Premier League UCL&UEL

ကိုပင္ေဟဂင္ကို အလြယ္တကူေက်ာ္ျဖတ္မယ့္ ယူႏုိက္တက္တို႔ ဝုလ္ဗ္စ္နဲ႔ ဆုံဆည္းမွာလား

ၿပီးခဲ့တဲ့ ညက ယူ႐ိုပါလိဂ္လက္က်န္ပြဲစဥ္ေတြ ကစားအၿပီးမွာ ကြာတားဖိုင္နယ္ကို တက္ေရာက္မယ့္ အသင္း ၈ သင္း ထြက္ေပၚခဲ့ၿပီး ႏွစ္ေက်ာ့လုံးကစားဖို႔ က်န္ေနတဲ့ ဆီဗီလာနဲ႔ ႐ိုးမားတုိ႔ကေတာ့ ၾကားေျမ ဂ်ာမနီႏုိင္ငံ ဒီးစ္ဘတ္မွာ တစ္ေက်ာ့တည္း ကစားၿပီး ဒီၿပဳိင္ပြဲရဲ႕ အေအာင္ျမင္ဆုံး ဆီဗီလာတုိ႔ တက္ေရာက္လာခဲ့လို႔ ပြဲစဥ္ေရးဆြဲမွဳကို ခ်ျပလုိ႔ ရခဲ့ၿပီျဖစ္ပါတယ္။

ကြာတားဖိုင္နယ္ ပြဲစဥ္ ၁ အရေတာ့ ရွက္တာဒိုးနက္စ္ခ္နဲ႔ ေဘဆယ္တုိ႔ ကစားရမွာျဖစ္ၿပီး မန္ခ်က္စတာယူႏုိက္တက္နဲ႔ ကိုပင္ေဟဂင္က ပြဲစဥ္ ၂၊ အင္တာမီလန္နဲ႔ ေဘယာေလဗာကူဆင္က ပြဲစဥ္ ၃၊ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္နဲ႔ ဆီဗီလာတုိ႔က ပြဲစဥ္ ၄ အျဖစ္ ကစားၾကရမွာျဖစ္ၿပီး ေရွာ္လ္ကာရဲ႕ ဂယ္လ္ဆင္ကာခ်င္၊ ကိုလုံးရဲ႕ ႐ိုင္းအင္နာဂ်ီ၊ ဒပ္ဆယ္လ္ေဒါ့ဖ္ရဲ႕ မာကာစပီးလ္ အရီနာ၊ ဒီးစ္ဘတ္ရဲ႕ MSV အရီနာကြင္းေတြမွာ အသီးသီး ကစားသြားၾကရမွာျဖစ္ပါတယ္။

ဆီမီးဖိုင္နယ္ပြဲစဥ္ေတြ ေရးဆြဲမွဳအရေတာ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဝုလ္ဗ္စ္တုိ႔ ၿပဳိင္ဘက္ေတြကို အသီးသီး အႏုိင္ယူႏုိင္ခဲ့ရင္ ေတြ႕ဆုံေတာ့မွာျဖစ္ၿပီး All English Final ျဖစ္လာဖို႔ေတာ့ မရွိေတာ့သလို က်န္တဲ့ႏုိင္ငံေတြျဖစ္တဲ့ အီတလီ၊ စပိန္၊ ဒိန္းမတ္၊ ယူကရိန္း၊ ဆြစ္ဇာလန္တုိ႔ကေတာ့ တစ္သင္းစီသာ က်န္ရွိေတာ့တာလည္းျဖစ္ပါတယ္။

အာဆင္နယ္ကို အဂၤလန္ေျမမွာ ဖိအားေပးၿပီး ေနာက္တစ္ဆင့္ တက္ႏိုင္ခဲ့တဲ့ အုိလံပီယာေကာ့စ္တုိ႔ကို ေဘာလုံးပုိင္ဆုိင္မွဳ အသာေပးခဲ့ရတဲ့ ဝုလ္ဗ္စ္တုိ႔ ရာအူးလ္ ဟီမီနက္ဇ္ရဲ႕ ပင္နယ္တီတစ္လုံးတည္းနဲ႔ မုိလီေနာ့မွာ ေတာင့္ခံႏုိင္ခဲ့လို႔ ကြာတားအဆင့္ကို တက္ေရာက္ႏုိင္ခဲ့တာျဖစ္ၿပီး ႏူႏိုဆန္တုိတုိ႔ ဒီးစ္ဘတ္မွာ တစ္ပြဲေကာင္း ဘယ္ေလာက္ကစားႏုိင္မလဲဆုိတာကိုေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ လက္က်န္ယူ႐ိုပါလိဂ္ခရီးမွာေတာ့ ခံစစ္ပုိင္းက လူစုံဖုိ႔ အဓိက လုိအပ္ေနၿပီး လုခ္ေရွာ အျမန္ဆုံး ျပန္ပါႏုိင္မွ အသင္းရဲ႕ ဟန္ခ်က္ညီလာဖို႔ ရွိသလို လက္ရွိမွာေတာ့ အေတြ႕အႀကဳံနည္းတဲ့ ဝီလီယမ္စ္ရဲ႕ ဟာကြက္ေတြဟာ ဝုလ္ဗ္စ္၊ ဆီဗီလာတုိ႔နဲဲ႔ စေတြ႕မယ့္အခ်ိန္မွာ ဒုကၡေရာက္ႏုိင္တာမို႔ ဒီႏွစ္မွာ ဆုိးလ္ရွားအေနနဲ႔ လက္က်န္ခရီးၾကမ္းကို ျဖတ္ေက်ာ္ၿပီး သူ႕ရဲ႕ ပထမဆုံး ဆုဖလားကို ရယူႏုိင္မလား ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပလုိက္ရပါတယ္။

REF: UEFA
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ ညက ယူရိုပါလိဂ်လက်ကျန်ပွဲစဉ်တွေ ကစားအပြီးမှာ ကွာတားဖိုင်နယ်ကို တက်ရောက်မယ့် အသင်း ၈ သင်း ထွက်ပေါ်ခဲ့ပြီး နှစ်ကျော့လုံးကစားဖို့ ကျန်နေတဲ့ ဆီဗီလာနဲ့ ရိုးမားတို့ကတော့ ကြားမြေ ဂျာမနီနိုင်ငံ ဒီးစ်ဘတ်မှာ တစ်ကျော့တည်း ကစားပြီး ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး ဆီဗီလာတို့ တက်ရောက်လာခဲ့လို့ ပွဲစဉ်ရေးဆွဲမှုကို ချပြလို့ ရခဲ့ပြီဖြစ်ပါတယ်။

ကွာတားဖိုင်နယ် ပွဲစဉ် ၁ အရတော့ ရှက်တာဒိုးနက်စ်ခ်နဲ့ ဘေဆယ်တို့ ကစားရမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ ကိုပင်ဟေဂင်က ပွဲစဉ် ၂၊ အင်တာမီလန်နဲ့ ဘေယာလေဗာကူဆင်က ပွဲစဉ် ၃၊ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်နဲ့ ဆီဗီလာတို့က ပွဲစဉ် ၄ အဖြစ် ကစားကြရမှာဖြစ်ပြီး ရှော်လ်ကာရဲ့ ဂယ်လ်ဆင်ကာချင်၊ ကိုလုံးရဲ့ ရိုင်းအင်နာဂျီ၊ ဒပ်ဆယ်လ်ဒေါ့ဖ်ရဲ့ မာကာစပီးလ် အရီနာ၊ ဒီးစ်ဘတ်ရဲ့ MSV အရီနာကွင်းတွေမှာ အသီးသီး ကစားသွားကြရမှာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်ပွဲစဉ်တွေ ရေးဆွဲမှုအရတော့ မန်ချက်စတာယူနိုက်တက်နဲ့ ဝုလ်ဗ်စ်တို့ ပြိုင်ဘက်တွေကို အသီးသီး အနိုင်ယူနိုင်ခဲ့ရင် တွေ့ဆုံတော့မှာဖြစ်ပြီး All English Final ဖြစ်လာဖို့တော့ မရှိတော့သလို ကျန်တဲ့နိုင်ငံတွေဖြစ်တဲ့ အီတလီ၊ စပိန်၊ ဒိန်းမတ်၊ ယူကရိန်း၊ ဆွစ်ဇာလန်တို့ကတော့ တစ်သင်းစီသာ ကျန်ရှိတော့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်ကို အင်္ဂလန်မြေမှာ ဖိအားပေးပြီး နောက်တစ်ဆင့် တက်နိုင်ခဲ့တဲ့ အိုလံပီယာကော့စ်တို့ကို ဘောလုံးပိုင်ဆိုင်မှု အသာပေးခဲ့ရတဲ့ ဝုလ်ဗ်စ်တို့ ရာအူးလ် ဟီမီနက်ဇ်ရဲ့ ပင်နယ်တီတစ်လုံးတည်းနဲ့ မိုလီနော့မှာ တောင့်ခံနိုင်ခဲ့လို့ ကွာတားအဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး နူနိုဆန်တိုတို့ ဒီးစ်ဘတ်မှာ တစ်ပွဲကောင်း ဘယ်လောက်ကစားနိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ လက်ကျန်ယူရိုပါလိဂ်ခရီးမှာတော့ ခံစစ်ပိုင်းက လူစုံဖို့ အဓိက လိုအပ်နေပြီး လုခ်ရှော အမြန်ဆုံး ပြန်ပါနိုင်မှ အသင်းရဲ့ ဟန်ချက်ညီလာဖို့ ရှိသလို လက်ရှိမှာတော့ အတွေ့အကြုံနည်းတဲ့ ဝီလီယမ်စ်ရဲ့ ဟာကွက်တွေဟာ ဝုလ်ဗ်စ်၊ ဆီဗီလာတို့နဲ့ စတွေ့မယ့်အချိန်မှာ ဒုက္ခရောက်နိုင်တာမို့ ဒီနှစ်မှာ ဆိုးလ်ရှားအနေနဲ့ လက်ကျန်ခရီးကြမ်းကို ဖြတ်ကျော်ပြီး သူ့ရဲ့ ပထမဆုံး ဆုဖလားကို ရယူနိုင်မလား စောင့်ကြည့်ရဖို့ ဖော်ပြလိုက်ရပါတယ်။

REF: UEFA
PHOTOS CREDIT TO OWNERS
SPORTS A2Z.