Premier League Transfer News

တီလီမန်းစ်ကို အီဒူးသာ ခေါ်နိုင်ခဲ့ရင် အာတီတာရဲ့ လာမယ့်ရာသီ ပွဲထွက်လူစာရင်းက ဘယ်လိုပုံစံဖြစ်လာနိုင်မလဲ

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်တာကြောင့် ဥရောပပြိုင်ပွဲတွေမှာ ပြန်လည်ပါဝင်ခွင့် ရရှိတော့မှာဖြစ်ပါတယ်။

အာဆင်နယ်အနေနဲ့ ပွဲစဉ်အပိုတွေ ကစားရမယ့်ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် လူစာရင်းကို ပိုပြီး အင်အားတောင့်တင်းအောင်နဲ့ အရည်အသွေးပိုမိုကောင်းမွန်အောင် လုပ်ဖို့ လိုအပ်နေပြီး အရည်အသွေးပိုမို အသုံးပြုနိုင်တဲ့ နေရာကတော့ ကွင်းလယ်ဗဟိုပဲ ဖြစ်ပါတယ်။

အာတီတာဟာ မိုဟာမက် အယ်လ်နန်နီက တစ်နှစ်စာချုပ် ချုပ်ဆိုမယ်ဆိုတဲ့သတင်းကြောင့် အားတက်ခဲ့ရပြီးဖြစ်ပေမယ့်လည်း စပိန်လူမျိုးနည်းပြက ကွင်းလယ်နေရာမှာ ရွေးချယ်စရာတွေကို တိုးမြှင့်ချင်နေသေးတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့ သတင်းတွေ ဆက်တိုက် ပေါ်ထွက်နေတဲ့ ကစားသမားကတော့ လက်စတာစီးတီး ယူရီ တီလီမန်းစ်ဖြစ်ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ မြေခွေးတွေနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမားဖြစ်ပါတယ်။

အဲဒါကြောင့် လက်စတာစီးတီးအသင်းဟာ လာမယ့်နှစ် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးရမှာကို ရှောင်လွှဲဖို့အတွက် ယခုလာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ တီလီမန်းစ်ကို ရောင်းချသွားဖွယ် ရှိနေတာ ဖြစ်ပါတယယ်။

ဘယ်လ်ဂျီယမ် ကွင်းလယ်ကြယ်ပွင့်ဟာ ယခုရာသီမှာ လက်စတာစီးတီးအသင်းအတွက် သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ပေးခဲ့သူဖြစ်ပြီး ၎င်းရဲ့ အဝေးဘော ပေးပို့နိုင်စွမ်း၊ အမြင်ရှိမှုနဲ့ ချိတ်ဆက်ကစားနိုင်စွမ်းတို့ကြောင့် အကြမ်းပတမ်းကစားနိုင်စွမ်းရှိတဲ့ သောမတ်စ် ပါတေးအတွက် ဖြည့်စွက်နိုင်တဲ့ ပြီးပြည့်စုံတဲ့ ကစားသမားဖြစ်လာမှာဖြစ်ပါတယ်။

တီလီမန်းစ်ဟာ အသက် ၂၅ နှစ်အရွယ်သာ ရှိသေးတာကြောင့် ဆာလောင်ပြီး ဖွံ့ဖြိုးလာနိုင်တဲ့ လူငယ်ကစားသမားတွေကို ခေါ်ယူတဲ့ အာဆင်နယ်ရဲ့ အပြောင်းအရွှေ့မူဝါဒနဲ့ ကွက်တိ အံဝင်ပြီး အသင်းနဲ့အတူ တိုးတက်လာနိုင်တာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် နွေရာသီမှာ မိုနာကိုအသင်းကနေ လက်စတာစီးတီးကို ပြောင်းရွှေ့လာပြီးကတည်းက တီလီမန်းစ်ဟာ အသင်းအတွက် ၁၅၈ ပွဲ ပါဝင်ကစားပေးထားပြီး သွင်းဂိုး ၂၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၄ ကြိမ် ပြုလုပ်ပေးခဲ့တာဖြစ်ပေမယ့်လည်း ကင်းပါဝါမှာ ၃ နှစ်ကြာ ကစားခဲ့ပြီးနောက် ကစားသမားဘဝ နောက်တဆင့်တက်ဖို့အတွက် ဆာလောင်လာပုံ ပေါ်ပါတယ်။

အဲဒါကြောင့် တီလီမန်းစ်အတွက် အာတီတာရဲ့ ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းမှာ နေရာရှိလားဆိုတဲ့ မေးခွန်းရှိလာပြီး တကယ်လို့ အီဒူးသာ အပြောင်းအရွှေ့ဖြစ်မြောက်အောင် အမှန်တကယ်လုပ်ဆောင်နိုင်မယ်ဆိုရင် ဘယ်လ်ဂျီယမ်ကြယ်ပွင့်ပါဝင်တဲ့ လာမယ့်ရာသီ အာဆင်နယ်ရဲ့ လူစာရင်းက ဘယ်လိုပုံစံဖြစ်လာနိုင်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ဂိုး- အာရွန် ရမ်းစ်ဒေးလ်

ညာနောက်ခံ- တိုမီယာစု

ဗဟိုခံစစ်- ဘန် ဝှိုက်

ဗဟိုခံစစ်- ဂါဘရီယယ်လ်

ဘယ်နောက်ခံ- ကီရန် တီယာနီ

ကွင်းလယ်ဗဟိုညာ- သောမတ်စ် ပါတေး

ကွင်းလယ်ဗဟိုဘယ်- ယူရီ တီလီမန်းစ်

ညာတောင်ပံ- ဘူကာယို ဆာကာ

ကွင်းလယ်တိုက်စစ်- မာတင် အော်ဒီဂွါဒ်

ဘယ်တောင်ပံ- စမစ် ရိုး

တိုက်စစ်မှူး- ဂါဘရီယယ်လ် မာတီနယ်လီ

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ လာမယ့္ရာသီ ယူရိုပါလိဂ္ၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရရွိခဲ့ၿပီျဖစ္တာေၾကာင့္ ဥေရာပၿပိဳင္ပြဲေတြမွာ ျပန္လည္ပါဝင္ခြင့္ ရရွိေတာ့မွာျဖစ္ပါတယ္။

အာဆင္နယ္အေနနဲ႔ ပြဲစဥ္အပိုေတြ ကစားရမယ့္ျပႆနာကို ေျဖရွင္းနိုင္ဖို႔အတြက္ လူစာရင္းကို ပိုၿပီး အင္အားေတာင့္တင္းေအာင္နဲ႔ အရည္အေသြးပိုမိုေကာင္းမြန္ေအာင္ လုပ္ဖို႔ လိုအပ္ေနၿပီး အရည္အေသြးပိုမို အသုံးျပဳနိုင္တဲ့ ေနရာကေတာ့ ကြင္းလယ္ဗဟိုပဲ ျဖစ္ပါတယ္။

အာတီတာဟာ မိုဟာမက္ အယ္လ္နန္နီက တစ္ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုမယ္ဆိုတဲ့သတင္းေၾကာင့္ အားတက္ခဲ့ရၿပီးျဖစ္ေပမယ့္လည္း စပိန္လူမ်ိဳးနည္းျပက ကြင္းလယ္ေနရာမွာ ေရြးခ်ယ္စရာေတြကို တိုးျမႇင့္ခ်င္ေနေသးတာ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းနဲ႔ သတင္းေတြ ဆက္တိုက္ ေပၚထြက္ေနတဲ့ ကစားသမားကေတာ့ လက္စတာစီးတီး ယူရီ တီလီမန္းစ္ျဖစ္ၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ ေျမေခြးေတြနဲ႔ စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာ က်န္ရွိေတာ့တဲ့ ကစားသမားျဖစ္ပါတယ္။

အဲဒါေၾကာင့္ လက္စတာစီးတီးအသင္းဟာ လာမယ့္ႏွစ္ ေႏြရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ေပးရမွာကို ေရွာင္လႊဲဖို႔အတြက္ ယခုလာမယ့္ ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ တီလီမန္းစ္ကို ေရာင္းခ်သြားဖြယ္ ရွိေနတာ ျဖစ္ပါတယယ္။

ဘယ္လ္ဂ်ီယမ္ ကြင္းလယ္ၾကယ္ပြင့္ဟာ ယခုရာသီမွာ လက္စတာစီးတီးအသင္းအတြက္ သြင္းဂိုး ၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္ ျပဳလုပ္ေပးခဲ့သူျဖစ္ၿပီး ၎ရဲ့ အေဝးေဘာ ေပးပို႔နိုင္စြမ္း၊ အျမင္ရွိမႈနဲ႔ ခ်ိတ္ဆက္ကစားနိုင္စြမ္းတို႔ေၾကာင့္ အၾကမ္းပတမ္းကစားနိုင္စြမ္းရွိတဲ့ ေသာမတ္စ္ ပါေတးအတြက္ ျဖည့္စြက္နိုင္တဲ့ ၿပီးျပည့္စုံတဲ့ ကစားသမားျဖစ္လာမွာျဖစ္ပါတယ္။

တီလီမန္းစ္ဟာ အသက္ ၂၅ ႏွစ္အရြယ္သာ ရွိေသးတာေၾကာင့္ ဆာေလာင္ၿပီး ဖြံ့ၿဖိဳးလာနိုင္တဲ့ လူငယ္ကစားသမားေတြကို ေခၚယူတဲ့ အာဆင္နယ္ရဲ့ အေျပာင္းအေရႊ႕မူဝါဒနဲ႔ ကြက္တိ အံဝင္ၿပီး အသင္းနဲ႔အတူ တိုးတက္လာနိုင္တာျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္ ေႏြရာသီမွာ မိုနာကိုအသင္းကေန လက္စတာစီးတီးကို ေျပာင္းေရႊ႕လာၿပီးကတည္းက တီလီမန္းစ္ဟာ အသင္းအတြက္ ၁၅၈ ပြဲ ပါဝင္ကစားေပးထားၿပီး သြင္းဂိုး ၂၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂၄ ႀကိမ္ ျပဳလုပ္ေပးခဲ့တာျဖစ္ေပမယ့္လည္း ကင္းပါဝါမွာ ၃ ႏွစ္ၾကာ ကစားခဲ့ၿပီးေနာက္ ကစားသမားဘဝ ေနာက္တဆင့္တက္ဖို႔အတြက္ ဆာေလာင္လာပုံ ေပၚပါတယ္။

အဲဒါေၾကာင့္ တီလီမန္းစ္အတြက္ အာတီတာရဲ့ ပြဲထြက္ကစားသမား ၁၁ ဦးစာရင္းမွာ ေနရာရွိလားဆိုတဲ့ ေမးခြန္းရွိလာၿပီး တကယ္လို႔ အီဒူးသာ အေျပာင္းအေရႊ႕ျဖစ္ေျမာက္ေအာင္ အမွန္တကယ္လုပ္ေဆာင္နိုင္မယ္ဆိုရင္ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ပါဝင္တဲ့ လာမယ့္ရာသီ အာဆင္နယ္ရဲ့ လူစာရင္းက ဘယ္လိုပုံစံျဖစ္လာနိုင္လဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

ဂိုး- အာရြန္ ရမ္းစ္ေဒးလ္

ညာေနာက္ခံ- တိုမီယာစု

ဗဟိုခံစစ္- ဘန္ ဝွိုက္

ဗဟိုခံစစ္- ဂါဘရီယယ္လ္

ဘယ္ေနာက္ခံ- ကီရန္ တီယာနီ

ကြင္းလယ္ဗဟိုညာ- ေသာမတ္စ္ ပါေတး

ကြင္းလယ္ဗဟိုဘယ္- ယူရီ တီလီမန္းစ္

ညာေတာင္ပံ- ဘူကာယို ဆာကာ

ကြင္းလယ္တိုက္စစ္- မာတင္ ေအာ္ဒီဂြါဒ္

ဘယ္ေတာင္ပံ- စမစ္ ရိုး

တိုက္စစ္မႉး- ဂါဘရီယယ္လ္ မာတီနယ္လီ

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.