UCL&UEL

ရီးရဲလ်နဲ့ လီဗာပူးလ်တို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ခန့်မှန်းလိုက်တဲ့ စတီဗင် ဂျရတ်

အက်စတန် ဗီလာနည်းပြ စတီဗင် ဂျရတ်ဟာ ယနေ့ည လီဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသွားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် ခန့်မှန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

စတီဗင် ဂျရတ်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကျင်းပမယ့် ပဲရစ်မြို့က Stade de France ကွင်းထဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးလ်တို့ပွဲကို ကြည့်ရှုဖို့အတွက် ပြင်သစ်ကို ခရီးထွက်ခဲ့တာဖြစ်ပါတယ်။ အက်စတန် ဗီလာနည်းပြဟာ ၂၀၀၄-၂၀၀၅ ရာသီကုန်မှာ ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းကို ဦးဆောင်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့သူဖြစ်ပြီး လီဗာပူးလ်ဟာ ယနေ့ညမှာ အသင်းသမိုင်းတလျှောက် ချန်ပီယံလိဂ်ဖလားကို ၇ ကြိမ်မြောက် ကိုင်မြှောက်သွားဖို့ ရည်မှန်းနေတာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ၂၀၁၈ ခုနှစ် ဗိုလ်လုပွဲတုန်းက ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ တစ်ဖန် ပြန်လည်ရင်ဆိုင်သွားရမှာဖြစ်ပြီး စတီဗင် ဂျရတ်က ကလော့ပ်နဲ့ လီဗာပူးလ်ကစားသမားတွေက ၂-၀ နဲ့ အနိုင် ရရှိသွားလိမ့်မယ်လို့ ဟောကိန်း ထုတ်ခဲ့တာဖြစ်ပါတယ်။

“ခင်ဗျား ပတ်ဝန်းကျင်အငွေ့အသက်ကြီးတစ်ခုလုံးကို ခံစားလို့ ရနိုင်ပါတယ်။ ကျွန်တော် လီဗာပူးလ်က အားလုံးကို ကံအကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ သူတို့တွေ အားလုံးလိုချင်တဲ့ ရလဒ်ကို ရယူနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

“ကျွန်တော် ဒီပွဲအတွက် အရမ်းကို စိတ်လှုပ်ရှားနေပြီး ပရိသတ်တွေက ကွင်းအပြင်ဘက်မှာ ကောင်းကောင်း စုရုံးနေကြပါတယ်။ ထူးခြားဆန်းကြယ်တဲ့ပွဲစဉ်ဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပြီး လီဗာပူးလ်က ၂-၀ နဲ့ အနိုင်ရရှိသွားလိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းမိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

၂၀၀၄-၂၀၀၅ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ စတီဗင် ဂျရတ်ရဲ့ လီဗာပူးလ်အသင်းဟာ အေစီမီလန်အသင်းကို ပထမပိုင်းမှာ မာလ်ဒီးနီ၊ ခရက်စ်ပိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ၃-၀ နဲ့ ရှုံးနိမ့်နေရာကနေ ဒုတိယပိုင်း ၅၄ မိနစ်ကနေ မိနစ် ၆၀ အတွင်း ချေပဂိုး ၃ ဂိုး ပြန်လည်သွင်းယူပြီး အချိန်ပိုအထိ ဆက်ကစားခဲ့ရတာဖြစ်ပါတယ်။

အချိန်ပိုမှာလည်း ၂ ဖက်စလုံးက အဆုံးအဖြတ် သွင်းဂိုးတွေ ထပ်မံသွင်းယူနိုင်ခြင်းမရှိခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာမှာ အေစီမီလန်ဘက်က ဆာဂျင်ညို၊ ပီယာလို၊ ရှက်ဗ်ချင်ကိုတို့ လွဲချော်ခဲ့ပြီး လီဗာပူးလ်အသင်းဘက်က ဂျွန် အာနီ ရီဆာတစ်ဦးတည်းသာ လွဲချော်ခဲ့တာကြောင့် ၃-၂ နဲ့ အနိုင်ရရှိပြီး ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အက္စတန္ ဗီလာနည္းၿပ စတီဗင္ ဂ်ရတ္ဟာ ယေန႔ည လီဗာပူးလ္နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔ ယွဥ္ၿပိဳင္ကစားသြားမယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအတြက္ ခန႔္မွန္းမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

စတီဗင္ ဂ်ရတ္ဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ က်င္းပမယ့္ ပဲရစ္ၿမိဳ႕က Stade de France ကြင္းထဲမွာ ရီးရဲလ္မက္ဒရစ္နဲ႔ လီဗာပူးလ္တို႔ပြဲကို ၾကည့္ရႈဖို႔အတြက္ ျပင္သစ္ကို ခရီးထြက္ခဲ့တာျဖစ္ပါတယ္။ အက္စတန္ ဗီလာနည္းျပဟာ ၂၀၀၄-၂၀၀၅ ရာသီကုန္မွာ ခ်န္ပီယံလိဂ္ဖလား ကိုင္ေျမႇာက္နိုင္ခဲ့တဲ့ လီဗာပူးလ္အသင္းကို ဦးေဆာင္ခဲ့တဲ့ ကစားသမားျဖစ္ခဲ့သူျဖစ္ၿပီး လီဗာပူးလ္ဟာ ယေန႔ညမွာ အသင္းသမိုင္းတေလၽွာက္ ခ်န္ပီယံလိဂ္ဖလားကို ၇ ႀကိမ္ေျမာက္ ကိုင္ေျမႇာက္သြားဖို႔ ရည္မွန္းေနတာျဖစ္ပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ့အသင္းဟာ ယခုႏွစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ၂၀၁၈ ခုႏွစ္ ဗိုလ္လုပြဲတုန္းက ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ တစ္ဖန္ ျပန္လည္ရင္ဆိုင္သြားရမွာျဖစ္ၿပီး စတီဗင္ ဂ်ရတ္က ကေလာ့ပ္နဲ႔ လီဗာပူးလ္ကစားသမားေတြက ၂-၀ နဲ႔ အနိုင္ ရရွိသြားလိမ့္မယ္လို႔ ေဟာကိန္း ထုတ္ခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ား ပတ္ဝန္းက်င္အေငြ႕အသက္ႀကီးတစ္ခုလုံးကို ခံစားလို႔ ရနိုင္ပါတယ္။ ကၽြန္ေတာ္ လီဗာပူးလ္က အားလုံးကို ကံအေကာင္းဆုံးျဖစ္ပါေစလို႔ ဆုေတာင္းေပးပါတယ္။ သူတို႔ေတြ အားလုံးလိုခ်င္တဲ့ ရလဒ္ကို ရယူနိုင္လိမ့္မယ္လို႔ ကၽြန္ေတာ္ ေမၽွာ္လင့္ပါတယ္”

“ကၽြန္ေတာ္ ဒီပြဲအတြက္ အရမ္းကို စိတ္လႈပ္ရွားေနၿပီး ပရိသတ္ေတြက ကြင္းအျပင္ဘက္မွာ ေကာင္းေကာင္း စု႐ုံးေနၾကပါတယ္။ ထူးျခားဆန္းၾကယ္တဲ့ပြဲစဥ္ျဖစ္လိမ့္မယ္လို႔ ေမၽွာ္လင့္မိၿပီး လီဗာပူးလ္က ၂-၀ နဲ႔ အနိုင္ရရွိသြားလိမ့္မယ္လို႔ ကၽြန္ေတာ္ ခန႔္မွန္းမိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

၂၀၀၄-၂၀၀၅ ရာသီ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ စတီဗင္ ဂ်ရတ္ရဲ့ လီဗာပူးလ္အသင္းဟာ ေအစီမီလန္အသင္းကို ပထမပိုင္းမွာ မာလ္ဒီးနီ၊ ခရက္စ္ပိုတို႔ရဲ့ သြင္းဂိုးေတြနဲ႔ ၃-၀ နဲ႔ ရႈံးနိမ့္ေနရာကေန ဒုတိယပိုင္း ၅၄ မိနစ္ကေန မိနစ္ ၆၀ အတြင္း ေခ်ပဂိုး ၃ ဂိုး ျပန္လည္သြင္းယူၿပီး အခ်ိန္ပိုအထိ ဆက္ကစားခဲ့ရတာျဖစ္ပါတယ္။

အခ်ိန္ပိုမွာလည္း ၂ ဖက္စလုံးက အဆုံးအျဖတ္ သြင္းဂိုးေတြ ထပ္မံသြင္းယူနိုင္ျခင္းမရွိခဲ့တာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ခံယူခဲ့ရာမွာ ေအစီမီလန္ဘက္က ဆာဂ်င္ညိဳ၊ ပီယာလို၊ ရွက္ဗ္ခ်င္ကိုတို႔ လြဲေခ်ာ္ခဲ့ၿပီး လီဗာပူးလ္အသင္းဘက္က ဂၽြန္ အာနီ ရီဆာတစ္ဦးတည္းသာ လြဲေခ်ာ္ခဲ့တာေၾကာင့္ ၃-၂ နဲ႔ အနိုင္ရရွိၿပီး ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္နိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.