Premier League
တစ်နေ့တာ ကရိုဏ်း။
UNICODE: ၆.၈.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၃ ရက်၊ ကြာသပတေးနေ့၊ သမားဖြူ။
တစ်နေ့တာ တိထီနှင့် ယုဂ်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၁:၁၄ အထိ တိထီ ၃ လုံး။ ကျော်လျှင် ၄ လုံး။ ၃ လုံးတွင် အမြိတ္တယုဂ်၊ ထာဝရရှင်သန်အောင်မြင်စေလိုသော အလုပ်များ လုပ်ဆောင်ရန်ကောင်း။
တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
မွန်းလွဲ ၁၂:၁၇ အထိ သတ္တဗိဿနက္ခတ်။ ကျော်လျှင် ပြုဗ္ဗာဘဒြပိုဒ်နက္ခတ်။ နံနက် ၆:၀၅ အထိ သောဘဏယုဂ်၊ လှပမှု၊ ကျက်သရေတင့်တယ်ခြင်း၊ စိတ်ပျော်မွေ့ခြင်း၊ သက်ဆိုင်ရာ နေရာများအား အလှဆင်ခြင်း၊ သန့်ရှင်းစင်ကြယ်အောင်လုပ်ခြင်းဖြင့် ကံဖွင့် လာဘ်ဖွင့်ပါ။ တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၆:၂၀ အထိ အတိဂဏ္ဍယုဂ်၊ အန္တရာယ်၊ အတားအဆီးနှင့် ကြုံရခြင်း၊ အနှောင့်အယှက်၊ အဖျက်အဆီးများအား လိမ္မာပါးနပ်စွာ ကျော်လွှားပါ။ ကျော်လျှင် သုကမ္မယုဂ်၊ အောင်မြင်ခြင်း၊ အနိုင်ယူခွင့်ကြုံခြင်း၊ နိုင်တိုင်း မလုပ်ဘဲ သဘောထားကြီးမှုကို ပြသ၍ သိမ်းသွင်းယူပါ။
တစ်နေ့တာ ကရိုဏ်း။
မွန်းလွဲ ၁၂:၂၈ အထိ ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။ နံနက် ၁:၁၄ အထိ ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။ ကျော်လျှင် ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာအမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။
တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၁:၁၄ အထိ အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။ ကျော်လျှင် အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။
ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။
ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)