Bundesliga Premier League Transfer News

ကြယ်ပွင့်ကစားသမားဟောင်းကို ပေါင် ၃၃ သန်းနဲ့ ခေါ်ယူခွင့် ရရှိခဲ့ပြီဖြစ်တဲ့ အာဆင်နယ်

ဘိုင်ယန်မြူးနစ် တောင်ပံကြယ်ပွင့် ဂနာဘရီဟာ အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုတော့ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး ဘွန်ဒက်စ်လီဂါချန်ပီယံတွေက တောင်ပံကစားသမားကို ရောင်းထုတ်ဖို့ ကြိုးပမ်းသွားတော့မှာဖြစ်ပါတယ်။

ဂနာဘရီဟာ ဘိုင်ယန်မြူးနစ်အတွက် အမ်းမရိတ်စ်ကို စွန့်ခွာခဲ့ရပြီးကတည်းက အာဆင်နယ်အသင်းကို ၎င်းရဲ့ ရင်ထဲမှာ အမြဲတမ်း ထားခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ တောင်ပံကစားသမားဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း အာဆင်နယ်အတွက် ကစားပေးခဲ့ပေမယ့် ပထမအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားအဖြစ် သက်သေမပြသနိုင်ခဲ့တာကြောင့် နောက်ဆုံးမှာ ဝါဒါဘရီမင်ကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

ဂျာမန်တောင်ပံကစားသမားဟာ ဘွန်ဒက်စ်လီဂါမှာ ကစားသမားဘဝကို ပြန်လည်အသက်သွင်းနိုင်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဂနာဘရီဟာ ၎င်းကို အခွင့်အရေးမပေးခဲ့တဲ့ အာဆင်နယ်အသင်းအပေါ် စိတ်ကွက်ခဲ့ခြင်းမရှိဘဲ မြောက်လန်ဒန်က အနီရောင်လို့ ၂၀၁၉ ခုနှစ်တုန်းက ချန်ပီယံလိဂ်မှာ စပါးစ်ကို ထူးထူးခြားခြား ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ဂျာမန်တောင်ပံကစားသမားရဲ့ အနာဂတ်ဟာ မရေမရာဖြစ်နေပြီဖြစ်ပြီး အသင်းဟောင်း အာဆင်နယ်ကို ပြန်လည်ပြောင်းရွှေ့တော့မယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ ဂနာဘရီဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့ပြီး စာချုပ်သက်တမ်းတိုးမှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာကြောင့် ဘွန်ဒက်စ်လီဂါချန်ပီယံတွေအနေနဲ့ ကစားသမားကို အလွတ်နဲ့ ထွက်ခွာခွင့်ပေးရနိုင်ခြေရှိနေပြီဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်အပြောင်းအရွှေ့စျေးကွက်မှာ ဂနာဘရီကို ရောင်းထုတ်သွားပြီး ပေါင် ၄၂.၅ သန်း သတ်မှတ်ထားတဲ့ လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး မာနေးကို ခေါ်ယူဖို့ ငွေကြေးရှာဖွေသွားမှာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂနာဘရီအတွက် ပေါင် ၃၃ သန်းဝန်းကျင် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှုတွေကို နားထောင်သွားချင်တဲ့ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အသင်းဟောင်းအပေါ် သံယောဇဉ်မပြတ်တဲ့ ကြယ်ပွင့်ဟောင်းကို ပြန်လည်ခေါ်ယူနိုင်မယ့်အခွင့်အရေး အာဆင်နယ်တို့ ငြင်းပယ်နိုင်မှာမဟုတ်တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ကြယ်ပွင့်က မြောက်လန်ဒန်ကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ရတာက ဘဝမှာ အခက်ခဲဆုံး ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး အာတီတာရဲ့အသင်းကိုလည်း ချီးကျူးသွားခဲ့တာဖြစ်ပါတယ်။

“အဲဒါက အခက်ခဲဆုံး ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်။ ဒါပေမယ့် အဲဒါက အလုပ်ကောင်းကောင်း ဖြစ်ခဲ့တယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ကစားချင်လို့ပါ။ ဒါပေမယ့် အသင်းအနေနဲ့ဆိုရင် အာဆင်နယ်က ထိပ်တန်းအသင်းပါပဲ”လို့ ၂၀၁၉ ခုနှစ်တုန်းက Pro Direct ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဂနာဘရီရဲ့အပြောင်းအရွှေ့ကို ဘယ်လောက်စိတ်ဝင်စားမှုရှိလဲဆိုတာ စောင့်ကြည့်ဖို့သာ ကျန်တော့ပြီး အာဆင်နယ်နည်းပြ အာတီတာကတော့ အရင်တုန်းက ဂျာမန်တောင်ပံကြယ်ပွင့်ရဲ့ အမာခံပရိသတ်ဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ဖူးပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘိုင္ယန္ျမဴးနစ္ ေတာင္ပံၾကယ္ပြင့္ ဂနာဘရီဟာ အသင္းနဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ဆိုေတာ့ဖို႔ ဆုံးျဖတ္လိုက္ၿပီျဖစ္ၿပီး ဘြန္ဒက္စ္လီဂါခ်န္ပီယံေတြက ေတာင္ပံကစားသမားကို ေရာင္းထုတ္ဖို႔ ႀကိဳးပမ္းသြားေတာ့မွာျဖစ္ပါတယ္။

ဂနာဘရီဟာ ဘိုင္ယန္ျမဴးနစ္အတြက္ အမ္းမရိတ္စ္ကို စြန႔္ခြာခဲ့ရၿပီးကတည္းက အာဆင္နယ္အသင္းကို ၎ရဲ့ ရင္ထဲမွာ အျမဲတမ္း ထားခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ ေတာင္ပံကစားသမားဟာ ၂၀၁၂ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္အတြင္း အာဆင္နယ္အတြက္ ကစားေပးခဲ့ေပမယ့္ ပထမအသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရ ကစားသမားအျဖစ္ သက္ေသမျပသနိုင္ခဲ့တာေၾကာင့္ ေနာက္ဆုံးမွာ ဝါဒါဘရီမင္ကို ေျပာင္းေရႊ႕သြားခဲ့တာျဖစ္ပါတယ္။

ဂ်ာမန္ေတာင္ပံကစားသမားဟာ ဘြန္ဒက္စ္လီဂါမွာ ကစားသမားဘဝကို ျပန္လည္အသက္သြင္းနိုင္ခဲ့ၿပီးေနာက္ ဘိုင္ယန္ျမဴးနစ္အသင္းကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ ဂနာဘရီဟာ ၎ကို အခြင့္အေရးမေပးခဲ့တဲ့ အာဆင္နယ္အသင္းအေပၚ စိတ္ကြက္ခဲ့ျခင္းမရွိဘဲ ေျမာက္လန္ဒန္က အနီေရာင္လို႔ ၂၀၁၉ ခုႏွစ္တုန္းက ခ်န္ပီယံလိဂ္မွာ စပါးစ္ကို ထူးထူးျခားျခား ၄ ဂိုးအထိ သြင္းယူနိုင္ခဲ့ၿပီးေနာက္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာ ဂ်ာမန္ေတာင္ပံကစားသမားရဲ့ အနာဂတ္ဟာ မေရမရာျဖစ္ေနၿပီျဖစ္ၿပီး အသင္းေဟာင္း အာဆင္နယ္ကို ျပန္လည္ေျပာင္းေရႊ႕ေတာ့မယ္ဆိုတဲ့သတင္းေတြလည္း ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။ ဂနာဘရီဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာ က်န္ရွိေတာ့ၿပီး စာခ်ဳပ္သက္တမ္းတိုးမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့တာေၾကာင့္ ဘြန္ဒက္စ္လီဂါခ်န္ပီယံေတြအေနနဲ႔ ကစားသမားကို အလြတ္နဲ႔ ထြက္ခြာခြင့္ေပးရနိုင္ေျခရွိေနၿပီျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ လာမယ့္အေျပာင္းအေရႊ႕ေစ်းကြက္မွာ ဂနာဘရီကို ေရာင္းထုတ္သြားၿပီး ေပါင္ ၄၂.၅ သန္း သတ္မွတ္ထားတဲ့ လီဗာပူးလ္ၾကယ္ပြင့္တိုက္စစ္မႉး မာေနးကို ေခၚယူဖို႔ ေငြေၾကးရွာေဖြသြားမွာျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဂနာဘရီအတြက္ ေပါင္ ၃၃ သန္းဝန္းက်င္ ေျပာင္းေရႊ႕ေၾကးနဲ႔ ကမ္းလွမ္းမႈေတြကို နားေထာင္သြားခ်င္တဲ့ဆႏၵရွိေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး အသင္းေဟာင္းအေပၚ သံေယာဇဥ္မျပတ္တဲ့ ၾကယ္ပြင့္ေဟာင္းကို ျပန္လည္ေခၚယူနိုင္မယ့္အခြင့္အေရး အာဆင္နယ္တို႔ ျငင္းပယ္နိုင္မွာမဟုတ္တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္က ေျမာက္လန္ဒန္ကို စြန႔္ခြာဖို႔ ဆုံးျဖတ္ခဲ့ရတာက ဘဝမွာ အခက္ခဲဆုံး ဆုံးျဖတ္ခ်က္ျဖစ္ခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီး အာတီတာရဲ့အသင္းကိုလည္း ခ်ီးက်ဴးသြားခဲ့တာျဖစ္ပါတယ္။

“အဲဒါက အခက္ခဲဆုံး ဆုံးျဖတ္ခ်က္ျဖစ္ခဲ့တယ္။ ဒါေပမယ့္ အဲဒါက အလုပ္ေကာင္းေကာင္း ျဖစ္ခဲ့တယ္လို႔ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္ ကစားခ်င္လို႔ပါ။ ဒါေပမယ့္ အသင္းအေနနဲ႔ဆိုရင္ အာဆင္နယ္က ထိပ္တန္းအသင္းပါပဲ”လို႔ ၂၀၁၉ ခုႏွစ္တုန္းက Pro Direct ကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ဂနာဘရီရဲ့အေျပာင္းအေရႊ႕ကို ဘယ္ေလာက္စိတ္ဝင္စားမႈရွိလဲဆိုတာ ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့ၿပီး အာဆင္နယ္နည္းၿပ အာတီတာကေတာ့ အရင္တုန္းက ဂ်ာမန္ေတာင္ပံၾကယ္ပြင့္ရဲ့ အမာခံပရိသတ္ျဖစ္တယ္လို႔ ဝန္ခံေျပာၾကားခဲ့ဖူးပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.