Premier League UCL&UEL

လာမယ့်ရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ရီးရဲလ်ကို လက်စားချေခွင့်ရဖို့များနေတဲ့ လီဗာပူးလ်

ချန်ပီယံလိဂ်အုပ်စုအဆင့်အတွက် မဲခွဲဖို့ စတင်ပုံပေါ်လာတာကြောင့် လီဗာပူးလ်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ပြန်လည်ဆုံတွေ့ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

လီဗာပူလး်အသင်းဟာ စနေနေ့က စပိန်လာလီဂါချန်ပီယံတွေကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး ၇ ကြိမ်မြောက် ဥရောပဖလား ကိုင်မြှောက်ဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ဘဲ ပွဲစဉ်အတွင်းရော ပွဲအပြီးမှာပါ ကွင်းအပြင်ဘက်က လီဗာပူးလ်ပရိသတ်တွေရဲ့ လုံခြုံရေးကလည်း ခြိမ်းခြောက်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းက ချန်ပီယံဖြစ်ခဲ့တာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်အတွက် အိုး ၁ မှာ top seed အဖြစ် သက်ဆိုင်ရာလိဂ် ချန်ပီယံတွေ၊ ယူရိုပါလိဂ်ချန်ပီယံ ဖရန့်ဖွတ်တို့နဲ့အတူ ထည့်သွင်းခြင်းခံရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အိုး ၂ မှာ ထည့်သွင်းခံရဖို့ ရှိနေပြီး သြဂုတ်လ ၂၅ ရက်နေ့ မဲခွဲပွဲ ပြုလုပ်တဲ့အချိန်ကျရင် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ တစ်အုပ်စုတည်း ကျရောက်ဖို့အတွက် အခွင့်အရေး ရှိနေတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်၊ ဖရန့်ဖွတ်တို့နဲ့အတူ အိုး ၁ ထဲမှာ အေစီမီလန်၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ ပေါ်တို၊ အိုင်းယက်စ်၊ မန်စီးတီးတို့လည်း ပါဝင်မှာဖြစ်ပြီး လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ကလပ်အချင်းချင်း အုပ်စုအဆင့်မှာ တွေ့ဆုံနိုင်မှာမဟုတ်တာဖြစ်ပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ အိုး ၂ ထဲ ထည့်သွင်းခံရမယ့် ချဲလ်ဆီး၊ ဘာစီလိုနာ၊ ဂျူဗင်တပ်၊ အက်သလက်တီကို မက်ဒရစ်၊ ဆီဗီလာ၊ လိုက်ပ်ဇစ်၊ တော့တင်ဟမ်ဟော့စပါးတို့နဲ့လည်း တစ်အုပ်စုတည်း ကျရောက်မှာမဟုတ်ဘဲ အိုး ၃ ထဲက ၈ သင်းမှာ ၇ သင်းက အတည်ပြုခြင်းခံခဲ့ရပြီးဖြစ်ပြီး ဘင်ဖီကာအသင်းကတော့ အုပ်စုအဆင့် ဝင်ခွင့်ရဖို့ ကျော်ဖြတ်ရဦးမှာဖြစ်ပါတယ်။

တကယ်လို့ ဘင်ဖီကာအသင်းသာ အောင်မြင်ခဲ့မယ်ဆိုရင် ၎င်းတို့အနေနဲ့ ဒေါ့မွန်၊ ဆဲလ်ဘာ့ဂ်၊ ရှက်တာဒိုးနတ်၊ အင်တာမီလန်၊ နာပိုလီ၊ စပို့တင်း လစ္စဘွန်း၊ လေဗာကူဆင်တို့နဲ့အတူ အိုး ၃ ထဲမှာ ပါဝင်ခွင့် ရရှိမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ် အုပ်စုအဆင့် ပြိုင်ပွဲဝင် ၃၂ သင်းထဲက ၆ သင်းသာ ဆုံးဖြတ်ဖို့ ကျန်ရှိနေသေးတာကြောင့် play-offs ကတဆင့် တက်လာတဲ့ အများစုဟာ အိုး ၄ ထဲမှာ ထည့်သွင်းခြင်း ခံရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာဆေးလ်၊ ဘရုဂျက်၊ ဆဲလ်တစ်တို့ဟာ ဝင်ခွင့် ရရှိခဲ့ပြီးဖြစ်ပြီး နောက်ဆုံး အိုးထဲကို ထည့်သွင်းခံရမှာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပဲရစ်က ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ၅ ရာသီအတွင်း ဥရောပစံချိန်တွေကိုပါ ထည့်သွင်းတွက်ချက်ထားတဲ့ ၎င်းတို့ရဲ့ အသင်းညွှန်းကိန်းထက် ပိုကောင်းမွန်တဲ့အသင်းဆိုလို့ ဘိုင်ယန်မြူးနစ်တစ်သင်းတည်းသာ ရှိတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်န္ပီယံလိဂ္အုပ္စုအဆင့္အတြက္ မဲခြဲဖို႔ စတင္ပုံေပၚလာတာေၾကာင့္ လီဗာပူးလ္အသင္းဟာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ရီးရဲလ္မက္ဒရစ္နဲ႔ ျပန္လည္ဆုံေတြ႕ရဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

လီဗာပူလး္အသင္းဟာ စေနေန႔က စပိန္လာလီဂါခ်န္ပီယံေတြကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီး ၇ ႀကိမ္ေျမာက္ ဥေရာပဖလား ကိုင္ေျမႇာက္ဖို႔ ႀကိဳးပမ္းမႈ မေအာင္ျမင္ခဲ့ဘဲ ပြဲစဥ္အတြင္းေရာ ပြဲအၿပီးမွာပါ ကြင္းအျပင္ဘက္က လီဗာပူးလ္ပရိသတ္ေတြရဲ့ လုံျခဳံေရးကလည္း ၿခိမ္းေျခာက္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းက ခ်န္ပီယံျဖစ္ခဲ့တာေၾကာင့္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ အုပ္စုအဆင့္အတြက္ အိုး ၁ မွာ top seed အျဖစ္ သက္ဆိုင္ရာလိဂ္ ခ်န္ပီယံေတြ၊ ယူရိုပါလိဂ္ခ်န္ပီယံ ဖရန႔္ဖြတ္တို႔နဲ႔အတူ ထည့္သြင္းျခင္းခံရေတာ့မယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ အိုး ၂ မွာ ထည့္သြင္းခံရဖို႔ ရွိေနၿပီး ၾသဂုတ္လ ၂၅ ရက္ေန႔ မဲခြဲပြဲ ျပဳလုပ္တဲ့အခ်ိန္က်ရင္ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ တစ္အုပ္စုတည္း က်ေရာက္ဖို႔အတြက္ အခြင့္အေရး ရွိေနတာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္၊ ဖရန႔္ဖြတ္တို႔နဲ႔အတူ အိုး ၁ ထဲမွာ ေအစီမီလန္၊ ဘိုင္ယန္ျမဴးနစ္၊ ပီအက္စ္ဂ်ီ၊ ေပၚတို၊ အိုင္းယက္စ္၊ မန္စီးတီးတို႔လည္း ပါဝင္မွာျဖစ္ၿပီး လီဗာပူးလ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ကလပ္အခ်င္းခ်င္း အုပ္စုအဆင့္မွာ ေတြ႕ဆုံနိုင္မွာမဟုတ္တာျဖစ္ပါတယ္။

ကေလာ့ပ္ရဲ့အသင္းဟာ အိုး ၂ ထဲ ထည့္သြင္းခံရမယ့္ ခ်ဲလ္ဆီး၊ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္၊ အက္သလက္တီကို မက္ဒရစ္၊ ဆီဗီလာ၊ လိုက္ပ္ဇစ္၊ ေတာ့တင္ဟမ္ေဟာ့စပါးတို႔နဲ႔လည္း တစ္အုပ္စုတည္း က်ေရာက္မွာမဟုတ္ဘဲ အိုး ၃ ထဲက ၈ သင္းမွာ ၇ သင္းက အတည္ျပဳျခင္းခံခဲ့ရၿပီးျဖစ္ၿပီး ဘင္ဖီကာအသင္းကေတာ့ အုပ္စုအဆင့္ ဝင္ခြင့္ရဖို႔ ေက်ာ္ျဖတ္ရဦးမွာျဖစ္ပါတယ္။

တကယ္လို႔ ဘင္ဖီကာအသင္းသာ ေအာင္ျမင္ခဲ့မယ္ဆိုရင္ ၎တို႔အေနနဲ႔ ေဒါ့မြန္၊ ဆဲလ္ဘာ့ဂ္၊ ရွက္တာဒိုးနတ္၊ အင္တာမီလန္၊ နာပိုလီ၊ စပို႔တင္း လစၥဘြန္း၊ ေလဗာကူဆင္တို႔နဲ႔အတူ အိုး ၃ ထဲမွာ ပါဝင္ခြင့္ ရရွိမွာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ ၿပိဳင္ပြဲဝင္ ၃၂ သင္းထဲက ၆ သင္းသာ ဆုံးျဖတ္ဖို႔ က်န္ရွိေနေသးတာေၾကာင့္ play-offs ကတဆင့္ တက္လာတဲ့ အမ်ားစုဟာ အိုး ၄ ထဲမွာ ထည့္သြင္းျခင္း ခံရမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မာေဆးလ္၊ ဘ႐ုဂ်က္၊ ဆဲလ္တစ္တို႔ဟာ ဝင္ခြင့္ ရရွိခဲ့ၿပီးျဖစ္ၿပီး ေနာက္ဆုံး အိုးထဲကို ထည့္သြင္းခံရမွာ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ပဲရစ္က ဗိုလ္လုပြဲကို တက္ေရာက္နိုင္ခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ ၅ ရာသီအတြင္း ဥေရာပစံခ်ိန္ေတြကိုပါ ထည့္သြင္းတြက္ခ်က္ထားတဲ့ ၎တို႔ရဲ့ အသင္းညႊန္းကိန္းထက္ ပိုေကာင္းမြန္တဲ့အသင္းဆိုလို႔ ဘိုင္ယန္ျမဴးနစ္တစ္သင္းတည္းသာ ရွိတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.