La Liga Ligue1 Premier League

သူအတုယူပြီး ကြိုးစားတဲ့ ကစားသမား ၅ ဦးကို ပြောပြလိုက်တဲ့ အန်ဆူ ဖာတီ

ဘာစီလိုနာအသင်းရဲ့ လူငယ်တိုက်စစ်မှူး အန်ဆူ ဖာတီက သူ့အနေနဲ့ ဘယ်ကစားသမားတွေကို အတုယူပြီး အကယ်ဒမီနဲ့ လူငယ်အသင်း အဆင့်ဆင့်ကနေ လက်ရှိ နူးကမ့်ရဲ့ ကျောနံပါတ် ၁၀ ဘဝကို ရောက်ရှိလာအောင် ကြိုးစားလာခဲ့သလိုဆိုတာကို စပိန်နာမည်ကြီးသတင်းဌာန မာကာနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ်မှာပဲ ဘာစီလိုနာအသင်းအတွက် လာလီဂါဂိုး ၁၅ ဂိုး သွင်းယူထားပြီးသလို ပြိုင်ပွဲစုံမှာ ၁၉ ဂိုး ရရှိထားပြီး စပိန် လက်ရွေးစင်အသင်းကြီးနဲ့ ၄ ပွဲကစား ၁ ဂိုးသွင်းပြီး အသက်အငယ်ဆုံး ဂိုးသွင်းစံချိန်ကို ၁၇ နှစ်နဲ့ ၃၁၁ ရက်အရွယ်မှာ ရရှိထားခဲ့တဲ့ ဖာတီဟာ နောင်တစ်ခေတ်ရဲ့ ဘောလုံးဘုရင်ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးခံထားရတာပါ။

အန်ဆူမာနီ ဖာတီ ဗီယာရာလို့ အမည်အပြည့်အစုံရှိတဲ့ ဂီနီဘစ်ဆောနွယ်ဖွား ကစားသမားလေးဟာ အသက် ၆ နှစ်အရွယ်မှာ စပိန်နိုင်ငံ ဆီဗီလာကို မိသားစုနဲ့အတူ ပြောင်းရွှေ့အခြေချခဲ့ပြီး ဆီဗီလာလူငယ်အကယ်ဒမီမှာ ၂၀၁၀ ကနေ ၂၀၁၂ အထိ ကစားခဲ့ပြီးမှ လာမာစီယာကို ၂၀၁၂ ခုနှစ်မှာ စတင်ရောက်ရှိလာခဲ့သူလည်းဖြစ်ပါတယ်။

ဖာတီက သူ့ရဲ့ အားကျရတဲ့ ကစားသမားတွေထဲမှာ အသင်းရဲ့ ဂန္ထဝင် လီယွန်နယ် မက်ဆီ အပါအဝင် တိုက်စစ်ကစားသမားကောင်းတွေကိုချည်း ရွေးချယ်ပြောကြားသွားခဲ့ပြီး သူတို့ကို မျှော်ကြည့်ပြီး ကြိုးစားခဲ့ရတဲ့ အကြောင်းနဲ့ ဘာကြောင့် သဘောကျ အတုယူရသလဲဆိုတာကို ခုလိုမျိုး ဆိုပါတယ်။

“ဒီဒီယေး ဒရော့ဘာကတော့ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ အကောင်းဆုံး ကစားပြနိုင်သူပေါ့ဗျာ။ ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ ဘယ်ဘက်က စမ်းစမ်း နေရာတိုင်းမှာ ပရော်ဖက်ရှင်နယ် ပီသနေသူမို့ အတုယူရပါတယ်။ လီယွန်နယ် မက်ဆီကတော့ မယုံကြည်နိုင်လောက်အောင်ကို ကောင်းမွန်တဲ့ ကစားသမားဖြစ်ပြီး နေမာရဲ့ ကွင်းထဲမှာ ဆန်းဆန်းပြားပြား ကစားနိုင်တာကိုလည်း လိုက်ကြိုးစားကြည့်ရမှာပါ”လို့ ဖာတီက ဆိုပါတယ်။

လာမာစီယာ အကယ်ဒမီထွက် တောင်ပံသမားအနေနဲ့ သူ့ရဲ့ ကစားနေကျ ဘယ်တောင်ပံမှာ လက်ရှိ ကမ္ဘာ့အကောင်းဆုံးဖြစ်နေတဲ့ ပီအက်စ်ဂျီနဲ့ ပြင်သစ်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေကိုလည်း ဂိုးသွင်းကောင်းပုံအတွက် အားကျရတယ်လို့ ဆိုသွားခဲ့ပြီး ဒီကစားသမားတွေရဲ့ ဘောလုံးကစားနည်းကို တောက်ပြောင်စေခဲ့ပုံကို လိုက်မီဖို့ ကြိုးစားသွားမယ်လို့လည်း ပြောသွားခဲ့တာပါ။

အန်ဆူ ဖာတီအနေနဲ့ ပီအက်စ်ဂျီက နေမာနဲ့ အမ်ဘာပေတို့ကို ပိုမိုသဘောကျပုံပေါ်ပြီး သူ့နဲ့ ကစားတဲ့ နေရာတူဖြစ်တဲ့ ဘယ်တောင်ပံကနေ အမြန်နှုန်းနဲ့ လိမ်ခေါက်ထိုးဖောက်တတ်ပုံတွေကို ကြိုက်တာဖြစ်မယ်လို့ သုံးသပ်ခဲ့ကြပြီး Team Talk ကတော့ သူ့အနေနဲ့ ဗစ်တာ ဗားလ်ဒက်စ်၊ ဇာဗီ၊ အင်နီယေစတာ၊ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ကို ရွေးချယ်ခဲ့သင့်တယ်လို့ ဝေဖန်သွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းရဲ႕ လူငယ္တိုက္စစ္မႉး အန္ဆူ ဖာတီက သူ႔အေနနဲ႔ ဘယ္ကစားသမားေတြကို အတုယူၿပီး အကယ္ဒမီနဲ႔ လူငယ္အသင္း အဆင့္ဆင့္ကေန လက္ရွိ ႏူးကမ့္ရဲ႕ ေက်ာနံပါတ္ ၁၀ ဘဝကို ေရာက္ရွိလာေအာင္ ႀကိဳးစားလာခဲ့သလိုဆိုတာကို စပိန္နာမည္ႀကီးသတင္းဌာန မာကာနဲ႔ ေတြ႕ဆုံေမးျမန္းမႈမွာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အသက္ ၁၉ ႏွစ္အ႐ြယ္မွာပဲ ဘာစီလိုနာအသင္းအတြက္ လာလီဂါဂိုး ၁၅ ဂိုး သြင္းယူထားၿပီးသလို ၿပိဳင္ပြဲစုံမွာ ၁၉ ဂိုး ရရွိထားၿပီး စပိန္ လက္ေ႐ြးစင္အသင္းႀကီးနဲ႔ ၄ ပြဲကစား ၁ ဂိုးသြင္းၿပီး အသက္အငယ္ဆုံး ဂိုးသြင္းစံခ်ိန္ကို ၁၇ ႏွစ္နဲ႔ ၃၁၁ ရက္အ႐ြယ္မွာ ရရွိထားခဲ့တဲ့ ဖာတီဟာ ေနာင္တစ္ေခတ္ရဲ႕ ေဘာလုံးဘုရင္ျဖစ္လာႏိုင္တယ္လို႔ ထင္ေၾကးေပးခံထားရတာပါ။

အန္ဆူမာနီ ဖာတီ ဗီယာရာလို႔ အမည္အျပည့္အစုံရွိတဲ့ ဂီနီဘစ္ေဆာႏြယ္ဖြား ကစားသမားေလးဟာ အသက္ ၆ ႏွစ္အ႐ြယ္မွာ စပိန္ႏိုင္ငံ ဆီဗီလာကို မိသားစုနဲ႔အတူ ေျပာင္းေ႐ႊ႕အေျခခ်ခဲ့ၿပီး ဆီဗီလာလူငယ္အကယ္ဒမီမွာ ၂၀၁၀ ကေန ၂၀၁၂ အထိ ကစားခဲ့ၿပီးမွ လာမာစီယာကို ၂၀၁၂ ခုႏွစ္မွာ စတင္ေရာက္ရွိလာခဲ့သူလည္းျဖစ္ပါတယ္။

ဖာတီက သူ႔ရဲ႕ အားက်ရတဲ့ ကစားသမားေတြထဲမွာ အသင္းရဲ႕ ဂႏၴဝင္ လီယြန္နယ္ မက္ဆီ အပါအဝင္ တိုက္စစ္ကစားသမားေကာင္းေတြကိုခ်ည္း ေ႐ြးခ်ယ္ေျပာၾကားသြားခဲ့ၿပီး သူတို႔ကို ေမွ်ာ္ၾကည့္ၿပီး ႀကိဳးစားခဲ့ရတဲ့ အေၾကာင္းနဲ႔ ဘာေၾကာင့္ သေဘာက် အတုယူရသလဲဆိုတာကို ခုလိုမ်ိဳး ဆိုပါတယ္။

“ဒီဒီေယး ဒေရာ့ဘာကေတာ့ သူ႔ရဲ႕ ခႏၶာကိုယ္ ႀကံ့ခိုင္မႈနဲ႔ အေကာင္းဆုံး ကစားျပႏိုင္သူေပါ့ဗ်ာ။ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကေတာ့ ဘယ္ဘက္က စမ္းစမ္း ေနရာတိုင္းမွာ ပေရာ္ဖက္ရွင္နယ္ ပီသေနသူမို႔ အတုယူရပါတယ္။ လီယြန္နယ္ မက္ဆီကေတာ့ မယုံၾကည္ႏိုင္ေလာက္ေအာင္ကို ေကာင္းမြန္တဲ့ ကစားသမားျဖစ္ၿပီး ေနမာရဲ႕ ကြင္းထဲမွာ ဆန္းဆန္းျပားျပား ကစားႏိုင္တာကိုလည္း လိုက္ႀကိဳးစားၾကည့္ရမွာပါ”လို႔ ဖာတီက ဆိုပါတယ္။

လာမာစီယာ အကယ္ဒမီထြက္ ေတာင္ပံသမားအေနနဲ႔ သူ႔ရဲ႕ ကစားေနက် ဘယ္ေတာင္ပံမွာ လက္ရွိ ကမာၻ႔အေကာင္းဆုံးျဖစ္ေနတဲ့ ပီအက္စ္ဂ်ီနဲ႔ ျပင္သစ္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပကိုလည္း ဂိုးသြင္းေကာင္းပုံအတြက္ အားက်ရတယ္လို႔ ဆိုသြားခဲ့ၿပီး ဒီကစားသမားေတြရဲ႕ ေဘာလုံးကစားနည္းကို ေတာက္ေျပာင္ေစခဲ့ပုံကို လိုက္မီဖို႔ ႀကိဳးစားသြားမယ္လို႔လည္း ေျပာသြားခဲ့တာပါ။

အန္ဆူ ဖာတီအေနနဲ႔ ပီအက္စ္ဂ်ီက ေနမာနဲ႔ အမ္ဘာေပတို႔ကို ပိုမိုသေဘာက်ပုံေပၚၿပီး သူ႔နဲ႔ ကစားတဲ့ ေနရာတူျဖစ္တဲ့ ဘယ္ေတာင္ပံကေန အျမန္ႏႈန္းနဲ႔ လိမ္ေခါက္ထိုးေဖာက္တတ္ပုံေတြကို ႀကိဳက္တာျဖစ္မယ္လို႔ သုံးသပ္ခဲ့ၾကၿပီး Team Talk ကေတာ့ သူ႔အေနနဲ႔ ဗစ္တာ ဗားလ္ဒက္စ္၊ ဇာဗီ၊ အင္နီေယစတာ၊ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ကို ေ႐ြးခ်ယ္ခဲ့သင့္တယ္လို႔ ေဝဖန္သြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.