La Liga Premier League Transfer News

လာလီဂါကြယ်ပွင့်ကို ချဲလ်ဆီး လက်လျှော့မှာမဟုတ်ဘူးလို့ ပြောလိုက်တဲ့ ဖက်ဘရီဇီယို ရိုမာနို

ချဲလ်ဆီးအသင်းဟာ နည်းပြ သောမတ်စ် တူဟယ်က ယခုနွေရာသီမှာ ၎င်းရဲ့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းချင်နေတာကြောင့် ဆီဗီလာ နောက်ခံကစားသမား ဂျူးစ် ကွန်ဒေးကို ခေါ်ယူချင်နေဆဲဖြစ်တယ်လို့ အီတလီ နာမည်ကျော် ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကွန်ဒေးဟာ ချဲလ်ဆီးအသင်းအတွက် ပစ်မှတ်အဖြစ် ပေါ်ထွက်နေခဲ့တာ ကြာခဲ့ပြီဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် ဗဟိုခံစစ်ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အပြောင်းအရွှေ့အမှန်တကယ်ဖြစ်မလာခဲ့ဘဲ စပိန်မှာသာ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အန်တိုနီယို ရူဒီဂါ၊ ခရစ္စတင်ဆန်တို့လို ကစားသမားတွေက အသင်းကို စွန့်ခွာတော့မှာဖြစ်တာကြောင့် ယခုနွေရာသီမှာ ခံစစ်ပိုင်းကို လူအင်အားပြန်လည်ဖြည့်တင်းသွားဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

ကြာသပတေးနေ့မှာ အက်စတန် ဗီလာအသင်းဟာ ဆီဗီလာနောက်ခံကစားသမား ဒီယေဂို ကားလို့စ်ကို ပေါင် ၂၆ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ အတည်ပြုခဲ့တာဖြစ်ပြီး အဲဒီအပြောင်းအရွှေ့ကြောင့် လာလီဂါအသင်းအနေနဲ့ ၎င်းတို့ရဲ့ ခံစစ်က အဓိကကစားသမား ၂ ဦးစလုံးကို အပြောင်းအရွှေ့စျေးကွက်တစ်ခုတည်းမှာ တပြိုင်နက် ထွက်ခွာခွင့်ပေးပါ့မလားဆိုတဲ့ မေးခွန်းတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အပြောင်းအရွှေ့ အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုက ချဲလ်ဆီးအသင်းဟာ ယခုနွေရာသီမှာ ဆီဗီလာနောက်ခံကစားသမား ဂျူးစ် ကွန်ဒေးကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိလိမ့်မယ်လို့ ယုံကြည်ချက်ရှိနေဆဲဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ချဲလ်ဆီးအသင်းအနေနဲ့ ဆီဗီလာက ဒီယေဂို ကားလို့စ်ကို အက်စတန် ဗီလာအသင်းဆီ ရောင်းချခဲ့ပြီးဖြစ်ရင်တောင်မှပဲ ဂျူးစ် ကွန်ဒေးကို ခေါ်ယူဖို့ ကိစ္စကို လက်လျှော့လိုက်ဖို့ စိတ်ကူးမရှိပါဘူး။ သောမတ်စ် တူဟယ်က ကွန်ဒေးကို လိုချင်နေပြီး ကစားသမားကလည်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားချင်နေပါတယ်။ ချဲလ်ဆီးက ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖယ်ရှားခြင်းခံရပြီးတာနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့အတွက် ကြိုတင်ပြင်ဆင်နေပါတယ်”လို့ တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ဂျူးစ် ကွန်ဒေးဟာ ယခုရာသီ ဆီဗီလာအသင်းမှာ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး ၎င်းရဲ့အသင်းကို လာလီဂါအမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရာသီပြီးဆုံးနိုင်အောင် လာလီဂါ ၃၂ ပွဲမှာ သွင်းဂိုး ၂ ဂိုး၊ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ပြီး ကူညီပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဂျူးစ် ကွန်ဒေးဟာ ဖလားပြိုင်ပွဲတွေမှာလည်း ၁၀ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကာလမှာလည်း ၃ ပွဲအထိ ပါဝင်ကစားပေးခဲ့တာာဖြစ်ပါတယ်။

ကွန်ဒေးဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၎င်းရဲ့ စီနီယာ နိုင်ငံတကာပွဲစဉ် ပွဲဦးထွက် ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး ယခုနှစ် နှောင်းပိုင်း ကာတာမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပြင်သစ်အသင်းအတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးသွားနိုင်လိမ့်မယ်လို့ မျှော်မှန်းခြင်း ခံထားရသူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ နည္းၿပ ေသာမတ္စ္ တူဟယ္က ယခုေႏြရာသီမွာ ၎ရဲ့ ခံစစ္ပိုင္းကို အင္အားျဖည့္တင္းခ်င္ေနတာေၾကာင့္ ဆီဗီလာ ေနာက္ခံကစားသမား ဂ်ဴးစ္ ကြန္ေဒးကို ေခၚယူခ်င္ေနဆဲျဖစ္တယ္လို႔ အီတလီ နာမည္ေက်ာ္ ဂ်ာနယ္လစ္ ဖက္ဘရီဇီယို ရိုမာနိုရဲ့ ေျပာၾကားခ်က္အရ သိရပါတယ္။

ကြန္ေဒးဟာ ခ်ဲလ္ဆီးအသင္းအတြက္ ပစ္မွတ္အျဖစ္ ေပၚထြက္ေနခဲ့တာ ၾကာခဲ့ၿပီျဖစ္ၿပီး အသက္ ၂၃ ႏွစ္အရြယ္ ဗဟိုခံစစ္ကစားသမားဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေျပာင္းေရႊ႕ဖို႔ သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္ အေျပာင္းအေရႊ႕အမွန္တကယ္ျဖစ္မလာခဲ့ဘဲ စပိန္မွာသာ ဆက္ရွိေနခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ အန္တိုနီယို ႐ူဒီဂါ၊ ခရစၥတင္ဆန္တို႔လို ကစားသမားေတြက အသင္းကို စြန႔္ခြာေတာ့မွာျဖစ္တာေၾကာင့္ ယခုေႏြရာသီမွာ ခံစစ္ပိုင္းကို လူအင္အားျပန္လည္ျဖည့္တင္းသြားဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

ၾကာသပေတးေန႔မွာ အက္စတန္ ဗီလာအသင္းဟာ ဆီဗီလာေနာက္ခံကစားသမား ဒီေယဂို ကားလို႔စ္ကို ေပါင္ ၂၆ သန္းနဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္တယ္လို႔ အတည္ျပဳခဲ့တာျဖစ္ၿပီး အဲဒီအေျပာင္းအေရႊ႕ေၾကာင့္ လာလီဂါအသင္းအေနနဲ႔ ၎တို႔ရဲ့ ခံစစ္က အဓိကကစားသမား ၂ ဦးစလုံးကို အေျပာင္းအေရႊ႕ေစ်းကြက္တစ္ခုတည္းမွာ တၿပိဳင္နက္ ထြက္ခြာခြင့္ေပးပါ့မလားဆိုတဲ့ ေမးခြန္းေတြ ျမင့္တက္လာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အေျပာင္းအေရႊ႕ အထူးကၽြမ္းက်င္သူ ဖက္ဘရီဇီယို ရိုမာနိုက ခ်ဲလ္ဆီးအသင္းဟာ ယခုေႏြရာသီမွာ ဆီဗီလာေနာက္ခံကစားသမား ဂ်ဴးစ္ ကြန္ေဒးကို ေခၚယူဖို႔အတြက္ သေဘာတူညီမႈ ရရွိလိမ့္မယ္လို႔ ယုံၾကည္ခ်က္ရွိေနဆဲျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဆီဗီလာက ဒီေယဂို ကားလို႔စ္ကို အက္စတန္ ဗီလာအသင္းဆီ ေရာင္းခ်ခဲ့ၿပီးျဖစ္ရင္ေတာင္မွပဲ ဂ်ဴးစ္ ကြန္ေဒးကို ေခၚယူဖို႔ ကိစၥကို လက္ေလၽွာ့လိုက္ဖို႔ စိတ္ကူးမရွိပါဘူး။ ေသာမတ္စ္ တူဟယ္က ကြန္ေဒးကို လိုခ်င္ေနၿပီး ကစားသမားကလည္း ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕ကစားခ်င္ေနပါတယ္။ ခ်ဲလ္ဆီးက ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ဖယ္ရွားျခင္းခံရၿပီးတာနဲ႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္သြားဖို႔အတြက္ ႀကိဳတင္ျပင္ဆင္ေနပါတယ္”လို႔ တြစ္တာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

ဂ်ဴးစ္ ကြန္ေဒးဟာ ယခုရာသီ ဆီဗီလာအသင္းမွာ အေရးပါတဲ့ ကစားသမားတစ္ဦး ျဖစ္ခဲ့ၿပီး ၎ရဲ့အသင္းကို လာလီဂါအမွတ္ေပးဇယား အဆင့္ ၄ ေနရာမွာ ရာသီၿပီးဆုံးနိုင္ေအာင္ လာလီဂါ ၃၂ ပြဲမွာ သြင္းဂိုး ၂ ဂိုး၊ ဂိုးဖန္တီးမႈ ၁ ႀကိမ္ျပဳလုပ္ၿပီး ကူညီေပးခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ဂ်ဴးစ္ ကြန္ေဒးဟာ ဖလားၿပိဳင္ပြဲေတြမွာလည္း ၁၀ ပြဲ ပါဝင္ကစားေပးခဲ့ၿပီး ျပင္သစ္အသင္းရဲ့ ကမၻာ့ဖလား ေျခစစ္ပြဲကာလမွာလည္း ၃ ပြဲအထိ ပါဝင္ကစားေပးခဲ့တာာျဖစ္ပါတယ္။

ကြန္ေဒးဟာ ၿပီးခဲ့တဲ့ႏွစ္ ဇြန္လက ယူရို ၂၀၂၀ ၿပိဳင္ပြဲမွာ ျပင္သစ္လက္ေရြးစင္အသင္းအတြက္ ၎ရဲ့ စီနီယာ နိုင္ငံတကာပြဲစဥ္ ပြဲဦးထြက္ ပါဝင္ကစားေပးခဲ့သူျဖစ္ၿပီး ယခုႏွစ္ ေႏွာင္းပိုင္း ကာတာမွာ က်င္းပမယ့္ ၂၀၂၂ ကမၻာ့ဖလားၿပိဳင္ပြဲမွာလည္း ျပင္သစ္အသင္းအတြက္ အဓိကက်တဲ့ အခန္းက႑ကေန ပါဝင္ကစားေပးသြားနိုင္လိမ့္မယ္လို႔ ေမၽွာ္မွန္းျခင္း ခံထားရသူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.