့ စပိန္အသင္းဟာ ပြဲကစားခ်ိန္ အမ်ားစုကို ဘာစီလိုနာလူငယ္ၾကယ္ပြင့္ ဂါဗီေၾကာင့္ ထိပ္တန္းပုံစံမွာ ရွိေနခဲ့ၿပီး မိုရာတာနဲ႔ ကားလို႔စ္ ဆိုလာတို႔ဟာ အသက္ ၁၇ ႏွစ္အရြယ္ လူငယ္ကစားသမားရဲ့ ဖန္တီးေပးပို႔မႈေတြကို ျဖဳန္းတီးခဲ့ၾကတာျဖစ္ပါတယ္။

ေပၚတူဂီအသင္းဘက္မွာလည္း အန္ဒေရး ေဆးလ္ဗားက အခြင့္အေရးေတြကို ျဖဳန္းတီးပစ္ခဲ့ၿပီး ခရစၥတီယာနို ေရာ္နယ္လ္ဒို အရန္ခုံကေန လူစားဝင္ကစားခဲ့တဲ့အခ်ိန္မွာ အလွည့္အေျပာင္းေတြ ျဖစ္လာေတာ့မယ္ဆိုတာကို သတိျပဳမိခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အေျပာင္းအလဲကို လုပ္ေဆာင္ေပးခဲ့တဲ့သူက စံခ်ိန္တင္ထိပ္တန္းဂိုးသြင္းရွင္ေတာ့မဟုတ္ခဲ့ဘဲ ေပၚတူဂီလက္ေရြးစင္အသင္းအတြက္ ပထမဆုံးေသာ ဂိုးကို သြင္းယူနိုင္ခဲ့တဲ့ ကစားသမားသစ္ျဖစ္ေနခဲ့တာျဖစ္ပါတယ္။

ေဟာ္တာရဲ့ ေနာက္က် ေခ်ပဂိုးေၾကာင့္ ၂၀၁၉ ေနးရွင္းလိဂ္ခ်န္ပီယံေတြဟာ ဒီႏွစ္ၿပိဳင္ပြဲကို အရႈံးနဲ႔ မစတင္ခဲ့ရတာျဖစ္ၿပီး စပိန္အသင္းအတြက္ အဖြင့္ဂိုးကို ၂၅ မိနစ္မွာ ပါဘလို ဆာရာဘီရာရဲ့ ဖန္တီးေပးပို႔မႈကေနတဆင့္ မိုရာတာက အမွားအယြင္းမရွိ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ ရာေဖး လီအိုဟာ ဖာနန္ဒက္စ္ ေမၽွာထိုးေပးလိုက္တဲ့ ေဘာလုံးကို အူနိုင္း ဆီမြန္နဲ႔ တစ္ဦးခ်င္း ကန္သြင္းခဲ့ရာမွာ အက္သလက္တစ္ ဘီလ္ဘာအို ဂိုးသမားက ပုတ္ထုတ္ကာကြယ္သြားခဲ့တာေၾကာင့္ ေပၚတူဂီတို႔ ေခ်ပဂိုးရရွိမယ့္အခြင့္အေရး လြဲေခ်ာ္ခဲ့ရပါတယ္။

ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ၆၂ မိနစ္မွာ လူစားဝင္ ကစားခဲ့ၿပီး မန္ခ်က္စတာယူနိုက္တက္ၾကယ္ပြင့္ဟာ ကြင္းထဲမွာ ရွိခဲ့တဲ့ မိနစ္ ၃၀ စလုံးမွာ စပိန္ကစားသမားေတြရဲ့ ဝိုင္းဝန္းပိတ္ဆို႔ျခင္းကို ခံခဲ့ရၿပီး ၇၂ မိနစ္မွာ ရာေဖးလ္ လီအိုရဲ့ေနရာမွာ ရီကာဒို ေဟာ္တာက လူစားဝင္ကစားခဲ့ပါတယ္။

ေနာက္ထပ္ ၁၀ မိနစ္အၾကာမွာပဲ ကန္ဆယ္လိုက ဘရာဂါၾကယ္ပြင့္ရဲ့ လမ္းေၾကာင္းထဲကို ေဘာလုံး ထိုးေပးခဲ့ရာမွာ ၂၀၁၄ တုန္းက ပထမဆုံးနိုင္ငံတကာပြဲစဥ္အျဖစ္ ပါဝင္ကစားေပးခဲ့ၿပီးေနာက္ ၈ ႏွစ္အၾကာမွ ဒုတိယေျမာက္ပြဲအျဖစ္ ပါဝင္ကစားခဲ့တဲ့ ေဟာ္တာက သက္ေတာင့္သက္သာပဲ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ဆုံးေနးရွင္းလိဂ္ၿပိဳင္ပြဲမွာ ဒုတိယရခဲ့တဲ့ စပိန္နဲ႔ ေပၚတူဂီတို႔ၾကားမွာ ေလးႀကိမ္ဆက္တိုက္ သေရက်ခဲ့တဲ့ ပြဲစဥ္လည္း ျဖစ္ခဲ့ၿပီး အုပ္စု A2 မွာ ေပၚတူဂီက အဆင့္ ၂၊ စပိန္က အဆင့္ ၃ ေနရာမွာသာ ရပ္တည္နိုင္ခဲ့ခ်ိန္မွာ ခ်က္ကေတာ့ ဆြစ္ဇာလန္ကို ၂-၁ နဲ႔ အနိုင္ရရွိခဲ့တာေၾကာင့္ အုပ္စု ပထမေနရာမွာ ရပ္တည္နိုင္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.