ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကူတွာ၊ ခံစစ်မှာ မီလီတို၊ အလာဘာ၊ ကာဗာဟယ်လ်နဲ့ ဖယ်လွန် မန်ဒီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ တိုနီ ခရူးစ်၊ မိုဒရစ်ချ်နဲ့ ကာစီမီရိုတို့ကို အထိုင်ချခဲ့သလို ညာခြမ်းနဲ့ ကွင်းလယ်မှာတော့ ဗယ်လ်ဗာဒီက Hybrid Role နဲ့ အရှင်ကစားပြီး တိုက်စစ်မှာတော့ ဘင်ဇီးမားနဲ့ ဗီနီးရှပ်စ် ဂျူနီယာတို့ ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။
လီဗာပူးလ်တို့ကတော့ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ဗန်ဒိုက်၊ ကိုနာတေနဲ့ ရောဘတ်ဆန်တို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ ဟန်ဒါဆန်၊ ဖာဘင်ညိုနဲ့ သီယာဂိုတို့ရဲ့ အင်အားအပြည့်ဆုံး အတွဲအဖက်ကို မြင်ခဲ့ရသလို တိုက်စစ်မှာတော့ ဆာလား၊ မာနေးနဲ့ လူးဝစ် ဒီယက်ဇ်တို့နဲ့ စုစည်းလာခဲ့ကြတာပါ။
ပွဲစကတည်းက အန်ဆယ်လော့တီရဲ့ လူစာရင်းမှာ သံယောဇဉ်ရှိရှိနဲ့ သုံးနေပေမယ့် လုံးဝ ခြေစွမ်းမရှိတော့ဘဲ လူပိုလိုဖြစ်နေခဲ့တဲ့ တိုနီ ခရူးစ်ကြောင့် ရီးရဲလ်တို့ ဆယ်ယောက်နဲ့ ကစားနေရသလိုဖြစ်နေခဲ့ပြီး လီဗာပူးလ်တို့ရဲ့ ဒီယက်ဇ်နဲ့ ဆာလားတို့ရဲ့ တောင်ပံတွေက တော်တော်လေး ဖိအားပေးထိုးဖောက်နိုင်ခဲ့သလို ဂိုးသမား ကူတွာ ဗျာများဖို့ ဖြစ်လာခဲ့ရပါတယ်။
ပွဲချိန် ၁၆ မိနစ်မှာ ဆာလားရဲ့ အနီးကပ် ကန်ချက်ကို ကူတွာ ပုတ်ထုတ်သွားနိုင်ခဲ့သလို သီယာဂိုရဲ့ အမှတ်မထင် ကန်ချက်ကိုလည်း အေးအေးဆေးဆေးပဲ ဖမ်းယူသွားနိုင်ခဲ့ပြီး ပွဲချိန် ၁၇ မိနစ်အရောက်မှာတော့ ဆာလားရဲ့ ဧရိယာထိပ်က ကန်ချက်ကိုလည်း ဘယ်လ်ဂျီယမ်သားကြီးကပဲ စက္ကန့် ၆၀ အတွင်း တတိယအကြိမ်အဖြစ် အမှားအယွင်း မရှိဘဲ လက်အိတ်တစ်စုံကြားမှာ ငြိမ်သက်စေခဲ့တာပါ။
ဒီနေ့မှာ လီဗာပူးလ်တို့ရဲ့ High Tempo ကစားဟန်က အသင်းကို တိုက်စစ်မှာ သွက်လက်ထက်မြက်စေပေမယ့် တည်ငြိမ်မှု အထိုက်အလျောက် နည်းစေခဲ့ချိန်မှာ ရီးရဲလ်တို့ရဲ့ မယှဉ်နိုင်တဲ့ ဗျူဟာကို မယှဉ်ဘဲ ပိတ်ဆို့သွားခဲ့တဲ့ ခံစစ်ဦးစားပေး ကစားဟန်က အလုပ်ဖြစ်ခဲ့ပြီး ပါးနပ်လွန်းပြီး ဖိအားတွေကို လျော့ပါးစေတဲ့ မိုဒရစ်ချ်ရဲ့ ကွင်းလယ်ထိန်းကျောင်းမှုနဲ့ ကူတွာရဲ့ စွမ်းစွမ်းတမံ ကာကွယ်မှုတွေအတွက် အားလုံးအံ့အားသင့်ခဲ့ရတာဖြစ်ပါတယ်။
ပွဲချိန် ၂၁ မိနစ်မှာ မာနေးရဲ့ တစ်ကိုယ်တော်ကန်ချက်ကို ဂိုးသမား ကူတွာ ဒိုက်ပစ်ပြီး လက်နဲ့ ထိုးထုတ်ခဲ့တာက တိုင်ထိပြီး ပြန်ထွက်လာတာကို သူကပဲ ထပ်မံဖမ်းယူခဲ့ရသလို ပွဲချိန် ၃၄ မိနစ်မှာလည်း အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ခါးဖြတ်ဘော တင်ပေးတာကို ဆာလား ခေါင်းတိုက်ခဲ့ရာမှာ ကူတွာရဲ့ တည့်တည့်ပဲ ရောက်သွားခဲ့လို့ ရီးရဲလ်တို့အတွက်တော့ ဂိုးပေးရဖို့ ဝေးနေခဲ့တာပါ။
ပွဲချိန် ၄၃ မိနစ်မှာတော့ အလာဘာ ဖြတ်ပို့တဲ့ ဘောလုံးကနေ ဘင်ဇီးမား ရသွားခဲ့ပြီး သူပြန်ချိုးပေးတဲ့ ဘောလုံးကို ဖာဘင်ညိုနဲ့ ကိုနာတေတို့ ဝိုင်းဖျက်လို့ ထွက်လာခဲ့တာကို ပြင်သစ်သားကြီးက ထပ်မံပိတ်သွင်းခဲ့ရာမှာ ဂိုးထဲ ဝင်သွားခဲ့ပေမယ့် လူကျွံစည်းမျဉ်းသစ်အရ ဂိုးသွင်းသူရဲ့ ရှေ့မှာ ပြိုင်ဘက် ကစားသမားတစ်ယောက်(ရောဘတ်ဆန်)သာ ကျန်ခဲ့တော့လို့ လူကျွံဘောအဖြစ် VAR ပြန်ကြည့်ပြီး ပယ်ဖျက်ခံခဲ့ရပါတယ်။
ပထမပိုင်းမှာ လီဗာပူးလ်တို့ကတော့ လက်ဝှေ့စကားနဲ့ ပြောရရင် အစီးသရေရနေခဲ့ပြီး ရီးရဲလ်တို့ကတော့ ကူတွာရဲ့ လက်စွမ်းနဲ့ ဂိုးမပေးရဘဲ တောင့်ခံနိုင်ခဲ့ကြသလို ဒုတိယပိုင်းမှာလည်း ခံစစ်နဲ့ တန်ပြန်တိုက်စစ်ပဲ ဆက်ကစားနေခဲ့ပြီး ကူတွာကတော့ ပါးစပ်ဖျားက မချချင်အောင် နေရာယူပုံနဲ့ ဘောလုံးလမ်းကြောင်း တွက်ဆမှုတွေမှာ ပါးနပ်လွန်းခဲ့တာကြောင့် တစ်ဖက်က ဖြတ်တင်ဘောတွေကိုပဲ ပုတ်ထုတ်ဖျက်ဆီးနိုင်ခဲ့တာပါ။
ပွဲချိန် ၅၉ မိနစ်မှာတော့ ရီးရဲလ်မက်ဒရစ်တို့ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး လီဗာပူးလ်တို့ရဲ့ Pressing ကို ဘယ်ညာခြေနှစ်ချောင်းလုံး သန်စွမ်းပြီး အယိမ်းအနွဲ့တွေနဲ့ ဖောက်ထွက်နိုင်ခဲ့တဲ့ မိုဒရစ်ချ်ရဲ့ Breaking Pass ကနေ တန်ပြန်တိုက်စစ် စတင်ခဲ့ရာမှာ ညာခြမ်းကနေ အနိမ့်ဘော ဖြတ်ချိုးပေးခဲ့တဲ့ ဗယ်လ်ဗာဒီရဲ့ ပေးပို့မှုကို ဗီနီးရှပ်စ် ဂျူနီယာက အဝေးတိုင်ဘက်ကနေ ပိတ်သွင်းနိုင်ခဲ့လို့ စပိန်သားတွေ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။
ပွဲချိန် ၆၄ မိနစ်မှာတော့ ကာစီမီရိုရဲ့ ပေါ့လျော့မှုကနေ အတွင်းကို ချိုးဝင်လာခဲ့တဲ့ ဆာလားက အဝေးတိုင်ဘက်ကို အပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် ကူတွာကပဲ မယုံနိုင်လောက်အောင် ဆန့်ထုတ်ကာကွယ်သွားနိုင်ခဲ့သလို ပွဲချိန် ၆၉ မိနစ်မှာလည်း ဆာလားရဲ့ ပိတ်သွင်းမှုကို နေရာမှန်မှာ မရှိပေမယ့် ထောင့်ကျဉ်းကို လျှောထိုးပိတ်ထားနိုင်ခဲ့လို့ လီဗာပူးလ်တို့ အပိုင်ဂိုးနှစ်ဂိုးလောက်ကို ၅ မိနစ်အတွင်း ဆုံးရှုံးခဲ့ရတာပါ။
ဒီနောက်ပိုင်းမှာ လီဗာပူးလ်တို့ဘက်က လူးဝစ် ဒီယက်ဇ်အစား ဂျိုတာ၊ သီယာဂိုအစား ဖာမီနိုနဲ့ ဟန်ဒါဆန်အစား ကီတာတို့ကို လဲကစားခဲ့ပေမယ့် ရီးရဲလ်ခံစစ်ကိုတော့ မကျော်နိုင်ခဲ့ဘဲဖြစ်နေခဲ့ပြီး ကူတွာကတော့ တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်လာတဲ့ ဒိန်းဂျား ၉ ကြိမ်ကို တစ်ကြိမ်မှ မလွတ်စေခဲ့သလို ဆာလားရဲ့ ပွဲချိန် ၈၂ မိနစ် ကန်ချက်ကိုပါ ထပ်မံကာကွယ်သွားနိုင်ခဲ့တာကြောင့် အင်္ဂလန်ပရိသတ်တွေအတွက် ယုံကြည်စရာ ရှားပါးလာခဲ့ပါတယ်။
နောက်ဆုံးမှာတော့ အန်ချယ်လော့တီရဲ့ ပါးနပ်တဲ့ ဗျူဟာနဲ့ ရိုးရှင်းတဲ့ ကစားပုံကို ယာဂန် ကလော့ပ်ရဲ့ Gegenpress က မကျော်နိုင်ခဲ့တာကြောင့် ပွဲချိန်အပြည့်မှာ တစ်ဂိုး-ဂိုးမရှိနဲ့ ရီးရဲလ်မက်ဒရစ်တို့ အောင်ပွဲခံနိုင်ခဲ့ပြီး လီဗာပူးလ်တို့ကတော့ ရက်ပိုင်းအတွင်းမှာ ပရီးမီးယားလိဂ်ဆုဖလားကိုရော ချန်ပီယံလိဂ်ဆုဖလားကိုပါ လက်လွှတ်ခဲ့ရတာပါ။
ပြင်သစ်မြေ စတေဒီ ဖရန့်စ်ကွင်းကြီးမှာ ဗိုလ်စွဲနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်တို့အတွက်တော့ ဒီတစ်ခေါက် ဆုဖလားက ၁၄ ကြိမ်မြောက် စံချိန်တင် ရရှိတာဖြစ်ခဲ့သလို နည်းပြ အန်ချယ်လော့တီ၊ ဂိုးသမား ကူတွာနဲ့ ကွင်းလယ်လူ မိုဒရစ်ချ်တို့ရဲ့ စွမ်းဆောင်ရည်နဲ့ Genius ဆန်မှုတွေက ပွဲကြည့်ပရိသတ်တွေအတွက်တော့ အိပ်ရေးပျက်ရကျိုးနပ်တဲ့ ရှုချင်စရာ အောင်ပွဲတစ်ပွဲဖြစ်ခဲ့ကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကူတြာ၊ ခံစစ္မွာ မီလီတို၊ အလာဘာ၊ ကာဗာဟယ္လ္နဲ႔ ဖယ္လြန္ မန္ဒီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ တိုနီ ခ႐ူးစ္၊ မိုဒရစ္ခ်္နဲ႔ ကာစီမီ႐ိုတို႔ကို အထိုင္ခ်ခဲ့သလို ညာျခမ္းနဲ႔ ကြင္းလယ္မွာေတာ့ ဗယ္လ္ဗာဒီက Hybrid Role နဲ႔ အရွင္ကစားၿပီး တိုက္စစ္မွာေတာ့ ဘင္ဇီးမားနဲ႔ ဗီနီးရွပ္စ္ ဂ်ဴနီယာတို႔ ပြဲထြက္လာခဲ့ၾကတာျဖစ္ပါတယ္။
လီဗာပူးလ္တို႔ကေတာ့ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ဗန္ဒိုက္၊ ကိုနာေတနဲ႔ ေရာဘတ္ဆန္တို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ဟန္ဒါဆန္၊ ဖာဘင္ညိဳနဲ႔ သီယာဂိုတို႔ရဲ႕ အင္အားအျပည့္ဆုံး အတြဲအဖက္ကို ျမင္ခဲ့ရသလို တိုက္စစ္မွာေတာ့ ဆာလား၊ မာေနးနဲ႔ လူးဝစ္ ဒီယက္ဇ္တို႔နဲ႔ စုစည္းလာခဲ့ၾကတာပါ။
ပြဲစကတည္းက အန္ဆယ္ေလာ့တီရဲ႕ လူစာရင္းမွာ သံေယာဇဥ္ရွိရွိနဲ႔ သုံးေနေပမယ့္ လုံးဝ ေျခစြမ္းမရွိေတာ့ဘဲ လူပိုလိုျဖစ္ေနခဲ့တဲ့ တိုနီ ခ႐ူးစ္ေၾကာင့္ ရီးရဲလ္တို႔ ဆယ္ေယာက္နဲ႔ ကစားေနရသလိုျဖစ္ေနခဲ့ၿပီး လီဗာပူးလ္တို႔ရဲ႕ ဒီယက္ဇ္နဲ႔ ဆာလားတို႔ရဲ႕ ေတာင္ပံေတြက ေတာ္ေတာ္ေလး ဖိအားေပးထိုးေဖာက္ႏိုင္ခဲ့သလို ဂိုးသမား ကူတြာ ဗ်ာမ်ားဖို႔ ျဖစ္လာခဲ့ရပါတယ္။
ပြဲခ်ိန္ ၁၆ မိနစ္မွာ ဆာလားရဲ႕ အနီးကပ္ ကန္ခ်က္ကို ကူတြာ ပုတ္ထုတ္သြားႏိုင္ခဲ့သလို သီယာဂိုရဲ႕ အမွတ္မထင္ ကန္ခ်က္ကိုလည္း ေအးေအးေဆးေဆးပဲ ဖမ္းယူသြားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၁၇ မိနစ္အေရာက္မွာေတာ့ ဆာလားရဲ႕ ဧရိယာထိပ္က ကန္ခ်က္ကိုလည္း ဘယ္လ္ဂ်ီယမ္သားႀကီးကပဲ စကၠန႔္ ၆၀ အတြင္း တတိယအႀကိမ္အျဖစ္ အမွားအယြင္း မရွိဘဲ လက္အိတ္တစ္စုံၾကားမွာ ၿငိမ္သက္ေစခဲ့တာပါ။
ဒီေန႔မွာ လီဗာပူးလ္တို႔ရဲ႕ High Tempo ကစားဟန္က အသင္းကို တိုက္စစ္မွာ သြက္လက္ထက္ျမက္ေစေပမယ့္ တည္ၿငိမ္မႈ အထိုက္အေလ်ာက္ နည္းေစခဲ့ခ်ိန္မွာ ရီးရဲလ္တို႔ရဲ႕ မယွဥ္ႏိုင္တဲ့ ဗ်ဴဟာကို မယွဥ္ဘဲ ပိတ္ဆို႔သြားခဲ့တဲ့ ခံစစ္ဦးစားေပး ကစားဟန္က အလုပ္ျဖစ္ခဲ့ၿပီး ပါးနပ္လြန္းၿပီး ဖိအားေတြကို ေလ်ာ့ပါးေစတဲ့ မိုဒရစ္ခ်္ရဲ႕ ကြင္းလယ္ထိန္းေက်ာင္းမႈနဲ႔ ကူတြာရဲ႕ စြမ္းစြမ္းတမံ ကာကြယ္မႈေတြအတြက္ အားလုံးအံ့အားသင့္ခဲ့ရတာျဖစ္ပါတယ္။
ပြဲခ်ိန္ ၂၁ မိနစ္မွာ မာေနးရဲ႕ တစ္ကိုယ္ေတာ္ကန္ခ်က္ကို ဂိုးသမား ကူတြာ ဒိုက္ပစ္ၿပီး လက္နဲ႔ ထိုးထုတ္ခဲ့တာက တိုင္ထိၿပီး ျပန္ထြက္လာတာကို သူကပဲ ထပ္မံဖမ္းယူခဲ့ရသလို ပြဲခ်ိန္ ၃၄ မိနစ္မွာလည္း အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ ခါးျဖတ္ေဘာ တင္ေပးတာကို ဆာလား ေခါင္းတိုက္ခဲ့ရာမွာ ကူတြာရဲ႕ တည့္တည့္ပဲ ေရာက္သြားခဲ့လို႔ ရီးရဲလ္တို႔အတြက္ေတာ့ ဂိုးေပးရဖို႔ ေဝးေနခဲ့တာပါ။
ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ အလာဘာ ျဖတ္ပို႔တဲ့ ေဘာလုံးကေန ဘင္ဇီးမား ရသြားခဲ့ၿပီး သူျပန္ခ်ိဳးေပးတဲ့ ေဘာလုံးကို ဖာဘင္ညိဳနဲ႔ ကိုနာေတတို႔ ဝိုင္းဖ်က္လို႔ ထြက္လာခဲ့တာကို ျပင္သစ္သားႀကီးက ထပ္မံပိတ္သြင္းခဲ့ရာမွာ ဂိုးထဲ ဝင္သြားခဲ့ေပမယ့္ လူကြၽံစည္းမ်ဥ္းသစ္အရ ဂိုးသြင္းသူရဲ႕ ေရွ႕မွာ ၿပိဳင္ဘက္ ကစားသမားတစ္ေယာက္(ေရာဘတ္ဆန္)သာ က်န္ခဲ့ေတာ့လို႔ လူကြၽံေဘာအျဖစ္ VAR ျပန္ၾကည့္ၿပီး ပယ္ဖ်က္ခံခဲ့ရပါတယ္။
ပထမပိုင္းမွာ လီဗာပူးလ္တို႔ကေတာ့ လက္ေဝွ႔စကားနဲ႔ ေျပာရရင္ အစီးသေရရေနခဲ့ၿပီး ရီးရဲလ္တို႔ကေတာ့ ကူတြာရဲ႕ လက္စြမ္းနဲ႔ ဂိုးမေပးရဘဲ ေတာင့္ခံႏိုင္ခဲ့ၾကသလို ဒုတိယပိုင္းမွာလည္း ခံစစ္နဲ႔ တန္ျပန္တိုက္စစ္ပဲ ဆက္ကစားေနခဲ့ၿပီး ကူတြာကေတာ့ ပါးစပ္ဖ်ားက မခ်ခ်င္ေအာင္ ေနရာယူပုံနဲ႔ ေဘာလုံးလမ္းေၾကာင္း တြက္ဆမႈေတြမွာ ပါးနပ္လြန္းခဲ့တာေၾကာင့္ တစ္ဖက္က ျဖတ္တင္ေဘာေတြကိုပဲ ပုတ္ထုတ္ဖ်က္ဆီးႏိုင္ခဲ့တာပါ။
ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ ရီးရဲလ္မက္ဒရစ္တို႔ အဖြင့္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး လီဗာပူးလ္တို႔ရဲ႕ Pressing ကို ဘယ္ညာေျခႏွစ္ေခ်ာင္းလုံး သန္စြမ္းၿပီး အယိမ္းအႏြဲ႕ေတြနဲ႔ ေဖာက္ထြက္ႏိုင္ခဲ့တဲ့ မိုဒရစ္ခ်္ရဲ႕ Breaking Pass ကေန တန္ျပန္တိုက္စစ္ စတင္ခဲ့ရာမွာ ညာျခမ္းကေန အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးခဲ့တဲ့ ဗယ္လ္ဗာဒီရဲ႕ ေပးပို႔မႈကို ဗီနီးရွပ္စ္ ဂ်ဴနီယာက အေဝးတိုင္ဘက္ကေန ပိတ္သြင္းႏိုင္ခဲ့လို႔ စပိန္သားေတြ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ကာစီမီ႐ိုရဲ႕ ေပါ့ေလ်ာ့မႈကေန အတြင္းကို ခ်ိဳးဝင္လာခဲ့တဲ့ ဆာလားက အေဝးတိုင္ဘက္ကို အပိုင္ကန္သြင္းခြင့္ရခဲ့ေပမယ့္ ကူတြာကပဲ မယုံႏိုင္ေလာက္ေအာင္ ဆန႔္ထုတ္ကာကြယ္သြားႏိုင္ခဲ့သလို ပြဲခ်ိန္ ၆၉ မိနစ္မွာလည္း ဆာလားရဲ႕ ပိတ္သြင္းမႈကို ေနရာမွန္မွာ မရွိေပမယ့္ ေထာင့္က်ဥ္းကို ေလွ်ာထိုးပိတ္ထားႏိုင္ခဲ့လို႔ လီဗာပူးလ္တို႔ အပိုင္ဂိုးႏွစ္ဂိုးေလာက္ကို ၅ မိနစ္အတြင္း ဆုံးရႈံးခဲ့ရတာပါ။
ဒီေနာက္ပိုင္းမွာ လီဗာပူးလ္တို႔ဘက္က လူးဝစ္ ဒီယက္ဇ္အစား ဂ်ိဳတာ၊ သီယာဂိုအစား ဖာမီႏိုနဲ႔ ဟန္ဒါဆန္အစား ကီတာတို႔ကို လဲကစားခဲ့ေပမယ့္ ရီးရဲလ္ခံစစ္ကိုေတာ့ မေက်ာ္ႏိုင္ခဲ့ဘဲျဖစ္ေနခဲ့ၿပီး ကူတြာကေတာ့ တစ္ပြဲလုံးမွာ ဂိုးေပါက္တည့္လာတဲ့ ဒိန္းဂ်ား ၉ ႀကိမ္ကို တစ္ႀကိမ္မွ မလြတ္ေစခဲ့သလို ဆာလားရဲ႕ ပြဲခ်ိန္ ၈၂ မိနစ္ ကန္ခ်က္ကိုပါ ထပ္မံကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္ အဂၤလန္ပရိသတ္ေတြအတြက္ ယုံၾကည္စရာ ရွားပါးလာခဲ့ပါတယ္။
ေနာက္ဆုံးမွာေတာ့ အန္ခ်ယ္ေလာ့တီရဲ႕ ပါးနပ္တဲ့ ဗ်ဴဟာနဲ႔ ႐ိုးရွင္းတဲ့ ကစားပုံကို ယာဂန္ ကေလာ့ပ္ရဲ႕ Gegenpress က မေက်ာ္ႏိုင္ခဲ့တာေၾကာင့္ ပြဲခ်ိန္အျပည့္မွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး လီဗာပူးလ္တို႔ကေတာ့ ရက္ပိုင္းအတြင္းမွာ ပရီးမီးယားလိဂ္ဆုဖလားကိုေရာ ခ်န္ပီယံလိဂ္ဆုဖလားကိုပါ လက္လႊတ္ခဲ့ရတာပါ။
ျပင္သစ္ေျမ စေတဒီ ဖရန႔္စ္ကြင္းႀကီးမွာ ဗိုလ္စြဲႏိုင္ခဲ့တဲ့ ရီးရဲလ္မက္ဒရစ္တို႔အတြက္ေတာ့ ဒီတစ္ေခါက္ ဆုဖလားက ၁၄ ႀကိမ္ေျမာက္ စံခ်ိန္တင္ ရရွိတာျဖစ္ခဲ့သလို နည္းျပ အန္ခ်ယ္ေလာ့တီ၊ ဂိုးသမား ကူတြာနဲ႔ ကြင္းလယ္လူ မိုဒရစ္ခ်္တို႔ရဲ႕ စြမ္းေဆာင္ရည္နဲ႔ Genius ဆန္မႈေတြက ပြဲၾကည့္ပရိသတ္ေတြအတြက္ေတာ့ အိပ္ေရးပ်က္ရက်ိဳးနပ္တဲ့ ရႈခ်င္စရာ ေအာင္ပြဲတစ္ပြဲျဖစ္ခဲ့ေၾကာင္းလည္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.