Bundesliga Premier League Serie A UCL&UEL

ချန်ပီယံလိဂ်မှာ နာမည်ကြီး ထမင်းငတ် ဖိုင်နယ်ရှုံး ဆရာကြီး ၅ သင်း

ချန်ပီယံလိဂ်ဆိုတာဟာ ရီးရဲလ်မက်ဒရစ်အတွက်ပဲလို့ ဆိုရလောက်အောင် ဖိုင်နယ်တက်ခဲ့တဲ့ ၁၇ ကြိမ်မှာ ၁၄ ကြိမ် ရယူနိုင်ခဲ့တဲ့ မှတ်တမ်းက တော်တော်ကြီးကို ကောင်းမွန်နေခဲ့ချိန်မှာ ၈၂.၃၅ ရာခိုင်နှုန်း အောင်မြင်မှု ရခဲ့တာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ပြင်သစ်မြေ စတေဒီဖရန့်စ်က ဖိုင်နယ်မှာလည်း လီဗာပူးလ်ကို ဗျူဟာမြောက်ကစားပြီး နောက်ကောက်ချထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီအသင်းကို ဖယ်ထားပြီး တွက်မယ်ဆိုရင် အများဆုံး ရယူထားနိုင်တာက အေစီမီလန် (၇ ကြိမ်)နဲ့ ဘိုင်ယန်မြူးနစ်၊ လီဗာပူးလ် (၆ ကြိမ်)တို့ဖြစ်ကြပြီး ရီးရဲလ်မက်ဒရစ်လောက် ချန်ပီယံ Luck မရှိတဲ့ ကျန်အသင်းတွေကတော့ ဗိုလ်လုပွဲတက်ပြီးမှ လက်တစ်ကမ်းအလိုမှ လှည့်ပြန်ခဲ့ကြရတဲ့အထဲမှာ အကြိမ်ရေ အများဆုံး အသင်း ၅ သင်းကို ဖော်ပြလိုက်ပါတယ်။

၅။ လီဗာပူးလ် (၄ ကြိမ်)
လီဗာပူးလ်အသင်းကတော့ လူငယ်ပရိသတ်တွေရဲ့ ရှေ့မှာ ၂ ကြိမ်၊ လူလတ်ပိုင်း ပရိသတ်တွေရဲ့ ရှေ့မှာဆိုရင် ၃ ကြိမ် လှည့်ပြန်တာကို မြင်ခဲ့ရပြီဖြစ်ပြီး သမိုင်တစ်လျှောက်မှာတော့ ၄ ကြိမ်အထိ လှည့်ပြန်ခဲ့ဖူးတာပါ။ ၁၉၇၇၊ ၁၉၇၈၊ ၁၉၈၁၊ ၁၉၈၄ ဆိုတဲ့ ပထမဆုံး ၄ နှစ်မှာ ဖိုင်နယ်တက်တိုင်း ဖလားရခဲ့ပေမယ့် ၁၉၈၅ က စပြီး ဂျူဗင်တပ်စ်ဆီမှာ ခါးသီးမှု အရသာနဲ့ ကြုံကြိုက်ခဲ့သလို ၂၀၀၇ မှာ အေစီမီလန်နဲ့ ၂၀၁၉၊ ၂၀၂၂ ခုနှစ်တွေမှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။

၄။ အေစီမီလန် (၄ ကြိမ်)
ရီးရဲလ်မက်ဒရစ်ပြီးရင် အအောင်မြင်ဆုံးဖြစ်တဲ့ အေစီမီလန်ကလည်း လီဗာပူးလ်လိုပဲ ဖိုင်နယ်လပ်ခ် မကောင်းဘဲ ၄ ကြိမ်တိုင်တိုင် ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒီထဲမှာ သုံးဂိုးသွင်းပြီးမှ လီဗာပူးလ်ဆီကို ပင်နယ်တီနဲ့ လက်လွှတ်ခဲ့ရတဲ့ ၂၀၀၅ ခုနှစ်က ဖိုင်နယ်က သူတို့အတွက် နောက်ဆုံး ဖြစ်နေတာကတော့ ပြန်လည်တည်ဆောက်နေရဆဲ အသင်းကြောင့်လို့လည်း ဆိုရမှာဖြစ်ပါတယ်။ ၁၉၅၈ မှာ ရီးရဲလ်မက်ဒရစ်၊ ၁၉၉၃ မှာ မာဆေးလ်၊ ၁၉၉၅ မှာ အိုင်းယက်စ်တို့ကို ရှုံးနိမ့်ခဲ့တဲ့ မီလန်သား ရော့ဆိုနီရီတွေကို ၁၉၉၃ ကနေ ၁၉၉၅ ထိ သုံးနှစ်ဆက် ဖိုင်နယ်တက်ခဲ့ပြီး ၁၉၉၄ မှာ ဗိုလ်စွဲခဲ့တဲ့ စိုးမိုးမှု အတွက်တော့ အသိအမှတ်ပြုရမှာလည်းဖြစ်ပါတယ်။

၃။ ဘင်ဖီကာ (၅ ကြိမ်)
၁၉၆၁ နဲ့ ၆၂ ခုနှစ်တွေမှာ ပေါ်တူဂီ ဂန္ထဝင်တိုက်စစ်မှူး အူဆီဘီယိုတို့အဖွဲ့ရဲ့ ခြေစွမ်းနဲ့ ဖလားယူခဲ့တဲ့ ဘင်ဖီကာဟာ ၁၉၆၃ ခုနှစ်မှာတော့ အရှုံးရဲ့ အရသာကို အေစီမီလန်ဆီ စတင်မြည်းစမ်းကြည့်ခဲ့ရတာဖြစ်ပြီး ၁၉၆၅ မှာတော့ နောက်ထပ် မီလန်အသင်းတစ်သင်းဖြစ်တဲ့ အင်တာမီလန်ကို ရှုံးနိမ့်ခဲ့သလို ၁၉၆၈ မှာတော့ မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ အူဆီဘီယိုခေတ် နောက်ပိုင်းမှာတော့ ၁၉၈၈ မှာ ဖိုင်နယ်တက်ပြီး ပီအက်စ်ဗီကို ပင်နယ်တီနဲ့ ရှုံးခဲ့ပြန်သလို ၁၉၉၀ မှာတော့ အေစီမီလန်ကို ရှုံးကြွေးမဆပ်နိုင်ဘဲ နောက်တစ်ကြိမ် ထပ်ရှုံးပြီး ပေါ်တူဂီရဲ့ ဘင်ဖီကာတို့ကို ချန်ပီယံလိဂ်ရဲ့ အုပ်စုအလွန် ရှုံးထွက်အဆင့်တွေမှာ သိပ်ပြီး မမြင်ရတော့တာပါ။

၂။ ဘိုင်ယန်မြူးနစ် (၅ ကြိမ်)
ဘွန်ဒက်စ်လီဂါမှာ သူကလွဲရင် အမှတ်ပေးချန်ပီယံဖြစ်မယ့်သူ မရှိလို့ ဂုဏ်သိက္ခာအရ ဥရောပမှာ ဗိုလ်စွဲချင်လွန်းတဲ့ ဘိုင်ယန်ဟာ နည်းပြတွေကို မကြာခဏ အပြောင်းအလဲလုပ်နေခဲ့တာပါ။ ၂၀၁၂ ခုနှစ်မှာ ရောဘတ်တို ဒီမက်တီယိုရဲ့ ပိတ်ကန်တဲ့ အသင်းကို ပင်နယ်တီနဲ့ ရှုံးခဲ့တဲ့ ဘာဗေးရီးယားသား တွေဟာ ၂၀၁၀ မှာလည်း မော်ရင်ညိုရဲ့ ဖလားသုံးလုံးချန်ပီယံ အင်တာမီလန်အသင်းကို ရှုံးနိမ့်ခဲ့ဖူးပြီး ၁၉၉၉ ခုနှစ်မှာတော့ မန်ချက်စတာယူနိုက်တက်ကို နာကျင်အချိန်ပိုမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာတော့ ၁၉၈၂ နဲ့ ၈၇ ခုနှစ်တွေမှာ အက်စ်တန်ဗီလာနဲ့ ပေါ်တိုတို့ကို ရှုံးနိမ့်ခဲ့ပြီး ဂျာမန်ဘီလူးကြီးရဲ့ အသည်းမှာလည်း ကျွဲခတ်ခံရတဲ့ ဒဏ်ရာတွေနဲ့လို့ပဲ ဆိုရမှာပါ။

၁။ ဂျူဗင်တပ်စ် (၇ ကြိမ်)
ချန်ပီယံလိဂ်မှာ Old Lady လို့ ခေါ်တဲ့ ဘျန်ကွန်နာရီ အဘွားကြီးကို ဘယ်သူမှ မလေးစားကြဘူးလို့ပဲ ပြောရပါလိမ့်မယ်။ ဖိုင်နယ်ပွဲစဉ်တွေကို ၉ ကြိမ်အထိ တက်ရောက်ခဲ့ပေမယ့် ၁၉၈၅ နဲ့ ၁၉၉၆ ခုနှစ်တွေမှာသာ နှစ်ကြိမ်ရယူနိုင်ခဲ့တဲ့ ဂျူဗီတို့ရဲ့ ဇာတာကတော့ ဒုတိယရဖို့က ပိုများနေခဲ့ပြီး ၁၉၇၃ မှာ အိုင်းယက်စ်၊ ၁၉၉၇ မှာ ဒေါ့မွန်၊ ၁၉၉၈ မှာ ရီးရဲလ်မက်ဒရစ်၊ ၂၀၀၃ မှာ အေစီမီလန်၊ ၂၀၁၅ မှာ ဘာစီလိုနာ၊ ၂၀၁၇ မှာ ရီးရဲလ်မက်ဒရစ်တို့ကို အသီးသီး ရှုံးနိမ့်ခဲ့ပြီး ၉၆ ၉၇ ၉၈ သုံးနှစ် ဖိုင်နယ်တက်ခဲ့ရာမှာ ၉၆ မှာ အိုင်းယက်စ်ကို ပင်နယ်တီနဲ့ နိုင်ခဲ့လို့သာ မှတ်တမ်းက ပြန်ပြောလို့ နည်းနည်းကောင်းနေခဲ့သေးတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်န္ပီယံလိဂ္ဆိုတာဟာ ရီးရဲလ္မက္ဒရစ္အတြက္ပဲလို႔ ဆိုရေလာက္ေအာင္ ဖိုင္နယ္တက္ခဲ့တဲ့ ၁၇ ႀကိမ္မွာ ၁၄ ႀကိမ္ ရယူႏိုင္ခဲ့တဲ့ မွတ္တမ္းက ေတာ္ေတာ္ႀကီးကို ေကာင္းမြန္ေနခဲ့ခ်ိန္မွာ ၈၂.၃၅ ရာခိုင္ႏႈန္း ေအာင္ျမင္မႈ ရခဲ့တာျဖစ္ၿပီး ေနာက္ဆုံးကစားခဲ့တဲ့ ျပင္သစ္ေျမ စေတဒီဖရန႔္စ္က ဖိုင္နယ္မွာလည္း လီဗာပူးလ္ကို ဗ်ဴဟာေျမာက္ကစားၿပီး ေနာက္ေကာက္ခ်ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီအသင္းကို ဖယ္ထားၿပီး တြက္မယ္ဆိုရင္ အမ်ားဆုံး ရယူထားႏိုင္တာက ေအစီမီလန္ (၇ ႀကိမ္)နဲ႔ ဘိုင္ယန္ျမဴးနစ္၊ လီဗာပူးလ္ (၆ ႀကိမ္)တို႔ျဖစ္ၾကၿပီး ရီးရဲလ္မက္ဒရစ္ေလာက္ ခ်န္ပီယံ Luck မရွိတဲ့ က်န္အသင္းေတြကေတာ့ ဗိုလ္လုပြဲတက္ၿပီးမွ လက္တစ္ကမ္းအလိုမွ လွည့္ျပန္ခဲ့ၾကရတဲ့အထဲမွာ အႀကိမ္ေရ အမ်ားဆုံး အသင္း ၅ သင္းကို ေဖာ္ျပလိုက္ပါတယ္။

၅။ လီဗာပူးလ္ (၄ ႀကိမ္)
လီဗာပူးလ္အသင္းကေတာ့ လူငယ္ပရိသတ္ေတြရဲ႕ ေရွ႕မွာ ၂ ႀကိမ္၊ လူလတ္ပိုင္း ပရိသတ္ေတြရဲ႕ ေရွ႕မွာဆိုရင္ ၃ ႀကိမ္ လွည့္ျပန္တာကို ျမင္ခဲ့ရၿပီျဖစ္ၿပီး သမိုင္တစ္ေလွ်ာက္မွာေတာ့ ၄ ႀကိမ္အထိ လွည့္ျပန္ခဲ့ဖူးတာပါ။ ၁၉၇၇၊ ၁၉၇၈၊ ၁၉၈၁၊ ၁၉၈၄ ဆိုတဲ့ ပထမဆုံး ၄ ႏွစ္မွာ ဖိုင္နယ္တက္တိုင္း ဖလားရခဲ့ေပမယ့္ ၁၉၈၅ က စၿပီး ဂ်ဴဗင္တပ္စ္ဆီမွာ ခါးသီးမႈ အရသာနဲ႔ ႀကဳံႀကိဳက္ခဲ့သလို ၂၀၀၇ မွာ ေအစီမီလန္နဲ႔ ၂၀၁၉၊ ၂၀၂၂ ခုႏွစ္ေတြမွာ ရီးရဲလ္မက္ဒရစ္ကို ရႈံးနိမ့္ထားခဲ့တာျဖစ္ပါတယ္။

၄။ ေအစီမီလန္ (၄ ႀကိမ္)
ရီးရဲလ္မက္ဒရစ္ၿပီးရင္ အေအာင္ျမင္ဆုံးျဖစ္တဲ့ ေအစီမီလန္ကလည္း လီဗာပူးလ္လိုပဲ ဖိုင္နယ္လပ္ခ္ မေကာင္းဘဲ ၄ ႀကိမ္တိုင္တိုင္ ရႈံးနိမ့္ထားခဲ့ပါတယ္။ ဒီထဲမွာ သုံးဂိုးသြင္းၿပီးမွ လီဗာပူးလ္ဆီကို ပင္နယ္တီနဲ႔ လက္လႊတ္ခဲ့ရတဲ့ ၂၀၀၅ ခုႏွစ္က ဖိုင္နယ္က သူတို႔အတြက္ ေနာက္ဆုံး ျဖစ္ေနတာကေတာ့ ျပန္လည္တည္ေဆာက္ေနရဆဲ အသင္းေၾကာင့္လို႔လည္း ဆိုရမွာျဖစ္ပါတယ္။ ၁၉၅၈ မွာ ရီးရဲလ္မက္ဒရစ္၊ ၁၉၉၃ မွာ မာေဆးလ္၊ ၁၉၉၅ မွာ အိုင္းယက္စ္တို႔ကို ရႈံးနိမ့္ခဲ့တဲ့ မီလန္သား ေရာ့ဆိုနီရီေတြကို ၁၉၉၃ ကေန ၁၉၉၅ ထိ သုံးႏွစ္ဆက္ ဖိုင္နယ္တက္ခဲ့ၿပီး ၁၉၉၄ မွာ ဗိုလ္စြဲခဲ့တဲ့ စိုးမိုးမႈ အတြက္ေတာ့ အသိအမွတ္ျပဳရမွာလည္းျဖစ္ပါတယ္။

၃။ ဘင္ဖီကာ (၅ ႀကိမ္)
၁၉၆၁ နဲ႔ ၆၂ ခုႏွစ္ေတြမွာ ေပၚတူဂီ ဂႏၴဝင္တိုက္စစ္မႉး အူဆီဘီယိုတို႔အဖြဲ႕ရဲ႕ ေျခစြမ္းနဲ႔ ဖလားယူခဲ့တဲ့ ဘင္ဖီကာဟာ ၁၉၆၃ ခုႏွစ္မွာေတာ့ အရႈံးရဲ႕ အရသာကို ေအစီမီလန္ဆီ စတင္ျမည္းစမ္းၾကည့္ခဲ့ရတာျဖစ္ၿပီး ၁၉၆၅ မွာေတာ့ ေနာက္ထပ္ မီလန္အသင္းတစ္သင္းျဖစ္တဲ့ အင္တာမီလန္ကို ရႈံးနိမ့္ခဲ့သလို ၁၉၆၈ မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ကို ရႈံးနိမ့္ခဲ့ရတာျဖစ္ပါတယ္။ အူဆီဘီယိုေခတ္ ေနာက္ပိုင္းမွာေတာ့ ၁၉၈၈ မွာ ဖိုင္နယ္တက္ၿပီး ပီအက္စ္ဗီကို ပင္နယ္တီနဲ႔ ရႈံးခဲ့ျပန္သလို ၁၉၉၀ မွာေတာ့ ေအစီမီလန္ကို ရႈံးေႂကြးမဆပ္ႏိုင္ဘဲ ေနာက္တစ္ႀကိမ္ ထပ္ရႈံးၿပီး ေပၚတူဂီရဲ႕ ဘင္ဖီကာတို႔ကို ခ်န္ပီယံလိဂ္ရဲ႕ အုပ္စုအလြန္ ရႈံးထြက္အဆင့္ေတြမွာ သိပ္ၿပီး မျမင္ရေတာ့တာပါ။

၂။ ဘိုင္ယန္ျမဴးနစ္ (၅ ႀကိမ္)
ဘြန္ဒက္စ္လီဂါမွာ သူကလြဲရင္ အမွတ္ေပးခ်န္ပီယံျဖစ္မယ့္သူ မရွိလို႔ ဂုဏ္သိကၡာအရ ဥေရာပမွာ ဗိုလ္စြဲခ်င္လြန္းတဲ့ ဘိုင္ယန္ဟာ နည္းျပေတြကို မၾကာခဏ အေျပာင္းအလဲလုပ္ေနခဲ့တာပါ။ ၂၀၁၂ ခုႏွစ္မွာ ေရာဘတ္တို ဒီမက္တီယိုရဲ႕ ပိတ္ကန္တဲ့ အသင္းကို ပင္နယ္တီနဲ႔ ရႈံးခဲ့တဲ့ ဘာေဗးရီးယားသား ေတြဟာ ၂၀၁၀ မွာလည္း ေမာ္ရင္ညိဳရဲ႕ ဖလားသုံးလုံးခ်န္ပီယံ အင္တာမီလန္အသင္းကို ရႈံးနိမ့္ခဲ့ဖူးၿပီး ၁၉၉၉ ခုႏွစ္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ကို နာက်င္အခ်ိန္ပိုမွာ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ဒီမတိုင္ခင္မွာေတာ့ ၁၉၈၂ နဲ႔ ၈၇ ခုႏွစ္ေတြမွာ အက္စ္တန္ဗီလာနဲ႔ ေပၚတိုတို႔ကို ရႈံးနိမ့္ခဲ့ၿပီး ဂ်ာမန္ဘီလူးႀကီးရဲ႕ အသည္းမွာလည္း ကြၽဲခတ္ခံရတဲ့ ဒဏ္ရာေတြနဲ႔လို႔ပဲ ဆိုရမွာပါ။

၁။ ဂ်ဴဗင္တပ္စ္ (၇ ႀကိမ္)
ခ်န္ပီယံလိဂ္မွာ Old Lady လို႔ ေခၚတဲ့ ဘ်န္ကြန္နာရီ အဘြားႀကီးကို ဘယ္သူမွ မေလးစားၾကဘူးလို႔ပဲ ေျပာရပါလိမ့္မယ္။ ဖိုင္နယ္ပြဲစဥ္ေတြကို ၉ ႀကိမ္အထိ တက္ေရာက္ခဲ့ေပမယ့္ ၁၉၈၅ နဲ႔ ၁၉၉၆ ခုႏွစ္ေတြမွာသာ ႏွစ္ႀကိမ္ရယူႏိုင္ခဲ့တဲ့ ဂ်ဴဗီတို႔ရဲ႕ ဇာတာကေတာ့ ဒုတိယရဖို႔က ပိုမ်ားေနခဲ့ၿပီး ၁၉၇၃ မွာ အိုင္းယက္စ္၊ ၁၉၉၇ မွာ ေဒါ့မြန္၊ ၁၉၉၈ မွာ ရီးရဲလ္မက္ဒရစ္၊ ၂၀၀၃ မွာ ေအစီမီလန္၊ ၂၀၁၅ မွာ ဘာစီလိုနာ၊ ၂၀၁၇ မွာ ရီးရဲလ္မက္ဒရစ္တို႔ကို အသီးသီး ရႈံးနိမ့္ခဲ့ၿပီး ၉၆ ၉၇ ၉၈ သုံးႏွစ္ ဖိုင္နယ္တက္ခဲ့ရာမွာ ၉၆ မွာ အိုင္းယက္စ္ကို ပင္နယ္တီနဲ႔ ႏိုင္ခဲ့လို႔သာ မွတ္တမ္းက ျပန္ေျပာလို႔ နည္းနည္းေကာင္းေနခဲ့ေသးတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.