Premier League

Play-off ကနေ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာခဲ့ပြီဖြစ်တဲ့ နော့တင်ဟမ်ဖောရက်စ်

ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်အသင်းကို အက်ဖ်အေဖလားမှာ ဖြုတ်ချနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူစရာဖြစ်ခဲ့သလို ကွာတားဖိုင်နယ်အထိ တက်ရောက်ပြီးမှ လီဗာပူးလ်နဲ့အတွေ့မှာ လှည့်ပြန်ခဲ့ရတဲ့ နော့တင်ဟမ် ဖောရက်စ်အသင်းအနေနဲ့ EFL လိဂ်ချန်ပီယံရှစ်ရဲ့ တန်းတက် Play-off ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဘုန်းမောက်အသင်းနဲ့ အဆုံးအဖြတ် ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီး လိဂ်ချန်ပီယံရှစ်ရဲ့ အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာသာ ရရှိခဲ့လို့ တိုက်ရိုက် တန်းတက်ခွင့်နဲ့ လွဲချော်ခဲ့တဲ့ ဖောရက်စ်တို့အနေနဲ့ Play-off ဆီမီးဖိုင်နယ်မှာ အဆင့် ၅ က ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ တွေ့ဆုံရာမှာ နှစ်ကျော့ပေါင်း သုံးဂိုးစီ သရေရလဒ်ကြောင့် ပင်နယ်တီကန်သွင်းခဲ့ရပြီးမှ ဖိုင်နယ်ကို တက်ရောက်ခဲ့တာပါ။

ဖိုင်နယ်အဆင့်မှာတော့ လူတန်ကို နိုင်ပြီး တက်လာတဲ့ ဟတ်ဒါစ်ဖီးလ်ဒ်နဲ့ တွေ့ဆုံခဲ့ရာမှာတော့ ဝင်ဘလီကွင်းကြီးမှာ တစ်ဖက်နောက်ခံလူ လီဗီ ကော်လ်ဝီလ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုနဲ့ အနိုင်ရရှိခဲ့ပြီး Play-off Winner အဖြစ် အောင်ပွဲခံနိုင်ခဲ့ကြသလို ၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တက်ရောက်ကစားရတော့မှာဖြစ်ပါတယ်။

ဒီတန်းတက်ခွင့်ကြောင့် ဖောရက်စ်တို့အနေနဲ့ အနည်းဆုံး ပေါင်သန်း ၁၇၀ ခံစားခွင့်ကို ရရှိမှာဖြစ်သလို ဒီထဲမှာ ခွဲတမ်းရရှိမယ့် ပရီးမီးယားလိဂ် ရုပ်သံ ထုတ်လွှင့်မှု‌ဝင်ငွေ ပေါင်သန်း ၉၀ ပါဝင်မှာဖြစ်ပြီး တန်းမဆင်းခဲ့ရင်တော့ နောက်ထပ် ပေါင်သန်း ၈၀ ကို ထပ်မံရရှိနိုင်ပြီး အသင်းတစ်သင်းအတွက် တစ်ခေတ်ပြောင်းလဲဖို့ လုံလောက်တဲ့ ဝင်ငွေကိုလည်း ရရှိနိုင်တော့မှာပါ။

ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားနိုင်ခဲ့တဲ့ ကစားသမားကတော့ မန်ချက်စတာယူနိုက်တက်အသင်းကနေ အငှားနဲ့ ရောက်ရှိနေခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်ကစာသမား ဂျိမ်းစ် ဂါနာပဲဖြစ်ပြီး သူ့ရဲ့ ဘယ်ခြမ်းက အန္တရာယ်ကြီးမားတဲ့ ဖြတ်တင်ဘောကို တားဆီးဖို့ ကြိုးစားရင်း နောက်ခံလူ ကောလ်ဝီလ်က ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့တာလည်းဖြစ်ပါတယ်။

၁၉၇၉ နဲ့ ၁၉၈၀ ခုနှစ်တွေမှာ ချန်ပီယံလိဂ်ဖလားနှစ်ကြိမ်ကို နည်းပြကြီး ဘရိုင်ယန် ကလက်ဖ်ရဲ့ ဦးဆောင်နဲ့အတူ ရယူခဲ့ဖူးတဲ့ ဖောရက်စ်အသင်းဟာ ၁၉၉၉-၂၀၀၀ ရာသီမှာတော့ ပရီးမီးယားလိဂ်ကနေ အဆင့် ၂၀ သာ ရရှိခဲ့ပြီး တန်းဆင်းသွားခဲ့ရာကနေ ၂၃ နှစ်အကြာမှာတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်ရောက်ရှိလာနိုင်ခဲ့တာပါ။

လာမယ့်ရာသီအတွက် ပရီးမီးယားလိဂ်ကို လိဂ်ချန်ပီယံရှစ်ကနေ တန်းတက်ကစားရမယ့် အသင်းသုံးသင်းထဲမှာ ဖောရက်စ်တို့အနေနဲ့ ဆင်းလိုက် တက်လိုက်လုပ်နေတဲ့ ချန်ပီယံ ဖူလ်ဟမ်နဲ့ ဒုတိယ ဘုန်းမောက်တို့နောက်ကို လိုက်ပါလာနိုင်ခဲ့တာဖြစ်ပြီး ၂၃ နှစ်အကြာမှာမှ ပြန်လည်ရောက်ရှိလာမယ့် “မာယာများတဲ့ သစ်ပင်တွေ”လို့ အမည်ရတဲ့ အသင်းကို ကြိုဆိုနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ ရာသီက အာဆင္နယ္အသင္းကို အက္ဖ္ေအဖလားမွာ ျဖဳတ္ခ်ႏိုင္ခဲ့တဲ့အတြက္ ဂုဏ္ယူစရာျဖစ္ခဲ့သလို ကြာတားဖိုင္နယ္အထိ တက္ေရာက္ၿပီးမွ လီဗာပူးလ္နဲ႔အေတြ႕မွာ လွည့္ျပန္ခဲ့ရတဲ့ ေနာ့တင္ဟမ္ ေဖာရက္စ္အသင္းအေနနဲ႔ EFL လိဂ္ခ်န္ပီယံရွစ္ရဲ႕ တန္းတက္ Play-off ကေန ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို တက္လွမ္းလာႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဘုန္းေမာက္အသင္းနဲ႔ အဆုံးအျဖတ္ ပြဲစဥ္မွာ ရႈံးနိမ့္ခဲ့ၿပီး လိဂ္ခ်န္ပီယံရွစ္ရဲ႕ အမွတ္ေပးဇယားမွာ အဆင့္ ၄ ေနရာသာ ရရွိခဲ့လို႔ တိုက္႐ိုက္ တန္းတက္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့တဲ့ ေဖာရက္စ္တို႔အေနနဲ႔ Play-off ဆီမီးဖိုင္နယ္မွာ အဆင့္ ၅ က ရွက္ဖီးလ္ဒ္ယူႏိုက္တက္နဲ႔ ေတြ႕ဆုံရာမွာ ႏွစ္ေက်ာ့ေပါင္း သုံးဂိုးစီ သေရရလဒ္ေၾကာင့္ ပင္နယ္တီကန္သြင္းခဲ့ရၿပီးမွ ဖိုင္နယ္ကို တက္ေရာက္ခဲ့တာပါ။

ဖိုင္နယ္အဆင့္မွာေတာ့ လူတန္ကို ႏိုင္ၿပီး တက္လာတဲ့ ဟတ္ဒါစ္ဖီးလ္ဒ္နဲ႔ ေတြ႕ဆုံခဲ့ရာမွာေတာ့ ဝင္ဘလီကြင္းႀကီးမွာ တစ္ဖက္ေနာက္ခံလူ လီဗီ ေကာ္လ္ဝီလ္ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမႈနဲ႔ အႏိုင္ရရွိခဲ့ၿပီး Play-off Winner အျဖစ္ ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို ၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို တက္ေရာက္ကစားရေတာ့မွာျဖစ္ပါတယ္။

ဒီတန္းတက္ခြင့္ေၾကာင့္ ေဖာရက္စ္တို႔အေနနဲ႔ အနည္းဆုံး ေပါင္သန္း ၁၇၀ ခံစားခြင့္ကို ရရွိမွာျဖစ္သလို ဒီထဲမွာ ခြဲတမ္းရရွိမယ့္ ပရီးမီးယားလိဂ္ ႐ုပ္သံ ထုတ္လႊင့္မႈ‌ဝင္ေငြ ေပါင္သန္း ၉၀ ပါဝင္မွာျဖစ္ၿပီး တန္းမဆင္းခဲ့ရင္ေတာ့ ေနာက္ထပ္ ေပါင္သန္း ၈၀ ကို ထပ္မံရရွိႏိုင္ၿပီး အသင္းတစ္သင္းအတြက္ တစ္ေခတ္ေျပာင္းလဲဖို႔ လုံေလာက္တဲ့ ဝင္ေငြကိုလည္း ရရွိႏိုင္ေတာ့မွာပါ။

ဒီေန႔ပြဲရဲ႕ အေကာင္းဆုံး ကစားႏိုင္ခဲ့တဲ့ ကစားသမားကေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းကေန အငွားနဲ႔ ေရာက္ရွိေနခဲ့တဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္ ကြင္းလယ္ကစာသမား ဂ်ိမ္းစ္ ဂါနာပဲျဖစ္ၿပီး သူ႔ရဲ႕ ဘယ္ျခမ္းက အႏၲရာယ္ႀကီးမားတဲ့ ျဖတ္တင္ေဘာကို တားဆီးဖို႔ ႀကိဳးစားရင္း ေနာက္ခံလူ ေကာလ္ဝီလ္က ကိုယ့္ဂိုးကိုယ္သြင္းယူမိခဲ့တာလည္းျဖစ္ပါတယ္။

၁၉၇၉ နဲ႔ ၁၉၈၀ ခုႏွစ္ေတြမွာ ခ်န္ပီယံလိဂ္ဖလားႏွစ္ႀကိမ္ကို နည္းျပႀကီး ဘ႐ိုင္ယန္ ကလက္ဖ္ရဲ႕ ဦးေဆာင္နဲ႔အတူ ရယူခဲ့ဖူးတဲ့ ေဖာရက္စ္အသင္းဟာ ၁၉၉၉-၂၀၀၀ ရာသီမွာေတာ့ ပရီးမီးယားလိဂ္ကေန အဆင့္ ၂၀ သာ ရရွိခဲ့ၿပီး တန္းဆင္းသြားခဲ့ရာကေန ၂၃ ႏွစ္အၾကာမွာေတာ့ ေနာက္ထပ္တစ္ႀကိမ္ ျပန္လည္ေရာက္ရွိလာႏိုင္ခဲ့တာပါ။

လာမယ့္ရာသီအတြက္ ပရီးမီးယားလိဂ္ကို လိဂ္ခ်န္ပီယံရွစ္ကေန တန္းတက္ကစားရမယ့္ အသင္းသုံးသင္းထဲမွာ ေဖာရက္စ္တို႔အေနနဲ႔ ဆင္းလိုက္ တက္လိုက္လုပ္ေနတဲ့ ခ်န္ပီယံ ဖူလ္ဟမ္နဲ႔ ဒုတိယ ဘုန္းေမာက္တို႔ေနာက္ကို လိုက္ပါလာႏိုင္ခဲ့တာျဖစ္ၿပီး ၂၃ ႏွစ္အၾကာမွာမွ ျပန္လည္ေရာက္ရွိလာမယ့္ “မာယာမ်ားတဲ့ သစ္ပင္ေတြ”လို႔ အမည္ရတဲ့ အသင္းကို ႀကိဳဆိုႏိုင္ဖို႔အတြက္ ေဖာ္ျပေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.