Premier League

လီဗာပူးလ်နဲ့ စာချုပ်သစ်မချုပ်နိုင်လည်း ပရီးမီးယားလိဂ်မှာ ဆက်နေမယ့် ဆာလား

မိုဟာမက် ဆာလားဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ပြောဆိုမှု မအောင်မြင်ခဲ့ဘူးဆိုရင်လည်း ပရီးမီးယားလိဂ်မှာပဲ ဆက်နေချင်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။

အီဂျစ်တိုက်စစ်မှူးရဲ့ အနာဂတ်ဟာ အန်းဖီးမှာ လူပြောအများဆုံးအကြောင်းအရာအဖြစ် ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် ဆာဒီယို မာနေးက အသင်းကို စွန့်ခွာတော့မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီးနောက်ပိုင်း ပိုလို့တောင် စိတ်ဝင်စားခြင်းခံနေရတာဖြစ်ပါတယ်။ ဆီနီဂေါလက်ရွေးစင်တိုက်စစ်မှူးဟာ ယခုနွေရာသီမှာ လီဗာပူးလ်အသင်းကို စွန့်ခွာချင်နေပြီး ဘိုင်ယန်မြူးနစ်အသင်းက ထိပ်တန်းဂိုးသွင်းရှင် လီဗန်ဒေါ့ဗ်စကီး အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်တာကြောင့် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

မာနေးဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်သလို မိုဟာမက် ဆာလားလည်း အလားတူဖြစ်ပြီး အီဂျစ်တိုက်စစ်မှူးကတော့ ရီးရဲလ်ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် လာမယ့်ရာသီ အန်းဖီးမှာ ဆက်နေသွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆာလားရဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ဝင်ရောက်နေပြီဖြစ်တာကြောင့် လီဗာပူးလ်အသင်းအနေနဲ့ ကြယ်ပွင့်တိုက်စစ်မှူးကို စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရခဲ့ဘူးဆိုရင် လာမယ့်နှစ် နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာခွင့်ပြုရမယ့် အန္တရာယ်ရှိနေတာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးရဲ့ စာချုပ်သစ်အတွက် တောင်းဆိုမှုနဲ့ပတ်သက်ပြီး သတင်းဌာနပေါင်းစုံက ဖော်ပြချက်အရ တစ်ပတ်လုပ်ခလစာ ပေါင် ၄ သိန်းအထိ တိုးမြှင့် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်ဟာ မိုဟာမက် ဆာလားကို လက်ရှိ ရရှိနေတဲ့ လုပ်ခလစာထက် ၁၅ ရာခိုင်နှုန်း တိုးပေးဖို့ ကမ်းလှမ်းထားပြီး အီဂျစ်တိုက်စစ်မှူးဟာ အန်းဖီးမှာ ဗန်ဒိုက်၊ သီယေဂို အယ်လ်ကန်တာရာတို့နဲ့အတူ လစာအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ဆာလားရဲ့ တောင်းဆိုချက်အရ စာချုပ်ပါ အချက်တွေက သင့်လျော်တယ်လို့ ခံစားရမယ်ဆိုရင် အသင်းနဲ့ ၂ နှစ်စာချုပ်သစ် ချုပ်ဆိုသွားမှာ ဖြစ်ပြီး အီဂျစ်တိုက်စစ်မှူးဟာ ဆုဖလားတွေအတွက် ပုံမှန်တိုက်ပွဲဝင်နေရတဲ့အသင်းကို ဦးဆောင်နေရတဲ့ အဆင့်အတန်းနဲ့ညီမျှတဲ့ လစာပမာဏကို လိုချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆာလားရဲ့ အေးဂျင့် ရာမီ အဘက်စ်က ၎င်းရဲ့ ကစားသမားရဲ့ စာချုပ်သစ်အတွက် ဒီဇင်ဘာလကတည်းက လီဗာပူးလ်အသင်းနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးမှုတွေ မပြုလုပ်တော့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆာလားဟာ ယခုနွေရာသီမှာ အန်းဖီးကို ကျိန်းသေပေါက် စွန့်ခွာခြင်းရှိမှာမဟုတ်ဘဲ သဘောတူညီမှု မရရှိခဲ့ဘူးဆိုရင်တောင်မှ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ အသင်းမှာ ဆက်နေသွားမယ်လို့ The Athletic က ထပ်လောင်းဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မိုဟာမက္ ဆာလားဟာ လီဗာပူးလ္အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေျပာဆိုမႈ မေအာင္ျမင္ခဲ့ဘူးဆိုရင္လည္း ပရီးမီးယားလိဂ္မွာပဲ ဆက္ေနခ်င္ေနတယ္လို႔ သတင္းေတြအရ သိရပါတယ္။

အီဂ်စ္တိုက္စစ္မႉးရဲ့ အနာဂတ္ဟာ အန္းဖီးမွာ လူေျပာအမ်ားဆုံးအေၾကာင္းအရာအျဖစ္ ရွိေနဆဲျဖစ္ၿပီး အထူးသျဖင့္ ဆာဒီယို မာေနးက အသင္းကို စြန႔္ခြာေတာ့မယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီးေနာက္ပိုင္း ပိုလို႔ေတာင္ စိတ္ဝင္စားျခင္းခံေနရတာျဖစ္ပါတယ္။ ဆီနီေဂါလက္ေရြးစင္တိုက္စစ္မႉးဟာ ယခုေႏြရာသီမွာ လီဗာပူးလ္အသင္းကို စြန႔္ခြာခ်င္ေနၿပီး ဘိုင္ယန္ျမဴးနစ္အသင္းက ထိပ္တန္းဂိုးသြင္းရွင္ လီဗန္ေဒါ့ဗ္စကီး အသင္းနဲ႔ လမ္းခြဲေတာ့မွာျဖစ္တာေၾကာင့္ ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။

မာေနးဟာ လီဗာပူးလ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာ က်န္ရွိေတာ့တာျဖစ္သလို မိုဟာမက္ ဆာလားလည္း အလားတူျဖစ္ၿပီး အီဂ်စ္တိုက္စစ္မႉးကေတာ့ ရီးရဲလ္ကို ရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမတိုင္ခင္ လာမယ့္ရာသီ အန္းဖီးမွာ ဆက္ေနသြားမယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဆာလားရဲ့ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ထဲကို ဝင္ေရာက္ေနၿပီျဖစ္တာေၾကာင့္ လီဗာပူးလ္အသင္းအေနနဲ႔ ၾကယ္ပြင့္တိုက္စစ္မႉးကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ မရခဲ့ဘူးဆိုရင္ လာမယ့္ႏွစ္ ေႏြရာသီမွာ အလြတ္နဲ႔ ထြက္ခြာခြင့္ျပဳရမယ့္ အႏၲရာယ္ရွိေနတာျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ တိုက္စစ္မႉးရဲ့ စာခ်ဳပ္သစ္အတြက္ ေတာင္းဆိုမႈနဲ႔ပတ္သက္ၿပီး သတင္းဌာနေပါင္းစုံက ေဖာ္ျပခ်က္အရ တစ္ပတ္လုပ္ခလစာ ေပါင္ ၄ သိန္းအထိ တိုးျမႇင့္ ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ The Athletic ရဲ့ ေဖာ္ျပခ်က္အရ လီဗာပူးလ္ဟာ မိုဟာမက္ ဆာလားကို လက္ရွိ ရရွိေနတဲ့ လုပ္ခလစာထက္ ၁၅ ရာခိုင္ႏႈန္း တိုးေပးဖို႔ ကမ္းလွမ္းထားၿပီး အီဂ်စ္တိုက္စစ္မႉးဟာ အန္းဖီးမွာ ဗန္ဒိုက္၊ သီေယဂို အယ္လ္ကန္တာရာတို႔နဲ႔အတူ လစာအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။

ဆာလားရဲ့ ေတာင္းဆိုခ်က္အရ စာခ်ဳပ္ပါ အခ်က္ေတြက သင့္ေလ်ာ္တယ္လို႔ ခံစားရမယ္ဆိုရင္ အသင္းနဲ႔ ၂ ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားမွာ ျဖစ္ၿပီး အီဂ်စ္တိုက္စစ္မႉးဟာ ဆုဖလားေတြအတြက္ ပုံမွန္တိုက္ပြဲဝင္ေနရတဲ့အသင္းကို ဦးေဆာင္ေနရတဲ့ အဆင့္အတန္းနဲ႔ညီမၽွတဲ့ လစာပမာဏကို လိုခ်င္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဆာလားရဲ့ ေအးဂ်င့္ ရာမီ အဘက္စ္က ၎ရဲ့ ကစားသမားရဲ့ စာခ်ဳပ္သစ္အတြက္ ဒီဇင္ဘာလကတည္းက လီဗာပူးလ္အသင္းနဲ႔ မ်က္ႏွာခ်င္းဆိုင္ ေဆြးေႏြးမႈေတြ မျပဳလုပ္ေတာ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဆာလားဟာ ယခုေႏြရာသီမွာ အန္းဖီးကို က်ိန္းေသေပါက္ စြန႔္ခြာျခင္းရွိမွာမဟုတ္ဘဲ သေဘာတူညီမႈ မရရွိခဲ့ဘူးဆိုရင္ေတာင္မွ စာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အထိ အသင္းမွာ ဆက္ေနသြားမယ္လို႔ The Athletic က ထပ္ေလာင္းေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.