Premier League UCL&UEL

ခန့်မှန်းချက်က သွေးထွက်အောင်မှန်လွန်းလို့ အိမ်ထဲကအိမ်ပြင်မထွက်ရဲသေးတဲ့ ကာရေဂါ

လီဗာပူးလ်ဂန္တဝင်နောက်ခံကစားသမား ကာရေဂါဟာ ရီးရဲလ်မက်ဒရစ်အသင်း ချန်ပီယံလိဂ်ဖလား ရရှိပြီးနောက်ပိုင်း ၎င်းရဲ့ ခန့်မှန်းပြောဆိုမှုတွေ ပြန်အစဖော်ခံခဲ့ရပြီးနောက် အရှက်တဗြန်းဗြန်းကွဲခဲ့ရပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ စနေနေ့ညက ပဲရစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ယှဉ်ရင် ဒုတိယအကောင်းဆုံးသာ ဖြစ်ခဲ့ပြီး ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်က ပွဲကစားချိန်အများစုကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဂိုးကန်သွင်းမှု ၂၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့် ဗင်နစ်ရှပ် ဂျူနီယာရဲ့ ဒုတိယပိုင်း သွင်းဂိုးကို ခွင့်ပြုခဲ့ရပြီးနောက်ပိုင်း ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

အဲဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက ၁၄ ကြိမ်မြောက် ဥရောပဖလားကို ကိုင်မြှောက်သွားနိုင်ခဲ့ပြီး လီဗာပူးလ်ဂန္တဝင် ကာရေဂါဟာ အံ့အားသင့်စရာမကောင်းစွာနဲ့ပဲ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ၎င်းရဲ့အသင်းဟောင်းက Stade de France မှာ အောင်ပွဲခံမယ်လို့ ထောက်ခံပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကာလို အန်ဆယ်လော့တီရဲ့အသင်းက ဗိုလ်စွဲသွားခဲ့တာကြောင့် ၎င်းရဲ့ အခိုင်အမာ ခန့်မှန်းပြောဆိုမှုက လူမှုကွန်ရက်ပေါ်မှာ ပြန်ပေါ်လာပြီး အရှက်ရစရာ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ယခုရာသီအစောပိုင်းတုန်းက CBS Sport မှာ စကားပြောဆိုခဲ့ရာမှာ လီဗာပူးလ်နောက်ခံကစားသမားက ရီးရဲလ်မက်ဒရစ်အသင်းဟာ ဥရောပမှာ အောင်မြင်ဖို့ သုညရာခိုင်နှုန်းသာအခွင့်အရေးရှိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒီ ရီးရဲလ်မက်ဒရစ်အသင်းက ချန်ပီယံလိဂ်ဖလား ရမှာမဟုတ်ဘူးဗျ။ ချန်ပီယံလိဂ်ဖလား အနိုင်ရဖို့ လုံးဝကို အခွင့်အရေးမရှိပါဘူး”လို့ ကာရေဂါက ပြောဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီ ရုပ်သံဖိုင်ဟာ ရီးရဲလ်မက်ဒရစ်က လီဗာပူးလ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေခြင်းခံခဲ့ရပြီး တွစ်တာမှာဆိုရင် အကြိမ်ပေါင်း ၄ သောင်းကျော် မျှဝေခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ကာရေဂါက စပိန်လာလီဂါချန်ပီယံဟာ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ ရည်မှန်းထားခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပြီး Stade de France ကွင်းအပြင်ဘက်က အကျည်းတန်တဲ့ မြင်ကွင်းတွေအတွက် ယူအီးအက်ဖ်အေကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

“စနေနေ့ညက လက်ခံဖို့ခက်တဲ့ ရလဒ်တစ်ခုဖြစ်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ကို ချီးကျူးပါတယ်။ သူတို့တွေ ဖြတ်သန်းခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအပြီးမှာ ဆုဖလားပေါ် သူတို့နာမည်တွေ ရေးထိုးခွင့်ရခဲ့ပါပြီ။ လီဗာပူးလ်က ဒီရာသီမှာ ၆၄ ပွဲမှာ ၄ ပွဲပဲ ရှုံးခဲ့တယ်။ အဲဒီတော့ ခင်ဗျား ဒီထက်ပိုပြီးတော့ တောင်းဆိုလို့တကယ်မရနိုင်ပါဘူး။ သူငယ်ချင်းတွေနဲ့ မိသားစုတွေဟာ မျက်ရည်ယိုဗုံးတွေနဲ့ အိမ်ပြန်ခဲ့ရတယ်။ ယူအီးအက်ဖ်အေရဲ့အစီအစဉ်က အံ့အားသင့်တုန်လှုပ်စရာပဲ”လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ဂႏၲဝင္ေနာက္ခံကစားသမား ကာေရဂါဟာ ရီးရဲလ္မက္ဒရစ္အသင္း ခ်န္ပီယံလိဂ္ဖလား ရရွိၿပီးေနာက္ပိုင္း ၎ရဲ့ ခန႔္မွန္းေျပာဆိုမႈေတြ ျပန္အစေဖာ္ခံခဲ့ရၿပီးေနာက္ အရွက္တျဗန္းျဗန္းကြဲခဲ့ရပါတယ္။

ကေလာ့ပ္ရဲ့အသင္းဟာ စေနေန႔ညက ပဲရစ္မွာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ယွဥ္ရင္ ဒုတိယအေကာင္းဆုံးသာ ျဖစ္ခဲ့ၿပီး က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ ရႈံးနိမ့္သြားခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္က ပြဲကစားခ်ိန္အမ်ားစုကို ထိန္းခ်ဳပ္ထားနိုင္ခဲ့ၿပီး ဂိုးကန္သြင္းမႈ ၂၄ ႀကိမ္အထိ ျပဳလုပ္နိုင္ခဲ့ေပမယ့္ ဗင္နစ္ရွပ္ ဂ်ဴနီယာရဲ့ ဒုတိယပိုင္း သြင္းဂိုးကို ခြင့္ျပဳခဲ့ရၿပီးေနာက္ပိုင္း ေခ်ပဂိုး ျပန္လည္သြင္းယူနိုင္ခဲ့ျခင္းမရွိတာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းက ၁၄ ႀကိမ္ေျမာက္ ဥေရာပဖလားကို ကိုင္ေျမႇာက္သြားနိုင္ခဲ့ၿပီး လီဗာပူးလ္ဂႏၲဝင္ ကာေရဂါဟာ အံ့အားသင့္စရာမေကာင္းစြာနဲ႔ပဲ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ၎ရဲ့အသင္းေဟာင္းက Stade de France မွာ ေအာင္ပြဲခံမယ္လို႔ ေထာက္ခံေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကာလို အန္ဆယ္ေလာ့တီရဲ့အသင္းက ဗိုလ္စြဲသြားခဲ့တာေၾကာင့္ ၎ရဲ့ အခိုင္အမာ ခန႔္မွန္းေျပာဆိုမႈက လူမႈကြန္ရက္ေပၚမွာ ျပန္ေပၚလာၿပီး အရွက္ရစရာ ျဖစ္လာခဲ့တာျဖစ္ပါတယ္။

ယခုရာသီအေစာပိုင္းတုန္းက CBS Sport မွာ စကားေျပာဆိုခဲ့ရာမွာ လီဗာပူးလ္ေနာက္ခံကစားသမားက ရီးရဲလ္မက္ဒရစ္အသင္းဟာ ဥေရာပမွာ ေအာင္ျမင္ဖို႔ သုညရာခိုင္ႏႈန္းသာအခြင့္အေရးရွိတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဒီ ရီးရဲလ္မက္ဒရစ္အသင္းက ခ်န္ပီယံလိဂ္ဖလား ရမွာမဟုတ္ဘူးဗ်။ ခ်န္ပီယံလိဂ္ဖလား အနိုင္ရဖို႔ လုံးဝကို အခြင့္အေရးမရွိပါဘူး”လို႔ ကာေရဂါက ေျပာဆိုခဲ့တာျဖစ္ပါတယ္။ အဲဒီ ႐ုပ္သံဖိုင္ဟာ ရီးရဲလ္မက္ဒရစ္က လီဗာပူးလ္ကို ၁-၀ နဲ႔ အနိုင္ရရွိခဲ့ၿပီးေနာက္ပိုင္း လူမႈကြန္ရက္မွာ က်ယ္က်ယ္ျပန႔္ျပန႔္ မၽွေဝျခင္းခံခဲ့ရၿပီး တြစ္တာမွာဆိုရင္ အႀကိမ္ေပါင္း ၄ ေသာင္းေက်ာ္ မၽွေဝျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ကာေရဂါက စပိန္လာလီဂါခ်န္ပီယံဟာ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္နိုင္ဖို႔ ရည္မွန္းထားခဲ့တာျဖစ္တယ္လို႔ ဝန္ခံခဲ့ၿပီး Stade de France ကြင္းအျပင္ဘက္က အက်ည္းတန္တဲ့ ျမင္ကြင္းေတြအတြက္ ယူအီးအက္ဖ္ေအကို ျပစ္တင္ေဝဖန္ခဲ့ပါတယ္။

“စေနေန႔ညက လက္ခံဖို႔ခက္တဲ့ ရလဒ္တစ္ခုျဖစ္ခဲ့ေပမယ့္ ရီးရဲလ္မက္ဒရစ္ကို ခ်ီးက်ဴးပါတယ္။ သူတို႔ေတြ ျဖတ္သန္းခဲ့တဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအၿပီးမွာ ဆုဖလားေပၚ သူတို႔နာမည္ေတြ ေရးထိုးခြင့္ရခဲ့ပါၿပီ။ လီဗာပူးလ္က ဒီရာသီမွာ ၆၄ ပြဲမွာ ၄ ပြဲပဲ ရႈံးခဲ့တယ္။ အဲဒီေတာ့ ခင္ဗ်ား ဒီထက္ပိုၿပီးေတာ့ ေတာင္းဆိုလို႔တကယ္မရနိုင္ပါဘူး။ သူငယ္ခ်င္းေတြနဲ႔ မိသားစုေတြဟာ မ်က္ရည္ယိုဗုံးေတြနဲ႔ အိမ္ျပန္ခဲ့ရတယ္။ ယူအီးအက္ဖ္ေအရဲ့အစီအစဥ္က အံ့အားသင့္တုန္လႈပ္စရာပဲ”လို႔ တြစ္တာမွာ ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.