Analysis UCL&UEL

မိုဒရစ်ချ်နဲ့ ခရိုအေးရှားသားတွေ မပျက်မကွက် ပါဝင်ခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်စွဲမှုများ

UEFA ချန်ပီယံလိဂ်ရဲ့ နောက်ဆုံး ၁၀ နှစ်ကို ဗိုလ်စွဲထားတဲ့ အသင်းတွေထဲမှာ ခရိုအေးရှားတစ်ယောက်မဟုတ် တစ်ယောက်ကတော့ မဖြစ်မနေ ပါဝင်နေခဲ့တာကို တွေ့ရပြီး ဒီဆုဖလားကို လိုချင်ရင် ဒီနိုင်ငံသားတစ်ယောက်ကိုတော့ အသင်းမှာ မရှိမဖြစ် ပိုင်ဆိုင်မှုနဲ့ ခေါ်သုံးထားရလိမ့်မယ်လို့တောင် ဖြစ်နေပြီလို့ ဗြိတိန်ဘွတ်ကီဒိုင် ဝီလီယမ် ဟေးလ်က ဖော်ပြသွားခဲ့ပါတယ်။

ဒီမှတ်တမ်းက ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့ရဲ့ All German Final တွေ့ဆုံမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဘာဗေးရီးယားသားတွေဘက်က ခရိုအေးရှားတိုက်စစ်မှူး မာရီယို မန်ဂျူကစ်ချ်က ကျောနံပါတ် ၉ ကို ဝတ်ဆင်ပြီး ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ လာဒက်စီမာ La Decima ဖလား ၁၀ လုံးမြောက် ပရောဂျက်ကို အောင်မြင်ဖို့ ကြိုးစားနိုင်ခဲ့ချိန်မှာ လက်ရှိအချိန်အထိ နုပျိုလန်းဆတ်နေဆဲ ကွင်းလယ်အကြီးအကဲ လူကာ မိုဒရစ်ချ်က သူနဲ့ ခရိုအေးရှားသားတွေရဲ့ သမိုင်းကို ဆက်လက်ရှေ့တိုးပေးခဲ့တာဖြစ်ပြီး နှစ်နှစ်မြောက် မှတ်တမ်းဖြစ်ခဲ့တာပါ။

၂၀၁၅ ခုနှစ်မှာတော့ ချန်ပီယံလိဂ်ဖလားကို ဘာစီလိုနာအသင်းက ရရှိခဲ့ပြီး မက်ဆီ၊ နေမာ၊ ဆွာရက်ဇ်တို့ရဲ့ MSN တိုက်စစ်အတွဲကို ကွင်းလယ်ကနေ ဘူးစ်ကွက်စ်၊ အင်နီယေစတာတို့နဲ့အတူ ထောက်ပံ့ပေးခဲ့သူက ဆီဗီလာအသင်းကနေ ခေါ်ယူထားခဲ့တဲ့ အီဗန် ရာကီတစ်ချ်ဖြစ်ခဲ့ပြီး သုံးနှစ်ဆက် ခရိုအေးရှားသား ပါဝင်မှုဖြစ်ခဲ့ပါတယ်။

၂၀၁၆၊ ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်တွေမှာတော့ နည်းပြ ဇီနီဒန်း ဇီဒန်းရဲ့ ကိုင်တွယ်မှုနဲ့အတူ ရီးရဲလ်မက်ဒရစ်တို့ သုံးနှစ်ဆက် အောင်မြင်မှုကို ၁၃ ကြိမ်မှတ်တမ်းအထိ ရေးထိုးရယူနိုင်ခဲ့ရာမှာတော့ ခရိုအေးရှားသားနောက်တစ်ဦးပါ ထပ်တိုးလာခဲ့တာဖြစ်ပြီး မက်တီယို ကိုဗာချစ်က မိုဒရစ်ချ်နဲ့အတူ နှစ်ဦးအတွဲလိုက် ပါဝင်လာခဲ့တာပါ။ ဒီကြားထဲက ၂၀၁၈ ဖိုင်နယ်မှာ နောက်တစ်ကြိမ် ပါဝင်ခဲ့သေးတဲ့ မန်ဂျူကစ်ချ်ကတော့ ဂျူဗင်တပ်စ်နဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဖိုင်နယ်ကတော့ ရီးရဲလ်တို့ကို စိတ်မကျေတဲ့ လီဗာပူးလ်တို့ရဲ့ ပွဲဖြစ်ခဲ့ချိန်မှာတော့ စပါးစ်အသင်းကို အနိုင်ယူခဲ့တဲ့ ယာဂန် ကလော့ပ်ရဲ့ လူစာရင်းမှာ ခရိုအေးရှားသား ဗဟိုနောက်ခံလူ ဒေယန် လိုဗရန် ပါဝင်လာခဲ့တာဖြစ်သလို ၂၀၁၃ ကနေ စတင်ရေတွက်ရင် ခုနှစ်နှစ်မြောက်မှာလည်း ဖြူနီပြာနဲ့ ကျားကွက်ပုံ အလံတော်ကို ဆက်လက်လွှင့်ထူဖို့ ဖြစ်လာခဲ့ပါတယ်။

နောက်တစ်နှစ် ၂၀၂၀ မှာတော့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့ တွေ့ဆုံခဲ့ကြပြီး ခရိုအေးရှားသားတွေရဲ့ မဖြစ်မနေ ပါဝင်ပတ်သက်မှုကို ပေးရမယ့် ဗိုလ်လုပွဲမှာတော့ အင်တာမီလန်အသင်းကနေ တိုက်တိုက်ဆိုင်ဆိုင် အငှားလာကစားပြီး ရောက်ရှိနေခဲ့တဲ့ အီဗန် ပါရီရှစ်ချ်က ပွဲချိန် ၆၈ မိနစ်မှာ ဂိုးသွင်းရှင် ကင်းစလီ ကိုမွန်အစား လူစားဝင်ကစားခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီမှာ မအောင်မြင်လို့ လမ်းခွဲခဲ့တဲ့ နည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ ကစားသမားဟောင်း သီယာဂို ဆေးလ်ဗားနဲ့ ပြန်လည်ပူးပေါင်းပြီး လေးလတည်းနဲ့ ချန်ပီယံလိဂ်ယူခဲ့တဲ့ ခရီးမှာတော့ ချဲလ်ဆီးအသင်းမှာ ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်း မက်တီယို ကိုဗာချစ်က ပါဝင်နေခဲ့လို့ ခရိုအေးရှားတွေ ကိုးနှစ်ချန်ပီယံဆက်ဖြစ်နေခဲ့သေးတာပါ။

ဒီနှစ်မှာလည်း မိုဒရစ်ချ်က အသက် ၃၆ နှစ်အရွယ်ကို ရောက်ရှိနေခဲ့ပေမယ့် သူ့ရဲ့ ကွင်းလယ်တွဲဖက်သုံးဦးဖြစ်ကြတဲ့ ကာစီမီရို၊ တိုနီ ခရူးစ်နဲ့ ဖက်ဒါရီကို ဗယ်လ်ဗာဒီတို့ထက် ပိုမိုသာလွန်တဲ့ ခြေစွမ်းကို ပြသပြီး ဆုဖလားရယူပေးခဲ့တာကြောင့် ခရိုအေးရှားသားတွေ သမဏိရှည်စေမယ့် ချန်ပီယံ ဆယ်ကြိမ်မြောက်ကို ပါဝင်ပေးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လာမယ့် ၂၀၂၃ ချန်ပီယံလိဂ်ဖိုင်နယ်မှာရော ဘယ်ခရိုအေးရှားသားရဲ့ အသင်းက ချန်ပီယံဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဖို့ ရှိနေခဲ့ပြီး အသင်းနဲ့ စာချုပ်သက်တမ်းတိုးဦးမယ့် မိုဒရစ်ချ်ကြီးတို့ရဲ့ ရီးရဲလ်မက်ဒရစ်ပဲ အမြင်ကတ်ဖို့ ကောင်းလောက်အောင်ပဲ ထပ်ရသွားဦးမလား၊ အင်တာရဲ့ မာဆယ်လို ဘရိုဇိုဗစ်ချ်နဲ့ ချဲလ်ဆီးရဲ့ ကိုဗာချစ်တို့ပဲ အလုပ်ပြနိုင်ကြဦးမလားတော့ စိတ်ဝင်စားစရာဖြစ်နေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


ဒီမှတ်တမ်းက ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့ရဲ့ All German Final တွေ့ဆုံမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဘာဗေးရီးယားသားတွေဘက်က ခရိုအေးရှားတိုက်စစ်မှူး မာရီယို မန်ဂျူကစ်ခ်ျက ကျောနံပါတ် ၉ ကို ဝတ်ဆင်ပြီး ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ လာဒက်စီမာ La Decima ဖလား ၁၀ လုံးမြောက် ပရောဂျက်ကို အောင်မြင်ဖို့ ကြိုးစားနိုင်ခဲ့ချိန်မှာ လက်ရှိအချိန်အထိ နုပျိုလန်းဆတ်နေဆဲ ကွင်းလယ်အကြီးအကဲ လူကာ မိုဒရစ်ခ်ျက သူနဲ့ ခရိုအေးရှားသားတွေရဲ့ သမိုင်းကို ဆက်လက်ရှေ့တိုးပေးခဲ့တာဖြစ်ပြီး နှစ်နှစ်မြောက် မှတ်တမ်းဖြစ်ခဲ့တာပါ။

၂၀၁၅ ခုနှစ်မှာတော့ ချန်ပီယံလိဂ်ဖလားကို ဘာစီလိုနာအသင်းက ရရှိခဲ့ပြီး မက်ဆီ၊ နေမာ၊ ဆွာရက်ဇ်တို့ရဲ့ MSN တိုက်စစ်အတွဲကို ကွင်းလယ်ကနေ ဘူးစ်ကွက်စ်၊ အင်နီယေစတာတို့နဲ့အတူ ထောက်ပံ့ပေးခဲ့သူက ဆီဗီလာအသင်းကနေ ခေါ်ယူထားခဲ့တဲ့ အီဗန် ရာကီတစ်ခ်ျဖြစ်ခဲ့ပြီး သုံးနှစ်ဆက် ခရိုအေးရှားသား ပါဝင်မှုဖြစ်ခဲ့ပါတယ်။

၂၀၁၆၊ ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်တွေမှာတော့ နည်းပြ ဇီနီဒန်း ဇီဒန်းရဲ့ ကိုင်တွယ်မှုနဲ့အတူ ရီးရဲလ်မက်ဒရစ်တို့ သုံးနှစ်ဆက် အောင်မြင်မှုကို ၁၃ ကြိမ်မှတ်တမ်းအထိ ရေးထိုးရယူနိုင်ခဲ့ရာမှာတော့ ခရိုအေးရှားသားနောက်တစ်ဦးပါ ထပ်တိုးလာခဲ့တာဖြစ်ပြီး မက်တီယို ကိုဗာချစ်က မိုဒရစ်ခ်ျနဲ့အတူ နှစ်ဦးအတွဲလိုက် ပါဝင်လာခဲ့တာပါ။ ဒီကြားထဲက ၂၀၁၈ ဖိုင်နယ်မှာ နောက်တစ်ကြိမ် ပါဝင်ခဲ့သေးတဲ့ မန်ဂျူကစ်ခ်ျကတော့ ဂျူဗင်တပ်စ်နဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။


နောက်တစ်နှစ် ၂၀၂၀ မှာတော့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့ တွေ့ဆုံခဲ့ကြပြီး ခရိုအေးရှားသားတွေရဲ့ မဖြစ်မနေ ပါဝင်ပတ်သက်မှုကို ပေးရမယ့် ဗိုလ်လုပွဲမှာတော့ အင်တာမီလန်အသင်းကနေ တိုက်တိုက်ဆိုင်ဆိုင် အငှားလာကစားပြီး ရောက်ရှိနေခဲ့တဲ့ အီဗန် ပါရီရှစ်ခ်ျက ပွဲချိန် ၆၈ မိနစ်မှာ ဂိုးသွင်းရှင် ကင်းစလီ ကိုမွန်အစား လူစားဝင်ကစားခဲ့တာဖြစ်ပါတယ်။


ဒီနှစ်မှာလည်း မိုဒရစ်ခ်ျက အသက် ၃၆ နှစ်အရွယ်ကို ရောက်ရှိနေခဲ့ပေမယ့် သူ့ရဲ့ ကွင်းလယ်တွဲဖက်သုံးဦးဖြစ်ကြတဲ့ ကာစီမီရို၊ တိုနီ ခရူးစ်နဲ့ ဖက်ဒါရီကို ဗယ်လ်ဗာဒီတို့ထက် ပိုမိုသာလွန်တဲ့ ခြေစွမ်းကို ပြသပြီး ဆုဖလားရယူပေးခဲ့တာကြောင့် ခရိုအေးရှားသားတွေ သမဏိရှည်စေမယ့် ချန်ပီယံ ဆယ်ကြိမ်မြောက်ကို ပါဝင်ပေးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လာမယ့် ၂၀၂၃ ချန်ပီယံလိဂ်ဖိုင်နယ်မှာရော ဘယ်ခရိုအေးရှားသားရဲ့ အသင်းက ချန်ပီယံဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဖို့ ရှိနေခဲ့ပြီး အသင်းနဲ့ စာချုပ်သက်တမ်းတိုးဦးမယ့် မိုဒရစ်ခ်ျကြီးတို့ရဲ့ ရီးရဲလ်မက်ဒရစ်ပဲ အမြင်ကတ်ဖို့ ကောင်းလောက်အောင်ပဲ ထပ်ရသွားဦးမလား၊ အင်တာရဲ့ မာဆယ်လို ဘရိုဇိုဗစ်ခ်ျနဲ့ ချဲလ်ဆီးရဲ့ ကိုဗာချစ်တို့ပဲ အလုပ်ပြနိုင်ကြဦးမလားတော့ စိတ်ဝင်စားစရာဖြစ်နေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.