La Liga Transfer News

လီဗန်ဒေါ့ဗ်စကီးနဲ့အပြောင်းအရွှေ့မှာ အာဝင်ချောင်တဲ့ လာလီဂါဥက္ကဌကို ဒဲ့ဆော်လိုက်တဲ့ ဘာဆာ

ဘာစီလိုနာအသင်းဥက္ကဌ ယိုအန် လာပေါ်တာက ကတ်တလန် ထိပ်သီးအသင်းကြီးအနေနဲ့ လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရောဘတ် လီဗန်ဒေ့ါဗ်စကီးကို ခေါ်ယူနိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့တဲ့ လာလီဂါဥက္ကဌ ဇေးဗီးယား တီဘက်စ်ရဲ့ မှတ်ချက်ကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ကြယ်ပွင့်တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးဟာ ယခုနွေရာသီမှာ ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးကို စွန့်ခွာချင်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ပြီး အသင်းကလည်း ၎င်းကို ဆွဲမထားဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီ ထွက်ခွာပြီးနောက်ပိုင်း တိုက်စစ်ပိုင်းမှာ ရုန်းကန်နေရတဲ့ ဘာစီလိုနာအသင်းဟာ ပိုလန်လက်ရွေးစင်တိုက်စစ်မှူးရဲ့ အခြေအနေကို စောင့်ကြည့်နေတာဖြစ်ပြီး ယခုနွေရာသီမှာ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့အတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လာလီဂါဥက္ကဌ တီဘက်စ်က ဘာစီလိုနာအသင်းအနေနဲ့ ရောဘတ် လီဗန်ဒေါ့ဗ်စကီးကို ဘိုင်ယန်မြူးနစ်အသင်းကနေ ခေါ်ယူချင်တယ်ဆိုရင် ကစားသမားတွေကို အရင်ရောင်းထုတ်ပြီး ငွေကြေး ရှာဖွေမှ ခေါ်ယူလို့ရမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လာလီဂါဥက္ကဌရဲ့ မှတ်ချက်က ဘာစီလိုနာအသင်းဥက္ကဌ ယိုအန် လာပေါ်တာအတွက်တော့ ဒေါသထွက်စရာဖြစ်ခဲ့ပြီး တီဘက်စ်ရဲ့ ပြောကြားချက်က အသင်းရဲ့ အကျိုးစီးပွားကို ထိခိုက်စေတာကြောင့် နောက်ထပ် ဒီလို မှတ်ချက်မပေးဖို့အတွက် တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

“ဘာစီလိုနာအသင်းအနေနဲ့ ကစားသမား ခေါ်ယူနိုင်လား ဒါမှမဟုတ် မခေါ်ယူနိုင်ဘူးလားဆိုတဲ့ကိစ္စကို မှတ်ချက်ပေးတာမျိုး မလုပ်ဖို့ ကျွန်တော် သူ့ကို တောင်းဆိုပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက ဘာစီလိုနာအသင်းရဲ့ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေလို့ပါ”

“အဲဒီအပြင် သူ့အနေနဲ့ ဒီထုတ်ပြန်ချက်ကို ဆန္ဒအလျောက် ထုတ်ပြန်တာလား ဒါမှမဟုတ် ဆန္ဒအလျောက်မဟုတ်ဘဲ ထုတ်ပြန်တာလား ကျွန်တော် မသိပေမယ့် ဆန္ဒအလျောက်ထုတ်ပြန်တာဆိုရင်တော့ သူက ဘာစီလိုနာရဲ့ အကျိုးစီးပွားကို ထိခိုက်စေလိုတဲ့ လက္ခဏာဆိုတာ ရှင်းလင်းနေပါတယ်”

“ဘာစီလိုနာအသင်းက ကစားသမားခေါ်ယူနိုင်တယ်၊ မခေါ်ယူနိုင်ဘူးဆိုတာနဲ့ပတ်သက်ပြီး မှတ်ချက်တွေ ပေးတာကနေ ရှောင်ကြဉ်ဖို့ ကျွန်တော် သူ့ကို တောင်းဆိုရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲဒါက ဘာစီလိုနာအသင်းရဲ့ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ ရှင်းလင်းနေလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ယူရိုသန်း ၇၀၀ ဝန်းကျင်အထိ ဝင်ငွေ ရရှိနိုင်မယ့် အနာဂတ် ရုပ်သံ ထုတ်လွှင့်ခွင့်နဲ့ Barca Licensing & Merchandising (BLM)ကို ရောင်းချဖို့ အလားအလာအပေါ် မဲပေးကြဖို့ အဖွဲ့ဝင်တွေကို ကြေညာထားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာအသင္းဥကၠဌ ယိုအန္ လာေပၚတာက ကတ္တလန္ ထိပ္သီးအသင္းႀကီးအေနနဲ႔ လက္ရွိအခ်ိန္မွာ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒ့ါဗ္စကီးကို ေခၚယူနိုင္မွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့တဲ့ လာလီဂါဥကၠဌ ေဇးဗီးယား တီဘက္စ္ရဲ့ မွတ္ခ်က္ကို ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္တိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးဟာ ယခုေႏြရာသီမွာ ဘြန္ဒက္စ္လီဂါထိပ္သီးအသင္းႀကီးကို စြန႔္ခြာခ်င္ေၾကာင္း လူသိရွင္ၾကား ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး အသင္းကလည္း ၎ကို ဆြဲမထားဖို႔ ေမၽွာ္လင့္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီ ထြက္ခြာၿပီးေနာက္ပိုင္း တိုက္စစ္ပိုင္းမွာ ႐ုန္းကန္ေနရတဲ့ ဘာစီလိုနာအသင္းဟာ ပိုလန္လက္ေရြးစင္တိုက္စစ္မႉးရဲ့ အေျခအေနကို ေစာင့္ၾကည့္ေနတာျဖစ္ၿပီး ယခုေႏြရာသီမွာ ကမ္းလွမ္းမႈ ျပဳလုပ္သြားဖို႔အတြက္ ျပင္ဆင္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လာလီဂါဥကၠဌ တီဘက္စ္က ဘာစီလိုနာအသင္းအေနနဲ႔ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးကို ဘိုင္ယန္ျမဴးနစ္အသင္းကေန ေခၚယူခ်င္တယ္ဆိုရင္ ကစားသမားေတြကို အရင္ေရာင္းထုတ္ၿပီး ေငြေၾကး ရွာေဖြမွ ေခၚယူလို႔ရမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လာလီဂါဥကၠဌရဲ့ မွတ္ခ်က္က ဘာစီလိုနာအသင္းဥကၠဌ ယိုအန္ လာေပၚတာအတြက္ေတာ့ ေဒါသထြက္စရာျဖစ္ခဲ့ၿပီး တီဘက္စ္ရဲ့ ေျပာၾကားခ်က္က အသင္းရဲ့ အက်ိဳးစီးပြားကို ထိခိုက္ေစတာေၾကာင့္ ေနာက္ထပ္ ဒီလို မွတ္ခ်က္မေပးဖို႔အတြက္ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

“ဘာစီလိုနာအသင္းအေနနဲ႔ ကစားသမား ေခၚယူနိုင္လား ဒါမွမဟုတ္ မေခၚယူနိုင္ဘူးလားဆိုတဲ့ကိစၥကို မွတ္ခ်က္ေပးတာမ်ိဳး မလုပ္ဖို႔ ကၽြန္ေတာ္ သူ႔ကို ေတာင္းဆိုပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒါက ဘာစီလိုနာအသင္းရဲ့ အက်ိဳးစီးပြားကို ထိခိုက္ပ်က္စီးေစလို႔ပါ”

“အဲဒီအျပင္ သူ႔အေနနဲ႔ ဒီထုတ္ျပန္ခ်က္ကို ဆႏၵအေလ်ာက္ ထုတ္ျပန္တာလား ဒါမွမဟုတ္ ဆႏၵအေလ်ာက္မဟုတ္ဘဲ ထုတ္ျပန္တာလား ကၽြန္ေတာ္ မသိေပမယ့္ ဆႏၵအေလ်ာက္ထုတ္ျပန္တာဆိုရင္ေတာ့ သူက ဘာစီလိုနာရဲ့ အက်ိဳးစီးပြားကို ထိခိုက္ေစလိုတဲ့ လကၡဏာဆိုတာ ရွင္းလင္းေနပါတယ္”

“ဘာစီလိုနာအသင္းက ကစားသမားေခၚယူနိုင္တယ္၊ မေခၚယူနိုင္ဘူးဆိုတာနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေတြ ေပးတာကေန ေရွာင္ၾကဥ္ဖို႔ ကၽြန္ေတာ္ သူ႔ကို ေတာင္းဆိုရပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ အဲဒါက ဘာစီလိုနာအသင္းရဲ့ အက်ိဳးစီးပြားကို ထိခိုက္ပ်က္စီးေစတယ္ဆိုတာ ရွင္းလင္းေနလို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ ယူရိုသန္း ၇၀၀ ဝန္းက်င္အထိ ဝင္ေငြ ရရွိနိုင္မယ့္ အနာဂတ္ ႐ုပ္သံ ထုတ္လႊင့္ခြင့္နဲ႔ Barca Licensing & Merchandising (BLM)ကို ေရာင္းခ်ဖို႔ အလားအလာအေပၚ မဲေပးၾကဖို႔ အဖြဲ႕ဝင္ေတြကို ေၾကညာထားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.