La Liga Ligue1 Transfer News

ပီအက်စ်ဂျီမှာ ဘာဖြစ်လို့ ဆက်နေခဲ့တာလဲဆိုတာ ရှင်းပြသွားတဲ့ အမ်ဘာပေ

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ပြီးရင် သူ့ခေတ်ကို ရောက်တော့မယ်ဆိုတာ သေချာနေပြီဖြစ်တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ခီလီယန် အမ်ဘာပေက သူ့အနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဆွေးနွေးမှုတွေ အားလုံးကို ဖျက်သိမ်းပြီး ပါရီမြေနဲ့ ပြင်သစ်နိုင်ငံကို မစွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာလဲ ဆိုတာကို ရှင်းလင်းပြောကြားလိုက်ပြီဖြစ်ပါတယ်။

အမ်ဘာပေက ဒီအသင်းနဲ့ သူ့ရဲ့ကြားက သံယောဇဉ်ကြိုးဟာ ထင်တာထက် ပိုပြီး ခိုင်မာနေတယ်လို့ ပြောကြားလိုက်ပြီး ပြီးခဲ့တဲ့ နွေရာသီက အာဂျင်တီးနားကြယ်ပွင့် မက်ဆီရောက်လာခဲ့အပြီးမှာ အသင်းက ထွက်ခွာဖို့ ကြံခဲ့ပေမယ့် မအောင်မြင်ခဲ့သလို ပီအက်စ်ဂျီနဲ့ ပြင်သစ်ဘောလုံးလောက တိုးတက်ရေးအတွက် ပိုမိုအကျိုးပြုသွားလိုတယ်လို့လည်း ဆိုခဲ့တာပါ။

အသက် ၂၃ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်ဟာ Parc des Princes ကွင်းကြီးမှာ ၂၀၂၅ ခုနှစ်အထိ ရှိနေမယ့် သုံးနှစ်စာချုပ်ကို သဘောတူညီခဲ့ပြီး လက်မှတ်ထိုးကြေး ယူရိုသန်း ၁၁၀ ရရှိခဲ့သလို တစ်နှစ်လုပ်ခ ပေါင်သန်း ၂၀ အသားတင် ရရှိသွားမယ်လို့လည်း သတင်းတွေက ဖော်ပြနေခဲ့ကြပါတယ်။

အမ်ဘာပေက ရီးရဲလ်မက်ဒရစ်ပရိသတ်တွေကို အားနာကြောင်း ဆိုလိုက်ပြီး သူ့ကို ဘာနေဗျူးရဲ့ ကစားသမားတစ်ယောက်အဖြစ် ကြိုဆိုသတ်မှတ်ထားကြတာအတွက် ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့ပေမယ့် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် ချမှတ်ရာမှာ ခက်ခဲမှုတွေကြောင့် တောင်းပန်စကားဆိုသွားခဲ့တာပါ။

“ကျွန်တော့်နိုင်ငံကို စွန့်ခွာဖို့က တော်တော်လေး ခက်ခဲပြီး ကျွန်တော့်အတွက်တော့ ထိခိုက်ခံစားရစေမယ့်အရာလည်းဖြစ်နေပါတယ်။ ပီအက်စ်ဂျီမှာတော့ သူတို့ရဲ့ ပြောင်းလဲသွားခဲ့တဲ့ ပရော့ဂျက်အသစ်က တော်တော်လေး အားရကျေနပ်စရာကောင်းခဲ့တဲ့အတွက် ကျွန်တော့်ရဲ့ ဒီအသင်းက အကြောင်းအရာတွေကတော့ မကုန်ဆုံးသေးဘူးလို့ပဲ ဆိုရပါလိမ့်မယ်”

“ရီးရဲလ်မက်ဒရစ်ပရိသတ်တွေအနေနဲ့ ကျွန်တော့်ကို သူတို့ရဲ့ ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ထားပြီး လက်ခံခဲ့ကြလို့ ကျေးဇူးတင်မိပါတယ်။ သူတို့ရဲ့ စိတ်ပျက်မှုတွေကို နားလည်ပေမယ့် ကျွန်တော့်ရဲ့ မိခင်နိုင်ငံကို ခွဲခွာဖို့ ခက်တာကိုလည်း နားလည်ပေးကြလိမ့်မယ်လို့ ထင်ပါတယ်။ ပြင်သစ်သားတစ်ယောက်အနေနဲ့ ဒီက ပြိုင်ပွဲနဲ့ ဘောလုံးလောကကို ပိုမိုတိုးတက်အောင် လုပ်ပေးချင်ပါ”လို့ အမ်ဘာပေက ဆိုပါတယ်။

သူ့ကို အသင်းရဲ့ စီမံခန့်ခွဲပိုင်ခွင့်ကို ပေးထားတယ်ဆိုတဲ့ သတင်းတွေကိုတော့ အမ်ဘာပေက ငြင်းဆိုသွားခဲ့ပြီး သူဟာ ပီအက်စ်ဂျီအသင်းရဲ့ သာမန် ကစားသမားတစ်ယောက်အဖြစ်သာ ရှိနေမှာဖြစ်ကြောင်းနဲ့ ဒီထက်ပိုပြီး ဘာအခွင့်အရေးမှ မယူလိုကြောင်း ပြောကြားသွားခဲ့သလို အားလုံး စုစည်းပြီး အောင်မြင်မှုတွေအတွက် ကြိုးစားသွားဖို့သာ အလိုရှိကြောင်း ဆိုသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ၿပီးရင္ သူ႔ေခတ္ကို ေရာက္ေတာ့မယ္ဆိုတာ ေသခ်ာေနၿပီျဖစ္တဲ့ ပီအက္စ္ဂ်ီတိုက္စစ္မႉး ခီလီယန္ အမ္ဘာေပက သူ႔အေနနဲ႔ ရီးရဲလ္မက္ဒရစ္နဲ႔ ေဆြးေႏြးမႈေတြ အားလုံးကို ဖ်က္သိမ္းၿပီး ပါရီေျမနဲ႔ ျပင္သစ္ႏိုင္ငံကို မစြန႔္ခြာဖို႔ ဆုံးျဖတ္ခဲ့တာလဲ ဆိုတာကို ရွင္းလင္းေျပာၾကားလိုက္ၿပီျဖစ္ပါတယ္။

အမ္ဘာေပက ဒီအသင္းနဲ႔ သူ႔ရဲ႕ၾကားက သံေယာဇဥ္ႀကိဳးဟာ ထင္တာထက္ ပိုၿပီး ခိုင္မာေနတယ္လို႔ ေျပာၾကားလိုက္ၿပီး ၿပီးခဲ့တဲ့ ေႏြရာသီက အာဂ်င္တီးနားၾကယ္ပြင့္ မက္ဆီေရာက္လာခဲ့အၿပီးမွာ အသင္းက ထြက္ခြာဖို႔ ႀကံခဲ့ေပမယ့္ မေအာင္ျမင္ခဲ့သလို ပီအက္စ္ဂ်ီနဲ႔ ျပင္သစ္ေဘာလုံးေလာက တိုးတက္ေရးအတြက္ ပိုမိုအက်ိဳးျပဳသြားလိုတယ္လို႔လည္း ဆိုခဲ့တာပါ။

အသက္ ၂၃ ႏွစ္အ႐ြယ္ ျပင္သစ္လက္ေ႐ြးစင္ဟာ Parc des Princes ကြင္းႀကီးမွာ ၂၀၂၅ ခုႏွစ္အထိ ရွိေနမယ့္ သုံးႏွစ္စာခ်ဳပ္ကို သေဘာတူညီခဲ့ၿပီး လက္မွတ္ထိုးေၾကး ယူ႐ိုသန္း ၁၁၀ ရရွိခဲ့သလို တစ္ႏွစ္လုပ္ခ ေပါင္သန္း ၂၀ အသားတင္ ရရွိသြားမယ္လို႔လည္း သတင္းေတြက ေဖာ္ျပေနခဲ့ၾကပါတယ္။

အမ္ဘာေပက ရီးရဲလ္မက္ဒရစ္ပရိသတ္ေတြကို အားနာေၾကာင္း ဆိုလိုက္ၿပီး သူ႔ကို ဘာေနဗ်ဴးရဲ႕ ကစားသမားတစ္ေယာက္အျဖစ္ ႀကိဳဆိုသတ္မွတ္ထားၾကတာအတြက္ ေက်းဇူးတင္ေၾကာင္းလည္း ေျပာၾကားခဲ့ေပမယ့္ ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခ်က္ ခ်မွတ္ရာမွာ ခက္ခဲမႈေတြေၾကာင့္ ေတာင္းပန္စကားဆိုသြားခဲ့တာပါ။

“ကြၽန္ေတာ့္ႏိုင္ငံကို စြန႔္ခြာဖို႔က ေတာ္ေတာ္ေလး ခက္ခဲၿပီး ကြၽန္ေတာ့္အတြက္ေတာ့ ထိခိုက္ခံစားရေစမယ့္အရာလည္းျဖစ္ေနပါတယ္။ ပီအက္စ္ဂ်ီမွာေတာ့ သူတို႔ရဲ႕ ေျပာင္းလဲသြားခဲ့တဲ့ ပေရာ့ဂ်က္အသစ္က ေတာ္ေတာ္ေလး အားရေက်နပ္စရာေကာင္းခဲ့တဲ့အတြက္ ကြၽန္ေတာ့္ရဲ႕ ဒီအသင္းက အေၾကာင္းအရာေတြကေတာ့ မကုန္ဆုံးေသးဘူးလို႔ပဲ ဆိုရပါလိမ့္မယ္”

“ရီးရဲလ္မက္ဒရစ္ပရိသတ္ေတြအေနနဲ႔ ကြၽန္ေတာ့္ကို သူတို႔ရဲ႕ ကစားသမားတစ္ေယာက္အျဖစ္ သတ္မွတ္ထားၿပီး လက္ခံခဲ့ၾကလို႔ ေက်းဇူးတင္မိပါတယ္။ သူတို႔ရဲ႕ စိတ္ပ်က္မႈေတြကို နားလည္ေပမယ့္ ကြၽန္ေတာ့္ရဲ႕ မိခင္ႏိုင္ငံကို ခြဲခြာဖို႔ ခက္တာကိုလည္း နားလည္ေပးၾကလိမ့္မယ္လို႔ ထင္ပါတယ္။ ျပင္သစ္သားတစ္ေယာက္အေနနဲ႔ ဒီက ၿပိဳင္ပြဲနဲ႔ ေဘာလုံးေလာကကို ပိုမိုတိုးတက္ေအာင္ လုပ္ေပးခ်င္ပါ”လို႔ အမ္ဘာေပက ဆိုပါတယ္။

သူ႔ကို အသင္းရဲ႕ စီမံခန႔္ခြဲပိုင္ခြင့္ကို ေပးထားတယ္ဆိုတဲ့ သတင္းေတြကိုေတာ့ အမ္ဘာေပက ျငင္းဆိုသြားခဲ့ၿပီး သူဟာ ပီအက္စ္ဂ်ီအသင္းရဲ႕ သာမန္ ကစားသမားတစ္ေယာက္အျဖစ္သာ ရွိေနမွာျဖစ္ေၾကာင္းနဲ႔ ဒီထက္ပိုၿပီး ဘာအခြင့္အေရးမွ မယူလိုေၾကာင္း ေျပာၾကားသြားခဲ့သလို အားလုံး စုစည္းၿပီး ေအာင္ျမင္မႈေတြအတြက္ ႀကိဳးစားသြားဖို႔သာ အလိုရွိေၾကာင္း ဆိုသြားခဲ့တယ္လို႔ သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.