Premier League

၇.၈.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆုိလျပည့္ေက်ာ္ ၄ ရက္၊ ေသာၾကာေန႔။

၇.၈.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆုိလျပည့္ေက်ာ္ ၄ ရက္၊ ေသာၾကာေန႔၊ သမားညဳိ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၃:၀၅ အထိ တိထီ ၄ လုံး။ ေက်ာ္လွ်င္ ၅ လုံး။ ၄ လုံးတြင္ အၿမိတၱယုဂ္၊ ထာဝရရွင္သန္ေအာင္ျမင္ေစလိုေသာ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ညေန ၁၄:၃၂ အထိ ျပဳဗၺာဘျဒပိုဒ္နကၡတ္။ ေက်ာ္လွ်င္ ဥတၱရာဘျဒပိုဒ္နကၡတ္။ နံနက္ ၆:၂၀ အထိ အတိဂ႑ယုဂ္၊ အႏၲရာယ္၊ အတားအဆီးႏွင့္ ႀကဳံရျခင္း၊ အေႏွာင့္အယွက္၊ အဖ်က္အဆီးမ်ားအား လိမၼာပါးနပ္စြာ ေက်ာ္လႊားပါ။ တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၆:၅၄ အထိ သုကမၼယုဂ္၊ ေအာင္ျမင္ျခင္း၊ အႏုိင္ယူခြင့္ႀကဳံျခင္း၊ ႏိုင္တုိင္း မလုပ္ဘဲ သေဘာထားႀကီးမွဳကို ျပသ၍ သိမ္းသြင္းယူပါ။ ေက်ာ္လွ်င္ ဓီတိယုဂ္၊ စဥ္းစားဆင္ျခင္ျခင္း၊ ထိန္းခ်ဳပ္ကြပ္ကဲရျခင္း၊ မိမိ၏ အေျမာ္အျမင္ေၾကာင့္ သူတပါးထံမွ အက်ဳိးခံစားရျခင္းမ်ားရွိမည္။

တစ္ေန႔တာ က႐ိုဏ္း။
ညေန ၁၄:၀၆ အထိ ဗဘက႐ိုဏ္း၊ က်က္သေရရွိ၊ လုပ္ငန္းေဆာင္တာအမ်ဳိးမ်ဳိးႏွင့္ က်န္းမာေရးကိစၥအဝဝ လုပ္ေဆာင္ရန္ေကာင္း။ နံနက္ ၃:၀၅ အထိ ဗလဝက႐ိုဏ္း၊ ဂုဏ္သေရျပည့္စုံ၊ ေလ့လာသင္ၾကား၊ ဂါရဝျပဳမွဳမ်ားႏွင့္ အခမ္းအနားမ်ားလုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ေကာလဝက႐ိုဏ္း၊ ေပါင္းသင္းဆက္ဆံ၊ အသုိင္းအဝိုင္းခ်ဲ႕ထြင္၊ မဂၤလာကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၃:၀၅ အထိ အေရွ႕ႏွင့္ အေရွ႕ေျမာက္၊ အျဖဴေရာင္။ ေက်ာ္လွ်င္ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၇.၈.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၄ ရက်၊ သောကြာနေ့၊ သမားညို။

တစ်နေ့တာ တိထီနှင့် ယုဂ်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၃:၀၅ အထိ တိထီ ၄ လုံး။ ကျော်လျှင် ၅ လုံး။ ၄ လုံးတွင် အမြိတ္တယုဂ်၊ ထာဝရရှင်သန်အောင်မြင်စေလိုသော အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ညနေ ၁၄:၃၂ အထိ ပြုဗ္ဗာဘဒြပိုဒ်နက္ခတ်။ ကျော်လျှင် ဥတ္တရာဘဒြပိုဒ်နက္ခတ်။ နံနက် ၆:၂၀ အထိ အတိဂဏ္ဍယုဂ်၊ အန္တရာယ်၊ အတားအဆီးနှင့် ကြုံရခြင်း၊ အနှောင့်အယှက်၊ အဖျက်အဆီးများအား လိမ္မာပါးနပ်စွာ ကျော်လွှားပါ။ တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၆:၅၄ အထိ သုကမ္မယုဂ်၊ အောင်မြင်ခြင်း၊ အနိုင်ယူခွင့်ကြုံခြင်း၊ နိုင်တိုင်း မလုပ်ဘဲ သဘောထားကြီးမှုကို ပြသ၍ သိမ်းသွင်းယူပါ။ ကျော်လျှင် ဓီတိယုဂ်၊ စဉ်းစားဆင်ခြင်ခြင်း၊ ထိန်းချုပ်ကွပ်ကဲရခြင်း၊ မိမိ၏ အမြော်အမြင်ကြောင့် သူတပါးထံမှ အကျိုးခံစားရခြင်းများရှိမည်။

တစ်နေ့တာ ကရိုဏ်း။
ညနေ ၁၄:၀၆ အထိ ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာအမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။ နံနက် ၃:၀၅ အထိ ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများလုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၃:၀၅ အထိ အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။ ကျော်လျှင် တောင်နှင့် အရှေ့၊ အနက်ရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)