Premier League

၁၃.၂.၂၀၂၀ အတြက္ ေတာ့တင္မ္ေဟာ့စပါးစ္အသင္းႏွင့္ ဆက္စပ္သတင္းမ်ား စုစည္းမွဳ

ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔အတြက္ ရရွိခဲ့တဲ့ တစ္ေန႔တာအတြင္း ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– ဘုန္းေမာက္အသင္းမွာ ေျခစြမ္းျပေနတဲ့ နယ္သာလန္ေနာက္ခံလူ နာသန္ ေအကီဟာ တကယ့္အရည္အေသြးေကာင္းေတြ ပုိင္ဆုိင္ထားတဲ့ ေနာက္ခံလူတစ္ဦးျဖစ္ေၾကာင္းနဲ႔ သူ႕အတြက္ ေပါင္သန္း ၄၀ ဆုိတာ ေဈးခ်ဳိလြန္းလုိ႔ စပါးစ္အသင္းအေနနဲ႔ မျဖစ္မေန ေခၚယူသင့္ေၾကာင္း ဂိုးသမားေဟာင္း ေပါလ္ ေရာ္ဘင္ဆင္တိုက္တြန္း။

– နည္းျပေဟာင္း ပိုခ်က္တီႏို ေခၚယူထားခဲ့တဲ့ အာဂ်င္တီးနားသား ေနာက္ခံလူ ဟြမ္ ဖြဳိက္သ္ကို လာမယ့္ေႏြရာသီမွာ အသင္းကေန အၿပီးသတ္ပဲျဖစ္ျဖစ္၊ အငွားနဲ႔ပဲျဖစ္ျဖစ္ ထြက္ခြာေစလိုေနၿပီး အလိုမရွိတဲ့ ကစားသမားမ်ဳိးလို႔ နည္းျပ ဟိုေဆး ေမာ္ရင္ဟို သတ္မွတ္ထား။

– ႐ုရွားလက္ေရြးစင္အသင္းေခါင္းေဆာင္ အာတမ္ ဂ်ဴဘာကို ေဆာင္းရာသီအေျပာင္းအေရႊ႕မွာ ဒဏ္ရာရရွိေနတဲ့ တုိက္စစ္မွဴး ဟာရီကိန္းရဲ႕ ကာလတုိအစားထိုးမွဳအျဖစ္ ေခၚယူဖို႔ ဇင္းနစ္အသင္းထံကေန စပါးစ္ခ်ဥ္းကပ္ခဲ့ေၾကာင္း အိတ္စ္ပရက္စ္ ေဖာ္ျပ။

– အသင္းရဲ႕ကစားပုံကို ေျပာင္းလဲခဲ့ၿပီး အာဆင္နယ္အသင္းရဲ႕ အထက္မွာ ရပ္တည္ႏုိင္ခဲ့တာဟာ စပါးစ္နဲ႔ သူထားရွိခဲ့တဲ့ ဆက္ဆံေရးေကာင္းျဖစ္ခဲ့တယ္လုိ႔ ပုိခ်က္တီႏိုေျပာၾကားခဲ့တာကို ပရိသတ္ေတြက ဒါဟာ အေရးမႀကီးေၾကာင္းနဲ႔ ဆုဖလားေတြ မရတာကသာ အေရးႀကီးေၾကာင္း တုံ႔ျပန္ခဲ့ၾက။

– အသင္းမွာ ေနရာမရခဲ့တဲ့အတြက္ ေဆာင္းရာသီအေျပာင္းအေရႊ႕မွာ နယူးကာဆယ္လ္ယူႏိုက္တက္အသင္းထံကို အငွားထြက္ကစားေနခဲ့တဲ့ ဘယ္ေနာက္ခံလူ ဒန္နီ႐ို႕စ္ကို ေႏြရာသီမွာ ထြက္ခြာဖို႔ ရွိေနတဲ့ ေလဗင္ ကာဇာဝါေနရာမွာ အစားထိုးဖို႔အတြက္ ယူ႐ိုသန္း ၂၀ နဲ႔ PSG ကမ္းလွမ္းသြားဖို႔ စီစဥ္ေန။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့အတွက် ရရှိခဲ့တဲ့ တစ်နေ့တာအတွင်း တော့တင်ဟမ်ဟော့စပါးစ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– ဘုန်းမောက်အသင်းမှာ ခြေစွမ်းပြနေတဲ့ နယ်သာလန်နောက်ခံလူ နာသန် အေကီဟာ တကယ့်အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ နောက်ခံလူတစ်ဦးဖြစ်ကြောင်းနဲ့ သူ့အတွက် ပေါင်သန်း ၄၀ ဆိုတာ ဈေးချိုလွန်းလို့ စပါးစ်အသင်းအနေနဲ့ မဖြစ်မနေ ခေါ်ယူသင့်ကြောင်း ဂိုးသမားဟောင်း ပေါလ် ရော်ဘင်ဆင်တိုက်တွန်း။

– နည်းပြဟောင်း ပိုချက်တီနို ခေါ်ယူထားခဲ့တဲ့ အာဂျင်တီးနားသား နောက်ခံလူ ဟွမ် ဖွိုက်သ်ကို လာမယ့်နွေရာသီမှာ အသင်းကနေ အပြီးသတ်ပဲဖြစ်ဖြစ်၊ အငှားနဲ့ပဲဖြစ်ဖြစ် ထွက်ခွာစေလိုနေပြီး အလိုမရှိတဲ့ ကစားသမားမျိုးလို့ နည်းပြ ဟိုဆေး မော်ရင်ဟို သတ်မှတ်ထား။

– ရုရှားလက်ရွေးစင်အသင်းခေါင်းဆောင် အာတမ် ဂျူဘာကို ဆောင်းရာသီအပြောင်းအရွှေ့မှာ ဒဏ်ရာရရှိနေတဲ့ တိုက်စစ်မှူး ဟာရီကိန်းရဲ့ ကာလတိုအစားထိုးမှုအဖြစ် ခေါ်ယူဖို့ ဇင်းနစ်အသင်းထံကနေ စပါးစ်ချဉ်းကပ်ခဲ့ကြောင်း အိတ်စ်ပရက်စ် ဖော်ပြ။

– အသင်းရဲ့ကစားပုံကို ပြောင်းလဲခဲ့ပြီး အာဆင်နယ်အသင်းရဲ့ အထက်မှာ ရပ်တည်နိုင်ခဲ့တာဟာ စပါးစ်နဲ့ သူထားရှိခဲ့တဲ့ ဆက်ဆံရေးကောင်းဖြစ်ခဲ့တယ်လို့ ပိုချက်တီနိုပြောကြားခဲ့တာကို ပရိသတ်တွေက ဒါဟာ အရေးမကြီးကြောင်းနဲ့ ဆုဖလားတွေ မရတာကသာ အရေးကြီးကြောင်း တုံ့ပြန်ခဲ့ကြ။

– အသင်းမှာ နေရာမရခဲ့တဲ့အတွက် ဆောင်းရာသီအပြောင်းအရွှေ့မှာ နယူးကာဆယ်လ်ယူနိုက်တက်အသင်းထံကို အငှားထွက်ကစားနေခဲ့တဲ့ ဘယ်နောက်ခံလူ ဒန်နီရို့စ်ကို နွေရာသီမှာ ထွက်ခွာဖို့ ရှိနေတဲ့ လေဗင် ကာဇာဝါနေရာမှာ အစားထိုးဖို့အတွက် ယူရိုသန်း ၂၀ နဲ့ PSG ကမ်းလှမ်းသွားဖို့ စီစဉ်နေ။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.