International

အာဂျင်တီးနားသားတွေ ပြည့်နှက်နေတဲ့ လှပတဲ့ ပွဲစဉ်တစ်ပွဲလို့ ပြောကြားခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ ဝင်ဘလေကွင်းမှာ အီတလီကို အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် အသင်းဖော်တွေရဲ့ လေထဲ ပစ်တင် အောင်ပွဲခံခြင်းကို ခံခဲ့ရပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဆီကနေ ဂိုးဖန်တီးမှု ၂ ကြိမ်နဲ့အတူ အာဂျင်တီးနားအသင်းဟာ ဖိုင်နယ်လစ်ဆီမာမှာ ဥရောပ ချန်ပီယံတွေကို သက်တောင့်သက်သာနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ မက်ဆီက အီတလီကို ၃-၀ နဲ့ အနိုင်ယူပြီး ဝင်ဘလေက ကွင်းလုံးကျွတ်ပြည့်နှက်နေတဲ့ အာဂျင်တီးနားပရိသတ်တွေရဲ့ ရှေ့မှာ ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် လှပတဲ့ ဗိုလ်လုပွဲတစ်ပွဲလို့ ကြွေးကြော်ခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံဖို့ ကြိုးပမ်းခဲ့ရာမှာ နောက်ဆုံးမှာတော့ စက်ဝိုင်းကြားမှာ ပိတ်မိခဲ့ပြီး အာဂျင်တီးနားလက်ရွေးစင်အသင်းဖော်တွေက အသင်းခေါင်းဆောင်ကို လေထဲပစ်မြှောက်ပြီး အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။

ဘလွန်ဒေါ ၇ ဆုရှင်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အာဂျင်တီးနားအသင်း နှစ်ပေါင်း ၂၈ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ကိုပါအမေရိကဖလားကို ရယူပေးခဲ့ပြီးနောက် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အိမ်ကွင်းမှာ နောက်ထပ် ဆုဖလားတစ်လုံး ကိုင်မြှောက်နိုင်အောင် ဦးဆောင်ပေးပြီး အမှတ်ရစရာ စွမ်းဆောင်ရည်ကို ပြသခဲ့ပြန်တာဖြစ်ပါတယ်။

လော်တာရို မာတီနက်ဇ်၊ အိန်ဂျယ် ဒီ မာရီယာ၊ ဒီဘာလာတို့ရဲ့ သွင်းဂိုးတွေက အာဂျင်တီးနားအသင်းကို ၁၉၉၃ ခုနှစ်တုန်းက အောင်မြင်မှု ရရှိခဲ့ဖူးတဲ့ ချန်ပီယံများရဲ့ဖလား တတိယအကြိမ်မှာ ထပ်မံရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဝင်ဘလေကွင်းဟာ အဖြူရောင်နဲ့ မိုးပြာရောင်တွေ ပြည့်နှက်နေခဲ့ပြီး အာဂျင်တီးနားပရိသတ်တွေဟာ ၂၀၀၀ ပြည့်နှစ်တုန်းက ကွင်းဟောင်းမှာ ခြေစမ်းပွဲ ကစားခဲ့စဉ်တုန်းက လာရောက်ခဲ့ပြီးနောက်ပိုင်း ဝင်ဘလေကွင်းသစ်ကို ပထမဆုံးအကြိမ် လာရောက်ကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်။

“အဲဒါက လှပတဲ့ ဗိုလ်လုပွဲဖြစ်ခဲ့ပါတယ်။ အာဂျင်တီးနားသားတွေ အပြည့်ပဲ။ ကျွန်တော်တို့ ဒီမှာ ကြုံတွေ့ခဲ့ရတာတွေက လှပခဲ့ပါတယ်။ ကျွန်တော်တို့ ဒီမှာ တိုက်ပွဲဝင်ဖို့ ရှိနေတာပါ။ ဒီနေ့က ကောင်းမွန်တဲ့ စမ်းသပ်မှုဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အီတလီက အရမ်းကောင်းတဲ့အသင်းဖြစ်နေလို့ပါ။ ကျွန်တော်တို့ ပွဲကောင်းတစ်ပွဲ ကစားရမှာဖြစ်ပြီး ချန်ပီယံဖြစ်ဖို့ ကောင်းမွန်တဲ့ အခင်းအကျင်းဖြစ်မယ်ဆိုတာကို သိခဲ့ပါတယ်”လို့ မက်ဆီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ လီယွန်နယ် မက်ဆီအနေနဲ့ ယခုလာမယ့်ဆောင်းရာသီ ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းကို နောက်ထပ်အောင်မြင်မှု ရရှိဖို့ စွမ်းဆောင်ပေးနိုင်စွမ်း အများအပြားရှိနေဆဲဖြစ်တာကြောင့် မျှော်လင့်ချက်တွေ ရှိလာပြီဖြစ်ပါတယ်။

ဝင်ဘလေကွင်းကို အာဂျင်တီးနားပရိသတ် ၈၇၁၁၂ ဦးအထိ လာရောက်ကြည့်ရှုခဲ့ကြပြီး ဖိုင်နယ်လစ်ဆီမာအောင်ပွဲဟာ လီယွန်နယ် မက်ဆီနဲ့ အာဂျင်တီးနားအသင်းအနေနဲ့ ၎င်းတို့ရဲ့ နောက်ဆုံး ၃၂ ပွဲအထိ ရှုံးပွဲမရှိခဲ့ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီယြန္နယ္ မက္ဆီဟာ ဝင္ဘေလကြင္းမွာ အီတလီကို အနိုင္ရခဲ့တဲ့ပြဲစဥ္အတြင္း ပြဲစဥ္တေလၽွာက္ အေကာင္းဆုံးကစားသမားဆု ရရွိခဲ့တဲ့ စြမ္းေဆာင္ရည္ေၾကာင့္ အသင္းေဖာ္ေတြရဲ့ ေလထဲ ပစ္တင္ ေအာင္ပြဲခံျခင္းကို ခံခဲ့ရပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးဆီကေန ဂိုးဖန္တီးမႈ ၂ ႀကိမ္နဲ႔အတူ အာဂ်င္တီးနားအသင္းဟာ ဖိုင္နယ္လစ္ဆီမာမွာ ဥေရာပ ခ်န္ပီယံေတြကို သက္ေတာင့္သက္သာနဲ႔ အနိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။ မက္ဆီက အီတလီကို ၃-၀ နဲ႔ အနိုင္ယူၿပီး ဝင္ဘေလက ကြင္းလုံးကၽြတ္ျပည့္ႏွက္ေနတဲ့ အာဂ်င္တီးနားပရိသတ္ေတြရဲ့ ေရွ႕မွာ ဆုဖလားကို ကိုင္ေျမႇာက္နိုင္ခဲ့ၿပီးေနာက္ လွပတဲ့ ဗိုလ္လုပြဲတစ္ပြဲလို႔ ေႂကြးေၾကာ္ခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ အသင္းေဖာ္ေတြနဲ႔အတူ ေအာင္ပြဲခံဖို႔ ႀကိဳးပမ္းခဲ့ရာမွာ ေနာက္ဆုံးမွာေတာ့ စက္ဝိုင္းၾကားမွာ ပိတ္မိခဲ့ၿပီး အာဂ်င္တီးနားလက္ေရြးစင္အသင္းေဖာ္ေတြက အသင္းေခါင္းေဆာင္ကို ေလထဲပစ္ေျမႇာက္ၿပီး ေအာင္ပြဲခံခဲ့ၾကတာျဖစ္ပါတယ္။

ဘလြန္ေဒါ ၇ ဆုရွင္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အာဂ်င္တီးနားအသင္း ႏွစ္ေပါင္း ၂၈ ႏွစ္ၾကာ ေစာင့္ဆိုင္းခဲ့ရတဲ့ ကိုပါအေမရိကဖလားကို ရယူေပးခဲ့ၿပီးေနာက္ အဂၤလန္လက္ေရြးစင္အသင္းရဲ့ အိမ္ကြင္းမွာ ေနာက္ထပ္ ဆုဖလားတစ္လုံး ကိုင္ေျမႇာက္နိုင္ေအာင္ ဦးေဆာင္ေပးၿပီး အမွတ္ရစရာ စြမ္းေဆာင္ရည္ကို ျပသခဲ့ျပန္တာျဖစ္ပါတယ္။

ေလာ္တာရို မာတီနက္ဇ္၊ အိန္ဂ်ယ္ ဒီ မာရီယာ၊ ဒီဘာလာတို႔ရဲ့ သြင္းဂိုးေတြက အာဂ်င္တီးနားအသင္းကို ၁၉၉၃ ခုႏွစ္တုန္းက ေအာင္ျမင္မႈ ရရွိခဲ့ဖူးတဲ့ ခ်န္ပီယံမ်ားရဲ့ဖလား တတိယအႀကိမ္မွာ ထပ္မံရရွိေအာင္ ကူညီေပးနိုင္ခဲ့တာျဖစ္ပါတယ္။

ဝင္ဘေလကြင္းဟာ အျဖဴေရာင္နဲ႔ မိုးျပာေရာင္ေတြ ျပည့္ႏွက္ေနခဲ့ၿပီး အာဂ်င္တီးနားပရိသတ္ေတြဟာ ၂၀၀၀ ျပည့္ႏွစ္တုန္းက ကြင္းေဟာင္းမွာ ေျခစမ္းပြဲ ကစားခဲ့စဥ္တုန္းက လာေရာက္ခဲ့ၿပီးေနာက္ပိုင္း ဝင္ဘေလကြင္းသစ္ကို ပထမဆုံးအႀကိမ္ လာေရာက္ၾကည့္ရႈခဲ့ၾကတာျဖစ္ပါတယ္။

“အဲဒါက လွပတဲ့ ဗိုလ္လုပြဲျဖစ္ခဲ့ပါတယ္။ အာဂ်င္တီးနားသားေတြ အျပည့္ပဲ။ ကၽြန္ေတာ္တို႔ ဒီမွာ ၾကဳံေတြ႕ခဲ့ရတာေတြက လွပခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ ဒီမွာ တိုက္ပြဲဝင္ဖို႔ ရွိေနတာပါ။ ဒီေန႔က ေကာင္းမြန္တဲ့ စမ္းသပ္မႈျဖစ္ခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ အီတလီက အရမ္းေကာင္းတဲ့အသင္းျဖစ္ေနလို႔ပါ။ ကၽြန္ေတာ္တို႔ ပြဲေကာင္းတစ္ပြဲ ကစားရမွာျဖစ္ၿပီး ခ်န္ပီယံျဖစ္ဖို႔ ေကာင္းမြန္တဲ့ အခင္းအက်င္းျဖစ္မယ္ဆိုတာကို သိခဲ့ပါတယ္”လို႔ မက္ဆီက သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

လက္ရွိမွာေတာ့ လီယြန္နယ္ မက္ဆီအေနနဲ႔ ယခုလာမယ့္ေဆာင္းရာသီ ကာတာမွာ က်င္းပမယ့္ ကမၻာ့ဖလားၿပိဳင္ပြဲမွာ အသင္းကို ေနာက္ထပ္ေအာင္ျမင္မႈ ရရွိဖို႔ စြမ္းေဆာင္ေပးနိုင္စြမ္း အမ်ားအျပားရွိေနဆဲျဖစ္တာေၾကာင့္ ေမၽွာ္လင့္ခ်က္ေတြ ရွိလာၿပီျဖစ္ပါတယ္။

ဝင္ဘေလကြင္းကို အာဂ်င္တီးနားပရိသတ္ ၈၇၁၁၂ ဦးအထိ လာေရာက္ၾကည့္ရႈခဲ့ၾကၿပီး ဖိုင္နယ္လစ္ဆီမာေအာင္ပြဲဟာ လီယြန္နယ္ မက္ဆီနဲ႔ အာဂ်င္တီးနားအသင္းအေနနဲ႔ ၎တို႔ရဲ့ ေနာက္ဆုံး ၃၂ ပြဲအထိ ရႈံးပြဲမရွိခဲ့ဘူးဆိုတဲ့ အဓိပၸာယ္ပဲ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.