La Liga Premier League Transfer News

ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ ရက္ဂီလြန္ကို ဆီဗီလာနဲ႔အၿပဳိင္ ႀကဳိးစားဖို႔ ရွိလာတဲ့ ခ်ဲလ္ဆီး

ရီးရဲလ္မက္ဒရစ္အသင္းကေန ဆီဗီလာအသင္းကို အငွားခ်ထားခဲ့ၿပီး လာလီဂါရဲ႕ တစ္ႏွစ္တာအေကာင္းဆုံး ဘယ္ေနာက္ခံလူအျဖစ္ မဲေပးခံခဲ့ရတဲ့ ဆာဂ်ီယို ရက္ဂီလြန္ကို ခ်ဲလ္ဆီးအသင္းက ေခၚယူဖို႔ ႀကဳိးစားသြားဖြယ္ရွိၿပီး အသုံးစရိတ္ ေခၽြတာဖို႔ ေခၚယူသြားႏိုင္ဖြယ္ရွိေနပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဘယ္ေနာက္ခံလူေကာင္းတစ္ေယာက္ကို မျဖစ္မေန ေခၚယူရမွာျဖစ္ၿပီး ခံစစ္ကစားခ်ိန္ေတြမွာ အေလအလြင့္မ်ားတဲ့ မားကို႔စ္ အလြန္ဆုိနဲ႔ အီမာဆန္ ပယ္လ္မီယာရီ၊ အသင္းကို ေမွ်ာ္လင့္ခ်က္ေတြ တစ္ပုံတစ္ပင္နဲ႔ ေရာက္လာခဲ့ၿပီးမွ အငွားခ်ည္းထြက္ကစားေနရတဲ့ ဘာဘာ ရာမန္တုိ႔ဟာ ဖရန္႔ လမ္းပတ္အတြက္ေတာ့ ဘာမွျဖစ္မလာႏုိင္သူေတြျဖစ္ၿပီး တစ္ဖက္အသင္းရဲ႕ ထိုးႏွက္စရာေတြလည္းျဖစ္ေနခဲ့တာပါ။

ဒါေၾကာင့္ လာမယ့္ရာသီအတြက္ ဘရာဇီးလ္သား အဲလက္စ္ တဲလက္စ္နဲ႔ အဂၤလန္လက္ေရြးစင္ ဘန္ ေခ်းလ္ဝဲလ္တုိ႔ကို ပစ္မွတ္ထားခဲ့ရာမွာ အဆင္မေျပခဲ့ဘဲ လက္စတာရဲ႕ ေနာက္ဆုံးေတာင္းဆိုလိုက္တဲ့ ေဈးႏွဳန္းျဖစ္တဲ့ ေပါင္သန္း ၈၀ နဲ႔ တျခားခံစားခြင့္ေတြဆုိတာကေတာ့ အေနာက္လန္ဒန္သားေတြကို စိတ္ပ်က္ေစခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ လာလီဂါမွာ ေျခစြမ္းျပေနၿပီး ပရီးမီးယားလိဂ္နဲ႔လည္း အံဝင္ႏုိင္ဖြယ္ရွိတဲ့ ရက္ဂီလြန္ကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေခၚယူဖို႔ စိတ္ဝင္စားလာခဲ့ၿပီး သူ႕ကို ၿပီးဆုံးသြားတဲ့ ရာသီအတြက္ အငွားေခၚယူခဲ့ဖူးတဲ့ ဆီဗီလာ၊ လူးကပ္စ္ ဒီညီကို ေရာင္းခ်ဖို႔အတြက္ အစားထိုးမွဳျပဳလုပ္ဖြယ္ ရွိေနတဲ့ အဲဗာတန္တုိ႔နဲ႔အၿပဳိင္ ေခၚယူသြားရဖြယ္လည္းရွိေနပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းကေတာ့ သူတုိ႔ရဲ႕ အကယ္ဒမီထြက္ေတြကို တန္ဖိုးသိပ္မထားဘဲ ေငြရွာတတ္တဲ့ အစဥ္အလာအတုိင္း ေရာင္းခ်သြားဖို႔ ရွိေနၿပီး ဆီဗီလာအသင္းက ေပါင္ ၁၈ သန္းနဲ႔ အဖြင့္ကမ္းလွမ္းထားခဲ့တယ္လုိ႔ သိရသလို ခ်ဲလ္ဆီးရဲ႕ ခ်န္ပီယံလိဂ္ကစားခြင့္ကေတာ့ အဲဗာတန္အသင္းထက္ အသာစီးရယူၿပီး ရက္ဂီလြန္အတြက္ ယွဥ္ၿပဳိင္ႏုိင္မယ့္ အားသာခ်က္လည္းျဖစ္ေနတယ္လုိ႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ရီးရဲလ်မက်ဒရစ်အသင်းကနေ ဆီဗီလာအသင်းကို အငှားချထားခဲ့ပြီး လာလီဂါရဲ့ တစ်နှစ်တာအကောင်းဆုံး ဘယ်နောက်ခံလူအဖြစ် မဲပေးခံခဲ့ရတဲ့ ဆာဂျီယို ရက်ဂီလွန်ကို ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ ကြိုးစားသွားဖွယ်ရှိပြီး အသုံးစရိတ် ချွေတာဖို့ ခေါ်ယူသွားနိုင်ဖွယ်ရှိနေပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ဘယ်နောက်ခံလူကောင်းတစ်ယောက်ကို မဖြစ်မနေ ခေါ်ယူရမှာဖြစ်ပြီး ခံစစ်ကစားချိန်တွေမှာ အလေအလွင့်များတဲ့ မားကို့စ် အလွန်ဆိုနဲ့ အီမာဆန် ပယ်လ်မီယာရီ၊ အသင်းကို မျှော်လင့်ချက်တွေ တစ်ပုံတစ်ပင်နဲ့ ရောက်လာခဲ့ပြီးမှ အငှားချည်းထွက်ကစားနေရတဲ့ ဘာဘာ ရာမန်တို့ဟာ ဖရန့် လမ်းပတ်အတွက်တော့ ဘာမှဖြစ်မလာနိုင်သူတွေဖြစ်ပြီး တစ်ဖက်အသင်းရဲ့ ထိုးနှက်စရာတွေလည်းဖြစ်နေခဲ့တာပါ။

ဒါကြောင့် လာမယ့်ရာသီအတွက် ဘရာဇီးလ်သား အဲလက်စ် တဲလက်စ်နဲ့ အင်္ဂလန်လက်ရွေးစင် ဘန် ချေးလ်ဝဲလ်တို့ကို ပစ်မှတ်ထားခဲ့ရာမှာ အဆင်မပြေခဲ့ဘဲ လက်စတာရဲ့ နောက်ဆုံးတောင်းဆိုလိုက်တဲ့ ဈေးနှုန်းဖြစ်တဲ့ ပေါင်သန်း ၈၀ နဲ့ တခြားခံစားခွင့်တွေဆိုတာကတော့ အနောက်လန်ဒန်သားတွေကို စိတ်ပျက်စေခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ လာလီဂါမှာ ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ်နဲ့လည်း အံဝင်နိုင်ဖွယ်ရှိတဲ့ ရက်ဂီလွန်ကို ချဲလ်ဆီးအသင်းအနေနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး သူ့ကို ပြီးဆုံးသွားတဲ့ ရာသီအတွက် အငှားခေါ်ယူခဲ့ဖူးတဲ့ ဆီဗီလာ၊ လူးကပ်စ် ဒီညီကို ရောင်းချဖို့အတွက် အစားထိုးမှုပြုလုပ်ဖွယ် ရှိနေတဲ့ အဲဗာတန်တို့နဲ့အပြိုင် ခေါ်ယူသွားရဖွယ်လည်းရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကတော့ သူတို့ရဲ့ အကယ်ဒမီထွက်တွေကို တန်ဖိုးသိပ်မထားဘဲ ငွေရှာတတ်တဲ့ အစဉ်အလာအတိုင်း ရောင်းချသွားဖို့ ရှိနေပြီး ဆီဗီလာအသင်းက ပေါင် ၁၈ သန်းနဲ့ အဖွင့်ကမ်းလှမ်းထားခဲ့တယ်လို့ သိရသလို ချဲလ်ဆီးရဲ့ ချန်ပီယံလိဂ်ကစားခွင့်ကတော့ အဲဗာတန်အသင်းထက် အသာစီးရယူပြီး ရက်ဂီလွန်အတွက် ယှဉ်ပြိုင်နိုင်မယ့် အားသာချက်လည်းဖြစ်နေတယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.