La Liga UCL&UEL

ချန်ပီယံလိဂ်ဖလားယူရတာ ပိုတောင်လွယ်သေးတယ်ဗျာလို့ ပြောလိုက်တဲ့ အန်ဆယ်လော့တီ

ကာလို အန်ဆယ်လော့တီက ပဲရစ်မှာ လီဗာပူးလ်အသင်းကို အနိုင်ယူခဲ့ပြီးနောက် အခြားအသင်းတွေနဲ့စာရင် ရီးရဲလ်မက်ဒရစ်နဲ့ဆိုရင် ချန်ပီယံလိဂ်ဖလားယူရတာ ပိုလွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ၂၀၁၈ ခုနှစ်တုန်းက ကိဗ်မြို့မှာ ရီးရဲလ်မက်ဒရစ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့မှုကို လက်စားချေပြီး ဖလား ၃ လုံးနဲ့ ရာသီသိမ်းဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ထက် အခွင့်အရေးတွေ ပိုဖန်တီးနိုင်ခဲ့ပေမယ့် ဗင်နစ်ရှပ် ဂျူနီယာက လာလီဂါထိပ်သီးအသင်းကြီးရဲ့ တစ်ကြိမ်တည်းသော ဂိုးပေါက်ကန်သွင်းခွင့်ကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာကြောင့် ၁-၀ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီး သတင်းထောက်တွေကို စကားပြောဆိုရာမှာ အန်ဆယ်လော့တီက ကူတွာရဲ့ ဂိုးပေါက်ကို လီဗာပူးလ်က ဆက်တိုက် ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတာကြောင့် ၎င်းရဲ့အသင်းအနေနဲ့ အနိုင်ရမှ ရပါ့မလားလို့ သံသယဖြစ်မိခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူးလ်အသင်းဟာ ဘယ်လ်ဂျီယမ် လက်ရွေးစင်ဂိုးသမားရဲ့ ကြောက်ခမန်းလိလိ လက်စွမ်းကို လက်မြှောက် အရှုံးပေးခဲ့ရပြီး ကူတွာဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ၁၄ ကြိမ်မြောက် ဥရောပဖလား ရရှိခဲ့မှုမှာ ချီးကျူးဂုဏ်ပြုမှုတွေ အများအပြား ရရှိခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ကူတွာကို ငါ မင်းကို ဗိုလ်လုပွဲပို့ပေးမယ်။ မင်းက ပွဲကို အနိုင်ရအောင် ငါတို့အတွက် လုပ်ပေးလို့ ပြောခဲ့တယ်။ အဲဒီလိုပဲ ဖြစ်ပျက်ခဲ့တာပါ။ ဒီနေ့ပွဲက ခက်ခဲခဲ့ပေမယ့် အရင်ပွဲတွေလောက်တော့ မခက်ခဲပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပြန်သွင်းစရာ ဂိုးမရှိခဲ့လို့ပါ။ ဟုတ်ပါတယ်။ ကျွန်တော် သံသယဝင်ခဲ့မိတယ်။ ကစားသမားတွေကတော့ သံသယမဝင်ခဲ့ဘူး။ ကစားသမားတွေက ယုံကြည်ပြီးရင်း ယုံကြည်မှုရှိခဲ့ကြတယ်”

“ကျွန်တော်တို့ လုံးဝ ထိန်းချုပ်ခံထားခဲ့ရပြီး နည်းဗျူဟာအရတော့ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ လီဗာပူးလ်က ကျွန်တော်တို့ကို ဖိအားပေးတယ်။ အကြိမ်ပေါင်းများစွာ ဂိုးကန်သွင်းခဲ့ပေမယ့် ကျွန်တော်တို့ ပွဲကို ကောင်းကောင်း စီမံခန့်ခွဲနိုင်ခဲ့တယ်။ လီဗာပူးလ်က အရမ်းကောင်းတဲ့အသင်းပါ။ သူတို့တွေ ဒီရာသီမှာ ပွဲအများကြီး မရှုံးနိမ့်ခဲ့ပါဘူး”

“တခြားအသင်းတွေထက်စာရင် ရီးရဲလ်မက်ဒရစ်နဲ့ဆိုရင် ချန်ပီယံလိဂ်ဖလားယူရတာ ပိုလွယ်ကူတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပရိသတ်တွေက ထူးခြားခဲ့ပြီး အသင်းအတွက် စိတ်ဆန္ဒပြင်းပြမှုတွေနဲ့အတူ မွေးဖွားခဲ့ကြတာပါ။ အသင်းမှာ ရှိနေတဲ့ ဒီအရာတွေက ဒီပွဲစဉ်ကို အထူးနေရာတစ်ခု ဖြစ်စေခဲ့ပါတယ်။ ဒီအသင်းကို နည်းပြရတာ အရမ်းကို လွယ်ကူခဲ့ပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။

ကာလို အန်ဆယ်လော့တီဟာ စနေနေ့ညက ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဟာ နည်းပြဘဝတလျှောက် ၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားဖြစ်ခဲ့ပြီး အေစီမီလန်နဲ့ ၂၀၀၃၊ ၂၀၀၇ မှာ ၂ ကြိမ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၁၄၊ ၂၀၂၂ ခုနှစ်မှာ ၂ ကြိမ် ရရှိခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် အန်ဆယ်လော့တီဟာ ဘောလုံးသမိုင်းတလျှောက်မှာ ချန်ပီယံလိဂ်ဖလား အများဆုံးရရှိထားတဲ့ နည်းပြလည်း ဖြစ်လာခဲ့ပြီဖြစ်ပြီး ဘော့ဘ် ပိုင်စလေ(လီဗာပူးလ်-၁၉၇၇၊၁၉၇၈၊၁၉၈၁)၊ ဇီဒန်း(ရီးရဲလ်မက်ဒရစ်-၂၀၁၆၊ ၂၀၁၇၊၂၀၁၈)တို့ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ကာလို အန္ဆယ္ေလာ့တီက ပဲရစ္မွာ လီဗာပူးလ္အသင္းကို အနိုင္ယူခဲ့ၿပီးေနာက္ အျခားအသင္းေတြနဲ႔စာရင္ ရီးရဲလ္မက္ဒရစ္နဲ႔ဆိုရင္ ခ်န္ပီယံလိဂ္ဖလားယူရတာ ပိုလြယ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ ၂၀၁၈ ခုႏွစ္တုန္းက ကိဗ္ၿမိဳ႕မွာ ရီးရဲလ္မက္ဒရစ္ကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့မႈကို လက္စားေခ်ၿပီး ဖလား ၃ လုံးနဲ႔ ရာသီသိမ္းဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့တာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ထက္ အခြင့္အေရးေတြ ပိုဖန္တီးနိုင္ခဲ့ေပမယ့္ ဗင္နစ္ရွပ္ ဂ်ဴနီယာက လာလီဂါထိပ္သီးအသင္းႀကီးရဲ့ တစ္ႀကိမ္တည္းေသာ ဂိုးေပါက္ကန္သြင္းခြင့္ကို ဂိုးအျဖစ္ ေျပာင္းလဲနိုင္ခဲ့တာေၾကာင့္ ၁-၀ နဲ႔ အနိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီး သတင္းေထာက္ေတြကို စကားေျပာဆိုရာမွာ အန္ဆယ္ေလာ့တီက ကူတြာရဲ့ ဂိုးေပါက္ကို လီဗာပူးလ္က ဆက္တိုက္ ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ေနတာေၾကာင့္ ၎ရဲ့အသင္းအေနနဲ႔ အနိုင္ရမွ ရပါ့မလားလို႔ သံသယျဖစ္မိခဲ့တယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္ လီဗာပူးလ္အသင္းဟာ ဘယ္လ္ဂ်ီယမ္ လက္ေရြးစင္ဂိုးသမားရဲ့ ေၾကာက္ခမန္းလိလိ လက္စြမ္းကို လက္ေျမႇာက္ အရႈံးေပးခဲ့ရၿပီး ကူတြာဟာ ရီးရဲလ္မက္ဒရစ္ရဲ့ ၁၄ ႀကိမ္ေျမာက္ ဥေရာပဖလား ရရွိခဲ့မႈမွာ ခ်ီးက်ဴးဂုဏ္ျပဳမႈေတြ အမ်ားအျပား ရရွိခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္ ကူတြာကို ငါ မင္းကို ဗိုလ္လုပြဲပို႔ေပးမယ္။ မင္းက ပြဲကို အနိုင္ရေအာင္ ငါတို႔အတြက္ လုပ္ေပးလို႔ ေျပာခဲ့တယ္။ အဲဒီလိုပဲ ျဖစ္ပ်က္ခဲ့တာပါ။ ဒီေန႔ပြဲက ခက္ခဲခဲ့ေပမယ့္ အရင္ပြဲေတြေလာက္ေတာ့ မခက္ခဲပါဘူး။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ ျပန္သြင္းစရာ ဂိုးမရွိခဲ့လို႔ပါ။ ဟုတ္ပါတယ္။ ကၽြန္ေတာ္ သံသယဝင္ခဲ့မိတယ္။ ကစားသမားေတြကေတာ့ သံသယမဝင္ခဲ့ဘူး။ ကစားသမားေတြက ယုံၾကည္ၿပီးရင္း ယုံၾကည္မႈရွိခဲ့ၾကတယ္”

“ကၽြန္ေတာ္တို႔ လုံးဝ ထိန္းခ်ဳပ္ခံထားခဲ့ရၿပီး နည္းဗ်ဴဟာအရေတာ့ ေကာင္းေကာင္းလုပ္နိုင္ခဲ့တယ္။ လီဗာပူးလ္က ကၽြန္ေတာ္တို႔ကို ဖိအားေပးတယ္။ အႀကိမ္ေပါင္းမ်ားစြာ ဂိုးကန္သြင္းခဲ့ေပမယ့္ ကၽြန္ေတာ္တို႔ ပြဲကို ေကာင္းေကာင္း စီမံခန႔္ခြဲနိုင္ခဲ့တယ္။ လီဗာပူးလ္က အရမ္းေကာင္းတဲ့အသင္းပါ။ သူတို႔ေတြ ဒီရာသီမွာ ပြဲအမ်ားႀကီး မရႈံးနိမ့္ခဲ့ပါဘူး”

“တျခားအသင္းေတြထက္စာရင္ ရီးရဲလ္မက္ဒရစ္နဲ႔ဆိုရင္ ခ်န္ပီယံလိဂ္ဖလားယူရတာ ပိုလြယ္ကူတယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ပရိသတ္ေတြက ထူးျခားခဲ့ၿပီး အသင္းအတြက္ စိတ္ဆႏၵျပင္းျပမႈေတြနဲ႔အတူ ေမြးဖြားခဲ့ၾကတာပါ။ အသင္းမွာ ရွိေနတဲ့ ဒီအရာေတြက ဒီပြဲစဥ္ကို အထူးေနရာတစ္ခု ျဖစ္ေစခဲ့ပါတယ္။ ဒီအသင္းကို နည္းျပရတာ အရမ္းကို လြယ္ကူခဲ့ပါတယ္”လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ကာလို အန္ဆယ္ေလာ့တီဟာ စေနေန႔ညက ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္နိုင္ခဲ့တာဟာ နည္းျပဘဝတေလၽွာက္ ၄ ႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားျဖစ္ခဲ့ၿပီး ေအစီမီလန္နဲ႔ ၂၀၀၃၊ ၂၀၀၇ မွာ ၂ ႀကိမ္၊ ရီးရဲလ္မက္ဒရစ္နဲ႔ ၂၀၁၄၊ ၂၀၂၂ ခုႏွစ္မွာ ၂ ႀကိမ္ ရရွိခဲ့ၿပီျဖစ္ပါတယ္။

ဒါ့အျပင္ အန္ဆယ္ေလာ့တီဟာ ေဘာလုံးသမိုင္းတေလၽွာက္မွာ ခ်န္ပီယံလိဂ္ဖလား အမ်ားဆုံးရရွိထားတဲ့ နည္းျပလည္း ျဖစ္လာခဲ့ၿပီျဖစ္ၿပီး ေဘာ့ဘ္ ပိုင္စေလ(လီဗာပူးလ္-၁၉၇၇၊၁၉၇၈၊၁၉၈၁)၊ ဇီဒန္း(ရီးရဲလ္မက္ဒရစ္-၂၀၁၆၊ ၂၀၁၇၊၂၀၁၈)တို႔ကို ေက်ာ္ျဖတ္နိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.