Match Report Premier League UCL&UEL

အိမ္ကြင္းမွာ လူစုံမထုတ္ဘဲ ကစားခဲ့တဲ့ ယူႏုိက္တက္တုိ႔ ႏိုင္ပြဲအတြက္ အနည္းငယ္႐ုန္းကန္ခဲ့ရ

ပထမအေက်ာ့က LASK လင့္ဇ္ကို အေဝးကြင္းမွာ ငါးဂိုး-ဂိုးမရွိနဲ႔ အႏုိင္ရရွိထားခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ အုိးလ္ထရက္ဖို႔ဒ္မွာ ကစားရတဲ့ ဒုတိယအေက်ာ့ပြဲမွာေတာ့ အရန္ကစားသမားအမ်ားစုကို အသုံးျပဳခဲ့သလို ႐ိုမဲ႐ိုး၊ ဘုိင္လီ၊ မာတာ၊ လင္ဂတ္၊ ဂ်ိမ္းစ္၊ ဖရက္၊ အီဂါလိုစတဲ့ ပရီးမီးယားလိဂ္မွာ အသုံးျပဳမွဳနည္းခဲ့တဲ့သူေတြကိုပဲ ပြဲထုတ္လာခဲ့ပါတယ္။

ဆိုးလ္ရွားရဲ႕ ဖလားပြဲ အလွည့္က် လူစာရင္းမွာ ပါဝင္လာခဲ့တဲ့ ဖရက္နဲ႔ မက္ေတာ္မီေနးတုိ႔ဟာ ကြင္းလယ္ကို ေကာင္းေကာင္းထိန္းခ်ဳပ္ႏုိင္ျခင္းနဲ႔ ေဘာလုံးကိုင္ကစားမွဳေတြမွာ အားနည္းတာေၾကာင့္ အိမ္ကြင္းေပးဂိုး ၅ ဂိုးနဲ႔ ခပ္ရဲရဲကစားေနတဲ့ လင့္ဇ္ရဲ႕ High Pressing မွာ ကစားကြက္ေကာင္းေကာင္း တည္မရခဲ့ဘဲ ဧည့္သည္ေတြရဲ႕ ၿခိမ္းေျခာက္မွဳေတြကိုလည္း ႀကဳံေတြ႕ခဲ့ရပါတယ္။

ဒီေန႔ပြဲမွာ လင့္ဇ္တုိ႔ရဲ႕ မေၾကာက္မရြံ႕ ကစားမွဳေၾကာင့္ ဂိုးေပါက္ၿခိမ္းေျခာက္မွဳနဲ႔ ဂိုးေပါက္တည့္မွဳအပုိင္းမွာ ယူႏုိက္တက္တုိ႔ထက္ေတာင္မွ ပုိမ်ားခဲ့ၿပီး လူမစုံတဲ့ ကြင္းလယ္ပုိင္းက ထိထိေရာက္ေရာက္ ျပန္လည္တုံ႔ျပန္ႏုိင္ျခင္းမရွိတာေၾကာင့္ ပထမပုိင္းမွာ ေထာင့္ကန္ေဘာကေန မက္ဂြဳိင္းယားရဲ႕ ဂိုးေပါက္လြဲမွဳတခ်ဳိ႕နဲ႔ ဂိုးမရွိသေရရလဒ္သာ ထြက္ေပၚေနခဲ့ပါတယ္။

အီဂါလိုကေတာ့ ဆုိးလ္ရွားရဲ႕ ေခါက္ထားတာမ်ားလို႔ ကြင္းစိမ္းေနတဲ့ ပုံစံမ်ဳိးျဖစ္ေနသလို တြဲကစားတဲ့သူေတြနဲ႔လည္း နားလည္မွဳ နည္းေနသလို ျဖစ္ေနတာေၾကာင့္ တုိက္စစ္ပုိင္းကေတာ့ ေပါ့ဘာနဲ႔ မာစီယယ္လ္တုိ႔ ဝင္မလာခင္အထိ အလုပ္မျဖစ္ခဲ့ဘဲ ဂိုးစရသြားခဲ့သူေတြကလည္း ဧည့္သည္ေတြပဲ ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ လင့္ဇ္ဘက္က ဂိုးစတင္သြင္းယူႏုိင္ခဲ့ၿပီး ေထာင့္ကန္ေဘာကေန ယူႏုိက္တက္ေနာက္ခံလူ ဖိုဆူမန္ဆား ေခါင္းတုိက္ ရွင္းထုတ္ရာကေန ျပန္က်လာတဲ့ ေဘာလုံးကို လူကပ္ခံထားရျခင္းမရွိတဲ့ ဧည့္သည္ေနာက္ခံလူ ဖိလစ္ ဗုိင္ဆင္ဂါက ႐ိုမဲ႐ိုးရဲ႕ အေဝးတုိင္ေထာင့္ကို လွလွပပ ေဝ့ဝိုက္ကန္သြင္းၿပီး ဦးေဆာင္ႏုိင္ခဲ့သလို ဒီဂိုးကေတာ့ ေတာ္ေတာ္ေလး လွပေသသပ္ခဲ့တာလည္းျဖစ္ပါတယ္။

ႏွစ္မိနစ္အၾကာမွာေတာ့ ယူႏုိက္တက္တို႔ ဂိုးျပန္ရခဲ့ၿပီး လက္စတာနဲ႔ပြဲမွာ သူ႕ရဲ႕ ဂိုးမိုးေခါင္မွဳကို အဆုံးသတ္ႏုိင္ခဲ့တဲ့ လင္ဂတ္က တန္ျပန္ တုိက္စစ္ကေန မာတာေပးလုိက္တဲ့ ေဘာလုံးကို ဆြဲေျပးၿပီး ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ကန္မယ့္ဘက္ကို လွည့္စားၿပီး သူ႕ရဲ႕ ႏွစ္ပြဲဆက္တုိက္ Back to Back သြင္းဂိုးကို ရယူေခ်ပႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ လင္ဂတ္အစား ေပါ့ဘာ၊ ဖရက္အစား ပါရဲရား၊ ဝီလီယမ္အစား တာဟစ္ခ်ဳံး၊ ဖိုဆူမန္ဆားအစား မင္ဂီ၊ ဂ်ိမ္းစ္အစား မာစီယယ္လ္တုိ႔ ဝင္ေရာက္ကစားလာခဲ့ၿပီး ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ မာစီယယ္လ္က မာတာနဲ႔ ဝမ္းတူး႐ိုက္ဝင္တဲ့ တြဲလုံးကေန ဂိုးသမားနဲ႔ တစ္ဦးခ်င္း အေတြ႕မွာ ကန္သြင္းၿပီး အႏိုင္ဂိုးရယူသြားခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ယူႏိုက္တက္ရဲ႕ ခံစစ္ပုိင္းနဲ႔ အဖ်က္ကစားမွဳ၊ ေရြ႕လ်ားမွဳအပုိင္းေတြမွာ လိုအပ္ခ်က္ေတြ မ်ားျပားလြန္းေနခဲ့ၿပီး အရည္အေသြးခ်င္း ကြာဟေနမွဳေၾကာင့္သာ လင့္ဇ္တုိ႔ အသုံးမခ်ႏုိင္ခဲ့တာျဖစ္သလို ႐ိုမဲ႐ိုးကလည္း အနည္းငယ္ေလးလံေနခဲ့ၿပီး အသင္းမွာ ဂိုးသမားေကာင္း ေနာက္ထပ္တစ္ဦး လိုအပ္ေနၿပီလို႔ သတိေပးလိုက္သလိုလည္းျဖစ္ခဲ့ပါတယ္။

ပြဲၿပီးဆုံးခ်ိန္မွာေတာ့ ႏွစ္ဂိုး-တစ္ဂိုး (ႏွစ္ေက်ာ့ေပါင္း ခုနစ္ဂိုး-တစ္ဂိုးနဲ႔) ေနာက္တစ္ဆင့္တက္သြားခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ လာမယ့္ ကြာတားဖိုင္နယ္အဆင့္မွာေတာ့ သူတုိ႔နဲ႔ မစိမ္းတဲ့ ဒိန္းမတ္ကလပ္ ကိုပင္ေဟဂင္နဲ႔ ၾကားေျမ ဂ်ာမနီႏိုင္ငံ ကိုလုံးၿမဳိ႕က ကိုလုံးအသင္းရဲ႕ ႐ိုင္းအင္နာဂ်ီစေတဒီယမ္မွာ ကစားသြားရမွာျဖစ္ၿပီး ဆီမီးဖိုင္နယ္အတြက္ အေျခအေနေကာင္းဆဲျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပထမအကျော့က LASK လင့်ဇ်ကို အဝေးကွင်းမှာ ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ ကစားရတဲ့ ဒုတိယအကျော့ပွဲမှာတော့ အရန်ကစားသမားအများစုကို အသုံးပြုခဲ့သလို ရိုမဲရိုး၊ ဘိုင်လီ၊ မာတာ၊ လင်ဂတ်၊ ဂျိမ်းစ်၊ ဖရက်၊ အီဂါလိုစတဲ့ ပရီးမီးယားလိဂ်မှာ အသုံးပြုမှုနည်းခဲ့တဲ့သူတွေကိုပဲ ပွဲထုတ်လာခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ ဖလားပွဲ အလှည့်ကျ လူစာရင်းမှာ ပါဝင်လာခဲ့တဲ့ ဖရက်နဲ့ မက်တော်မီနေးတို့ဟာ ကွင်းလယ်ကို ကောင်းကောင်းထိန်းချုပ်နိုင်ခြင်းနဲ့ ဘောလုံးကိုင်ကစားမှုတွေမှာ အားနည်းတာကြောင့် အိမ်ကွင်းပေးဂိုး ၅ ဂိုးနဲ့ ခပ်ရဲရဲကစားနေတဲ့ လင့်ဇ်ရဲ့ High Pressing မှာ ကစားကွက်ကောင်းကောင်း တည်မရခဲ့ဘဲ ဧည့်သည်တွေရဲ့ ခြိမ်းခြောက်မှုတွေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။

ဒီနေ့ပွဲမှာ လင့်ဇ်တို့ရဲ့ မကြောက်မရွံ့ ကစားမှုကြောင့် ဂိုးပေါက်ခြိမ်းခြောက်မှုနဲ့ ဂိုးပေါက်တည့်မှုအပိုင်းမှာ ယူနိုက်တက်တို့ထက်တောင်မှ ပိုများခဲ့ပြီး လူမစုံတဲ့ ကွင်းလယ်ပိုင်းက ထိထိရောက်ရောက် ပြန်လည်တုံ့ပြန်နိုင်ခြင်းမရှိတာကြောင့် ပထမပိုင်းမှာ ထောင့်ကန်ဘောကနေ မက်ဂွိုင်းယားရဲ့ ဂိုးပေါက်လွဲမှုတချို့နဲ့ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်နေခဲ့ပါတယ်။

အီဂါလိုကတော့ ဆိုးလ်ရှားရဲ့ ခေါက်ထားတာများလို့ ကွင်းစိမ်းနေတဲ့ ပုံစံမျိုးဖြစ်နေသလို တွဲကစားတဲ့သူတွေနဲ့လည်း နားလည်မှု နည်းနေသလို ဖြစ်နေတာကြောင့် တိုက်စစ်ပိုင်းကတော့ ပေါ့ဘာနဲ့ မာစီယယ်လ်တို့ ဝင်မလာခင်အထိ အလုပ်မဖြစ်ခဲ့ဘဲ ဂိုးစရသွားခဲ့သူတွေကလည်း ဧည့်သည်တွေပဲ ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၅၅ မိနစ်မှာတော့ လင့်ဇ်ဘက်က ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီး ထောင့်ကန်ဘောကနေ ယူနိုက်တက်နောက်ခံလူ ဖိုဆူမန်ဆား ခေါင်းတိုက် ရှင်းထုတ်ရာကနေ ပြန်ကျလာတဲ့ ဘောလုံးကို လူကပ်ခံထားရခြင်းမရှိတဲ့ ဧည့်သည်နောက်ခံလူ ဖိလစ် ဗိုင်ဆင်ဂါက ရိုမဲရိုးရဲ့ အဝေးတိုင်ထောင့်ကို လှလှပပ ဝေ့ဝိုက်ကန်သွင်းပြီး ဦးဆောင်နိုင်ခဲ့သလို ဒီဂိုးကတော့ တော်တော်လေး လှပသေသပ်ခဲ့တာလည်းဖြစ်ပါတယ်။

နှစ်မိနစ်အကြာမှာတော့ ယူနိုက်တက်တို့ ဂိုးပြန်ရခဲ့ပြီး လက်စတာနဲ့ပွဲမှာ သူ့ရဲ့ ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့တဲ့ လင်ဂတ်က တန်ပြန် တိုက်စစ်ကနေ မာတာပေးလိုက်တဲ့ ဘောလုံးကို ဆွဲပြေးပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ကန်မယ့်ဘက်ကို လှည့်စားပြီး သူ့ရဲ့ နှစ်ပွဲဆက်တိုက် Back to Back သွင်းဂိုးကို ရယူချေပနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ လင်ဂတ်အစား ပေါ့ဘာ၊ ဖရက်အစား ပါရဲရား၊ ဝီလီယမ်အစား တာဟစ်ချုံး၊ ဖိုဆူမန်ဆားအစား မင်ဂီ၊ ဂျိမ်းစ်အစား မာစီယယ်လ်တို့ ဝင်ရောက်ကစားလာခဲ့ပြီး ပွဲချိန် ၈၈ မိနစ်မှာတော့ မာစီယယ်လ်က မာတာနဲ့ ဝမ်းတူးရိုက်ဝင်တဲ့ တွဲလုံးကနေ ဂိုးသမားနဲ့ တစ်ဦးချင်း အတွေ့မှာ ကန်သွင်းပြီး အနိုင်ဂိုးရယူသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ယူနိုက်တက်ရဲ့ ခံစစ်ပိုင်းနဲ့ အဖျက်ကစားမှု၊ ရွေ့လျားမှုအပိုင်းတွေမှာ လိုအပ်ချက်တွေ များပြားလွန်းနေခဲ့ပြီး အရည်အသွေးချင်း ကွာဟနေမှုကြောင့်သာ လင့်ဇ်တို့ အသုံးမချနိုင်ခဲ့တာဖြစ်သလို ရိုမဲရိုးကလည်း အနည်းငယ်လေးလံနေခဲ့ပြီး အသင်းမှာ ဂိုးသမားကောင်း နောက်ထပ်တစ်ဦး လိုအပ်နေပြီလို့ သတိပေးလိုက်သလိုလည်းဖြစ်ခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ နှစ်ဂိုး-တစ်ဂိုး (နှစ်ကျော့ပေါင်း ခုနစ်ဂိုး-တစ်ဂိုးနဲ့) နောက်တစ်ဆင့်တက်သွားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အနေနဲ့ လာမယ့် ကွာတားဖိုင်နယ်အဆင့်မှာတော့ သူတို့နဲ့ မစိမ်းတဲ့ ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်နဲ့ ကြားမြေ ဂျာမနီနိုင်ငံ ကိုလုံးမြို့က ကိုလုံးအသင်းရဲ့ ရိုင်းအင်နာဂျီစတေဒီယမ်မှာ ကစားသွားရမှာဖြစ်ပြီး ဆီမီးဖိုင်နယ်အတွက် အခြေအနေကောင်းဆဲဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.