Ligue1 Premier League Transfer News

ဂါဘရီယယ္လ္ မာဂါလက္စ္အတြက္ အရွိန္ျမႇင့္ႀကဳိးစားလာတဲ့ အာဆင္နယ္

အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ခံစစ္ပုိင္းအတြက္ အားျဖည့္မွဳအျဖစ္ ဗဟိုေနာက္ခံလူသစ္တစ္ဦး ေခၚယူရာမွာေတာ့ အသင္းခ်င္း ဆက္ဆံေရးေကာင္းေတြရွိထားတဲ့ လိုင္လီအသင္းရဲ႕ ဘရာဇီးလ္သားေနာက္ခံလူ ဂါဘရီယယ္လ္ မာဂါလက္စ္ကို ေခၚယူဖို႔ အရွိန္ျမႇင့္ ႀကဳိးစားလာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ နည္းျပေဟာင္း အူႏုိင္း အမ္မရီရဲ႕ ေဆာင္းရာသီပစ္မွတ္ျဖစ္ခဲ့တဲ့ အသက္ ၂၂ ႏွစ္အရြယ္ ဘရာဇီးလ္သားဟာ အမ္းမရိတ္ကို ေရာက္ရွိဖို႔ သတင္းထြက္ခဲ့ဖူးသူျဖစ္ေပမယ့္ အာဆင္နယ္အသင္းရဲ႕ ကစားသမားအေျပာင္းအေရႊ႕အတြက္ အသုံးစရိတ္ မရွိမွဳေၾကာင့္ ေဆာင္းရာသီမွာ ျပန္လည္ ေနာက္ဆုတ္ခဲ့ရတာလည္းျဖစ္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္၊ အဲဗာတန္နဲ႔ နာပိုလီအသင္းေတြက စိတ္ဝင္စားေနတဲ့ ဂါဘရီယယ္လ္အတြက္ အာဆင္နယ္အသင္းကေတာ့ ေခၚယူႏုိင္ဖို႔ အေျခအေနေကာင္းေနတယ္လုိ႔ သိရၿပီး ေနပယ္လ္သားေတြကေတာ့ တုိက္စစ္မွဴး ဗစ္တာ အိုဆီမင္ကို ေခၚယူအၿပီးမွာ ဒုတိယေျမာက္ သေဘာတူညီမွဳ ရရွိႏုိင္ဖို႔ ႀကဳိးစားေနခဲ့တယ္လုိ႔လည္း ဆုိပါတယ္။

ပရီးမီးယားလိဂ္မွာ ကစားခ်င္တဲ့ ဆႏၵကို မကြယ္မဝွက္တမ္း ထုတ္ေဖာ္ေျပာၾကားထားတဲ့ ဘရာဇီးလ္ ယူ-၂၃ ေနာက္ခံလူအေနနဲ႔ အမ္မရီေနာက္မွာ ေရာက္လာတဲ့ အာတီတာနဲ႔ နည္းစနစ္ဒါ႐ိုက္တာ အီဒူးတို႔အတြက္ ဦးစားေပး ပစ္မွတ္ျဖစ္ေနဆဲျဖစ္ၿပီး ေပါင္သန္း ၃၀ ဝန္းက်င္နဲ႔ ေခၚယူႏုိင္မယ္လို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

ေနာက္ဆုံးသတင္းေတြအရေတာ့ လိုင္လီနဲ႔ အာဆင္နယ္တုိ႔အေနနဲ႔ ဂါဘရီယယ္လ္အတြက္ ေျပာင္းေရႊ႕ေၾကးေဆြးေႏြးမွဳေတြကို လုပ္ေဆာင္ ေနၾကတယ္လုိ႔ ဆုိၿပီး အသင္းရဲ႕ ဘရာဇီးလ္သားစာရင္းက ခ်ဲလ္ဆီးက ေရာက္လာဖြယ္ရွိေနတဲ့ ဝီလီယန္နဲ႔အတူ တုိးတက္မ်ားျပားလာဦးမွာလားဆုိတာ ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပလုိက္ပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ခံစစ်ပိုင်းအတွက် အားဖြည့်မှုအဖြစ် ဗဟိုနောက်ခံလူသစ်တစ်ဦး ခေါ်ယူရာမှာတော့ အသင်းချင်း ဆက်ဆံရေးကောင်းတွေရှိထားတဲ့ လိုင်လီအသင်းရဲ့ ဘရာဇီးလ်သားနောက်ခံလူ ဂါဘရီယယ်လ် မာဂါလက်စ်ကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးစားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နည်းပြဟောင်း အူနိုင်း အမ်မရီရဲ့ ဆောင်းရာသီပစ်မှတ်ဖြစ်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် ဘရာဇီးလ်သားဟာ အမ်းမရိတ်ကို ရောက်ရှိဖို့ သတင်းထွက်ခဲ့ဖူးသူဖြစ်ပေမယ့် အာဆင်နယ်အသင်းရဲ့ ကစားသမားအပြောင်းအရွှေ့အတွက် အသုံးစရိတ် မရှိမှုကြောင့် ဆောင်းရာသီမှာ ပြန်လည် နောက်ဆုတ်ခဲ့ရတာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်၊ အဲဗာတန်နဲ့ နာပိုလီအသင်းတွေက စိတ်ဝင်စားနေတဲ့ ဂါဘရီယယ်လ်အတွက် အာဆင်နယ်အသင်းကတော့ ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေတယ်လို့ သိရပြီး နေပယ်လ်သားတွေကတော့ တိုက်စစ်မှူး ဗစ်တာ အိုဆီမင်ကို ခေါ်ယူအပြီးမှာ ဒုတိယမြောက် သဘောတူညီမှု ရရှိနိုင်ဖို့ ကြိုးစားနေခဲ့တယ်လို့လည်း ဆိုပါတယ်။

ပရီးမီးယားလိဂ်မှာ ကစားချင်တဲ့ ဆန္ဒကို မကွယ်မဝှက်တမ်း ထုတ်ဖော်ပြောကြားထားတဲ့ ဘရာဇီးလ် ယူ-၂၃ နောက်ခံလူအနေနဲ့ အမ်မရီနောက်မှာ ရောက်လာတဲ့ အာတီတာနဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးတို့အတွက် ဦးစားပေး ပစ်မှတ်ဖြစ်နေဆဲဖြစ်ပြီး ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

နောက်ဆုံးသတင်းတွေအရတော့ လိုင်လီနဲ့ အာဆင်နယ်တို့အနေနဲ့ ဂါဘရီယယ်လ်အတွက် ပြောင်းရွှေ့ကြေးဆွေးနွေးမှုတွေကို လုပ်ဆောင် နေကြတယ်လို့ ဆိုပြီး အသင်းရဲ့ ဘရာဇီးလ်သားစာရင်းက ချဲလ်ဆီးက ရောက်လာဖွယ်ရှိနေတဲ့ ဝီလီယန်နဲ့အတူ တိုးတက်များပြားလာဦးမှာလားဆိုတာ စောင့်ကြည့်ရဖို့ ဖော်ပြလိုက်ပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.