Premier League

PFA ပရိသတ်တွေက ပေးတဲ့ အကောင်းဆုံးဆုကို ရသွားပြန်တဲ့ ဆာလား

ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ကံမလိုက်ခဲ့ဘဲ ဂိုးကန်သွင်းမှုတွေကို ပြိုင်ဘက်ဂိုးသမား သီဘို ကူတွာရဲ့ အကြိမ်ကြိမ် ပုတ်ထုတ်ကာကွယ်ခံခဲ့ရတဲ့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလားအတွက်တော့ ဥရောပဆုဖလား နှစ်သိမ့်မှုအဖြစ် နောက်ထပ် တစ်ဦးချင်းအကောင်းဆုံး ဆုတစ်ဆုကို ထပ်မံရရှိခဲ့ပြန်ပြီဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် အီဂျစ်တိုက်စစ်မှူးရဲ့ ၆ ကြိမ် ဂိုးပေါက်တည့်မှုအပြင် ကျန်တဲ့ ၃ ကြိမ်ကိုပါ စုစုပေါင်း ၉ ကြိမ်နဲ့ ကာကွယ်သွားခဲ့တဲ့ ဘယ်လ်ဂျီယမ်ဂိုးသမားကြောင့် စိတ်ပျက်ခဲ့ရမှုတွေအပြီးမှာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများ အစည်းအရုံးကနေ ပရိသတ်တွေရဲ့ မဲပေးမှုတွေကို ကောက်ခံချီးမြှင့်တဲ့ ဆုဖြစ်တဲ့ PFA Fan’s Player of the Year ဆုကို ဆာလားက ဆွတ်ခူးနိုင်ခဲ့တာပါ။

ပရီးမီးယားလိဂ်မှာ ဆွန်ဟောင်မင်နဲ့ အပြိုင် ဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ ဆာလားဟာ ပရီးမီးယားလိဂ်အသင်း ၂၀ ရဲ့ ကပ္ပတိန်တွေနဲ့ ကလောင်ရှင်တွေပါ ပါဝင်မဲပေးခဲ့ကြတဲ့ ဒီဆုကို လီဗာပူးလ်အသင်းနဲ့အတူ သုံးကြိမ်မြောက် ရယူနိုင်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်တွေမှာလည်း နှစ်ကြိမ်ရယူခဲ့ဖူးသလို ဒီဆုသမိုင်းမှာတော့ အများဆုံး ရယူနိုင်သူလည်းဖြစ်လာခဲ့ပါတယ်။

အားကစားကလောင်ရှင်များ အစည်းအရုံးက ချီးမြှင့်တဲ့ FWA အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ရရှိထားခဲ့တဲ့ ဆာလားဟာ ဒီဆုတွေကို ရယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော အီဂျစ်သားလည်းဖြစ်နေခဲ့ပြီး ဒီရာသီမှာ သူ့ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး ၂၃ ဂိုးနဲ့ ဖန်တီးမှု ၁၃ ကြိမ်ကတော့ ပြီးခဲ့တဲ့ ရာသီက ဟာရီကိန်းရဲ့ အတွဲလိုက်ရယူခဲ့တဲ့ စံချိန်ကိုလည်း လိုက်မီသွားခဲ့တာပါ။

ဆာလားအနေနဲ့ PFA ပရိသတ်တွေက ပေးတဲ့ အကောင်းဆုံးဆုကို ရယူဖို့အတွက် ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ကီဗင် ဒီဘရိုင်းနားနဲ့ ပြိုင်ဆိုင်ခဲ့ရပြီး အသက် ၃၀ အရွယ် စီးတီးကစားသမားကတော့ ဒီပြိုင်ပွဲမှာ သွင်းဂိုး ၁၅ ဂိုးနဲ့ ဖန်တီးမှု ၈ ကြိမ်သာ လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်တိုက်စစ်မှူးအနေနဲ့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဆုဖလားတွေကို နောက်ဆုံးချိန်တွေမှာ လွဲချော်ခဲ့ရပေမယ့် အသင်းနဲ့အတူ ကာရာဘောင်းဖလားနဲ့ အက်ဖ်အေဖလားတို့ကို ရယူထားနိုင်ခဲ့ပြီး ဒဏ်ရာတွေကြောင့် ရာသီအစမှာ ရုန်းကန်ခဲ့ရတဲ့ ဘယ်လ်ဂျီယမ်ကွင်းလယ်လူ ဒီဘရိုင်းနားကတော့ မဲပေးမှုမှာ လျော့နည်းခဲ့ရတာပါ။

PFA ရဲ့ အကောင်းဆုံးဆုအတွက် ရေပန်းစားခဲ့သေးတဲ့ ကစားသမားတွေကတော့ ဖီးလ် ဖိုဒန်၊ ဒက်ကလန် ရိုက်စ်နဲ့ ကွန်နာ ဂါလာဂါတို့ဖြစ်ခဲ့ကြပြီး ဆာလားရဲ့ ဆုရရှိမှုကတော့ လီဗာပူးလ်အသင်းကို ဒီဆုသမိုင်းမှာ ၈ ကြိမ်အထိ အသင်းလိုက် စံချိန်တင်ရရှိမှုလည်းဖြစ်စေခဲ့သလို လိဂ်ချန်ပီယံရှစ်အတွက် ချီးမြှင့်တဲ့ တစ်နှစ်တာဆုကိုတော့ ဖူလ်ဟမ်အသင်းနဲ့ ၄၃ ဂိုးသွင်းယူခဲ့တဲ့ အလက်ဇန်းဒါး မီထရိုဗစ်ချ်က ရရှိသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ကံမလိုက္ခဲ့ဘဲ ဂိုးကန္သြင္းမႈေတြကို ၿပိဳင္ဘက္ဂိုးသမား သီဘို ကူတြာရဲ႕ အႀကိမ္ႀကိမ္ ပုတ္ထုတ္ကာကြယ္ခံခဲ့ရတဲ့ လီဗာပူးလ္တိုက္စစ္မႉး မိုဟာမက္ ဆာလားအတြက္ေတာ့ ဥေရာပဆုဖလား ႏွစ္သိမ့္မႈအျဖစ္ ေနာက္ထပ္ တစ္ဦးခ်င္းအေကာင္းဆုံး ဆုတစ္ဆုကို ထပ္မံရရွိခဲ့ျပန္ၿပီျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ အီဂ်စ္တိုက္စစ္မႉးရဲ႕ ၆ ႀကိမ္ ဂိုးေပါက္တည့္မႈအျပင္ က်န္တဲ့ ၃ ႀကိမ္ကိုပါ စုစုေပါင္း ၉ ႀကိမ္နဲ႔ ကာကြယ္သြားခဲ့တဲ့ ဘယ္လ္ဂ်ီယမ္ဂိုးသမားေၾကာင့္ စိတ္ပ်က္ခဲ့ရမႈေတြအၿပီးမွာ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားမ်ား အစည္းအ႐ုံးကေန ပရိသတ္ေတြရဲ႕ မဲေပးမႈေတြကို ေကာက္ခံခ်ီးျမႇင့္တဲ့ ဆုျဖစ္တဲ့ PFA Fan’s Player of the Year ဆုကို ဆာလားက ဆြတ္ခူးႏိုင္ခဲ့တာပါ။

ပရီးမီးယားလိဂ္မွာ ဆြန္ေဟာင္မင္နဲ႔ အၿပိဳင္ ဂိုးသြင္းဘုရင္ျဖစ္ခဲ့တဲ့ ဆာလားဟာ ပရီးမီးယားလိဂ္အသင္း ၂၀ ရဲ႕ ကပၸတိန္ေတြနဲ႔ ကေလာင္ရွင္ေတြပါ ပါဝင္မဲေပးခဲ့ၾကတဲ့ ဒီဆုကို လီဗာပူးလ္အသင္းနဲ႔အတူ သုံးႀကိမ္ေျမာက္ ရယူႏိုင္ခဲ့တာျဖစ္ၿပီး ၂၀၁၈ ခုႏွစ္နဲ႔ ၂၀၂၁ ခုႏွစ္ေတြမွာလည္း ႏွစ္ႀကိမ္ရယူခဲ့ဖူးသလို ဒီဆုသမိုင္းမွာေတာ့ အမ်ားဆုံး ရယူႏိုင္သူလည္းျဖစ္လာခဲ့ပါတယ္။

အားကစားကေလာင္ရွင္မ်ား အစည္းအ႐ုံးက ခ်ီးျမႇင့္တဲ့ FWA အေကာင္းဆုံး ေဘာလုံးသမားဆုကိုလည္း ရရွိထားခဲ့တဲ့ ဆာလားဟာ ဒီဆုေတြကို ရယူႏိုင္ခဲ့တဲ့ တစ္ဦးတည္းေသာ အီဂ်စ္သားလည္းျဖစ္ေနခဲ့ၿပီး ဒီရာသီမွာ သူ႔ရဲ႕ ပရီးမီးယားလိဂ္သြင္းဂိုး ၂၃ ဂိုးနဲ႔ ဖန္တီးမႈ ၁၃ ႀကိမ္ကေတာ့ ၿပီးခဲ့တဲ့ ရာသီက ဟာရီကိန္းရဲ႕ အတြဲလိုက္ရယူခဲ့တဲ့ စံခ်ိန္ကိုလည္း လိုက္မီသြားခဲ့တာပါ။

ဆာလားအေနနဲ႔ PFA ပရိသတ္ေတြက ေပးတဲ့ အေကာင္းဆုံးဆုကို ရယူဖို႔အတြက္ ဒီရာသီမွာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ဆြတ္ခူးခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ ၿပိဳင္ဆိုင္ခဲ့ရၿပီး အသက္ ၃၀ အ႐ြယ္ စီးတီးကစားသမားကေတာ့ ဒီၿပိဳင္ပြဲမွာ သြင္းဂိုး ၁၅ ဂိုးနဲ႔ ဖန္တီးမႈ ၈ ႀကိမ္သာ လုပ္ေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္တိုက္စစ္မႉးအေနနဲ႔ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ဆုဖလားေတြကို ေနာက္ဆုံးခ်ိန္ေတြမွာ လြဲေခ်ာ္ခဲ့ရေပမယ့္ အသင္းနဲ႔အတူ ကာရာေဘာင္းဖလားနဲ႔ အက္ဖ္ေအဖလားတို႔ကို ရယူထားႏိုင္ခဲ့ၿပီး ဒဏ္ရာေတြေၾကာင့္ ရာသီအစမွာ ႐ုန္းကန္ခဲ့ရတဲ့ ဘယ္လ္ဂ်ီယမ္ကြင္းလယ္လူ ဒီဘ႐ိုင္းနားကေတာ့ မဲေပးမႈမွာ ေလ်ာ့နည္းခဲ့ရတာပါ။

PFA ရဲ႕ အေကာင္းဆုံးဆုအတြက္ ေရပန္းစားခဲ့ေသးတဲ့ ကစားသမားေတြကေတာ့ ဖီးလ္ ဖိုဒန္၊ ဒက္ကလန္ ႐ိုက္စ္နဲ႔ ကြန္နာ ဂါလာဂါတို႔ျဖစ္ခဲ့ၾကၿပီး ဆာလားရဲ႕ ဆုရရွိမႈကေတာ့ လီဗာပူးလ္အသင္းကို ဒီဆုသမိုင္းမွာ ၈ ႀကိမ္အထိ အသင္းလိုက္ စံခ်ိန္တင္ရရွိမႈလည္းျဖစ္ေစခဲ့သလို လိဂ္ခ်န္ပီယံရွစ္အတြက္ ခ်ီးျမႇင့္တဲ့ တစ္ႏွစ္တာဆုကိုေတာ့ ဖူလ္ဟမ္အသင္းနဲ႔ ၄၃ ဂိုးသြင္းယူခဲ့တဲ့ အလက္ဇန္းဒါး မီထ႐ိုဗစ္ခ်္က ရရွိသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.