Ligue1 Premier League Transfer News

လိဂန်းကြယ်ပွင့်ကို နွေရာသီထိပ်တန်းပစ်မှတ်အဖြစ် နောက်ထပ်တစ်ကြိမ် သတ်မှတ်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအတွက် ၂၀၂၁-၂၀၂၂ ရာသီဟာ ခါးခါးသီးသီး စိတ်ပျက်စရာ အဆုံးသတ်ခဲ့ပေမယ့်လည်း တစ်ရာသီလုံး ကွင်းတွင်းရော ကွင်းပြင်ပမှာ အပေါင်းလက္ခဏာဆောင်တဲ့ ဦးတည်ချက်အတိုင်း ရွေ့လျားနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

၂၀၁၉ ခုနှစ်မှာ နည်းပြ အာတီတာကို ခန့်အပ်ပြီးကတည်းက အဆင့် ၅ နေရာမှာ ရာသီပြီးဆုံးနိုင်ခဲ့တာက အာဆင်နယ်ရဲ့ အမြင့်မားဆုံး ရပ်တည်မှုဖြစ်ခဲ့ပေမယ့်လည်း အာဆင်နယ်ပရိသတ်အများအပြားအတွက်တော့ တစ်ရာသီလုံး အကောင်းဆုံးလုပ်နိုင်ခဲ့တာထက် ချန်ပီယံလိဂ်ဝင်ခွင့် ၆ ရာသီဆက်တိုက် လွဲချော်ခဲ့တာကိုသာ ပိုမြင်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။

အာတီတာဟာ ကွင်းလယ်နေရာကို တိုးတက်အောင် လုပ်ရမယ့်နေရာအဖြစ် သတ်မှတ်ခဲ့ပုံပေါ်ပြီး The Sun ရဲ့ သတင်းအရ မြောက်လန်ဒန်ကလပ်အသင်းဟာ ဟူဆန် အာဝါကို ခေါ်ယူဖို့ ၃ ရာသီဆက်တိုက် စိတ်ဝင်စားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

လီယွန်ကွင်းလယ်ကြယ်ပွင့်ဟာ ချာကာနဲ့ သောမတ်စ် ပါတေးတို့လိုမျိုး ကွင်းလယ်ခံစစ်ကစားသမားတွေအတွက် အကူအညီဖြစ်စေနိုင်မယ့် ဘောလုံးအမြင်စူးရှပြီး အလိမ်အခေါက်ကျွမ်းကျင်တဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကစားသမားဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမားကို လီယွန်အသင်းက စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ ရပ်တန့်နေတာကြောင့် ပေါင် ၁၂.၆ သန်းလောက်နဲ့ဆိုရင် ရောင်းထုတ်လိမ့်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ပြင်သစ်ကွင်းလယ်ကစားသမားဟာ မြင့်မားတဲ့ လစာပမာဏ တောင်းဆိုမှုတွေ ရှိနေပြီး အာဆင်နယ်လိုမျိုး လီယွန်ထက် ပိုမိုချမ်းသာကြွယ်ဝတဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းအတွက်တော့ အဟန့်အတားဖြစ်စေနိုင်မှာမဟုတ်တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဟူဆန် အာဝါကို ခေါ်ယူနိုင်ဖို့အတွက် လီဗာပူးလ်၊ ရီးရဲလ် ဘက်တစ်၊ ရီးရဲလ် ဆိုစီဒက်တို့ဆီကနေ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုကို ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီအသင်းတွေအားလုံးဟာ လက်ရှိမှာ လီယွန် ကွင်းလယ်ကစားသမားကို အနီးကပ်စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့မှုက ဒီနေရာမှာ အတားအဆီးတစ်ခု ဖြစ်လာနိုင်ပြီး ဟူဆန် အာဝါက ၎င်းရဲ့နောက်ထပ်အသင်းသစ်ဟာ ချန်ပီယံလိဂ်ကစားရတဲ့အသင်းဖြစ်စေချင်တာဖြစ်ပါတယ်။

လီယွန် ကွင်းလယ်ကြယ်ပွင့်ဟာ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒက်စ်ချမ့်ရဲ့ ပြင်သစ်လက်ရွေးစင်လူစာရင်းထဲမှာ တစ်စိတ်တပိုင်းအဖြစ် ရွေးချယ်ခြင်း ခံရဖို့ ရည်မှန်းထားတာကြောင့် ပုံမှန်ပွဲထွက်ကစားခွင့်အပြင် ဥရောပထိပ်တန်းပြိုင်ပွဲမှာပါ ခြေစွမ်းပြသချင်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းအတြက္ ၂၀၂၁-၂၀၂၂ ရာသီဟာ ခါးခါးသီးသီး စိတ္ပ်က္စရာ အဆုံးသတ္ခဲ့ေပမယ့္လည္း တစ္ရာသီလုံး ကြင္းတြင္းေရာ ကြင္းျပင္ပမွာ အေပါင္းလကၡဏာေဆာင္တဲ့ ဦးတည္ခ်က္အတိုင္း ေရြ႕လ်ားေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

၂၀၁၉ ခုႏွစ္မွာ နည္းၿပ အာတီတာကို ခန႔္အပ္ၿပီးကတည္းက အဆင့္ ၅ ေနရာမွာ ရာသီၿပီးဆုံးနိုင္ခဲ့တာက အာဆင္နယ္ရဲ့ အျမင့္မားဆုံး ရပ္တည္မႈျဖစ္ခဲ့ေပမယ့္လည္း အာဆင္နယ္ပရိသတ္အမ်ားအျပားအတြက္ေတာ့ တစ္ရာသီလုံး အေကာင္းဆုံးလုပ္နိုင္ခဲ့တာထက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ ၆ ရာသီဆက္တိုက္ လြဲေခ်ာ္ခဲ့တာကိုသာ ပိုျမင္စရာျဖစ္ခဲ့တာျဖစ္ပါတယ္။

အာတီတာဟာ ကြင္းလယ္ေနရာကို တိုးတက္ေအာင္ လုပ္ရမယ့္ေနရာအျဖစ္ သတ္မွတ္ခဲ့ပုံေပၚၿပီး The Sun ရဲ့ သတင္းအရ ေျမာက္လန္ဒန္ကလပ္အသင္းဟာ ဟူဆန္ အာဝါကို ေခၚယူဖို႔ ၃ ရာသီဆက္တိုက္ စိတ္ဝင္စားေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

လီယြန္ကြင္းလယ္ၾကယ္ပြင့္ဟာ ခ်ာကာနဲ႔ ေသာမတ္စ္ ပါေတးတို႔လိုမ်ိဳး ကြင္းလယ္ခံစစ္ကစားသမားေတြအတြက္ အကူအညီျဖစ္ေစနိုင္မယ့္ ေဘာလုံးအျမင္စူးရွၿပီး အလိမ္အေခါက္ကၽြမ္းက်င္တဲ့ အရည္အခ်င္းေတြကို ပိုင္ဆိုင္ထားတဲ့ ကစားသမားျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားကို လီယြန္အသင္းက စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးညႇိႏွိုင္းမႈေတြ ရပ္တန႔္ေနတာေၾကာင့္ ေပါင္ ၁၂.၆ သန္းေလာက္နဲ႔ဆိုရင္ ေရာင္းထုတ္လိမ့္မယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ ျပင္သစ္ကြင္းလယ္ကစားသမားဟာ ျမင့္မားတဲ့ လစာပမာဏ ေတာင္းဆိုမႈေတြ ရွိေနၿပီး အာဆင္နယ္လိုမ်ိဳး လီယြန္ထက္ ပိုမိုခ်မ္းသာႂကြယ္ဝတဲ့ ပရီးမီးယားလိဂ္ကလပ္အသင္းတစ္သင္းအတြက္ေတာ့ အဟန႔္အတားျဖစ္ေစနိုင္မွာမဟုတ္တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ဟူဆန္ အာဝါကို ေခၚယူနိုင္ဖို႔အတြက္ လီဗာပူးလ္၊ ရီးရဲလ္ ဘက္တစ္၊ ရီးရဲလ္ ဆိုစီဒက္တို႔ဆီကေန ျပင္းထန္တဲ့ ယွဥ္ၿပိဳင္မႈကို ရင္ဆိုင္ရမွာျဖစ္ၿပီး အဲဒီအသင္းေတြအားလုံးဟာ လက္ရွိမွာ လီယြန္ ကြင္းလယ္ကစားသမားကို အနီးကပ္ေစာင့္ၾကည့္ေနၾကတာျဖစ္ပါတယ္။

အာဆင္နယ္ရဲ့ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ လြဲေခ်ာ္ခဲ့မႈက ဒီေနရာမွာ အတားအဆီးတစ္ခု ျဖစ္လာနိုင္ၿပီး ဟူဆန္ အာဝါက ၎ရဲ့ေနာက္ထပ္အသင္းသစ္ဟာ ခ်န္ပီယံလိဂ္ကစားရတဲ့အသင္းျဖစ္ေစခ်င္တာျဖစ္ပါတယ္။

လီယြန္ ကြင္းလယ္ၾကယ္ပြင့္ဟာ လာမယ့္ နိုဝင္ဘာလမွာ က်င္းပမယ့္ ၂၀၂၂ ကာတာ ကမၻာ့ဖလားၿပိဳင္ပြဲအတြက္ ဒက္စ္ခ်မ့္ရဲ့ ျပင္သစ္လက္ေရြးစင္လူစာရင္းထဲမွာ တစ္စိတ္တပိုင္းအျဖစ္ ေရြးခ်ယ္ျခင္း ခံရဖို႔ ရည္မွန္းထားတာေၾကာင့္ ပုံမွန္ပြဲထြက္ကစားခြင့္အျပင္ ဥေရာပထိပ္တန္းၿပိဳင္ပြဲမွာပါ ေျခစြမ္းျပသခ်င္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.