International

ကြောက်မက်ဖွယ် လုပ်အားနှုန်းနဲ့ နော်ဝေအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဟာလန်း

အာလင်း ဟာလန်းဟာ ဆားဘီးယားနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ နော်ဝေအသင်းအတွက် ဂိုးသွင်းယူပေးခဲ့ပြီးနောက် မန်ချက်စတာစီးတီးအသင်း ပရိသတ်တွေကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ဇူလိုင်လ ၁ ရက်နေ့မှာ မန်ချက်စတာစီးတီးကစားသမားအဖြစ် တရားဝင်ဖြစ်လာတော့မှာဖြစ်ပြီး ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပွဲစဉ်မှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဆားဘီးယားအသင်းဘက်ကို သွင်းယူခဲ့တဲ့ သွင်းဂိုးက ယခုအပတ် နော်ဝေအသင်း လေ့ကျင့်ရေးမှာတုန်းက အားသိပ်မသန်တဲ့ ခြေထောက်နဲ့ သွင်းယူခဲ့တဲ့ ဂိုးလောက် မကောင်းမွန်ခဲ့ပေမယ့်လည်း အထင်ကြီးစရာတွေ အများကြီး ရှိနေခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ ကနဦးမှာ အလွတ်တည်ကန်ဘော ရရှိခဲ့ပြီးနောက် နော်ဝေအသင်းက လျင်လျင်မြန်မြန် တိုက်စစ် ပြန်လည်စတင်ခဲ့ပြီး ညာတောင်ပံကနေတဆင့် တိုက်စစ်ဆင်ခဲ့ရာမှာ မန်ချက်စတာစီးတီးကစားသမားသစ်ဟာ ကြောက်မက်ဖွယ် မြန်နှုန်းနဲ့ ပင်နယ်တီဧရိယာထဲ ပြေးဝင်ပြခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ ဆားဘီးယား နောက်ခံကစားသမားတွေနဲ့ယှဉ်ရင် တော်တော်လေး နောက်ရောက်နေခဲ့ပေမယ့်လည်း မားကပ်စ် ဟုမ်းဂရန်း ပက်ဒါရှင်က ဖြတ်တင်ပေးပို့ချိန်မှာတော့ မြှားတစ်စင်းလို လေအဟုန်နဲ့ ဂိုးရှေ့ကို ရောက်ရှိလာပြီး ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီသွင်းဂိုးဟာ ဟာလန်းအတွက်တော့ ပုံမှန် လုပ်ရိုးလုပ်စဉ်ဖြစ်ပေမယ့် လာမယ့်ရာသီမှာ ပေါင် ၅၁ သန်းတန် တိုက်စစ်မှူးဆီကနေ ဒီလိုသွင်းဂိုးမျိုး အများအပြား မျှော်မှန်းနိုင်မှာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးပရိသတ်တွေဟာ ဒီလို အခွင့်အရေးမျိုးကို အရအမိ အသုံးချနိုင်ခဲ့တဲ့ ဟာလန်းကြောင့် စိတ်လှုပ်ရှားခဲ့ရပြီး ရာဟင်း စတားလင်းနဲ့အတူ တော်တော်လေး အတွဲညီနိုင်မယ့် ကစားသမားဖြစ်တယ်လို့ ထင်မြင်ခဲ့ကြတာဖြစ်ပါတယ်။

ဟာလန်းဟာ လက်ရှိမှာတော့ နော်ဝေအသင်းအတွက် နောက်ဆုံး ၆ ပွဲမှာ ၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး ဂွါဒီယိုလာနဲ့ မန်ချက်စတာစီးတီးတို့အတွက် ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးအဖြစ် ပြသနိုင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဟာလန်းရဲ့ ဆားဘီးယားနဲ့ပွဲစဉ်က တစ်လုံးတည်းသော အနိုင်ဂိုးဟာ ၎င်းရဲ့ မယုံနိုင်စရာ ရွေ့လျားမှုနဲ့ ပြေးနှုန်းမြှင့်တင်ရာမှာ ဘယ်လောက်အထိ ကျွမ်းကျင်လဲဆိုတာကို ပြသသွားခဲ့တာဖြစ်ပါတယ်။

နော်ဝေအသင်းက ဆားဘီးယား ခံစစ်မှာ ဘောလုံး ရရှိနေတဲ့အချိန်မှာ ဟာလန်းက ပုံမှန်ပြေးလွှားနေမှာဖြစ်ပြီး ပြီးတဲ့နောက်မှာတော့ ဒုတိယရွေ့လျားမှုက စက္ကန့်ဝက်အတွင်း ၎င်းကို နေရာလွတ်ရှာတွေ့စေခဲ့တာဖြစ်ပါတယ်။

ဟာလန်းရဲ့ ပြီးပြည့်စုံတဲ့ စွမ်းရည်ကို မြင်တွေ့ခဲ့ရတဲ့ မန်ချက်စတာစီးတီး ပရိသတ်တွေအတွက်တော့ အသင်းရဲ့ ကစားကွက်ဖန်တီးရှင်တွေနဲ့သာဆိုရင် ကျားကို အတောင်ပံတပ်ပေးသလို ဖြစ်လာတော့မယ်လို့ ထင်မြင်ခဲ့ကြပြီး ဒီ ဘရိုင်းနားက ဒေါ့မွန်တိုက်စစ်မှူးနဲ့ တွဲဖက်ကစားရမယ့်အပေါ် စိတ်လှုပ်ရှားမှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ဟာလန်းက ထိပ်တန်းတိုက်စစ်မှူးပါ။ သူ့ရဲ့ ရွေ့လျားနိုင််စွမ်းက ကျွန်တော်တို့ကို အသင်းအဖွဲ့အနေနဲ့ ကြီးထွားလာဖို့ ကူညီပေးပါလိမ့်မယ်။ အားလုံးက သူ့ဆီကနေ အများကြီး မျှော်မှန်းထားကြပါတယ်။ ကျောနံပါတ် ၉ ကို အမြဲတမ်း ရှာဖွေနေခဲ့တာဖြစ်ပမေယ့်လည်း တစ်ရာသီကို သွင်းဂိုး ၂၀-၂၅ ဂိုးအထိ သွင်းယူနိုင်တဲ့ တိုက်စစ်မှူးရှိနေတာက ကောင်းမွန်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာလင္း ဟာလန္းဟာ ဆားဘီးယားနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္မွာ ေနာ္ေဝအသင္းအတြက္ ဂိုးသြင္းယူေပးခဲ့ၿပီးေနာက္ မန္ခ်က္စတာစီးတီးအသင္း ပရိသတ္ေတြကို စိတ္လႈပ္ရွားေစခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ ဇူလိုင္လ ၁ ရက္ေန႔မွာ မန္ခ်က္စတာစီးတီးကစားသမားအျဖစ္ တရားဝင္ျဖစ္လာေတာ့မွာျဖစ္ၿပီး ယူအီးအက္ဖ္ေအေနးရွင္းလိဂ္ပြဲစဥ္မွာ အဖြင့္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ဆားဘီးယားအသင္းဘက္ကို သြင္းယူခဲ့တဲ့ သြင္းဂိုးက ယခုအပတ္ ေနာ္ေဝအသင္း ေလ့က်င့္ေရးမွာတုန္းက အားသိပ္မသန္တဲ့ ေျခေထာက္နဲ႔ သြင္းယူခဲ့တဲ့ ဂိုးေလာက္ မေကာင္းမြန္ခဲ့ေပမယ့္လည္း အထင္ႀကီးစရာေတြ အမ်ားႀကီး ရွိေနခဲ့တာျဖစ္ပါတယ္။

ဟာလန္းဟာ ကနဦးမွာ အလြတ္တည္ကန္ေဘာ ရရွိခဲ့ၿပီးေနာက္ ေနာ္ေဝအသင္းက လ်င္လ်င္ျမန္ျမန္ တိုက္စစ္ ျပန္လည္စတင္ခဲ့ၿပီး ညာေတာင္ပံကေနတဆင့္ တိုက္စစ္ဆင္ခဲ့ရာမွာ မန္ခ်က္စတာစီးတီးကစားသမားသစ္ဟာ ေၾကာက္မက္ဖြယ္ ျမန္ႏႈန္းနဲ႔ ပင္နယ္တီဧရိယာထဲ ေျပးဝင္ျပခဲ့တာျဖစ္ပါတယ္။

ဟာလန္းဟာ ဆားဘီးယား ေနာက္ခံကစားသမားေတြနဲ႔ယွဥ္ရင္ ေတာ္ေတာ္ေလး ေနာက္ေရာက္ေနခဲ့ေပမယ့္လည္း မားကပ္စ္ ဟုမ္းဂရန္း ပက္ဒါရွင္က ျဖတ္တင္ေပးပို႔ခ်ိန္မွာေတာ့ ျမႇားတစ္စင္းလို ေလအဟုန္နဲ႔ ဂိုးေရွ႕ကို ေရာက္ရွိလာၿပီး ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီသြင္းဂိုးဟာ ဟာလန္းအတြက္ေတာ့ ပုံမွန္ လုပ္ရိုးလုပ္စဥ္ျဖစ္ေပမယ့္ လာမယ့္ရာသီမွာ ေပါင္ ၅၁ သန္းတန္ တိုက္စစ္မႉးဆီကေန ဒီလိုသြင္းဂိုးမ်ိဳး အမ်ားအျပား ေမၽွာ္မွန္းနိုင္မွာ ျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးပရိသတ္ေတြဟာ ဒီလို အခြင့္အေရးမ်ိဳးကို အရအမိ အသုံးခ်နိုင္ခဲ့တဲ့ ဟာလန္းေၾကာင့္ စိတ္လႈပ္ရွားခဲ့ရၿပီး ရာဟင္း စတားလင္းနဲ႔အတူ ေတာ္ေတာ္ေလး အတြဲညီနိုင္မယ့္ ကစားသမားျဖစ္တယ္လို႔ ထင္ျမင္ခဲ့ၾကတာျဖစ္ပါတယ္။

ဟာလန္းဟာ လက္ရွိမွာေတာ့ ေနာ္ေဝအသင္းအတြက္ ေနာက္ဆုံး ၆ ပြဲမွာ ၉ ဂိုးအထိ သြင္းယူထားနိုင္ခဲ့ၿပီျဖစ္ၿပီး ဂြါဒီယိုလာနဲ႔ မန္ခ်က္စတာစီးတီးတို႔အတြက္ ၿပီးျပည့္စုံတဲ့ တိုက္စစ္မႉးအျဖစ္ ျပသနိုင္ခဲ့ၿပီးလည္း ျဖစ္ပါတယ္။ ဟာလန္းရဲ့ ဆားဘီးယားနဲ႔ပြဲစဥ္က တစ္လုံးတည္းေသာ အနိုင္ဂိုးဟာ ၎ရဲ့ မယုံနိုင္စရာ ေရြ႕လ်ားမႈနဲ႔ ေျပးႏႈန္းျမႇင့္တင္ရာမွာ ဘယ္ေလာက္အထိ ကၽြမ္းက်င္လဲဆိုတာကို ျပသသြားခဲ့တာျဖစ္ပါတယ္။

ေနာ္ေဝအသင္းက ဆားဘီးယား ခံစစ္မွာ ေဘာလုံး ရရွိေနတဲ့အခ်ိန္မွာ ဟာလန္းက ပုံမွန္ေျပးလႊားေနမွာျဖစ္ၿပီး ၿပီးတဲ့ေနာက္မွာေတာ့ ဒုတိယေရြ႕လ်ားမႈက စကၠန႔္ဝက္အတြင္း ၎ကို ေနရာလြတ္ရွာေတြ႕ေစခဲ့တာျဖစ္ပါတယ္။

ဟာလန္းရဲ့ ၿပီးျပည့္စုံတဲ့ စြမ္းရည္ကို ျမင္ေတြ႕ခဲ့ရတဲ့ မန္ခ်က္စတာစီးတီး ပရိသတ္ေတြအတြက္ေတာ့ အသင္းရဲ့ ကစားကြက္ဖန္တီးရွင္ေတြနဲ႔သာဆိုရင္ က်ားကို အေတာင္ပံတပ္ေပးသလို ျဖစ္လာေတာ့မယ္လို႔ ထင္ျမင္ခဲ့ၾကၿပီး ဒီ ဘရိုင္းနားက ေဒါ့မြန္တိုက္စစ္မႉးနဲ႔ တြဲဖက္ကစားရမယ့္အေပၚ စိတ္လႈပ္ရွားမႈကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ဟာလန္းက ထိပ္တန္းတိုက္စစ္မႉးပါ။ သူ႔ရဲ့ ေရြ႕လ်ားနိုင္္စြမ္းက ကၽြန္ေတာ္တို႔ကို အသင္းအဖြဲ႕အေနနဲ႔ ႀကီးထြားလာဖို႔ ကူညီေပးပါလိမ့္မယ္။ အားလုံးက သူ႔ဆီကေန အမ်ားႀကီး ေမၽွာ္မွန္းထားၾကပါတယ္။ ေက်ာနံပါတ္ ၉ ကို အျမဲတမ္း ရွာေဖြေနခဲ့တာျဖစ္ပေမယ့္လည္း တစ္ရာသီကို သြင္းဂိုး ၂၀-၂၅ ဂိုးအထိ သြင္းယူနိုင္တဲ့ တိုက္စစ္မႉးရွိေနတာက ေကာင္းမြန္လိမ့္မယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.