Premier League

လီဗာပူးလ်ရဲ့ အပြောင်းအရွှေ့အစီအစဉ်ကို အာဆင်နယ်တို့ ဘယ်လိုဖျက်ဆီးခဲ့လဲ

လီဗာပူးလ်အသင်းဟာ ယခုနွေရာသီမှာ ဆွန်ဟောင်မင်အတွက် ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ပြင်ဆင်နေပေမယ့်လည်း အာဆင်နယ်အသင်းက ၎င်းတို့ရဲ့ အစီအစဉ်ကို ဖျက်ဆီးပစ်ခဲ့တယ်လို့ football.london က ဖော်ပြခဲ့ပါတယ်။

ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ပြီး ဥရောပမှာ ရှိတဲ့ ဘယ်လိုထိပ်တန်းအသင်းကြီးမျိုးမှာမဆို ကစားနိုင်စွမ်းရှိတဲ့ ကစားသမား ဖြစ်ပါတယ်။ လက်ရှိမှာ ဆာဒီယို မာနေးက အန်းဖီးကို ယခုနွေရာသီမှာ စွန့်ခွာဖို့ စီစဉ်နေပြီဖြစ်တာကြောင့် ဆွန်ဟောင်မင်ဟာ ယာဂန် ကလော့ပ်ရဲ့ ပြီးပြည့်စုံတဲ့ အစားထိုးခေါ်ယူမှုဖြစ်လာမှာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ မာနေးရော၊ ဆာလားပါ ထွက်ခွာနိုင်ခြေရှိနေတာကြောင့် တောင်ကိုရီးယားကြယ်ပွင့်တိုက်စစ်မှူးအတွက် ကြီးမားတဲ့ ငွေကြေးပမာဏသုံးစွဲပြီး ခေါ်ယူသွားဖို့အတွက် ကြိုတင်ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးလ်က ဆွန်ဟောင်မင်ကို ခေါ်ယူနိုင်ဖို့အတွက် အခွင့်အရေး ပိုမိုအားကောင်းအောင် တော့တင်ဟမ်ဟော့စပါးအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်စေချင်ခဲ့ပေမယ့်လည်း အာဆင်နယ်ရဲ့ ရာသီနှောင်းပိုင်း ခြေစွမ်းမတည်ငြိမ်မှုကြောင့် ၎င်းတို့ရဲ့ အစီအစဉ်က ထင်သလိုဖြစ်မလာခဲ့တာဖြစ်ပါတယ်။

ကလော့ပ်ဟာ ဆွန်ဟောင်မင်ရဲ့ အမာခံပရိသတ်ဖြစ်ခဲ့တာ ကြာခဲ့ပြီဖြစ်ပြီး တောင်ကိုရီးယားတိုက်စစ်မှူးက ဘွန်ဒက်စ်လီဂါမှာ နာမည်တစ်လုံး စတင်ရရှိခဲ့ချိန်ကတည်းက ဒေါ့မွန်နည်းပြအဖြစ် ဆောင်ရွက်နေခဲ့တဲ့ ကလော့ပ်က သဘောကျခဲ့တာဖြစ်ပါတယ်။ ကလော့ပ်နဲ့ ဆွန်ဟောင်မင်တို့ဟာ လီဗာပူးလ်က တော့တင်ဟမ်ဟော့စပါးနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အကြိမ်ပေါင်းများစွာ တီးတိုးတီးတိုးလုပ်နေခဲ့ကြတာကို မြင်တွေ့ခဲ့ရပြီး အပြောင်းအရွှေ့ပြုလုပ်ဖို့အတွက် ဆွေးနွေးနေခဲ့တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

လီဗာပူးလ်အသင်းဟာ လက်ရှိမှာတော့ ယခုနွေရာသီမှာ ဆွန်ဟောင်မင်ကို ခေါ်ယူဖို့ ကြီးမားတဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့် နည်းပြကွန်တီလက်အောက်မှာ စပါးစ်ရဲ့ ခေါင်းထောင်လာမှုကြောင့် ၎င်းတို့ရဲ့ အစီအစဉ်ဟာ ဖျက်ဆီးခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

ဆွန်ဟောင်မင်ဟာ ဟာရီ ကိန်းနဲ့အတူ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ တန်ဖိုးအရှိဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ယခုရာသီအစောပိုင်းမှာတင် အသင်းနဲ့ ၄ နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ ဆွန်ဟောင်မင်ကို ထွက်ခွာခွင့်ပေးဖို့ဆိုရင် ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေး တောင်းဆိုကောင်း တောင်းဆိုနိုင်ပြီး လီဗာပူးလ်အသင်းကတော့ ဆင်ပြောင်ကြီး အမြီးကျမှတစ်သွားတဲ့ အာဆင်နယ်ကြောင့် ဆွန်ဟောင်မင်ကို လက်လျှော့ရတော့မှာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အာဆင်နယ်ရဲ့ ခြေချော်မှုကြောင့် ထိပ်ဆုံး ၄ နေရာအတွင်း ဝင်ခွင့်ရခဲ့တဲ့အပြင် ဆွန်ဟောင်မင်ဟာ လီဗာပူးလ်ကြယ်ပွင့် မိုဟာမက် ဆာလားနဲ့အတူ ရွှေဖိနပ်ဆုကိုပါ ပူးတွဲ ရရှိသွားခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ပထမဆုံးရရှိခဲ့တဲ့ အာရှသားဖြစ်ခဲ့တဲ့ ဆွန်ဟောင်မင်ဟာ လက်ရှိမှာ စပါးစ်နဲ့ ရာသီသစ်ကို ဖြတ်သန်းဖို့ စောင့်မျှော်နေမှာဖြစ်ပြီး နည်းပြကွန်တီနဲ့လည်း အလွန်ခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒါက လီဗာပူးလ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာခဲ့ပြီး မာနေးကလည်း အန်းဖီးကထွက်ပြီး တခြားတစ်နေရာမှာ စိန်ခေါ်မှုအသစ်တွေ ရှာဖွေဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ ရှင်းရှင်းလင်းလင်း အသိပေးခဲ့ပြီးပြီဖြစ်တာကြောင့် တခြားကြယ်ပွင့်အသစ်တစ်ဦးကို ရှာဖွေရတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းဟာ ယခုေႏြရာသီမွာ ဆြန္ေဟာင္မင္အတြက္ ကမ္းလွမ္းမႈ ျပဳလုပ္သြားဖို႔ ျပင္ဆင္ေနေပမယ့္လည္း အာဆင္နယ္အသင္းက ၎တို႔ရဲ့ အစီအစဥ္ကို ဖ်က္ဆီးပစ္ခဲ့တယ္လို႔ football.london က ေဖာ္ျပခဲ့ပါတယ္။

ဆြန္ေဟာင္မင္ဟာ ပရီးမီးယားလိဂ္ရဲ့ အေကာင္းဆုံး တိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္ၿပီး ဥေရာပမွာ ရွိတဲ့ ဘယ္လိုထိပ္တန္းအသင္းႀကီးမ်ိဳးမွာမဆို ကစားနိုင္စြမ္းရွိတဲ့ ကစားသမား ျဖစ္ပါတယ္။ လက္ရွိမွာ ဆာဒီယို မာေနးက အန္းဖီးကို ယခုေႏြရာသီမွာ စြန႔္ခြာဖို႔ စီစဥ္ေနၿပီျဖစ္တာေၾကာင့္ ဆြန္ေဟာင္မင္ဟာ ယာဂန္ ကေလာ့ပ္ရဲ့ ၿပီးျပည့္စုံတဲ့ အစားထိုးေခၚယူမႈျဖစ္လာမွာ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ မာေနးေရာ၊ ဆာလားပါ ထြက္ခြာနိုင္ေျခရွိေနတာေၾကာင့္ ေတာင္ကိုရီးယားၾကယ္ပြင့္တိုက္စစ္မႉးအတြက္ ႀကီးမားတဲ့ ေငြေၾကးပမာဏသုံးစြဲၿပီး ေခၚယူသြားဖို႔အတြက္ ႀကိဳတင္ျပင္ဆင္ေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လီဗာပူးလ္က ဆြန္ေဟာင္မင္ကို ေခၚယူနိုင္ဖို႔အတြက္ အခြင့္အေရး ပိုမိုအားေကာင္းေအာင္ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကို ခ်န္ပီယံလိဂ္ဝင္ခြင့္ လြဲေခ်ာ္ေစခ်င္ခဲ့ေပမယ့္လည္း အာဆင္နယ္ရဲ့ ရာသီေႏွာင္းပိုင္း ေျခစြမ္းမတည္ၿငိမ္မႈေၾကာင့္ ၎တို႔ရဲ့ အစီအစဥ္က ထင္သလိုျဖစ္မလာခဲ့တာျဖစ္ပါတယ္။

ကေလာ့ပ္ဟာ ဆြန္ေဟာင္မင္ရဲ့ အမာခံပရိသတ္ျဖစ္ခဲ့တာ ၾကာခဲ့ၿပီျဖစ္ၿပီး ေတာင္ကိုရီးယားတိုက္စစ္မႉးက ဘြန္ဒက္စ္လီဂါမွာ နာမည္တစ္လုံး စတင္ရရွိခဲ့ခ်ိန္ကတည္းက ေဒါ့မြန္နည္းျပအျဖစ္ ေဆာင္ရြက္ေနခဲ့တဲ့ ကေလာ့ပ္က သေဘာက်ခဲ့တာျဖစ္ပါတယ္။ ကေလာ့ပ္နဲ႔ ဆြန္ေဟာင္မင္တို႔ဟာ လီဗာပူးလ္က ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ အႀကိမ္ေပါင္းမ်ားစြာ တီးတိုးတီးတိုးလုပ္ေနခဲ့ၾကတာကို ျမင္ေတြ႕ခဲ့ရၿပီး အေျပာင္းအေရႊ႕ျပဳလုပ္ဖို႔အတြက္ ေဆြးေႏြးေနခဲ့တာလည္း ျဖစ္ေကာင္း ျဖစ္နိုင္ပါတယ္။

လီဗာပူးလ္အသင္းဟာ လက္ရွိမွာေတာ့ ယခုေႏြရာသီမွာ ဆြန္ေဟာင္မင္ကို ေခၚယူဖို႔ ႀကီးမားတဲ့ ကမ္းလွမ္းမႈ ျပဳလုပ္သြားဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ေပမယ့္ နည္းျပကြန္တီလက္ေအာက္မွာ စပါးစ္ရဲ့ ေခါင္းေထာင္လာမႈေၾကာင့္ ၎တို႔ရဲ့ အစီအစဥ္ဟာ ဖ်က္ဆီးျခင္းခံခဲ့ရတယ္လို႔ သိရပါတယ္။

ဆြန္ေဟာင္မင္ဟာ ဟာရီ ကိန္းနဲ႔အတူ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ့ တန္ဖိုးအရွိဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ယခုရာသီအေစာပိုင္းမွာတင္ အသင္းနဲ႔ ၄ ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအေနနဲ႔ ဆြန္ေဟာင္မင္ကို ထြက္ခြာခြင့္ေပးဖို႔ဆိုရင္ ပရီးမီးယားလိဂ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေတာင္းဆိုေကာင္း ေတာင္းဆိုနိုင္ၿပီး လီဗာပူးလ္အသင္းကေတာ့ ဆင္ေျပာင္ႀကီး အၿမီးက်မွတစ္သြားတဲ့ အာဆင္နယ္ေၾကာင့္ ဆြန္ေဟာင္မင္ကို လက္ေလၽွာ့ရေတာ့မွာ ျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ အာဆင္နယ္ရဲ့ ေျခေခ်ာ္မႈေၾကာင့္ ထိပ္ဆုံး ၄ ေနရာအတြင္း ဝင္ခြင့္ရခဲ့တဲ့အျပင္ ဆြန္ေဟာင္မင္ဟာ လီဗာပူးလ္ၾကယ္ပြင့္ မိုဟာမက္ ဆာလားနဲ႔အတူ ေရႊဖိနပ္ဆုကိုပါ ပူးတြဲ ရရွိသြားခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ေရႊဖိနပ္ဆုကို ပထမဆုံးရရွိခဲ့တဲ့ အာရွသားျဖစ္ခဲ့တဲ့ ဆြန္ေဟာင္မင္ဟာ လက္ရွိမွာ စပါးစ္နဲ႔ ရာသီသစ္ကို ျဖတ္သန္းဖို႔ ေစာင့္ေမၽွာ္ေနမွာျဖစ္ၿပီး နည္းျပကြန္တီနဲ႔လည္း အလြန္ခိုင္မာတဲ့ ဆက္ဆံေရး တည္ေဆာက္ထားနိုင္ခဲ့တာျဖစ္ပါတယ္။

အဲဒါက လီဗာပူးလ္အတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ ျဖစ္လာခဲ့ၿပီး မာေနးကလည္း အန္းဖီးကထြက္ၿပီး တျခားတစ္ေနရာမွာ စိန္ေခၚမႈအသစ္ေတြ ရွာေဖြဖို႔ အဆင္သင့္ျဖစ္ေနၿပီဆိုတာ ရွင္းရွင္းလင္းလင္း အသိေပးခဲ့ၿပီးၿပီျဖစ္တာေၾကာင့္ တျခားၾကယ္ပြင့္အသစ္တစ္ဦးကို ရွာေဖြရေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.