Ligue1

လိဂန်းကနေ တန်းဆင်းခဲ့ရလို့ ကိုယ့်ပရိသတ်တွေကိုယ်တိုင် ဆွမ်းကြီးလောင်းတာခံခဲ့ရတဲ့ စန် အီတျန်

တနင်္ဂနွေနေ့က ပြင်သစ်ဘောလုံးလောကမှာ ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းတွေ ရှိခဲ့ပြီး စန် အီတျန်အသင်းပရိသတ်တွေဟာ လိဂန်းကနေ တန်းဆင်းခဲ့ရပြီးနောက် ကွင်းအတွင်း ကျူးကျော်ဝင်ရောက်ပြီး ကိုယ့်အသင်းက ကစားသမားတွေကို မီးရှူးမီးပန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။

စန် အီတျန်အသင်းဟာ အုဆဲအသင်းကို play-off ၂ ကျော့ပေါင်း တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် ပင်နယ်တီအဆုံးအဖြတ်မှာ ၅-၄ နဲ့ ရှုံးနိမ့်ခဲ့ပြီး လိဂန်းကနေ တန်းဆင်းခဲ့ရတာဖြစ်ပါတယ်။ အုဆဲအသင်းအတွက် ဒူဂီမွန့်တ်က အနိုင်ရရှိစေမယ့် ပင်နယ်တီ အဆုံးအဖြတ်သွင်းဂိုးကို သွင်းယူပြီးနောက် ချက်ချင်း ဆိုသလိုပဲ စန် အီတျန်ပရိသတ်ပေါင်း ထောင်ပေါင်းများစွာဟာ ကွင်းထဲကို ကျူးကျော်ဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။

ဥမင်လျှောက်လမ်းထဲကို ဆုတ်ခွာခဲ့တဲ့ စန် အီတျန် ကစားသမားတွေဆီကို ဦးတည်ပြီး ဒါဇင်နဲ့ချီတဲ့ မီးရှူး မီးပန်းတွေ ပစ်ပေါက်ခဲ့ကြပြီး ဝရုန်းသုန်းကား အခြေအနေအတွင်း အခြား မီးရှူးမီးပန်းတွေလည်း ပလူပျံနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဥမင်အတွင်းပိုင်းထဲက ရုပ်သံဖိုင်အရ ကစားသမားအများအပြားဟာ ကွင်းအတွင်း ကျူးကျော်ဝင်ရောက်မှုကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာတွေကို ကုသမှု ခံယူနေရတာကို မြင်တွေ့ခဲ့ရပါတယ်။

ပြင်သစ်သတင်းဌာန RMC Sport ရဲ့ ဖော်ပြချက်အရ အဓိကရုဏ်း နှိမ်နှင်းရေးရဲတပ်ဖွဲ့ဟာ နောက်ဆုံးမှာတော့ ကြားဝင်ခဲ့ရပြီး ကွင်းထဲကျူးကျော်ဝင်ရောက်လာတဲ့ ပရိသတ်တွေကို ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြင်သစ် မီးသတ်တပ်ဖွဲ့ကလည်း ကွင်းအတွင်း ကျူးကျော်ဝင်ရောက်လာတဲ့ ပရိသတ်တွေရဲ့ မီးရှူး မီးပန်းတွေကြောင့် မီးလောင်ကျွမ်းခဲ့တဲ့ ပွဲကြည့်စင်က ထိုင်ခုံတွေကို မီးငြှိမ်းသတ်ခဲ့ရပြီး ဒီအရုပ်ဆိုးတဲ့ မြင်ကွင်းဟာ စနေနေ့က ပဲရစ်မှာ လီဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွင်း ကွင်းပြင်ပမှာ ပရိသတ်အုပ်ကြီးနဲ့ ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် ၂၄ နာရီမပြည့်ခင်မှာပဲ ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ပရိသတ်ထောင်ပေါင်းများစွာဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် နာရီပေါင်းများစွာ Stade de France ကွင်းအပြင်ဘက်မှာ စောင့်ဆိုင်းခဲ့ရပြီး ရလဒ်အနေနဲ့ ပွဲစဉ်ကို မိနစ် ၃၀ နောက်ဆုတ်ခဲ့ရတာဖြစ်ပါတယ်။

လက်မှတ်မပါတဲ့ ပရိသတ်အချို့ဟာ ဂိတ်နဲ့ ခြံစည်းရိုးကို ကျော်တက်ပြီး ကွင်းထဲကို ဝင်ရောက်ခွင့်ရဖို့အတွက် ကြိုးပမ်းခဲ့ကြတာကြောင့် ပြင်သစ်အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့က အခြေအနေကို ထိန်းသိမ်းဖို့ ရုန်းကန်ခဲ့ရပြီး ကလေးငယ်တွေလည်းပါဝင်တဲ့ ငြိမ်းချမ်းစွာစောင့်ဆိုင်းနေတဲ့ လီဗာပူးလ်ပရိသတ်တွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခဲ့တဲ့အတွက် ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေက လက်မှတ်အတုတွေနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ လာကြည့်ခဲ့တဲ့ ပရိသတ်တွေကြောင့် ဝရုန်းသုန်းကားဖြစ်ခဲ့ရတဲ့မြင်ကွင်းတွေအတွက် ပြစ်တင်ခဲ့ပေမယ့်လည်း ပွဲကို တက်ရောက်ခဲ့တဲ့ ဂျာနယ်လစ်အများစုက နိုင်နိုင်နင်းနင်း မကျင်းပနိုင်ခဲ့တဲ့ ယူအီးအက်ဖ်အေကို ပြန်လည်ပြစ်တင်ခဲ့ကြတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ လက်ရှိမှာတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကိုင်တွယ်ခဲ့တဲ့ ပြင်သစ် ရဲတပ်ဖွဲ့နဲ့ ယူအီးအက်ဖ်အေတို့ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် တောင်းဆိုလိုက်ပြီ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:တနဂၤေႏြေန႔က ျပင္သစ္ေဘာလုံးေလာကမွာ ထိတ္လန႔္တုန္လႈပ္ဖြယ္ ျမင္ကြင္းေတြ ရွိခဲ့ၿပီး စန္ အီတ်န္အသင္းပရိသတ္ေတြဟာ လိဂန္းကေန တန္းဆင္းခဲ့ရၿပီးေနာက္ ကြင္းအတြင္း က်ဴးေက်ာ္ဝင္ေရာက္ၿပီး ကိုယ့္အသင္းက ကစားသမားေတြကို မီးရႉးမီးပန္းေတြနဲ႔ တိုက္ခိုက္ခဲ့ၾကပါတယ္။

စန္ အီတ်န္အသင္းဟာ အုဆဲအသင္းကို play-off ၂ ေက်ာ့ေပါင္း တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့ၿပီးေနာက္ ပင္နယ္တီအဆုံးအျဖတ္မွာ ၅-၄ နဲ႔ ရႈံးနိမ့္ခဲ့ၿပီး လိဂန္းကေန တန္းဆင္းခဲ့ရတာျဖစ္ပါတယ္။ အုဆဲအသင္းအတြက္ ဒူဂီမြန႔္တ္က အနိုင္ရရွိေစမယ့္ ပင္နယ္တီ အဆုံးအျဖတ္သြင္းဂိုးကို သြင္းယူၿပီးေနာက္ ခ်က္ခ်င္း ဆိုသလိုပဲ စန္ အီတ်န္ပရိသတ္ေပါင္း ေထာင္ေပါင္းမ်ားစြာဟာ ကြင္းထဲကို က်ဴးေက်ာ္ဝင္ေရာက္လာခဲ့ၾကတာျဖစ္ပါတယ္။

ဥမင္ေလၽွာက္လမ္းထဲကို ဆုတ္ခြာခဲ့တဲ့ စန္ အီတ်န္ ကစားသမားေတြဆီကို ဦးတည္ၿပီး ဒါဇင္နဲ႔ခ်ီတဲ့ မီးရႉး မီးပန္းေတြ ပစ္ေပါက္ခဲ့ၾကၿပီး ဝ႐ုန္းသုန္းကား အေျခအေနအတြင္း အျခား မီးရႉးမီးပန္းေတြလည္း ပလူပ်ံေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဥမင္အတြင္းပိုင္းထဲက ႐ုပ္သံဖိုင္အရ ကစားသမားအမ်ားအျပားဟာ ကြင္းအတြင္း က်ဴးေက်ာ္ဝင္ေရာက္မႈေၾကာင့္ ရရွိခဲ့တဲ့ ဒဏ္ရာေတြကို ကုသမႈ ခံယူေနရတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ျပင္သစ္သတင္းဌာန RMC Sport ရဲ့ ေဖာ္ျပခ်က္အရ အဓိက႐ုဏ္း ႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕ဟာ ေနာက္ဆုံးမွာေတာ့ ၾကားဝင္ခဲ့ရၿပီး ကြင္းထဲက်ဴးေက်ာ္ဝင္ေရာက္လာတဲ့ ပရိသတ္ေတြကို ရွင္းလင္းနိုင္ခဲ့တယ္လို႔ သိရပါတယ္။

ျပင္သစ္ မီးသတ္တပ္ဖြဲ႕ကလည္း ကြင္းအတြင္း က်ဴးေက်ာ္ဝင္ေရာက္လာတဲ့ ပရိသတ္ေတြရဲ့ မီးရႉး မီးပန္းေတြေၾကာင့္ မီးေလာင္ကၽြမ္းခဲ့တဲ့ ပြဲၾကည့္စင္က ထိုင္ခုံေတြကို မီးျငႇိမ္းသတ္ခဲ့ရၿပီး ဒီအ႐ုပ္ဆိုးတဲ့ ျမင္ကြင္းဟာ စေနေန႔က ပဲရစ္မွာ လီဗာပူးလ္နဲ႔ ရီးရဲလ္မက္ဒရစ္တို႔ရဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအတြင္း ကြင္းျပင္ပမွာ ပရိသတ္အုပ္ႀကီးနဲ႔ ရဲတပ္ဖြဲ႕ၾကား ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားၿပီးေနာက္ ၂၄ နာရီမျပည့္ခင္မွာပဲ ထပ္မံျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ပရိသတ္ေထာင္ေပါင္းမ်ားစြာဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမတိုင္ခင္ နာရီေပါင္းမ်ားစြာ Stade de France ကြင္းအျပင္ဘက္မွာ ေစာင့္ဆိုင္းခဲ့ရၿပီး ရလဒ္အေနနဲ႔ ပြဲစဥ္ကို မိနစ္ ၃၀ ေနာက္ဆုတ္ခဲ့ရတာျဖစ္ပါတယ္။

လက္မွတ္မပါတဲ့ ပရိသတ္အခ်ိဳ႕ဟာ ဂိတ္နဲ႔ ၿခံစည္းရိုးကို ေက်ာ္တက္ၿပီး ကြင္းထဲကို ဝင္ေရာက္ခြင့္ရဖို႔အတြက္ ႀကိဳးပမ္းခဲ့ၾကတာေၾကာင့္ ျပင္သစ္အဓိက႐ုဏ္းႏွိမ္နင္းေရးရဲတပ္ဖြဲ႕က အေျခအေနကို ထိန္းသိမ္းဖို႔ ႐ုန္းကန္ခဲ့ရၿပီး ကေလးငယ္ေတြလည္းပါဝင္တဲ့ ၿငိမ္းခ်မ္းစြာေစာင့္ဆိုင္းေနတဲ့ လီဗာပူးလ္ပရိသတ္ေတြကို မ်က္ရည္ယိုဗုံးေတြနဲ႔ ပစ္ခဲ့တဲ့အတြက္ ျပစ္တင္ရႈတ္ခ်ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအက လက္မွတ္အတုေတြနဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ လာၾကည့္ခဲ့တဲ့ ပရိသတ္ေတြေၾကာင့္ ဝ႐ုန္းသုန္းကားျဖစ္ခဲ့ရတဲ့ျမင္ကြင္းေတြအတြက္ ျပစ္တင္ခဲ့ေပမယ့္လည္း ပြဲကို တက္ေရာက္ခဲ့တဲ့ ဂ်ာနယ္လစ္အမ်ားစုက နိုင္နိုင္နင္းနင္း မက်င္းပနိုင္ခဲ့တဲ့ ယူအီးအက္ဖ္ေအကို ျပန္လည္ျပစ္တင္ခဲ့ၾကတာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ လက္ရွိမွာေတာ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ကိုင္တြယ္ခဲ့တဲ့ ျပင္သစ္ ရဲတပ္ဖြဲ႕နဲ႔ ယူအီးအက္ဖ္ေအတို႔ကို စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ဖို႔အတြက္ ေတာင္းဆိုလိုက္ၿပီ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.