Premier League UCL&UEL

ရီးရဲလ်ကို မနိုင်တာတောင် ဥရောပမှာ လီဗာပူးလ်အကောင်းဆုံးပြောနေသေးတဲ့ အိုဝင်ကို တုံ့ပြန်ခဲ့တဲ့ ဖာဒီနန်

ရီယို ဖာဒီနန်က လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဥရေပမှာ အကောင်းဆုံးအသင်းဖြစ်တယ်လို့ ပြောကြားခဲ့တဲ့ မိုက်ကယ် အိုဝင်ရဲ့ ပြောကြားချက်ကို တုံ့ပြန်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပဲရစ်မှာ ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့်လည်း ဗင်နစ်ရှပ် ဂျူနီယာရဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့် ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်အသင်းဟာ နတ်ဘုရား mode ဝင်နေတဲ့ ရီးရဲလ်မက်ဒရစ်ဂိုးသမား ကူတွာကို ဘယ်လိုမှ ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိဘဲ ဆာလားရဲ့ အပိုင်ကန်သွင်းမှု ၃ ကြိမ်စလုံးဟာ ငြင်းပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ကောင်းကောင်း လုပ်နိုင်ခဲ့တဲ့အတွက် ချီးကျူးမှုတွေ ပြုလုပ်ရမှာဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့်မှာ မန်စီးတီးကို အံ့အားသင့်ဖွယ် ပြန်လာပြီး အနိုင်ယူနိုင်ခဲ့သလို ကွာတားဖိုင်နယ်အဆင့်မှာလည်း ဥရောပချန်ပီယံ ချဲလ်ဆီးကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် အိုဝင်ကတော့ လီဗာပူးလ်ကသာ အကောင်းဆုံးလို့ ပြောဆိုနေဆဲဖြစ်ပါတယ်။

“သူတို့တွေက ဥရောပမှာ အကောင်းဆုံးအသင်းလို့ ကျွန်တော် ထင်နေတုန်းပဲ။ ကျွန်တော် တကယ်ထင်နေတာပါ။ တခြားအချိန်တွေမှာဆိုရင် သူတို့တွေ ဖလားမှာ သူတို့နာမည်ကို ရေးထိုးနိုင်လောက်ပါတယ်”လို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ BT Sport ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဖာဒီနန်က မိုက်ကယ် အိုဝင်ရဲ့ ပြောကြားချက်ကို အလျင်အမြန်ပဲ တုံ့ပြန်ခဲ့ပြီး “ဘယ်လိုလုပ်ပြီး ဥရောပမှာ သူတို့က အကောင်းဆုံးအသင်းလို့ ခင်ဗျား ပြောနိုင်ရတာလဲ။ သူတို့တွေ လိဂ်မှာရော ချန်ပီယံလိဂ်မှာပါ ရှုံးနိမ့်ခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။

အိုဝင်က လီဗာပူးလ်ဟာ အလွန်ထူးချွန်တဲ့ရာသီပိုင်ဆိုင်ခဲ့ပြီး အနိုင်ယူဖို့ခက်တဲ့အသင်းဖြစ်နေဆဲဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး ဖာဒီနန်ကလည်း လီဗာပူးလ်က ထိပ်တန်းအသင်းဆိုတာ သံသယဝင်နေခြင်းမရှိပေမယ့် ဥရောပက အကောင်းဆုံးအသင်းဟာ ဆုဖလား အနိုင်ရရှိရလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“သူတို့တွေက ဥရောပမှာ အကောင်းဆုံးအသင်းလို့တော့ ကျွန်တော် မထင်ပါဘူး။ ခင်ဗျား အကောင်းဆုံးလို့ သတ်မှတ်ခံရဖို့ဆိုရင် အကြီးမားဆုံးဆုဖလားကိုတော့ ရမှဖြစ်မယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေက မယုံနိုင်စရာ စိတ်လှုပ်ရှားစရာကောင်းတဲ့အသင်းပါ။ သူတို့တွေ လိဂ်မှာ ရခဲ့တဲ့ ရမှတ်၊ သူတို့ ကစားခဲ့တဲ့ ခြေစွမ်းတည်ငြိမ်မှု၊ သူတို့ ကစားလို့ရနိုင်တဲ့ ပွဲစဉ်တိုင်းမှာ ယှဉ်ပြိုင်ခဲ့ကြတယ်။ ဒါပေမယ့်လည်း ခင်ဗျား ဥရောပမှာ အကောင်းဆုံးအသင်းလို့ ခေါ်ခံရဖို့အတွက်ဆိုရင်တော့ ကြီးမားတဲ့ဆုဖလားတွေကို ခင်ဗျား လက်ထဲမှာ ဆုပ်ကိုင်ထားနိုင်မှ ရပါမယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ရီယို ဖာဒီနန္က လီဗာပူးလ္အသင္းဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ရီးရဲလ္မက္ဒရစ္ကို ရႈံးနိမ့္ခဲ့ေပမယ့္လည္း ဥေရပမွာ အေကာင္းဆုံးအသင္းျဖစ္တယ္လို႔ ေျပာၾကားခဲ့တဲ့ မိုက္ကယ္ အိုဝင္ရဲ့ ေျပာၾကားခ်က္ကို တုံ႔ျပန္ခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ ပဲရစ္မွာ ပိုမိုေကာင္းမြန္တဲ့ အခြင့္အေရးေတြ ဖန္တီးနိုင္ခဲ့ေပမယ့္လည္း ဗင္နစ္ရွပ္ ဂ်ဴနီယာရဲ့ တစ္လုံးတည္းေသာ သြင္းဂိုးေၾကာင့္ က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ ရႈံးနိမ့္သြားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လီဗာပူးလ္အသင္းဟာ နတ္ဘုရား mode ဝင္ေနတဲ့ ရီးရဲလ္မက္ဒရစ္ဂိုးသမား ကူတြာကို ဘယ္လိုမွ ေက်ာ္ျဖတ္နိုင္ခဲ့ျခင္းမရွိဘဲ ဆာလားရဲ့ အပိုင္ကန္သြင္းမႈ ၃ ႀကိမ္စလုံးဟာ ျငင္းပယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ေကာင္းေကာင္း လုပ္နိုင္ခဲ့တဲ့အတြက္ ခ်ီးက်ဴးမႈေတြ ျပဳလုပ္ရမွာျဖစ္ၿပီး ဆီမီးဖိုင္နယ္အဆင့္မွာ မန္စီးတီးကို အံ့အားသင့္ဖြယ္ ျပန္လာၿပီး အနိုင္ယူနိုင္ခဲ့သလို ကြာတားဖိုင္နယ္အဆင့္မွာလည္း ဥေရာပခ်န္ပီယံ ခ်ဲလ္ဆီးကို ေက်ာ္ျဖတ္နိုင္ခဲ့ေပမယ့္ အိုဝင္ကေတာ့ လီဗာပူးလ္ကသာ အေကာင္းဆုံးလို႔ ေျပာဆိုေနဆဲျဖစ္ပါတယ္။

“သူတို႔ေတြက ဥေရာပမွာ အေကာင္းဆုံးအသင္းလို႔ ကၽြန္ေတာ္ ထင္ေနတုန္းပဲ။ ကၽြန္ေတာ္ တကယ္ထင္ေနတာပါ။ တျခားအခ်ိန္ေတြမွာဆိုရင္ သူတို႔ေတြ ဖလားမွာ သူတို႔နာမည္ကို ေရးထိုးနိုင္ေလာက္ပါတယ္”လို႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအၿပီးမွာ BT Sport ကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဖာဒီနန္က မိုက္ကယ္ အိုဝင္ရဲ့ ေျပာၾကားခ်က္ကို အလ်င္အျမန္ပဲ တုံ႔ျပန္ခဲ့ၿပီး “ဘယ္လိုလုပ္ၿပီး ဥေရာပမွာ သူတို႔က အေကာင္းဆုံးအသင္းလို႔ ခင္ဗ်ား ေျပာနိုင္ရတာလဲ။ သူတို႔ေတြ လိဂ္မွာေရာ ခ်န္ပီယံလိဂ္မွာပါ ရႈံးနိမ့္ခဲ့တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အိုဝင္က လီဗာပူးလ္ဟာ အလြန္ထူးခၽြန္တဲ့ရာသီပိုင္ဆိုင္ခဲ့ၿပီး အနိုင္ယူဖို႔ခက္တဲ့အသင္းျဖစ္ေနဆဲျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး ဖာဒီနန္ကလည္း လီဗာပူးလ္က ထိပ္တန္းအသင္းဆိုတာ သံသယဝင္ေနျခင္းမရွိေပမယ့္ ဥေရာပက အေကာင္းဆုံးအသင္းဟာ ဆုဖလား အနိုင္ရရွိရလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“သူတို႔ေတြက ဥေရာပမွာ အေကာင္းဆုံးအသင္းလို႔ေတာ့ ကၽြန္ေတာ္ မထင္ပါဘူး။ ခင္ဗ်ား အေကာင္းဆုံးလို႔ သတ္မွတ္ခံရဖို႔ဆိုရင္ အႀကီးမားဆုံးဆုဖလားကိုေတာ့ ရမွျဖစ္မယ္လို႔ ကၽြန္ေတာ္ ထင္တယ္။ သူတို႔ေတြက မယုံနိုင္စရာ စိတ္လႈပ္ရွားစရာေကာင္းတဲ့အသင္းပါ။ သူတို႔ေတြ လိဂ္မွာ ရခဲ့တဲ့ ရမွတ္၊ သူတို႔ ကစားခဲ့တဲ့ ေျခစြမ္းတည္ၿငိမ္မႈ၊ သူတို႔ ကစားလို႔ရနိုင္တဲ့ ပြဲစဥ္တိုင္းမွာ ယွဥ္ၿပိဳင္ခဲ့ၾကတယ္။ ဒါေပမယ့္လည္း ခင္ဗ်ား ဥေရာပမွာ အေကာင္းဆုံးအသင္းလို႔ ေခၚခံရဖို႔အတြက္ဆိုရင္ေတာ့ ႀကီးမားတဲ့ဆုဖလားေတြကို ခင္ဗ်ား လက္ထဲမွာ ဆုပ္ကိုင္ထားနိုင္မွ ရပါမယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.