Premier League

ခေါင်ထည်လေးမှ ရွေးတတ်လွန်းတဲ့ ချေးဝဲလ်ကြောင့် အံတကြိတ်ကြိတ်ဖြစ်နေကြတဲ့ ပုရိသများ

ချဲလ်ဆီးဘယ်နောက်ခံကစားသမား ဘန် ချေးဝဲလ်ဟာ လော့စ် အိန်ဂျလိစ်မှာ အားလပ်ရက် အနားယူနေချိန်အတွင်း Netflix ကြယ်ပွင့် ဟော်လီ ဆကားဖုံးနဲ့ လက်ချင်းတွဲထားတဲ့ လျှပ်တပြက် ဓာတ်ပုံ ရိုက်ကူးခြင်းခံခဲ့ရပါတယ်။

ချေးဝဲလ်တို့အတွဲဟာ လူချမ်းသာတွေသာ လာရောက်ပျော်ပါးနိုင်တဲ့ Bootsy Bellows နိုက်ကလပ်ကို မသွားခင် Nice Guy စားသောက်ဆိုင်မှာ ညစာ အတူတူ စားခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။ ကလပ်အပြင်ဘက်မှာလည်း ချေးဝဲလ်တို့ စုံတွဲဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြည်နူးနေခဲ့ကြတာကို မြင်တွေ့ခဲ့ရပြီး ချဲလ်ဆီးဘယ်နောက်ခံကစားသမားဟာ ပရီးမီးယားလိဂ်ရာသီပြီးဆုံးခဲ့ပြီဖြစ်တာကြောင့် အနားယူအပန်းဖြေနေတာဖြစ်ပါတယ်။

အင်္ဂလန်ဘယ်နောက်ခံကစားသမားဟာ ဒူးအရှေ့ပိုင်းအရွတ် စုတ်ပြဲခဲ့ပြီးနောက် ချဲလ်ဆီးအသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့တာဖြစ်ပြီး ရာသီရဲ့ အချိန်အများစုကို အနားယူနေခဲ့ရတာဖြစ်ပါတယ်။

ချေးဝဲလ်ဟာ ချဲလ်ဆီးအသင်းရဲ့ ရာသီပိတ် နောက်ဆုံးပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်နဲ့ ပြန်လည် ပါဝင်ကစားပေးနိုင်ခဲ့ပြီး စကားဖုံးဟာ Netflix ရဲ့ လူသိများထင်ရှားနေတဲ့ Too Hot to Handle တီဗွီရှိုးမှာ တစ်စိတ်အပိုင်း ပါဝင်ပြီး ထင်ပေါ်ကျော်ကြားလာခဲ့သူစြဖ်ပါတယ်။

အမေရိကန်မော်ဒယ် စကားဖုံးဟာ အဲဒီ တီဗွီရှိုးမှာ နေသန် စုံးနဲ့အတူ တွဲခဲ့ပြီး နောက်ဆုံးစီးရီးအထိ ရောက်ရှိအောင် လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၎င်းတို့အတွဲဟာ ရှုံးကနေ ထွက်ပြီးနောက် သိပ်မကြာခင်မှာပဲ လမ်းခွဲခဲ့တာကြောင့် အချစ်ဇာတ်လမ်းက စမလို့ ကြံခါရှိသေးတဲ့အချိန်မှာ ပြီးဆုံးသွားခဲ့တာဖြစ်ပြီး စကားဖုံးဟာ ကာဒါရှီယန် ကြယ်ပွင့် စကော့တ် ဒစ်ဆစ်နဲ့ ပြီးခဲ့တဲ့အပတ်က မာလီဘူးမှာ အတူတူ မြင်တွေ့ခဲ့ရပြီးနောက် တွဲနေကြတယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားဇာတိဖွား မော်ဒယ်ဟာ အင်စတာဂရမ်ပေါ်မှာ ပရိသတ်ပေါင်း ၇ သိန်းကျော် ပိုင်ဆိုင်ခဲ့ပြီး မလုံ့တလုံဝတ်ထားတဲ့ လျှပ်တပြက်ဓာတ်ပုံတွေနဲ့ ပုရိသတွေကို အသည်းယားအောင် မကြာခဏ မျှဝေလေ့ရှိသူဖြစ်ပါတယ်။

အမေရိကန်မော်ဒယ်ဟာ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး ယခုနှစ်အစောပိုင်းတုန်းက ချေးဝဲလ်ဟာ ဖော်မြူလာဝမ်း စူပါစတား လူးဝစ္စ ဟာမီလ်တန်ရဲ့ ရည်းစားဟောင်း ကမီလာ ကန်ဒရာနဲ့ ဇာတ်လမ်းကို အဆုံးသတ်ခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပြီး လက်ရှိမှာတော့ ခေါင်ထည်လေးကိုမှ ရွေးတွဲနေပြီဖြစ်တာကြောင့် ပုရိသတွေရဲ့မနာလိုဝန်တိုမှုတွေကို ခံရတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးဘယ္ေနာက္ခံကစားသမား ဘန္ ေခ်းဝဲလ္ဟာ ေလာ့စ္ အိန္ဂ်လိစ္မွာ အားလပ္ရက္ အနားယူေနခ်ိန္အတြင္း Netflix ၾကယ္ပြင့္ ေဟာ္လီ ဆကားဖုံးနဲ႔ လက္ခ်င္းတြဲထားတဲ့ လၽွပ္တျပက္ ဓာတ္ပုံ ရိုက္ကူးျခင္းခံခဲ့ရပါတယ္။

ေခ်းဝဲလ္တို႔အတြဲဟာ လူခ်မ္းသာေတြသာ လာေရာက္ေပ်ာ္ပါးနိုင္တဲ့ Bootsy Bellows နိုက္ကလပ္ကို မသြားခင္ Nice Guy စားေသာက္ဆိုင္မွာ ညစာ အတူတူ စားခဲ့ၾကတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ကလပ္အျပင္ဘက္မွာလည္း ေခ်းဝဲလ္တို႔ စုံတြဲဟာ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ၾကည္ႏူးေနခဲ့ၾကတာကို ျမင္ေတြ႕ခဲ့ရၿပီး ခ်ဲလ္ဆီးဘယ္ေနာက္ခံကစားသမားဟာ ပရီးမီးယားလိဂ္ရာသီၿပီးဆုံးခဲ့ၿပီျဖစ္တာေၾကာင့္ အနားယူအပန္းေျဖေနတာျဖစ္ပါတယ္။

အဂၤလန္ဘယ္ေနာက္ခံကစားသမားဟာ ဒူးအေရွ႕ပိုင္းအရြတ္ စုတ္ျပဲခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးအသင္းအတြက္ ပါဝင္ကစားေပးနိုင္ျခင္းမရွိခဲ့တာျဖစ္ၿပီး ရာသီရဲ့ အခ်ိန္အမ်ားစုကို အနားယူေနခဲ့ရတာျဖစ္ပါတယ္။

ေခ်းဝဲလ္ဟာ ခ်ဲလ္ဆီးအသင္းရဲ့ ရာသီပိတ္ ေနာက္ဆုံးပြဲစဥ္မွာ လူစားဝင္ကစားသမားအျဖစ္နဲ႔ ျပန္လည္ ပါဝင္ကစားေပးနိုင္ခဲ့ၿပီး စကားဖုံးဟာ Netflix ရဲ့ လူသိမ်ားထင္ရွားေနတဲ့ Too Hot to Handle တီဗြီရွိုးမွာ တစ္စိတ္အပိုင္း ပါဝင္ၿပီး ထင္ေပၚေက်ာ္ၾကားလာခဲ့သူျစဖ္ပါတယ္။

အေမရိကန္ေမာ္ဒယ္ စကားဖုံးဟာ အဲဒီ တီဗြီရွိုးမွာ ေနသန္ စုံးနဲ႔အတူ တြဲခဲ့ၿပီး ေနာက္ဆုံးစီးရီးအထိ ေရာက္ရွိေအာင္ လုပ္ေဆာင္နိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ၎တို႔အတြဲဟာ ရႈံးကေန ထြက္ၿပီးေနာက္ သိပ္မၾကာခင္မွာပဲ လမ္းခြဲခဲ့တာေၾကာင့္ အခ်စ္ဇာတ္လမ္းက စမလို႔ ႀကံခါရွိေသးတဲ့အခ်ိန္မွာ ၿပီးဆုံးသြားခဲ့တာျဖစ္ၿပီး စကားဖုံးဟာ ကာဒါရွီယန္ ၾကယ္ပြင့္ စေကာ့တ္ ဒစ္ဆစ္နဲ႔ ၿပီးခဲ့တဲ့အပတ္က မာလီဘူးမွာ အတူတူ ျမင္ေတြ႕ခဲ့ရၿပီးေနာက္ တြဲေနၾကတယ္လို႔ ေကာလာဟလေတြ ထြက္ေပၚခဲ့တာျဖစ္ပါတယ္။

ကယ္လီဖိုးနီးယားဇာတိဖြား ေမာ္ဒယ္ဟာ အင္စတာဂရမ္ေပၚမွာ ပရိသတ္ေပါင္း ၇ သိန္းေက်ာ္ ပိုင္ဆိုင္ခဲ့ၿပီး မလုံ႔တလုံဝတ္ထားတဲ့ လၽွပ္တျပက္ဓာတ္ပုံေတြနဲ႔ ပုရိသေတြကို အသည္းယားေအာင္ မၾကာခဏ မၽွေဝေလ့ရွိသူျဖစ္ပါတယ္။

အေမရိကန္ေမာ္ဒယ္ဟာ အသက္ ၂၃ ႏွစ္အရြယ္ရွိၿပီျဖစ္ၿပီး ယခုႏွစ္အေစာပိုင္းတုန္းက ေခ်းဝဲလ္ဟာ ေဖာ္ျမဴလာဝမ္း စူပါစတား လူးဝစၥ ဟာမီလ္တန္ရဲ့ ရည္းစားေဟာင္း ကမီလာ ကန္ဒရာနဲ႔ ဇာတ္လမ္းကို အဆုံးသတ္ခဲ့တယ္လို႔ The Sun က ေဖာ္ျပခဲ့ၿပီး လက္ရွိမွာေတာ့ ေခါင္ထည္ေလးကိုမွ ေရြးတြဲေနၿပီျဖစ္တာေၾကာင့္ ပုရိသေတြရဲ့မနာလိုဝန္တိုမႈေတြကို ခံရေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.