Premier League Transfer News

OFFICIAL: နာသန္ ေအကီကို တရားဝင္စာခ်ဳပ္ေခၚယူလိုက္တဲ့ မန္ခ်က္စတာစီးတီး

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ခံစစ္ပုိင္းအားျဖည့္မွဳနဲ႔ ဒီရာသီအတြက္ ဒုတိယေျမာက္ကစားသမား ေခၚယူမွဳအျဖစ္ ဘုန္းေမာက္ အသင္းရဲ႕ ဗဟိုေနာက္ခံလူ နာသန္ ေအကီကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၄၃ သန္းနဲ႔ အစ္တီဟတ္ကြင္းဆီ ေခၚယူစာခ်ဳပ္ႏုိင္ၿပီျဖစ္ေၾကာင္း အသင္းဝက္ဘ္ဆုိက္ကေန တရားဝင္ထုတ္ျပန္ေၾကျငာသြားခဲ့ပါတယ္။

ဖယ္ရန္ ေတာရက္စ္ကို ေခၚယူထားၿပီးျဖစ္တဲ့ မန္စီးတီးအသင္းဟာ အသက္ ၂၅ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ခ်ဲလ္ဆီးလူငယ္ကစားသမားေဟာင္းကို ငါးႏွစ္စာခ်ဳပ္ေပးအပ္သြားခဲ့ၿပီး ၂၀၂၅ အထိ အသင္းမွာ ရွိေနမွာျဖစ္သလို နည္းျပ ပက္ပ္ ဂြါဒီယိုလာရဲ႕ ခံစစ္ပုိင္းျပင္ဆင္မွဳမွာ ဘယ္ျခမ္းနဲ႔ ဗဟိုေနာက္ခံလူအျဖစ္ ပါဝင္လာႏုိင္ေတာ့မွာလည္း ျဖစ္ပါတယ္။

“စီးတီးဟာ ေနာက္ဆုံးဆယ္စုႏွစ္မွာ အဂၤလန္ရဲ႕ အေကာင္းဆုံးအသင္းအျဖစ္ ရွိေနခဲ့တာပါ။ ဒီေနရာကို ကၽြန္ေတာ္ ေရာက္လာခဲ့တာကေတာ့ အိပ္မက္တစ္ခုလိုပါပဲ။ ကမာၻ႕အဆင့္ကစားသမားေတြနဲ႔ ျပည့္ႏွက္ေနတဲ့ အစုအဖြဲ႕ထဲမွာ ၾကည့္လိုက္တိုင္း လက္ေရြးစင္ကစားသမားေတြကို ျမင္ေနရပါတယ္”လို႔ ေအကီက သူ႕ရဲ႕ ပထမဆုံး အင္တာဗ်ဴးမွာ ေျပာပါတယ္။

“ပက္ပ္ကေတာ့ တစ္ကမာၻလုံးကို ေလးစားေအာင္ လုပ္ထားၿပီးသား နည္းျပပါ။ ဒီကစားနည္းမွာ သူလုပ္ျပခဲ့တဲ့ အရာေတြနဲ႔ ေအာင္ျမင္မွဳေတြက မယုံႏိုင္စရာျဖစ္ၿပီး သူ႕ရဲ႕ ကစားကြက္ ကစားဟန္နဲ႔ ေဘာလုံးအေတြးအေခၚက ကၽြန္ေတာ့္အတြက္ အရမ္းဆြဲေဆာင္မွဳႀကီးခဲ့တာ ျဖစ္ပါတယ္။ ဒီအသင္းကို ကၽြန္ေတာ္ အက်ဳိးျပဳႏုိင္ဖို႔နဲ႔ ဆုဖလားေတြ အတူရယူႏုိင္ဖို႔ ႀကဳိးစားသြားမွာပါ”လို႔ ေအကီက ဆုိပါတယ္။

ဖိုင္ယင္ေနာ့အသင္းမွာ အရည္အေသြးရွိ လူငယ္တစ္ဦးအျဖစ္ စတင္ထင္ေပၚလာခဲ့တဲ့ ေအကီဟာ အသက္ ၁၅ ႏွစ္အရြယ္မွာ ခ်ဲလ္ဆီးရဲ႕ လူငယ္အကယ္ဒမီကို ေရာက္ရွိလာခဲ့ၿပီး ရက္ဒင္း၊ ဝတ္ဖို႔ဒ္၊ ဘုန္းေမာက္အသင္းေတြမွာ အငွားနဲ႔ ကစားၿပီးတဲ့ေနာက္ ၂၀၁၇-၁၈ ရာသီမွာ ခ်ယ္ရီေတြဆီ ေျပာင္းေရႊ႕ခဲ့အၿပီးမွာ ေျခစြမ္းျပႏုိင္ခဲ့တာေၾကာင့္ အသင္းေဟာင္းနဲ႔ မန္ခ်က္စတာယူႏုိက္တက္တုိ႔က ေခၚယူဖို႔ စိတ္ဝင္စားခဲ့ၾကၿပီး ေနာက္ဆုံးမွာေတာ့ မန္ခ်က္စတာစီးတီးရဲ႕ ကစားသမားအျဖစ္ တရားဝင္ေရာက္ရွိခဲ့ၿပီျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: MANCHESTER CITY OFFICIAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ ခံစစ်ပိုင်းအားဖြည့်မှုနဲ့ ဒီရာသီအတွက် ဒုတိယမြောက်ကစားသမား ခေါ်ယူမှုအဖြစ် ဘုန်းမောက် အသင်းရဲ့ ဗဟိုနောက်ခံလူ နာသန် အေကီကို ပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်းနဲ့ အစ်တီဟတ်ကွင်းဆီ ခေါ်ယူစာချုပ်နိုင်ပြီဖြစ်ကြောင်း အသင်းဝက်ဘ်ဆိုက်ကနေ တရားဝင်ထုတ်ပြန်ကြေငြာသွားခဲ့ပါတယ်။

ဖယ်ရန် တောရက်စ်ကို ခေါ်ယူထားပြီးဖြစ်တဲ့ မန်စီးတီးအသင်းဟာ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ချဲလ်ဆီးလူငယ်ကစားသမားဟောင်းကို ငါးနှစ်စာချုပ်ပေးအပ်သွားခဲ့ပြီး ၂၀၂၅ အထိ အသင်းမှာ ရှိနေမှာဖြစ်သလို နည်းပြ ပက်ပ် ဂွါဒီယိုလာရဲ့ ခံစစ်ပိုင်းပြင်ဆင်မှုမှာ ဘယ်ခြမ်းနဲ့ ဗဟိုနောက်ခံလူအဖြစ် ပါဝင်လာနိုင်တော့မှာလည်း ဖြစ်ပါတယ်။

“စီးတီးဟာ နောက်ဆုံးဆယ်စုနှစ်မှာ အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်းအဖြစ် ရှိနေခဲ့တာပါ။ ဒီနေရာကို ကျွန်တော် ရောက်လာခဲ့တာကတော့ အိပ်မက်တစ်ခုလိုပါပဲ။ ကမ္ဘာ့အဆင့်ကစားသမားတွေနဲ့ ပြည့်နှက်နေတဲ့ အစုအဖွဲ့ထဲမှာ ကြည့်လိုက်တိုင်း လက်ရွေးစင်ကစားသမားတွေကို မြင်နေရပါတယ်”လို့ အေကီက သူ့ရဲ့ ပထမဆုံး အင်တာဗျူးမှာ ပြောပါတယ်။

“ပက်ပ်ကတော့ တစ်ကမ္ဘာလုံးကို လေးစားအောင် လုပ်ထားပြီးသား နည်းပြပါ။ ဒီကစားနည်းမှာ သူလုပ်ပြခဲ့တဲ့ အရာတွေနဲ့ အောင်မြင်မှုတွေက မယုံနိုင်စရာဖြစ်ပြီး သူ့ရဲ့ ကစားကွက် ကစားဟန်နဲ့ ဘောလုံးအတွေးအခေါ်က ကျွန်တော့်အတွက် အရမ်းဆွဲဆောင်မှုကြီးခဲ့တာ ဖြစ်ပါတယ်။ ဒီအသင်းကို ကျွန်တော် အကျိုးပြုနိုင်ဖို့နဲ့ ဆုဖလားတွေ အတူရယူနိုင်ဖို့ ကြိုးစားသွားမှာပါ”လို့ အေကီက ဆိုပါတယ်။

ဖိုင်ယင်နော့အသင်းမှာ အရည်အသွေးရှိ လူငယ်တစ်ဦးအဖြစ် စတင်ထင်ပေါ်လာခဲ့တဲ့ အေကီဟာ အသက် ၁၅ နှစ်အရွယ်မှာ ချဲလ်ဆီးရဲ့ လူငယ်အကယ်ဒမီကို ရောက်ရှိလာခဲ့ပြီး ရက်ဒင်း၊ ဝတ်ဖို့ဒ်၊ ဘုန်းမောက်အသင်းတွေမှာ အငှားနဲ့ ကစားပြီးတဲ့နောက် ၂၀၁၇-၁၈ ရာသီမှာ ချယ်ရီတွေဆီ ပြောင်းရွှေ့ခဲ့အပြီးမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အသင်းဟောင်းနဲ့ မန်ချက်စတာယူနိုက်တက်တို့က ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပြီး နောက်ဆုံးမှာတော့ မန်ချက်စတာစီးတီးရဲ့ ကစားသမားအဖြစ် တရားဝင်ရောက်ရှိခဲ့ပြီဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: MANCHESTER CITY OFFICIAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.