Premier League Serie A Transfer News

ကစားသမားတစ်ဦးမှမခေါ်ရသေးခင် ရှိစုမဲ့စုထဲကပါ ထုတ်ရောင်းဖို့ လုပ်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အမ်းမရိတ်စ်ကို မျက်နှာသစ်ကစားသမားတွေ အများအပြား ခေါ်ယူဖို့ ပြင်ဆင်နေတာကြောင့် အလုပ်များတဲ့နွေရာသီကို ဖြတ်သန်းရဖွယ်ရှိပါတယ်။

ဒါပေမယ့်လည်း ကစားသမားသစ်တွေ ရောက်လာဖို့ရှိသလို အသင်းကနေ ထွက်ခွာမယ့် ကစားသမားလည်း ရှိနေပြီး ဂါဘရီယယ်လ် မာတီနယ်လီဟာ အမ်းမရိတ်စ်ကနေ ထွက်ခွာဖို့ နောက်ဆုံးသတင်းထွက်ပေါ်လာတဲ့ကစားသမားဖြစ်ပါတယ်။ အသက် ၂၀ အရွယ် တိုက်စစ်မှူးဟာ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိဖို့ ကြိုးပမ်းနေတဲ့ နည်းပြ အာတီတာလက်အောက်မှာ ကောင်းမွန်တဲ့ရာသီတစ်ခု ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ၂၉ ပွဲမှာ သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်သာ ကစားရမှာဖြစ်တာကြောင့် နည်းပြ အာတီတာက ၎င်းရဲ့အသင်းအရည်အသွေးကို တိုးမြှင့်ဖို့ ကြိုးပမ်းရမယ့်အစား အသင်းရဲ့ တန်ဖိုးအရှိဆုံးကစားသမားတွေထဲက တစ်ဦးကို ရောင်းထုတ်ပြီး ငွေရှာဖို့ ကြိုးပမ်းတော့မှာဖြစ်ပါတယ်။

မာတီနယ်လီရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၄ ခုနှစ် နွေရာသီအထိ ကျန်ရှိနေသေးပြီး ဘရာဇီးလ်တိုက်စစ်မှူးကို မြောက်လန်ဒန်ကနေ ခေါ်ဆောင်နိုင်ဖို့အတွက်ဆိုရင် သိသာထင်ရှားတဲ့ ပမာဏနဲ့ ကမ်းလှမ်းမှသာ ဖြစ်နိုင်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လတုန်းက အာတီတာက ဂါဘရီယယ်လ် မာတီနယ်လီအနေနဲ့ အနာဂတ်မှာ ဘယ်လိုကစားသမားမျိုး ဖြစ်လာနိုင်လဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။

“သူ ရွေ့လျားနေတာက ကြီးမားတဲ့လက္ခဏာတွေကို ပြသနေခဲ့တာပါ။ သူ့ရဲ့ ပွဲစဉ်အတွင်း ဘက်ပေါင်းစုံ လွှမ်းခြုံနိုင်စွမ်းကတော့ နှစ်ယောက်မရှိအောင် ထူးခြားခဲ့ပါတယ်။ သူက သွင်းဂိုးတွေကို သွင်းယူနိုင်ပြီး ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမှာ သေချာပါတယ်။ သူ့ရဲ့ ဖြန့်ဝေပေးနိုင်စွမ်းနဲ့ ဘက်ပေါင်းစုံ လွှမ်းခြုံနိုင်မှုက ထူးခြားပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းဟာ မာတီနယ်လီအတွက် ဂျူဗင်တပ်အသင်းဆီကနေ ကမ်းလှမ်းမှုကို လက်ခံသွားဖို့ စီစဉ်နေတယ်လို့ Calcio Mercato က ဖော်ပြခဲ့ပြီး ဘရာဇီးလ်တိုက်စစ်မှူးဟာ စီးရီးအေထိပ်သီးအသင်းကြီးရဲ့ ပစ်မှတ်ထားခံနေရတဲ့ တစ်ဦးတည်းသော ကစားသမားတော့မဟုတ်ဘဲ အာဆင်နယ်နောက်ခံလူ ဂါဘရီယယ်လ်လည်း ပစ်မှတ်ထဲ ထည့်သွင်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ မာတီနယ်လီအတွက် ပြောင်းရွှေ့ကြေး ဘယ်လောက်အထိ ကုန်ကျနိုင်လဲဆိုတာကို သတိပြုမိပေမယ့်လည်း နောက်ဆုံးရသတင်းတွေအရ အာဆင်နယ်ပစ်မှတ်ထားခဲ့ဖူးတဲ့ အာသာ မယ်လိုကိုပါ အလိုက်ပေးပြီး အပြောင်းအရွှေ့ဖြစ်မြောက်အောင် စီစဉ်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အာသာ မယ်လိုကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း သဘောတူညီမှု မရရှိခဲ့တာဖြစ်ပြီး ဘာစီလိုနာကြယ်ပွင့်ဟောင်းဟာ ဇာဗီကိုယ်တိုင်က ၎င်းနဲ့ တူတဲ့ကစားသမားလို့ နှိုင်းယှဉ်ရလောက်တဲ့အထိ အရည်အချင်း ပြည့်ဝတဲ့ကစားသမားဖြစ်ပါတယ်။

“အာသာကို ရုပ်မြင်သံကြားမှာ မြင်တဲ့အခါတိုင်း ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မြင်နေရသလိုပဲ။ သူက အရမ်းကို စဉ်းစားတာမြန်သူပါ။ သူက ပင်ကိုပါရမီပါတဲ့သူပါ။ အဲဒီလို ဆိုပေမယ့်လည်း လေ့ကျင့်ရေးကနေတဆင့် သူ တိုးတက်အောင်လုပ်ရမယ့်နေရာတွေ အများကြီး ရှိပါသေးတယ်။ အာသာက ရင့်ကျက်ပြီးသားကစားသမားဖြစ်ပြီး သူ့မှာ မထုတ်ဖော်ရသေးတဲ့ကြီးမားတဲ့အလားအလာရှိတယ်ဆိုတာ ကျွန်တော် မြင်နေရတယ်”

“ဘယ်လို ပွဲမျိုးမှာမဆို ဦးစားပေးအရာက ဘောလုံးကို ဘယ်တော့မှ မဆုံးရှုံးသွားဖို့ဖြစ်ပြီး သူက ရှုပ်ထွေးတဲ့ အခြေအနေမှာတောင်မှ သက်တောင့်သက်သာနဲ့ ဖောက်ထွက်လာနိုင်တယ်။ သူ့မှာ အားကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိထားပြီးသားပါ”လို့ ၂၀၁၈ ခုနှစ်တုန်းက ဇာဗီက Catalunya Radio ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ ယခုေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ အမ္းမရိတ္စ္ကို မ်က္ႏွာသစ္ကစားသမားေတြ အမ်ားအျပား ေခၚယူဖို႔ ျပင္ဆင္ေနတာေၾကာင့္ အလုပ္မ်ားတဲ့ေႏြရာသီကို ျဖတ္သန္းရဖြယ္ရွိပါတယ္။

ဒါေပမယ့္လည္း ကစားသမားသစ္ေတြ ေရာက္လာဖို႔ရွိသလို အသင္းကေန ထြက္ခြာမယ့္ ကစားသမားလည္း ရွိေနၿပီး ဂါဘရီယယ္လ္ မာတီနယ္လီဟာ အမ္းမရိတ္စ္ကေန ထြက္ခြာဖို႔ ေနာက္ဆုံးသတင္းထြက္ေပၚလာတဲ့ကစားသမားျဖစ္ပါတယ္။ အသက္ ၂၀ အရြယ္ တိုက္စစ္မႉးဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ျပန္လည္ရရွိဖို႔ ႀကိဳးပမ္းေနတဲ့ နည္းၿပ အာတီတာလက္ေအာက္မွာ ေကာင္းမြန္တဲ့ရာသီတစ္ခု ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ ၂၉ ပြဲမွာ သြင္းဂိုး ၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆ ႀကိမ္ ျပဳလုပ္နိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္အသင္းဟာ ယူရိုပါလိဂ္သာ ကစားရမွာျဖစ္တာေၾကာင့္ နည္းၿပ အာတီတာက ၎ရဲ့အသင္းအရည္အေသြးကို တိုးျမႇင့္ဖို႔ ႀကိဳးပမ္းရမယ့္အစား အသင္းရဲ့ တန္ဖိုးအရွိဆုံးကစားသမားေတြထဲက တစ္ဦးကို ေရာင္းထုတ္ၿပီး ေငြရွာဖို႔ ႀကိဳးပမ္းေတာ့မွာျဖစ္ပါတယ္။

မာတီနယ္လီရဲ့ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၄ ခုႏွစ္ ေႏြရာသီအထိ က်န္ရွိေနေသးၿပီး ဘရာဇီးလ္တိုက္စစ္မႉးကို ေျမာက္လန္ဒန္ကေန ေခၚေဆာင္နိုင္ဖို႔အတြက္ဆိုရင္ သိသာထင္ရွားတဲ့ ပမာဏနဲ႔ ကမ္းလွမ္းမွသာ ျဖစ္နိုင္မွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့မတ္လတုန္းက အာတီတာက ဂါဘရီယယ္လ္ မာတီနယ္လီအေနနဲ႔ အနာဂတ္မွာ ဘယ္လိုကစားသမားမ်ိဳး ျဖစ္လာနိုင္လဲဆိုတာကို စိတ္လႈပ္ရွားစြာနဲ႔ ေျပာၾကားခဲ့ဖူးတာျဖစ္ပါတယ္။

“သူ ေရြ႕လ်ားေနတာက ႀကီးမားတဲ့လကၡဏာေတြကို ျပသေနခဲ့တာပါ။ သူ႔ရဲ့ ပြဲစဥ္အတြင္း ဘက္ေပါင္းစုံ လႊမ္းျခဳံနိုင္စြမ္းကေတာ့ ႏွစ္ေယာက္မရွိေအာင္ ထူးျခားခဲ့ပါတယ္။ သူက သြင္းဂိုးေတြကို သြင္းယူနိုင္ၿပီး ၿခိမ္းေျခာက္မႈတစ္ခု ျဖစ္လာမွာ ေသခ်ာပါတယ္။ သူ႔ရဲ့ ျဖန႔္ေဝေပးနိုင္စြမ္းနဲ႔ ဘက္ေပါင္းစုံ လႊမ္းျခဳံနိုင္မႈက ထူးျခားပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ အာဆင္နယ္အသင္းဟာ မာတီနယ္လီအတြက္ ဂ်ဴဗင္တပ္အသင္းဆီကေန ကမ္းလွမ္းမႈကို လက္ခံသြားဖို႔ စီစဥ္ေနတယ္လို႔ Calcio Mercato က ေဖာ္ျပခဲ့ၿပီး ဘရာဇီးလ္တိုက္စစ္မႉးဟာ စီးရီးေအထိပ္သီးအသင္းႀကီးရဲ့ ပစ္မွတ္ထားခံေနရတဲ့ တစ္ဦးတည္းေသာ ကစားသမားေတာ့မဟုတ္ဘဲ အာဆင္နယ္ေနာက္ခံလူ ဂါဘရီယယ္လ္လည္း ပစ္မွတ္ထဲ ထည့္သြင္းျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္အသင္းဟာ မာတီနယ္လီအတြက္ ေျပာင္းေရႊ႕ေၾကး ဘယ္ေလာက္အထိ ကုန္က်နိုင္လဲဆိုတာကို သတိျပဳမိေပမယ့္လည္း ေနာက္ဆုံးရသတင္းေတြအရ အာဆင္နယ္ပစ္မွတ္ထားခဲ့ဖူးတဲ့ အာသာ မယ္လိုကိုပါ အလိုက္ေပးၿပီး အေျပာင္းအေရႊ႕ျဖစ္ေျမာက္ေအာင္ စီစဥ္ေနတယ္လို႔ သိရပါတယ္။

အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ အာသာ မယ္လိုကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း သေဘာတူညီမႈ မရရွိခဲ့တာျဖစ္ၿပီး ဘာစီလိုနာၾကယ္ပြင့္ေဟာင္းဟာ ဇာဗီကိုယ္တိုင္က ၎နဲ႔ တူတဲ့ကစားသမားလို႔ ႏွိုင္းယွဥ္ရေလာက္တဲ့အထိ အရည္အခ်င္း ျပည့္ဝတဲ့ကစားသမားျဖစ္ပါတယ္။

“အာသာကို ႐ုပ္ျမင္သံၾကားမွာ ျမင္တဲ့အခါတိုင္း ကၽြန္ေတာ့္ကိုယ္ ကၽြန္ေတာ္ ျပန္ျမင္ေနရသလိုပဲ။ သူက အရမ္းကို စဥ္းစားတာျမန္သူပါ။ သူက ပင္ကိုပါရမီပါတဲ့သူပါ။ အဲဒီလို ဆိုေပမယ့္လည္း ေလ့က်င့္ေရးကေနတဆင့္ သူ တိုးတက္ေအာင္လုပ္ရမယ့္ေနရာေတြ အမ်ားႀကီး ရွိပါေသးတယ္။ အာသာက ရင့္က်က္ၿပီးသားကစားသမားျဖစ္ၿပီး သူ႔မွာ မထုတ္ေဖာ္ရေသးတဲ့ႀကီးမားတဲ့အလားအလာရွိတယ္ဆိုတာ ကၽြန္ေတာ္ ျမင္ေနရတယ္”

“ဘယ္လို ပြဲမ်ိဳးမွာမဆို ဦးစားေပးအရာက ေဘာလုံးကို ဘယ္ေတာ့မွ မဆုံးရႈံးသြားဖို႔ျဖစ္ၿပီး သူက ရႈပ္ေထြးတဲ့ အေျခအေနမွာေတာင္မွ သက္ေတာင့္သက္သာနဲ႔ ေဖာက္ထြက္လာနိုင္တယ္။ သူ႔မွာ အားေကာင္းတဲ့ ကိုယ္ရည္ကိုယ္ေသြး ရွိထားၿပီးသားပါ”လို႔ ၂၀၁၈ ခုႏွစ္တုန္းက ဇာဗီက Catalunya Radio ကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.