Premier League UCL&UEL

ဥရောပချန်ပီယံထဲမှာ အဆိုးဆုံးဖြစ်နေတဲ့ ၁၉၉၉ ချန်ပီယံ မန်ယူနိုက်တက်အသင်း

၁၉၉၉ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲဟာ ဘောလုံးသမိုင်းတလျှောက်မှာ ရုပ်ရှင်ဆန်ဆန် အလှည့်အပြောင်းတွေ အများဆုံးပွဲစဉ်တွေထဲက တစ်ပွဲအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ နူးကမ့်ကွင်းမှာ ဥရောပရဲ့အကြီးမားဆုံး ဆုဖလားကြီးကို ကိုင်မြှောက်နိုင်ဖို့ ယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပြီး နာကျင်အချိန်ပိုကို ရောက်ရှိနေချိန်မှာ တစ်ကမ္ဘာလုံးက ဂျာမန်အသင်းက အနိုင်ရဗိုလ်စွဲတော့မယ်လို့ မှတ်ယူခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မယုံနိုင်စရာကောင်းလောက်အောင်ပဲ ၂ မိနစ်အတွင်းမှာ ရွိုင် ကီးန်နဲ့ ပေါလ်စခိုးတို့ မပါဝင်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ပွဲအဖြေကို ပြောင်းပြန်လှန်ပစ်ခဲ့တာဖြစ်ပါတယ်။

တက်ဒီ ရှယ်ရင်ဟမ်က ၉၁ မိနစ်မှာ ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ၉၃ မိနစ်မှာ အိုလေ ဂန်နာ ဆိုးလ်ရှားက ထောင့်ကန်ဘောကနေတဆင့် အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆုဖလား ၃ လုံး တပြိုင်နက် ရယူနိုင်တဲ့ ပထမဆုံး အင်္ဂလိပ်အသင်းဖြစ်လာခဲ့ပြီး မန်ယူနိုက်တက်ပရိသတ်အများစုဟာ ဖာဂူဆန်ရဲ့ ၁၉၉၉ ခုနှစ်တုန်းက ဖလား ၃ လုံးချန်ပီယံအသင်းက ခေတ်သစ်ဘောလုံးလောကမှာ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းအဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကိန်းဂဏန်းအချက်အလက်တွေအရ သမိုင်းဝင် ဖလား ၃ လုံးရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖူးသမျှ အသင်းတွေထဲမှာ အဆိုးရွားဆုံးအသင်းဖြစ်နေတယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ်မှာ Your Promotion Code က Opta ရဲ့ ကိန်းဂဏန်းအချက်အလက်တွေကို အသုံးပြုပြီး ၁၉၉၂ နောက်ပိုင်း ဥရောပချန်ပီယံတွေကို သုတေသနပြုလုပ်ခဲ့ရာမှာ ၁၉၉၉ ခုနှစ်ချန်ပီယံ မန်ချက်စတာယူနိုက်တက်အသင်းက အနိုင်ရရှိတဲ့ရာခိုင်နှုန်း ၄၅ ရာခိုင်နှုန်းနဲ့ အခြားကျန်တဲ့ ချန်ပီယံတွေထက် ဆိုးရွားနေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၁၉၉၈-၁၉၉၉ ရာသီမှာ ၅ ပွဲသာ နိုင်ပွဲရယူနိုင်ခဲ့ပြီး တစ်ပွဲကို ပျမ်းမျှ ၁.၄၅ ဂိုး ခွင့်ပြုခဲ့ရတာကြောင့် ခံစစ်ပိုင်းအဆိုးရွားဆုံး စံချိန်ကိုလည်း ကံမကောင်းစွာနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ အခုဖော်ပြခဲ့တဲ့ အချက်အလက်တွေဟာ ၂၀၁၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် စုဆောင်းထားတဲ့ အချက်အလက်တွေဖြစ်တာကြောင့် ၂၀၁၉ နောက်ပိုင်း ချန်ပီယံဖြစ်ခဲ့တဲ့အသင်းတွေထဲမှာရော ဆိုးရွားတဲ့ကိန်းဂဏန်းရှိခဲ့တဲ့အသင်း ရှိလားဆိုရင် အဖြေက ရှိပါတယ်။

လီဗာပူးလ်(၂၀၁၉)- အနိုင်ရရှိမှု ၆၁ ရာခိုင်နှုန်း၊ တစ်ပွဲပျမ်းမျှ ပေးဂိုး ၀.၇၇ ဂိုး။

ဘိုင်ယန်မြူးနစ်(၂၀၂၀)- အနိုင်ရရှိမှု ၁၀၀ ရာခိုင်နှုန်း၊ တစ်ပွဲပျမ်းမျှ ပေးဂိုး ၀.၇၃ ဂိုး။

ချဲလ်ဆီး(၂၀၂၁)- အနိုင်ရရှိမှု ၆၉ ရာခိုင်နှုန်း၊ တစ်ပွဲပျမ်းမျှ ပေးဂိုး ၀.၃၁ ဂိုး။

အဲဒီတော့ မန်ချက်စတာယူနိုက်တက်ဟာ ကိန်းဂဏန်းတွေအရ ၁၉၉၂ ခုနှစ်မှာ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်လို့ ပြောင်းလဲခေါ်တွင်ပြီးနောက်ပိုင်း လက်ရှိ ၂၀၂၂ ဗိုလ်လုပွဲမတိုင်ခင် ချန်ပီယံဖြစ်ခဲ့ဖူးတဲ့အသင်းတွေထဲမှာ အဆိုးရွားဆုံးအသင်းဖြစ်နေဆဲလို့ ဆိုရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:၁၉၉၉ ခုႏွစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲဟာ ေဘာလုံးသမိုင္းတေလၽွာက္မွာ ႐ုပ္ရွင္ဆန္ဆန္ အလွည့္အေျပာင္းေတြ အမ်ားဆုံးပြဲစဥ္ေတြထဲက တစ္ပြဲအျဖစ္ တည္ရွိေနဆဲျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ဟာ ႏူးကမ့္ကြင္းမွာ ဥေရာပရဲ့အႀကီးမားဆုံး ဆုဖလားႀကီးကို ကိုင္ေျမႇာက္နိုင္ဖို႔ ယွဥ္ၿပိဳင္ကစားခဲ့ၾကတာျဖစ္ၿပီး နာက်င္အခ်ိန္ပိုကို ေရာက္ရွိေနခ်ိန္မွာ တစ္ကမၻာလုံးက ဂ်ာမန္အသင္းက အနိုင္ရဗိုလ္စြဲေတာ့မယ္လို႔ မွတ္ယူခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မယုံနိုင္စရာေကာင္းေလာက္ေအာင္ပဲ ၂ မိနစ္အတြင္းမွာ ရြိဳင္ ကီးန္နဲ႔ ေပါလ္စခိုးတို႔ မပါဝင္တဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းက ပြဲအေျဖကို ေျပာင္းျပန္လွန္ပစ္ခဲ့တာျဖစ္ပါတယ္။

တက္ဒီ ရွယ္ရင္ဟမ္က ၉၁ မိနစ္မွာ ေခ်ပဂိုးကို သြင္းယူေပးခဲ့ၿပီး ၉၃ မိနစ္မွာ အိုေလ ဂန္နာ ဆိုးလ္ရွားက ေထာင့္ကန္ေဘာကေနတဆင့္ အနိုင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ဆုဖလား ၃ လုံး တၿပိဳင္နက္ ရယူနိုင္တဲ့ ပထမဆုံး အဂၤလိပ္အသင္းျဖစ္လာခဲ့ၿပီး မန္ယူနိုက္တက္ပရိသတ္အမ်ားစုဟာ ဖာဂူဆန္ရဲ့ ၁၉၉၉ ခုႏွစ္တုန္းက ဖလား ၃ လုံးခ်န္ပီယံအသင္းက ေခတ္သစ္ေဘာလုံးေလာကမွာ အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းအျဖစ္ သတ္မွတ္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကိန္းဂဏန္းအခ်က္အလက္ေတြအရ သမိုင္းဝင္ ဖလား ၃ လုံးရရွိခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲဖူးသမၽွ အသင္းေတြထဲမွာ အဆိုးရြားဆုံးအသင္းျဖစ္ေနတယ္လို႔ သိရပါတယ္။

၂၀၁၉ ခုႏွစ္မွာ Your Promotion Code က Opta ရဲ့ ကိန္းဂဏန္းအခ်က္အလက္ေတြကို အသုံးျပဳၿပီး ၁၉၉၂ ေနာက္ပိုင္း ဥေရာပခ်န္ပီယံေတြကို သုေတသနျပဳလုပ္ခဲ့ရာမွာ ၁၉၉၉ ခုႏွစ္ခ်န္ပီယံ မန္ခ်က္စတာယူနိုက္တက္အသင္းက အနိုင္ရရွိတဲ့ရာခိုင္ႏႈန္း ၄၅ ရာခိုင္ႏႈန္းနဲ႔ အျခားက်န္တဲ့ ခ်န္ပီယံေတြထက္ ဆိုးရြားေနတာကို ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ ၁၉၉၈-၁၉၉၉ ရာသီမွာ ၅ ပြဲသာ နိုင္ပြဲရယူနိုင္ခဲ့ၿပီး တစ္ပြဲကို ပ်မ္းမၽွ ၁.၄၅ ဂိုး ခြင့္ျပဳခဲ့ရတာေၾကာင့္ ခံစစ္ပိုင္းအဆိုးရြားဆုံး စံခ်ိန္ကိုလည္း ကံမေကာင္းစြာနဲ႔ ရရွိခဲ့တာျဖစ္ပါတယ္။ အခုေဖာ္ျပခဲ့တဲ့ အခ်က္အလက္ေတြဟာ ၂၀၁၉ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမတိုင္ခင္ စုေဆာင္းထားတဲ့ အခ်က္အလက္ေတြျဖစ္တာေၾကာင့္ ၂၀၁၉ ေနာက္ပိုင္း ခ်န္ပီယံျဖစ္ခဲ့တဲ့အသင္းေတြထဲမွာေရာ ဆိုးရြားတဲ့ကိန္းဂဏန္းရွိခဲ့တဲ့အသင္း ရွိလားဆိုရင္ အေျဖက ရွိပါတယ္။

လီဗာပူးလ္(၂၀၁၉)- အနိုင္ရရွိမႈ ၆၁ ရာခိုင္ႏႈန္း၊ တစ္ပြဲပ်မ္းမၽွ ေပးဂိုး ၀.၇၇ ဂိုး။

ဘိုင္ယန္ျမဴးနစ္(၂၀၂၀)- အနိုင္ရရွိမႈ ၁၀၀ ရာခိုင္ႏႈန္း၊ တစ္ပြဲပ်မ္းမၽွ ေပးဂိုး ၀.၇၃ ဂိုး။

ခ်ဲလ္ဆီး(၂၀၂၁)- အနိုင္ရရွိမႈ ၆၉ ရာခိုင္ႏႈန္း၊ တစ္ပြဲပ်မ္းမၽွ ေပးဂိုး ၀.၃၁ ဂိုး။

အဲဒီေတာ့ မန္ခ်က္စတာယူနိုက္တက္ဟာ ကိန္းဂဏန္းေတြအရ ၁၉၉၂ ခုႏွစ္မွာ ယူအီးအက္ဖ္ေအ ခ်န္ပီယံလိဂ္လို႔ ေျပာင္းလဲေခၚတြင္ၿပီးေနာက္ပိုင္း လက္ရွိ ၂၀၂၂ ဗိုလ္လုပြဲမတိုင္ခင္ ခ်န္ပီယံျဖစ္ခဲ့ဖူးတဲ့အသင္းေတြထဲမွာ အဆိုးရြားဆုံးအသင္းျဖစ္ေနဆဲလို႔ ဆိုရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.