Bundesliga Premier League Transfer News

လီဗန်ဒေါ့ဗ်စကီးက လီဗာပူးလ်နဲ့ဆိုကွက်တိပဲလို့ ထောက်ခံခဲ့တဲ့ ဂျက်စမင် ဘာဘာ

ဘွန်ဒက်စ်လီဂါ ဘောလုံးအထူးကျွမ်းကျင်သူက ရောဘတ် လီဗန်ဒေါ့ဗ်စကီးဟာ ယာဂန် ကလော့ပ်ရဲ့အသင်းထဲမှာ ကွက်တိအံဝင်လိမ့်မယ်လို့ TEAMtalk ကို ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဆာဒီယို မာနေးကို ဘိုင်ယန်မြူးနစ်အသင်းဆီ ထွက်ခွာခွင့်ပြုရတော့မှာဖြစ်ပြီး လီဗာပူးလ်ပရိသတ်တွေအတွက် စိတ်ဝင်စားစရာဖြစ်စေတဲ့ ကျိုးကြောင်းဆီလျော်တဲ့ အလဲအထပ်ရှိနိုင်ပြီး အဲဒီအလဲအထပ်ထဲမှာ ပိုလန်တိုက်စစ်မှူး ပါဝင်နေတာဖြစ်ပါတယ်။ အန်းဖီးက လူတိုင်းက မာနေးကို မထွက်ခွာစေချင်ပေမယ့်လည်း ဆီနီဂေါလက်ရွေးစင်တိုက်စစ်မှူးဟာ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေဖို့အတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ အသက် ၃၀ အရွယ် တိုက်စစ်မှူးကို ဘာကြောင့် ခေါ်ယူချင်ရတာလဲဆိုတာ မြင်လွယ်ပြီး ၂၀၁၉ ခုနှစ်တုန်းက အဲလီးယန့်ဇ်ကွင်းမှာ ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကို ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကနေ လှည့်ပြန်စေခဲ့တဲ့ပွဲမှာ မာနေးက ၂ ဂိုး သွင်းယူခဲ့တာကြောင့် မြင်မြင်ချင်းပဲ အထင်ကြီးခဲ့ရတာဖြစ်ပါတယ်။

မာနေးဟာ လီဗာပူးလ်အသင်းအတွက် ၆ ရာသီအတွင်း သွင်းဂိုး ၁၂၀ အထိ သွင်းယူပေးနိုင်ခဲ့ပြီး နည်းပြ ယာဂန် ကလော့ပ်လက်အောက်မှာ အသင်းကို ဆုဖလားတိုင်း ရရှိအောင်နိုင်အောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်ပရိသတ်တွေရဲ့ ပြောစကားအရ မာနေးကို ခေါ်မယ်ဆိုရင် လီဗန်ဒေါ့ဗ်စကီးကို ပြန်ပေးရမယ်လို့ သိရပြီး ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်ဟာ ပျမ်းမျှ ၂ ပွဲကို ၁ ဂိုး သွင်းယူရမယ်လို့ အကြမ်းဖျင်း သတ်မှတ်လို့ရပါတယ်။

ဒါပေမယ့်လည်း လီဗန်ဒေါ့ဗ်စကီးဟာ ဘွန်ဒက်စ်လီဂါမှာ ကစားနေခဲ့တဲ့ ကာလအတွင်း အဲဒီ အချိုးကို ပျက်ရယ်ပြုခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ရာသီမှာ လိဂ်ဂိုး ၃၅ ဂိုးအထိ သွင်းယူခဲ့ပြီး အနီးကပ်ဆုံးပြိုင်ဘက် ပက်ထရစ် ရှစ်ခ်ထက် ၁၁ ဂိုးပိုမို များပြားနေခဲ့တာဖြစ်ပါတယ်။

ပိုလန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီမှာ နိုင်ငံနဲ့ ကလပ်အသင်းအတွက် စုစုပေါင်း ၅၄ ပွဲ ပါဝင်ကစားခဲ့ရာမှာ ၅၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ၂၀၂၀-၂၀၂၁ ရာသီတုန်းက ၅၆ ပွဲမှာ သွင်းဂိုး ၅၀၊ ၂၀၁၉-၂၀၂၀ ရာသီတုန်းက ၅၉ ပွဲမှာ ၅၃ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် နောက်ဆုံး ၃ ရာသီအတွင်း တစ်ပွဲပျမ်းမျှသွင်းဂိုးဟာ ၁ ဂိုးထက် ကျော်လွန်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် လီဗန်ဒေါ့ဗ်စကီးအနေနဲ့ လီဗာပူးလ်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် တူညီတဲ့အကျိုးသက်ရောက်မှု ပြသနိုင်ပါ့မလားဆိုတဲ့ မေးခွန်းရှိလာပြီး ဂျာမန် ဘောလုံး လေ့လာသုံးသပ်သူနဲ့ ကင်းထောက် ဂျက်စမင် ဘာဘာရဲ့ ပြောကြားချက်အရ အဖြေကတော့ ပြသနိုင်လိမ့်မယ်လို့ သိရပါတယ်။

“လီဗန်ဒေါ့ဗ်စကီးက ကလော့ပ်ရဲ့ ကစားပုံနဲ့ အံဝင်မှာပါ။ သူက ဒေါ့မွန်မှာ တစ်ချိန်လုံး သူ့လက်အောက်မှာ ကစားခဲ့တာပါ။ လီဗန်ဒေါ့ဗ်စကီးဘယ်လောက်အထိ အဆုံးသတ်ကောင်းလဲဆိုတာ ကျွန်တော်တို့ သိထားပြီး ဘောလုံးပိုင်ဆိုင်မှု အသားပေးတဲ့အသင်းနဲ့ ဘယ်လောက်ကောင်းကောင်း အံဝင်နိုင်လဲဆိုတာလည်း ကျွန်တော်တို့ သိထားပါတယ်”

“လူတွေ မမှတ်မိတာက ဒေါ့မွန်ကို ဘွန်ဒက်စ်လီဂါဖလား ၂ ကြိမ် ရယူပေးခဲ့တဲ့ ကလော့ပ်ရဲ့ ပြင်းထန်တဲ့ ဖိအားပေးတဲ့ ကစားဟန်အောက်မှာ လီဗန်ဒေါ့ဗ်စကီးက ခံစစ် ပထမစည်းဖြစ်ခဲ့တယ်ဆိုတာပဲ။ အဲဒါက ၈ နှစ်လောက်တောင် ရှိနေပြီဆိုပေမယ့်လည်း သူက သိပ်မကြာသေးခင်ကပဲ နည်းပြ ဟန်ဆီ ဖလစ်လက်အောက်မှာ တိုက်ရိုက် ဂိုးကန်သွင်းတဲ့ကစားဟန်နဲ့ အမြင့်ဘောကစားဟန်တွေမှာ ဒီအရည်အသွေးတွေကို ပြသခဲ့ပါတယ်”

“အချိန်တွေ ကြာလာတာနဲ့အမျှ လီဗန်ဒေါ့ဗ်စကီးက သူ့ရဲ့ ချိတ်ဆက်ကစားပုံကို တိုးတက်အောင် လုပ်နိုင်ခဲ့တယ်။ အဲဒါက ပရီးမီးယားလိဂ်မှာ ကလော့ပ် သူ့ရဲ့ တိုက်စစ်ကစားသမားတွေကို အသုံးပြုနေတဲ့ ကစားကွက်နဲ့ ကွက်တိ အံကိုက်စေပါလိမ့်မယ်။ အသက် ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်တာတောင်မှပဲ သူက ဘိုင်ယန်မြူးနစ်မှာ အံဝင်ခဲ့တဲ့အတိုင်း ထပ်တူနီးပါး လီဗာပူးလ်အသင်းမှာ အံဝင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘြန္ဒက္စ္လီဂါ ေဘာလုံးအထူးကြၽမ္းက်င္သူက ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးဟာ ယာဂန္ ကေလာ့ပ္ရဲ႕အသင္းထဲမွာ ကြက္တိအံဝင္လိမ့္မယ္လို႔ TEAMtalk ကို ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ ဆာဒီယို မာေနးကို ဘိုင္ယန္ျမဴးနစ္အသင္းဆီ ထြက္ခြာခြင့္ျပဳရေတာ့မွာျဖစ္ၿပီး လီဗာပူးလ္ပရိသတ္ေတြအတြက္ စိတ္ဝင္စားစရာျဖစ္ေစတဲ့ က်ိဳးေၾကာင္းဆီေလ်ာ္တဲ့ အလဲအထပ္ရွိႏိုင္ၿပီး အဲဒီအလဲအထပ္ထဲမွာ ပိုလန္တိုက္စစ္မႉး ပါဝင္ေနတာျဖစ္ပါတယ္။ အန္းဖီးက လူတိုင္းက မာေနးကို မထြက္ခြာေစခ်င္ေပမယ့္လည္း ဆီနီေဂါလက္ေ႐ြးစင္တိုက္စစ္မႉးဟာ စိန္ေခၚမႈအသစ္ေတြကို ရွာေဖြဖို႔အတြက္ ျပင္ဆင္ေနတာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းအေနနဲ႔ အသက္ ၃၀ အ႐ြယ္ တိုက္စစ္မႉးကို ဘာေၾကာင့္ ေခၚယူခ်င္ရတာလဲဆိုတာ ျမင္လြယ္ၿပီး ၂၀၁၉ ခုႏွစ္တုန္းက အဲလီးယန႔္ဇ္ကြင္းမွာ ဘြန္ဒက္စ္လီဂါထိပ္သီးအသင္းကို ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ကေန လွည့္ျပန္ေစခဲ့တဲ့ပြဲမွာ မာေနးက ၂ ဂိုး သြင္းယူခဲ့တာေၾကာင့္ ျမင္ျမင္ခ်င္းပဲ အထင္ႀကီးခဲ့ရတာျဖစ္ပါတယ္။

မာေနးဟာ လီဗာပူးလ္အသင္းအတြက္ ၆ ရာသီအတြင္း သြင္းဂိုး ၁၂၀ အထိ သြင္းယူေပးႏိုင္ခဲ့ၿပီး နည္းျပ ယာဂန္ ကေလာ့ပ္လက္ေအာက္မွာ အသင္းကို ဆုဖလားတိုင္း ရရွိေအာင္ႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လီဗာပူးလ္ပရိသတ္ေတြရဲ႕ ေျပာစကားအရ မာေနးကို ေခၚမယ္ဆိုရင္ လီဗန္ေဒါ့ဗ္စကီးကို ျပန္ေပးရမယ္လို႔ သိရၿပီး ထိပ္တန္းတိုက္စစ္မႉးတစ္ေယာက္ဟာ ပ်မ္းမွ် ၂ ပြဲကို ၁ ဂိုး သြင္းယူရမယ္လို႔ အၾကမ္းဖ်င္း သတ္မွတ္လို႔ရပါတယ္။

ဒါေပမယ့္လည္း လီဗန္ေဒါ့ဗ္စကီးဟာ ဘြန္ဒက္စ္လီဂါမွာ ကစားေနခဲ့တဲ့ ကာလအတြင္း အဲဒီ အခ်ိဳးကို ပ်က္ရယ္ျပဳခဲ့ၿပီး ၿပီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ရာသီမွာ လိဂ္ဂိုး ၃၅ ဂိုးအထိ သြင္းယူခဲ့ၿပီး အနီးကပ္ဆုံးၿပိဳင္ဘက္ ပက္ထရစ္ ရွစ္ခ္ထက္ ၁၁ ဂိုးပိုမို မ်ားျပားေနခဲ့တာျဖစ္ပါတယ္။

ပိုလန္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီမွာ ႏိုင္ငံနဲ႔ ကလပ္အသင္းအတြက္ စုစုေပါင္း ၅၄ ပြဲ ပါဝင္ကစားခဲ့ရာမွာ ၅၆ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ၂၀၂၀-၂၀၂၁ ရာသီတုန္းက ၅၆ ပြဲမွာ သြင္းဂိုး ၅၀၊ ၂၀၁၉-၂၀၂၀ ရာသီတုန္းက ၅၉ ပြဲမွာ ၅၃ ဂိုး သြင္းယူႏိုင္ခဲ့တာေၾကာင့္ ေနာက္ဆုံး ၃ ရာသီအတြင္း တစ္ပြဲပ်မ္းမွ်သြင္းဂိုးဟာ ၁ ဂိုးထက္ ေက်ာ္လြန္ေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ လီဗန္ေဒါ့ဗ္စကီးအေနနဲ႔ လီဗာပူးလ္ကို ေျပာင္းေ႐ႊ႕ခဲ့မယ္ဆိုရင္ တူညီတဲ့အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ပါ့မလားဆိုတဲ့ ေမးခြန္းရွိလာၿပီး ဂ်ာမန္ ေဘာလုံး ေလ့လာသုံးသပ္သူနဲ႔ ကင္းေထာက္ ဂ်က္စမင္ ဘာဘာရဲ႕ ေျပာၾကားခ်က္အရ အေျဖကေတာ့ ျပသႏိုင္လိမ့္မယ္လို႔ သိရပါတယ္။

“လီဗန္ေဒါ့ဗ္စကီးက ကေလာ့ပ္ရဲ႕ ကစားပုံနဲ႔ အံဝင္မွာပါ။ သူက ေဒါ့မြန္မွာ တစ္ခ်ိန္လုံး သူ႔လက္ေအာက္မွာ ကစားခဲ့တာပါ။ လီဗန္ေဒါ့ဗ္စကီးဘယ္ေလာက္အထိ အဆုံးသတ္ေကာင္းလဲဆိုတာ ကြၽန္ေတာ္တို႔ သိထားၿပီး ေဘာလုံးပိုင္ဆိုင္မႈ အသားေပးတဲ့အသင္းနဲ႔ ဘယ္ေလာက္ေကာင္းေကာင္း အံဝင္ႏိုင္လဲဆိုတာလည္း ကြၽန္ေတာ္တို႔ သိထားပါတယ္”

“လူေတြ မမွတ္မိတာက ေဒါ့မြန္ကို ဘြန္ဒက္စ္လီဂါဖလား ၂ ႀကိမ္ ရယူေပးခဲ့တဲ့ ကေလာ့ပ္ရဲ႕ ျပင္းထန္တဲ့ ဖိအားေပးတဲ့ ကစားဟန္ေအာက္မွာ လီဗန္ေဒါ့ဗ္စကီးက ခံစစ္ ပထမစည္းျဖစ္ခဲ့တယ္ဆိုတာပဲ။ အဲဒါက ၈ ႏွစ္ေလာက္ေတာင္ ရွိေနၿပီဆိုေပမယ့္လည္း သူက သိပ္မၾကာေသးခင္ကပဲ နည္းျပ ဟန္ဆီ ဖလစ္လက္ေအာက္မွာ တိုက္႐ိုက္ ဂိုးကန္သြင္းတဲ့ကစားဟန္နဲ႔ အျမင့္ေဘာကစားဟန္ေတြမွာ ဒီအရည္အေသြးေတြကို ျပသခဲ့ပါတယ္”

“အခ်ိန္ေတြ ၾကာလာတာနဲ႔အမွ် လီဗန္ေဒါ့ဗ္စကီးက သူ႔ရဲ႕ ခ်ိတ္ဆက္ကစားပုံကို တိုးတက္ေအာင္ လုပ္ႏိုင္ခဲ့တယ္။ အဲဒါက ပရီးမီးယားလိဂ္မွာ ကေလာ့ပ္ သူ႔ရဲ႕ တိုက္စစ္ကစားသမားေတြကို အသုံးျပဳေနတဲ့ ကစားကြက္နဲ႔ ကြက္တိ အံကိုက္ေစပါလိမ့္မယ္။ အသက္ ၃၃ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တာေတာင္မွပဲ သူက ဘိုင္ယန္ျမဴးနစ္မွာ အံဝင္ခဲ့တဲ့အတိုင္း ထပ္တူနီးပါး လီဗာပူးလ္အသင္းမွာ အံဝင္လိမ့္မယ္လို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.