La Liga

အရင် ဟာဇက်အစစ် ပြန်ဖြစ်အောင် ကစားခွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ ဟာဇက်

ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား အီဒင် ဟာဇက်ဟာ ဘယ်လ်ဂျီယမ်အသင်းနဲ့အတူ နိုင်ငံတကာပွဲစဉ်ကစားဖို့ ပူးပေါင်းနေပြီး လာမယ့်ရာသီအတွက် ၎င်းရဲ့ လက်ရှိ ပုံစံ၊ ပန်းတိုင်အကြောင်းကို ပြောကြားခဲ့ပါတယ်။

အီဒင် ဟာဇက်က ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေဖြစ်တဲ့ ကာရင် ဘန်ဇီးမားနဲ့ ကူတွာတို့ကို ဘလွန်ဒေါဆုအတွက် ပြိုင်ပွဲမှာ အဆင့်ဘယ်လောက် သတ်မှတ်ထားလဲဆိုတာကိုလည်း ပြောကြားခဲ့ပြီး ၎င်းရဲ့ ရုန်းကန်နေရမှုနဲ့ပတ်သက်ပြီး ဝန်ခံ ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

“ကျွန်တော့်ကစားသမားဘဝက လှပပြီးသားပါ။ ကမ္ဘာအပေါ်က အလှပဆုံးအသင်းမှာ ကစားနေရတာက အရမ်းကောင်းပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်စလုံးက အရမ်းမကောင်းခဲ့ပေမယ့်လည်းပေါ့။ ကျွန်တော့်တစ်ဦးတည်းအမြင်အရ အဲဒါက ဆိုးရွားခဲ့တယ်။ ဒါပေမယ့် ကျွန်တော် အရမ်းကောင်းတဲ့ကစားသမားတွေ၊ လူတွေနဲ့ တွေ့ခဲ့ရတယ်”

“ကျွန်တော့် စာချုပ်က ၂ နှစ်ကျော် ကျန်သေးပြီး အရာအားလုံးက ပိုကောင်းလာဖို့ကို ညွှန်ပြနေပါတယ်။ နောက်ထပ် ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေ မရှိတော့ပါဘူး။ ကျွန်တော် အစွမ်းအစက ဒါမကုန်မဟုတ်သေးဘူးဆိုတာကို ပြသချင်ပါတယ်။ ကျွန်တော် ဘယ်တုန်းကမှ ထွက်ခွာဖို့ မတွေးခဲ့ပါဘူး။ ကျွန်တော် မထွက်ခွာချင်ပါဘူး”

“ကျွန်တော့်ရဲ့ ပုံမှန်အဆင့်အတန်းမှာ ရှိနေတဲ့အချိန်ကျရင် တစ်စုံတရာကို ပြသနိုင်မယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော် အရင်တုန်းက တကယ့် အီဒင် ဟာဇက် ထပ်ဖြစ်လာဖို့အတွက် ကစားဖို့ လိုပါတယ်။ ကျွန်တော့်အတွက်တော့ ရာသီအသစ်က လွန်ခဲ့တဲ့ ၃ ပတ်ကမှ စတာပါ”

“ဒီရာသီမှာ ကစားဖို့ ခက်ခဲလိမ့်မယ်ဆိုတာ ကျွန်တော် သိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက် အရေးအကြီးဆုံးက ကောင်းကောင်း ကြိုတင်ပြင်ဆင်ထားပြီး လာမယ့်ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေဖို့ပါ။ အခု ကျွန်တော် အဆင်သင့်ဖြစ်နေပြီ၊ ကစားနိုင်ပြီဆိုတာ နည်းပြကို ပြသရမှာပါ”

“ဒါပေမယ့် ကျွန်တော့်ရဲ့ ခွဲစိတ်မှုအပြီးကတည်းက ပိုကောင်းလာတယ်လို့ ခံစားရတယ်။ ကျွန်တော့်ရဲ့ ချဉ်းကပ်ပုံက ပြောင်းလဲမှာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အောင်မြင်မှုအားလုံးကလည်း ကျွန်တော့်ရဲ့ ချဉ်းကပ်ပုံကြောင့်ပဲ ရခဲ့တာပါ”လို့ ဟာဇက်က ပြောကြားခဲ့ပါတယ်။ ဘယ်လ်ဂျီယမ်လက်ရွေးစင်တောင်ပံကစားသမားက ၎င်းရဲ့ ရီးရဲလ်မက်ဒရစ် အသင်းဖော်တွေဖြစ်တဲ့ ဘန်ဇီးမားနဲ့ ကူတွာတို့ကို ဘယ်လောက်အထိ မြင့်မြင့်မှန်းထားလဲဆိုတာကိုလည်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ကူတွာနဲ့ သိခဲ့တာ အခုဆို ၁၀ နှစ်လောက် ရှိပါပြီ။ သူက ဒီ ၁၀ နှစ်စလုံးကို ဒီလိုလုပ်နေခဲ့တာပါ။ ချဲလ်ဆီးမှာတုန်းကလည်း လုပ်ခဲ့ပြီးပြီဖြစ်ပြီး အခု ရီးရဲလ်မက်ဒရစ်မှာ လုပ်ပြနေပါတယ်။ ကူတွာ၊ ဒီ ဘရိုင်းနား၊ မာနေး၊ ဗင်နီးရှပ်တို့အားလုံး ကောင်းမွန်တဲ့ ရာသီကို ပိုင်ဆိုင်ခဲ့ပါတယ်”

“ဒါပေမယ့် ဘန်ဇီးမားက ဘလွန်ဒေါဆုကို ရရှိဖို့ ထိုက်တန်တယ်လို့ ကျွန်တော် တွေးမိနေတုန်းပါပဲ။ ကူတွာကလည်း ထိပ်ဆုံး ၅ ဦးထဲမှာ ရှိနေသင့်ပါတယ်။ ဒါပေမယ့် ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်မှာ ဘန်ဇီးမားကစားခဲ့တဲ့ပုံကို ခင်ဗျား မြင်တွေ့တဲ့အချိန်မှာ အဲဒါက တကယ်ကို အထင်ကြီးစရာ ကောင်းခဲ့ပါတယ်”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ရီးရဲလ္မက္ဒရစ္ေတာင္ပံကစားသမား အီဒင္ ဟာဇက္ဟာ ဘယ္လ္ဂ်ီယမ္အသင္းနဲ႔အတူ နိုင္ငံတကာပြဲစဥ္ကစားဖို႔ ပူးေပါင္းေနၿပီး လာမယ့္ရာသီအတြက္ ၎ရဲ့ လက္ရွိ ပုံစံ၊ ပန္းတိုင္အေၾကာင္းကို ေျပာၾကားခဲ့ပါတယ္။

အီဒင္ ဟာဇက္က ရီးရဲလ္မက္ဒရစ္အသင္းေဖာ္ေတြျဖစ္တဲ့ ကာရင္ ဘန္ဇီးမားနဲ႔ ကူတြာတို႔ကို ဘလြန္ေဒါဆုအတြက္ ၿပိဳင္ပြဲမွာ အဆင့္ဘယ္ေလာက္ သတ္မွတ္ထားလဲဆိုတာကိုလည္း ေျပာၾကားခဲ့ၿပီး ၎ရဲ့ ႐ုန္းကန္ေနရမႈနဲ႔ပတ္သက္ၿပီး ဝန္ခံ ေျပာဆိုမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။

“ကၽြန္ေတာ့္ကစားသမားဘဝက လွပၿပီးသားပါ။ ကမၻာအေပၚက အလွပဆုံးအသင္းမွာ ကစားေနရတာက အရမ္းေကာင္းပါတယ္။ ၿပီးခဲ့တဲ့ ၃ ႏွစ္စလုံးက အရမ္းမေကာင္းခဲ့ေပမယ့္လည္းေပါ့။ ကၽြန္ေတာ့္တစ္ဦးတည္းအျမင္အရ အဲဒါက ဆိုးရြားခဲ့တယ္။ ဒါေပမယ့္ ကၽြန္ေတာ္ အရမ္းေကာင္းတဲ့ကစားသမားေတြ၊ လူေတြနဲ႔ ေတြ႕ခဲ့ရတယ္”

“ကၽြန္ေတာ့္ စာခ်ဳပ္က ၂ ႏွစ္ေက်ာ္ က်န္ေသးၿပီး အရာအားလုံးက ပိုေကာင္းလာဖို႔ကို ညႊန္ျပေနပါတယ္။ ေနာက္ထပ္ ႐ုပ္ပိုင္းဆိုင္ရာ ျပႆနာေတြ မရွိေတာ့ပါဘူး။ ကၽြန္ေတာ္ အစြမ္းအစက ဒါမကုန္မဟုတ္ေသးဘူးဆိုတာကို ျပသခ်င္ပါတယ္။ ကၽြန္ေတာ္ ဘယ္တုန္းကမွ ထြက္ခြာဖို႔ မေတြးခဲ့ပါဘူး။ ကၽြန္ေတာ္ မထြက္ခြာခ်င္ပါဘူး”

“ကၽြန္ေတာ့္ရဲ့ ပုံမွန္အဆင့္အတန္းမွာ ရွိေနတဲ့အခ်ိန္က်ရင္ တစ္စုံတရာကို ျပသနိုင္မယ္ဆိုတာ ကၽြန္ေတာ္ သိပါတယ္။ ကၽြန္ေတာ္ အရင္တုန္းက တကယ့္ အီဒင္ ဟာဇက္ ထပ္ျဖစ္လာဖို႔အတြက္ ကစားဖို႔ လိုပါတယ္။ ကၽြန္ေတာ့္အတြက္ေတာ့ ရာသီအသစ္က လြန္ခဲ့တဲ့ ၃ ပတ္ကမွ စတာပါ”

“ဒီရာသီမွာ ကစားဖို႔ ခက္ခဲလိမ့္မယ္ဆိုတာ ကၽြန္ေတာ္ သိခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ့္အတြက္ အေရးအႀကီးဆုံးက ေကာင္းေကာင္း ႀကိဳတင္ျပင္ဆင္ထားၿပီး လာမယ့္ရာသီသစ္အတြက္ အဆင္သင့္ျဖစ္ေနဖို႔ပါ။ အခု ကၽြန္ေတာ္ အဆင္သင့္ျဖစ္ေနၿပီ၊ ကစားနိုင္ၿပီဆိုတာ နည္းျပကို ျပသရမွာပါ”

“ဒါေပမယ့္ ကၽြန္ေတာ့္ရဲ့ ခြဲစိတ္မႈအၿပီးကတည္းက ပိုေကာင္းလာတယ္လို႔ ခံစားရတယ္။ ကၽြန္ေတာ့္ရဲ့ ခ်ဥ္းကပ္ပုံက ေျပာင္းလဲမွာမဟုတ္ပါဘူး။ ကၽြန္ေတာ့္ရဲ့ ေအာင္ျမင္မႈအားလုံးကလည္း ကၽြန္ေတာ့္ရဲ့ ခ်ဥ္းကပ္ပုံေၾကာင့္ပဲ ရခဲ့တာပါ”လို႔ ဟာဇက္က ေျပာၾကားခဲ့ပါတယ္။ ဘယ္လ္ဂ်ီယမ္လက္ေရြးစင္ေတာင္ပံကစားသမားက ၎ရဲ့ ရီးရဲလ္မက္ဒရစ္ အသင္းေဖာ္ေတြျဖစ္တဲ့ ဘန္ဇီးမားနဲ႔ ကူတြာတို႔ကို ဘယ္ေလာက္အထိ ျမင့္ျမင့္မွန္းထားလဲဆိုတာကိုလည္း ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္ ကူတြာနဲ႔ သိခဲ့တာ အခုဆို ၁၀ ႏွစ္ေလာက္ ရွိပါၿပီ။ သူက ဒီ ၁၀ ႏွစ္စလုံးကို ဒီလိုလုပ္ေနခဲ့တာပါ။ ခ်ဲလ္ဆီးမွာတုန္းကလည္း လုပ္ခဲ့ၿပီးၿပီျဖစ္ၿပီး အခု ရီးရဲလ္မက္ဒရစ္မွာ လုပ္ျပေနပါတယ္။ ကူတြာ၊ ဒီ ဘရိုင္းနား၊ မာေနး၊ ဗင္နီးရွပ္တို႔အားလုံး ေကာင္းမြန္တဲ့ ရာသီကို ပိုင္ဆိုင္ခဲ့ပါတယ္”

“ဒါေပမယ့္ ဘန္ဇီးမားက ဘလြန္ေဒါဆုကို ရရွိဖို႔ ထိုက္တန္တယ္လို႔ ကၽြန္ေတာ္ ေတြးမိေနတုန္းပါပဲ။ ကူတြာကလည္း ထိပ္ဆုံး ၅ ဦးထဲမွာ ရွိေနသင့္ပါတယ္။ ဒါေပမယ့္ ကြာတားဖိုင္နယ္နဲ႔ ဆီမီးဖိုင္နယ္မွာ ဘန္ဇီးမားကစားခဲ့တဲ့ပုံကို ခင္ဗ်ား ျမင္ေတြ႕တဲ့အခ်ိန္မွာ အဲဒါက တကယ္ကို အထင္ႀကီးစရာ ေကာင္းခဲ့ပါတယ္”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.