La Liga UCL&UEL

ဘလွန်ဒေါဆုရဖို့ အကုန်လုပ်ပြီးပြီဖြစ်လို့ မျက်နှာကြီးရာဟင်းဖတ်မပါဖို့ မျှော်လင့်နေတဲ့ ဘန်ဇီးမား

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ကာရင် ဘန်ဇီးမားက စနေနေ့ညက ပဲရစ်မြို့မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးလ်ကို ၁-၀ နဲ့ အနိုင်ရရှိအောင် ကူညီပေးခဲ့ပြီးနောက် ဘလွန်ဒေါဆုအတွက် ရေပန်းအစားဆုံးဖြစ်လာစေဖို့ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့အတူ လုပ်စရာရှိတာအားလုံး လုပ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ဘန်ဇီးမားဟာ Stade de France က ဗိုလ်လုပွဲမှာ ဂိုးမသွင်းယူနိုင်ခဲ့ဘဲ ဗင်နစ်ရှပ် ဂျူနီယာရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးက ရှုံးထွက်အဆင့်က သွင်းဂိုး ၁၀ ဂိုးအပါအဝင် သွင်းဂိုး ၁၅ ဂိုးနဲ့ ချန်ပီယံလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့အတူ လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့ပြီးနောက် ဘလွန်ဒေါဆုကို စိတ်ထဲမှာ ရှိနေလားလို့ မေးမြန်းခဲ့ရာမှာ ဘန်ဇီးမားက “ရှိတာပေါ့။ အခု ကျွန်တော် လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းသွားတော့မှာပါ။ ဒါပေမယ့် ကျွန်တော့်ကလပ်အသင်းနဲ့အတူ ဒီထက်အများကြီး ပိုလုပ်နိုင်မယ်လို့ မထင်ပါဘူး။ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ ကြည့်တာပေါ့။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် လုပ်ခဲ့တာတွေအတွက် ဂုဏ်ယူမိပါတယ်”

ကာရင် ဘန်ဇီးမားဟာ ပီအက်စ်ဂျီအသင်းနဲ့ ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ရှုံးထွက်အဆင့်မှာ ချဲလ်ဆီးကိုလည်း ဂိုးသွင်းယူနိုင်ခဲ့သလို မန်စီးတီးနဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ၂ ကျော့စလုံးမှာလည်း ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

“ကံကောင်းတယ်ဆိုတာမရှိပါဘူး။ ခင်ဗျား တစ်ကြိမ်တစ်ခါတော့ ကံကောင်းနိုင်ပေမယ့် အချိန်ုတိုင်းတော့ ကံမကောင်းနိုင်ပါဘူး။ ကျွန်တော်တို့ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်။ ကျွန်တော်တို့ ခွန်အားတွေ စိုက်ထုတ်ခဲ့ပြီး အချိန်တိုင်း ကျွန်တော်တို့ ပြန်လာနိုင်ခဲ့တယ်။ ကျွန်တော်တို့ ဘယ်တော့မှ အရှုံးမပေးဘူး”

“ကျွန်တော်တို့ လူစာရင်းထဲမှာရှိတဲ့ ကစားသမားတိုင်းက အရေးပါပါတယ်။ သူတို့တွေက ပွဲထွက်ကစားသမားပဲဖြစ်ဖြစ်၊ လူစားဝင်ကစားသမားပဲဖြစ်ဖြစ်ပါ။ ဒါမှမဟုတ် သူတို့တွေ မကြာခဏမကစားရဘူးဆိုရင်တောင်မှပေါ့။ ဒါပေမယ့် လေ့ကျင့်ရေးမှာ အရာအားလုံး ပေးကြပါတယ်”လို့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ ထူးခြားတဲ့ ပြန်လာနိုင်ခဲ့မှုတွေနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ယခုရာသီကို ရီးရဲလ်မက်ဒရစ်အသင်းအတွက် စုစုပေါင်း သွင်းဂိုး ၄၄ ဂိုးနဲ့ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပြီး လာလီဂါအမှတ်ပေးဖလားနဲ့ ဥရောပထိပ်တန်းပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်မှာပါ ဗိုလ်စွဲနိုင်ခဲ့တာကြောင့် ၂၀၂၂ ခုနှစ်အတွက် ဘလွန်ဒေါဆုကို ရရှိဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉး ကာရင္ ဘန္ဇီးမားက စေနေန႔ညက ပဲရစ္ၿမိဳ႕မွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ လီဗာပူးလ္ကို ၁-၀ နဲ႔ အနိုင္ရရွိေအာင္ ကူညီေပးခဲ့ၿပီးေနာက္ ဘလြန္ေဒါဆုအတြက္ ေရပန္းအစားဆုံးျဖစ္လာေစဖို႔ ဒီရာသီမွာ ရီးရဲလ္မက္ဒရစ္နဲ႔အတူ လုပ္စရာရွိတာအားလုံး လုပ္ေဆာင္ခဲ့ၿပီးျဖစ္တယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

ဘန္ဇီးမားဟာ Stade de France က ဗိုလ္လုပြဲမွာ ဂိုးမသြင္းယူနိုင္ခဲ့ဘဲ ဗင္နစ္ရွပ္ ဂ်ဴနီယာရဲ့ တစ္လုံးတည္းေသာဂိုးနဲ႔ အနိုင္ရရွိခဲ့ေပမယ့္လည္း ျပင္သစ္လက္ေရြးစင္တိုက္စစ္မႉးက ရႈံးထြက္အဆင့္က သြင္းဂိုး ၁၀ ဂိုးအပါအဝင္ သြင္းဂိုး ၁၅ ဂိုးနဲ႔ ခ်န္ပီယံလိဂ္ရဲ့ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္နိုင္ခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္နဲ႔အတူ လာလီဂါဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလားကို ရရွိခဲ့ၿပီးေနာက္ ဘလြန္ေဒါဆုကို စိတ္ထဲမွာ ရွိေနလားလို႔ ေမးျမန္းခဲ့ရာမွာ ဘန္ဇီးမားက “ရွိတာေပါ့။ အခု ကၽြန္ေတာ္ လက္ေရြးစင္အသင္းနဲ႔ ပူးေပါင္းသြားေတာ့မွာပါ။ ဒါေပမယ့္ ကၽြန္ေတာ့္ကလပ္အသင္းနဲ႔အတူ ဒီထက္အမ်ားႀကီး ပိုလုပ္နိုင္မယ္လို႔ မထင္ပါဘူး။ ဘာေတြျဖစ္လာမလဲဆိုတာ ကၽြန္ေတာ္တို႔ ၾကည့္တာေပါ့။ ဒါေပမယ့္ ဘယ္လိုပဲျဖစ္ျဖစ္ ကၽြန္ေတာ္ လုပ္ခဲ့တာေတြအတြက္ ဂုဏ္ယူမိပါတယ္”

ကာရင္ ဘန္ဇီးမားဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ ပြဲစဥ္မွာ ဟက္ထရစ္သြင္းယူနိုင္ခဲ့ၿပီး ရႈံးထြက္အဆင့္မွာ ခ်ဲလ္ဆီးကိုလည္း ဂိုးသြင္းယူနိုင္ခဲ့သလို မန္စီးတီးနဲ႔ ကစားခဲ့တဲ့ ဆီမီးဖိုင္နယ္ ၂ ေက်ာ့စလုံးမွာလည္း ၃ ဂိုးအထိ သြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

“ကံေကာင္းတယ္ဆိုတာမရွိပါဘူး။ ခင္ဗ်ား တစ္ႀကိမ္တစ္ခါေတာ့ ကံေကာင္းနိုင္ေပမယ့္ အခ်ိန္ုတိုင္းေတာ့ ကံမေကာင္းနိုင္ပါဘူး။ ကၽြန္ေတာ္တို႔ နိုင္ပြဲနဲ႔ ထိုက္တန္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ ခြန္အားေတြ စိုက္ထုတ္ခဲ့ၿပီး အခ်ိန္တိုင္း ကၽြန္ေတာ္တို႔ ျပန္လာနိုင္ခဲ့တယ္။ ကၽြန္ေတာ္တို႔ ဘယ္ေတာ့မွ အရႈံးမေပးဘူး”

“ကၽြန္ေတာ္တို႔ လူစာရင္းထဲမွာရွိတဲ့ ကစားသမားတိုင္းက အေရးပါပါတယ္။ သူတို႔ေတြက ပြဲထြက္ကစားသမားပဲျဖစ္ျဖစ္၊ လူစားဝင္ကစားသမားပဲျဖစ္ျဖစ္ပါ။ ဒါမွမဟုတ္ သူတို႔ေတြ မၾကာခဏမကစားရဘူးဆိုရင္ေတာင္မွေပါ့။ ဒါေပမယ့္ ေလ့က်င့္ေရးမွာ အရာအားလုံး ေပးၾကပါတယ္”လို႔ ဗိုလ္လုပြဲကို တက္ေရာက္နိုင္ခဲ့တဲ့ ထူးျခားတဲ့ ျပန္လာနိုင္ခဲ့မႈေတြနဲ႔ပတ္သက္ၿပီး ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ျပင္သစ္လက္ေရြးစင္တိုက္စစ္မႉးဟာ ယခုရာသီကို ရီးရဲလ္မက္ဒရစ္အသင္းအတြက္ စုစုေပါင္း သြင္းဂိုး ၄၄ ဂိုးနဲ႔ အဆုံးသတ္နိုင္ခဲ့တာျဖစ္ၿပီး လာလီဂါအမွတ္ေပးဖလားနဲ႔ ဥေရာပထိပ္တန္းၿပိဳင္ပြဲျဖစ္တဲ့ ခ်န္ပီယံလိဂ္မွာပါ ဗိုလ္စြဲနိုင္ခဲ့တာေၾကာင့္ ၂၀၂၂ ခုႏွစ္အတြက္ ဘလြန္ေဒါဆုကို ရရွိဖို႔ ေမၽွာ္လင့္ေနတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.