UCL&UEL

ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် တစ်ခုတည်းသော စိုးရိမ်စရာကို ပြောပြသွားတဲ့ ကလော့ပ်

လီဗာပူးလ်အသင်းဟာ ယနေ့ည ပဲရစ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် စပိန် လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးလ်တို့ဟာ ဥရောပဖလားဗိုလ်လုပွဲမှာ တတိယအကြိမ်မြောက် တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အင်္ဂလိပ်အသင်းဟာ ၂၀၁၈ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို ၃-၁ နဲ့ မရှုံးနိမ့်ခင် ၁၉၈၁ ခုနှစ်မှာ ၁-၀ နဲ့ အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလားဟာ ၂၀၁၈ ခုနှစ် ဗိုလ်လုပွဲမှာ ဆာဂျီယို ရာမို့စ်ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကြောင့် ပထမပိုင်းမှာပဲ လူစားလဲခံခဲ့ရပြီး လီဗာပူးလ်ပရိသတ်တွေက ၎င်းတို့အနေနဲ့ အီဂျစ်တိုက်စစ်မှူးသာ ကွင်းထဲဆက်ရှိနေမယ်ဆိုရင် အနိုင်ရခဲ့လိမ့်မယ်လို့ ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။

သောကြာနေ့မှာ ဗိုလ်လုပွဲမတိုင်ခင် နောက်ဆုံး လေ့ကျင့်ရေးဆင်းခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ကွင်းလယ်ကြယ်ပွင့် သီယေဂို အယ်လ်ကန်တာရာ ကြံ့ခိုင်မှု ပြန်လည်ရရှိလာတာကြောင့် အားတက်စရာ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ကြယယ်ပွင့်ဟောင်းဟာ ပရီးမီးယားလိဂ်ရာသီရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဝုလ်ဗ်စ်နဲ့ပွဲစဉ်မှာ ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပြီး ဖနောင့်ကြောဒဏ်ရာကြောင့် ပါဝင်ကစားပေးဖို့ မရေရာ မသေချာတော့တဲ့ပုံ ပေါ်ခဲ့တာဖြစ်ပါတယ်။

ဖာဘင်ညိုကလည်း တံကောက်ကြောဒဏ်ရာရရှိပြီးနောက် လွတ်လပ်စွာ လေ့ကျင့်ခဲ့တာကြောင့် သီယေဂိုရဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာမှုက နည်းပြ ယာဂန် ကလော့ပ်အတွက် ကွင်းလယ်ပေါင်းစပ်မှုမှာ အကြပ်ရိုက်စရာဖြစ်လာပြီဖြစ်ပါတယ်။

ကလော့ပ်က ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ချန်ပီယံလိဂ်သမိုင်းကြောင်းက ၎င်းတို့ကို ယနေ့ည ဗိုလ်လုပွဲစဉ်မှာ ရေပန်းအစားဆုံး ဖြစ်စေပေမယ့် ၎င်းရဲ့အသင်းသာ ပွဲစဉ်အတွင်း ထိပ်တန်းအဆင့် ခြေစွမ်းရရှိနေရရင် လာလီဂါအသင်းအနေနဲ့ အနိုင်ယူဖို့ တကယ်ကို ခက်ခဲလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ တစ်ခုတည်းသော စိုးရိမ်ပူပင်မှုက ကျွန်တော်တို့ ကိုယ်တိုင်ဖြစ်နေနိုင်လို့ပါ။ ဖာဘင်ညိုရော၊ သီယေဂိုပါ ကောင်းနေတဲ့ပုံပဲ။ ဖာဘင်ညိုက လုံးဝ ပုံမှန်ပဲ လေ့ကျင့်ခဲ့တယ်။ သီယေဂိုက မနေ့က အသင်းနဲ့ လေ့ကျင့်ခဲ့တယ်။ ဒီနေ့(သောကြာ)လည်း လေ့ကျင့်မှာဖြစ်ပြီး အဲဒီကျမှ အခြေအနေကြည့်သွားမှာပါ”လို့ ကလော့ပ်က သောကြာနေ့မှာ ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ အသင်းသမိုင်းကြောင်းတလျှောက် ၇ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ ရည်ရွယ်နေတာဖြစ်ပြီး ယခုရာသီမှာ ကာရာဘောင်းဖလား၊ အက်ဖ်အေဖလားတို့ကို ကိုင်မြှောက်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းဟာ ယေန႔ည ပဲရစ္မွာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲအျဖစ္ စပိန္ လာလီဂါခ်န္ပီယံ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္နဲ႔ လီဗာပူးလ္တို႔ဟာ ဥေရာပဖလားဗိုလ္လုပြဲမွာ တတိယအႀကိမ္ေျမာက္ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး အဂၤလိပ္အသင္းဟာ ၂၀၁၈ ခုႏွစ္မွာ ရီးရဲလ္မက္ဒရစ္ကို ၃-၁ နဲ႔ မရႈံးနိမ့္ခင္ ၁၉၈၁ ခုႏွစ္မွာ ၁-၀ နဲ႔ အနိုင္ယူနိုင္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္တိုက္စစ္မႉး မိုဟာမက္ ဆာလားဟာ ၂၀၁၈ ခုႏွစ္ ဗိုလ္လုပြဲမွာ ဆာဂ်ီယို ရာမို႔စ္ရဲ့ ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္မႈေၾကာင့္ ပထမပိုင္းမွာပဲ လူစားလဲခံခဲ့ရၿပီး လီဗာပူးလ္ပရိသတ္ေတြက ၎တို႔အေနနဲ႔ အီဂ်စ္တိုက္စစ္မႉးသာ ကြင္းထဲဆက္ရွိေနမယ္ဆိုရင္ အနိုင္ရခဲ့လိမ့္မယ္လို႔ ယုံၾကည္ခဲ့ၾကတာျဖစ္ပါတယ္။

ေသာၾကာေန႔မွာ ဗိုလ္လုပြဲမတိုင္ခင္ ေနာက္ဆုံး ေလ့က်င့္ေရးဆင္းခဲ့တဲ့ လီဗာပူးလ္အသင္းဟာ ကြင္းလယ္ၾကယ္ပြင့္ သီေယဂို အယ္လ္ကန္တာရာ ႀကံ့ခိုင္မႈ ျပန္လည္ရရွိလာတာေၾကာင့္ အားတက္စရာ ျဖစ္လာခဲ့တာျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္ၾကယယ္ပြင့္ေဟာင္းဟာ ပရီးမီးယားလိဂ္ရာသီရဲ့ ေနာက္ဆုံးပြဲစဥ္ျဖစ္တဲ့ ဝုလ္ဗ္စ္နဲ႔ပြဲစဥ္မွာ ဒဏ္ရာ ရရွိသြားခဲ့တာျဖစ္ၿပီး ဖေနာင့္ေၾကာဒဏ္ရာေၾကာင့္ ပါဝင္ကစားေပးဖို႔ မေရရာ မေသခ်ာေတာ့တဲ့ပုံ ေပၚခဲ့တာျဖစ္ပါတယ္။

ဖာဘင္ညိဳကလည္း တံေကာက္ေၾကာဒဏ္ရာရရွိၿပီးေနာက္ လြတ္လပ္စြာ ေလ့က်င့္ခဲ့တာေၾကာင့္ သီေယဂိုရဲ့ ဒဏ္ရာကေန ျပန္လည္သက္သာလာမႈက နည္းၿပ ယာဂန္ ကေလာ့ပ္အတြက္ ကြင္းလယ္ေပါင္းစပ္မႈမွာ အၾကပ္ရိုက္စရာျဖစ္လာၿပီျဖစ္ပါတယ္။

ကေလာ့ပ္က ရီးရဲလ္မက္ဒရစ္အသင္းရဲ့ ခ်န္ပီယံလိဂ္သမိုင္းေၾကာင္းက ၎တို႔ကို ယေန႔ည ဗိုလ္လုပြဲစဥ္မွာ ေရပန္းအစားဆုံး ျဖစ္ေစေပမယ့္ ၎ရဲ့အသင္းသာ ပြဲစဥ္အတြင္း ထိပ္တန္းအဆင့္ ေျခစြမ္းရရွိေနရရင္ လာလီဂါအသင္းအေနနဲ႔ အနိုင္ယူဖို႔ တကယ္ကို ခက္ခဲလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ့္ရဲ့ တစ္ခုတည္းေသာ စိုးရိမ္ပူပင္မႈက ကၽြန္ေတာ္တို႔ ကိုယ္တိုင္ျဖစ္ေနနိုင္လို႔ပါ။ ဖာဘင္ညိဳေရာ၊ သီေယဂိုပါ ေကာင္းေနတဲ့ပုံပဲ။ ဖာဘင္ညိဳက လုံးဝ ပုံမွန္ပဲ ေလ့က်င့္ခဲ့တယ္။ သီေယဂိုက မေန႔က အသင္းနဲ႔ ေလ့က်င့္ခဲ့တယ္။ ဒီေန႔(ေသာၾကာ)လည္း ေလ့က်င့္မွာျဖစ္ၿပီး အဲဒီက်မွ အေျခအေနၾကည့္သြားမွာပါ”လို႔ ကေလာ့ပ္က ေသာၾကာေန႔မွာ ေျပာဆိုသြားခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ အသင္းသမိုင္းေၾကာင္းတေလၽွာက္ ၇ ႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္နိုင္ဖို႔ ရည္ရြယ္ေနတာျဖစ္ၿပီး ယခုရာသီမွာ ကာရာေဘာင္းဖလား၊ အက္ဖ္ေအဖလားတို႔ကို ကိုင္ေျမႇာက္ထားနိုင္ခဲ့ၿပီးျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.