ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ေတာင္ပံပစ္မွတ္တစ္ဦးျဖစ္တဲ့ ဆာအိဒ္ ဘင္ရာမာကို ေခၚယူဖို႔အတြက္ ၿပဳိင္ဘက္ေတြ မ်ားျပားလာခဲ့ၿပီး ဒါကလည္း ဘရန္႔ဖို႔ဒ္အသင္းရဲ႕ ခ်န္ပီယံရွစ္ တန္းတက္ Play-off ဖိုင္နယ္မွာ ရွဳံးနိမ့္ခဲ့မွဳေၾကာင့္ျဖစ္သလို သူတုိ႔အတြက္ တျခားပစ္မွတ္ေတြကို ႀကဳိးစားၿပီး အခ်ိန္ယူေနမယ့္အစား အလ်င္အျမန္ဆုံးျဖတ္ရမယ့္ ျပႆနာတစ္ရပ္လည္းျဖစ္လာခဲ့ပါတယ္။
ေဈးကြက္တန္ေၾကး ေပါင္ ၁၆ သန္းလို႔ ၿဗိတိန္အားကစားသတင္းေတြက ေရးသားေနၾကတဲ့ အသက္ ၂၄ ႏွစ္အရြယ္ အယ္လ္ဂ်ီးရီးယား ေတာင္ပံကစားသမားဟာ ဘယ္ျခမ္းတုိက္စစ္မွာ Inverted Winger အျဖစ္ အသုံးခ်ႏုိင္သူျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းမွာေတာ့ ေနရာစုံကစားမယ့္ ခရစၥတီယန္ ပူလီဆစ္ခ်္အတြက္ Back-up ေကာင္းတစ္ေယာက္ျဖစ္လာမယ္လို႔ ပရိသတ္ေတြက ေမွ်ာ္လင့္ေနခဲ့ၾကတာပါ။
ဝါရင့္ေတာင္ပံကစားသမားေတြျဖစ္ၾကတဲ့ ဝီလီယန္နဲ႔ ပက္ဒ႐ိုတုိ႔ အသင္းကေန ထြက္ခြာသြားခဲ့မွဳနဲ႔ လူငယ္ေတာင္ပံကစားသမား ကယ္လမ္ ဟဒ္ဆန္-အိုဒြဳိင္းကို အားမကိုးႏုိင္မွဳေတြေၾကာင့္ နည္းျပ ဖရန္႔ လမ္းပတ္အေနနဲ႔ ဘင္ရာမာကို အလိုရွိေနတာျဖစ္ၿပီး လက္ရွိမွာေတာ့ ၿမဳိ႕ခံၿပဳိင္ဘက္ စပါးစ္၊ ဝက္စ္ဟမ္းနဲ႔ တန္းတက္ လိဒ္စ္ယူႏုိက္တက္တုိ႔နဲ႔အၿပဳိင္ ေခၚယူရေတာ့မွာလည္းျဖစ္ပါတယ္။
လန္ဒန္အသင္းတစ္သင္းပဲျဖစ္တဲ့ ဘရန္႔ဖိုဒ္အသင္းမွာ ၿပီးခဲ့တဲ့ ရာသီအစက တုိက္စစ္မွဴး နီးလ္ ေမာ္ေပထြက္ခြာသြားမွဳနဲ႔အတူ ဘင္ရာမာဟာ အသင္းႀကီးေတြက စိတ္ဝင္စားေနတဲ့ အသင္းေဖာ္တစ္ဦးျဖစ္တဲ့ အိုလီ ဝပ္ကင္းစ္နဲ႔အတူ တုိက္စစ္ကို ပိုမိုတာဝန္ယူခဲ့ရၿပီး ၄၃ ပြဲမွာ ၁၇ ဂိုး သြင္းယူႏုိင္မွဳနဲ႔အတူ ကစားဟန္ကပါ နည္းျပေတာ္ေတာ္မ်ားမ်ားအတြက္ ဆြဲေဆာင္မွဳ ရွိေနခဲ့တာလည္းျဖစ္ပါတယ္။
အသက္ ၁၁ ႏွစ္အရြယ္ကတည္းက ျပင္သစ္ႏုိင္ငံကို ေရာက္ရွိလာခဲ့တဲ့ အယ္လ္ဂ်ီးရီးယားသား ဘင္ရာမာကိုေတာ့ တခ်ဳိ႕က ညာသန္ မာရက္ဇ္အသစ္လို႔ မန္ခ်က္စတာစီးတီးက ႏုိင္ငံတူကစားသမားနဲ႔ ႏွဳိင္းယွဥ္ခ်ီးက်ဴးထားၾကၿပီး ေတာင္ပံႏွစ္ဖက္စလုံးမွာ ကစားႏုိင္တဲ့သူ႕ကို ခ်ဲလ္ဆီးတို႔ လက္ဦးမွဳ ရယူႏုိင္မွသာ ေခၚယူႏုိင္ဖို႔ ျဖစ္ႏုိင္မယ္လုိ႔ သတင္းေတြက ေဖာ္ျပခဲ့ၾကေၾကာင္းလည္း သိရွိရပါတယ္။
REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.
UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ တောင်ပံပစ်မှတ်တစ်ဦးဖြစ်တဲ့ ဆာအိဒ် ဘင်ရာမာကို ခေါ်ယူဖို့အတွက် ပြိုင်ဘက်တွေ များပြားလာခဲ့ပြီး ဒါကလည်း ဘရန့်ဖို့ဒ်အသင်းရဲ့ ချန်ပီယံရှစ် တန်းတက် Play-off ဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့မှုကြောင့်ဖြစ်သလို သူတို့အတွက် တခြားပစ်မှတ်တွေကို ကြိုးစားပြီး အချိန်ယူနေမယ့်အစား အလျင်အမြန်ဆုံးဖြတ်ရမယ့် ပြဿနာတစ်ရပ်လည်းဖြစ်လာခဲ့ပါတယ်။
ဈေးကွက်တန်ကြေး ပေါင် ၁၆ သန်းလို့ ဗြိတိန်အားကစားသတင်းတွေက ရေးသားနေကြတဲ့ အသက် ၂၄ နှစ်အရွယ် အယ်လ်ဂျီးရီးယား တောင်ပံကစားသမားဟာ ဘယ်ခြမ်းတိုက်စစ်မှာ Inverted Winger အဖြစ် အသုံးချနိုင်သူဖြစ်ပြီး ချဲလ်ဆီးအသင်းမှာတော့ နေရာစုံကစားမယ့် ခရစ္စတီယန် ပူလီဆစ်ချ်အတွက် Back-up ကောင်းတစ်ယောက်ဖြစ်လာမယ်လို့ ပရိသတ်တွေက မျှော်လင့်နေခဲ့ကြတာပါ။
ဝါရင့်တောင်ပံကစားသမားတွေဖြစ်ကြတဲ့ ဝီလီယန်နဲ့ ပက်ဒရိုတို့ အသင်းကနေ ထွက်ခွာသွားခဲ့မှုနဲ့ လူငယ်တောင်ပံကစားသမား ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းကို အားမကိုးနိုင်မှုတွေကြောင့် နည်းပြ ဖရန့် လမ်းပတ်အနေနဲ့ ဘင်ရာမာကို အလိုရှိနေတာဖြစ်ပြီး လက်ရှိမှာတော့ မြို့ခံပြိုင်ဘက် စပါးစ်၊ ဝက်စ်ဟမ်းနဲ့ တန်းတက် လိဒ်စ်ယူနိုက်တက်တို့နဲ့အပြိုင် ခေါ်ယူရတော့မှာလည်းဖြစ်ပါတယ်။
လန်ဒန်အသင်းတစ်သင်းပဲဖြစ်တဲ့ ဘရန့်ဖိုဒ်အသင်းမှာ ပြီးခဲ့တဲ့ ရာသီအစက တိုက်စစ်မှူး နီးလ် မော်ပေထွက်ခွာသွားမှုနဲ့အတူ ဘင်ရာမာဟာ အသင်းကြီးတွေက စိတ်ဝင်စားနေတဲ့ အသင်းဖော်တစ်ဦးဖြစ်တဲ့ အိုလီ ဝပ်ကင်းစ်နဲ့အတူ တိုက်စစ်ကို ပိုမိုတာဝန်ယူခဲ့ရပြီး ၄၃ ပွဲမှာ ၁၇ ဂိုး သွင်းယူနိုင်မှုနဲ့အတူ ကစားဟန်ကပါ နည်းပြတော်တော်များများအတွက် ဆွဲဆောင်မှု ရှိနေခဲ့တာလည်းဖြစ်ပါတယ်။
အသက် ၁၁ နှစ်အရွယ်ကတည်းက ပြင်သစ်နိုင်ငံကို ရောက်ရှိလာခဲ့တဲ့ အယ်လ်ဂျီးရီးယားသား ဘင်ရာမာကိုတော့ တချို့က ညာသန် မာရက်ဇ်အသစ်လို့ မန်ချက်စတာစီးတီးက နိုင်ငံတူကစားသမားနဲ့ နှိုင်းယှဉ်ချီးကျူးထားကြပြီး တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်တဲ့သူ့ကို ချဲလ်ဆီးတို့ လက်ဦးမှု ရယူနိုင်မှသာ ခေါ်ယူနိုင်ဖို့ ဖြစ်နိုင်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြကြောင်းလည်း သိရှိရပါတယ်။
REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.