Premier League Transfer News

စည်းဘောင်ထဲက လူခေါ်တာကို လာညစ်တဲ့ ဝုလ်ဗ်စ်တရုတ်တွေကို ဟားနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းက ခေါ်ယူလိုက်ပြီလို့ သတင်းထွက်နေခဲ့တဲ့ ဆော်ပေါ်လို လူငယ်တောင်ပံကစားသမား မားကင်ညို့စ်အတွက် ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းက တရားစွဲမယ်လို့ ဆိုလာခဲ့တာကြောင့် အသင်းပရိသတ်တွေကြားမှာ ဒေါသထွက်နေကြတဲ့သူတွေနဲ့ ဟားတိုက်လှောင်ရယ်နေတဲ့သူတွေ နှစ်မျိုးကွဲပြားလာခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် ဘရာဇီးလ်သားဟာ လန်ဒန်ကို ဆေးစစ်မှု ခံယူဖို့နဲ့ အပြောင်းအရွှေ့ အပြီးသတ်ဖို့အတွက် ရောက်ရှိနေတာဖြစ်ပြီး ဒါကို တရုတ်လုပ်ငန်းရှင်တွေ ပိုင်ဆိုင်ထားတဲ့ ဝုလ်ဗ်စ်ဘက်က မကျေမနပ်ဖြစ်နေသလို သူတို့နဲ့ စာချုပ်ကုန်ချိန်မှာ အလွတ်ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရပြီးမှ အာဆင်နယ်ကို ရောက်တော့မှာကြောင့် ညစ်တွန်းတွန်းဖို့ ကြံစည်နေတာပါ။

အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ ဆော်ပေါ်လိုနဲ့ ပထမဆုံးစာချုပ် ၅ နှစ် ချုပ်ဆိုခဲ့ပေမယ့် ၃ နှစ်သာ တရားဝင်တဲ့ ဘောလုံးစည်းမျဉ်းကို အသုံးချပြီး ဈေးသက်သက်သာသာ ပေါင် ၂ သန်းခွဲတည်းနဲ့ ကောက်ခေါ်ပြီး သဘောတူညီနိုင်ခဲ့ချိန်မှာ ဘရာဇီးလက်ရွေးစင်ဟောင်း ဗမ်ပက်တာကတောင်မှ ဒီလောက် ဈေးနည်းတာ မဖြစ်သင့်ဘူးလို့ ဝေဖန်တာကို ခံခဲ့ရပါသေးတယ်။

ဝုလ်ဗ်စ်ဘက်က မားကင်ညို့စ်ကို သူတို့နဲ့ သဘောတူညီမှု ယူထားတယ်ဆိုတဲ့ စွပ်စွဲချက်ကတော့ တော်တော်လေး ရယ်စရာကောင်းနေခဲ့ပြီး ဖီဖာရဲ့ စည်းမျဉ်းတွေအရ ဟားတိုက်စရာဖြစ်နေခဲ့သလို ဆော်ပေါ်လိုအသင်းဘက်က တရားပြန်စွဲရင်တောင်မှ မအူမလည် ပရီးမီးယားလိဂ် အသင်းလတ်အနေနဲ့ ခံရဖို့ ရှိနေခဲ့တာပါ။

ဖီဖာရဲ့ အလွတ်ပြောင်း ဘော့စ်မန်စည်းမျဉ်းတွေအရ ကစားသမားတစ်ဦးဟာ အသက် ၂၃ နှစ်နဲ့ အထက်ရှိမှ စာချုပ်သက်တမ်း ၆ လအကျန်မှာ အသင်းသစ်နဲ့ အကြို သဘောတူညီမှု ရရှိဖို့ ဆွေးနွေးနိုင်တာဖြစ်ပြီး ဝုလ်ဗ်စ်ရဲ့ တရားဥပဒေနဲ့ ခြိမ်းခြောက်မှုမှာ အသက် ၁၉ နှစ်အရွယ်နဲ့ သူတို့ သဘောတူညီခဲ့ချိန်မှာ စာချုပ်က အနည်းဆုံး ၆ လအထက် စာချုပ်ကျန်ရှိနေသေးတာကြောင့် တရားမဝင်တဲ့ ကိစ္စဖြစ်နေသလို ပယ်ချခံရဖို့ပဲဖြစ်နေခဲ့တာပါ။

ဘယ်စည်းမျဉ်းစည်းကမ်း ဥပဒေနဲ့မှ ဘောင်မဝင်တဲ့ ဝုလ်ဗ်စ်ရဲ့ ခြိမ်းခြောက်မှုနဲ့ လုပ်ရပ်ကတော့ အမြဲတမ်း စည်းဘောင်ထဲကနေ ကစားသမားတွေကို စာအုပ်ကြီးအတိုင်း ခေါ်ယူတတ်လို့ မရလိုက်ဘဲ လက်လွှတ်ခဲ့ရတာမျိုးတောင် ရှိခဲ့ရတဲ့ အာဆင်နယ်အသင်းအတွက်တော့ ရယ်စရာ ဟာသကောင်းကောင်းတစ်ခုပဲ ဖြစ်နေခဲ့ပြီး အပြောင်းအရွှေ့ အပြီးသတ်ဖို့ကို ဆက်လက်လုပ်ဆောင်သွားဖို့ပဲ ရှိနေပါတယ်။

ဗြိတိန်မှာ ဘောင်မ‌ဝင်ဘဲ အတင်းအဖျင်းသတင်းတွေကိုပဲ အဓိက ဖော်ပြတတ်တဲ့ မေရာ၊ မက်ထရိုတို့လို သတင်းဌာနတွေကတော့ ဝုလ်ဗစ်ရဲ့ ခြိမ်းခြောက်မှုကို အာဘောင်အာရင်းသန်သန် ရေးသားနေခဲ့ကြပေမယ့် အာဆင်နယ်ဘက်ကတော့ တုန်လှုပ်ဖို့ မရှိဘဲ မစားရတဲ့ အမဲကို သဲနဲ့ပက်ဖို့ကြံတဲ့ တရုတ်ဖိုဆန်ဂရုရဲ့ ကောကွမ်းချန်၊ ဝမ့်ချွန်ပင်းနဲ့ လျန်ရှင်းချွန်တို့ကတော့ အပေါစားဆန်လွန်းနေခဲ့ကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းက ေခၚယူလိုက္ၿပီလို႔ သတင္းထြက္ေနခဲ့တဲ့ ေဆာ္ေပၚလို လူငယ္ေတာင္ပံကစားသမား မားကင္ညိဳ႕စ္အတြက္ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းက တရားစြဲမယ္လို႔ ဆိုလာခဲ့တာေၾကာင့္ အသင္းပရိသတ္ေတြၾကားမွာ ေဒါသထြက္ေနၾကတဲ့သူေတြနဲ႔ ဟားတိုက္ေလွာင္ရယ္ေနတဲ့သူေတြ ႏွစ္မ်ိဳးကြဲျပားလာခဲ့ပါတယ္။

အသက္ ၁၉ ႏွစ္အ႐ြယ္ ဘရာဇီးလ္သားဟာ လန္ဒန္ကို ေဆးစစ္မႈ ခံယူဖို႔နဲ႔ အေျပာင္းအေ႐ႊ႕ အၿပီးသတ္ဖို႔အတြက္ ေရာက္ရွိေနတာျဖစ္ၿပီး ဒါကို တ႐ုတ္လုပ္ငန္းရွင္ေတြ ပိုင္ဆိုင္ထားတဲ့ ဝုလ္ဗ္စ္ဘက္က မေက်မနပ္ျဖစ္ေနသလို သူတို႔နဲ႔ စာခ်ဳပ္ကုန္ခ်ိန္မွာ အလြတ္ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈ ရၿပီးမွ အာဆင္နယ္ကို ေရာက္ေတာ့မွာေၾကာင့္ ညစ္တြန္းတြန္းဖို႔ ႀကံစည္ေနတာပါ။

အာဆင္နယ္အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ ေဆာ္ေပၚလိုနဲ႔ ပထမဆုံးစာခ်ဳပ္ ၅ ႏွစ္ ခ်ဳပ္ဆိုခဲ့ေပမယ့္ ၃ ႏွစ္သာ တရားဝင္တဲ့ ေဘာလုံးစည္းမ်ဥ္းကို အသုံးခ်ၿပီး ေဈးသက္သက္သာသာ ေပါင္ ၂ သန္းခြဲတည္းနဲ႔ ေကာက္ေခၚၿပီး သေဘာတူညီႏိုင္ခဲ့ခ်ိန္မွာ ဘရာဇီးလက္ေ႐ြးစင္ေဟာင္း ဗမ္ပက္တာကေတာင္မွ ဒီေလာက္ ေဈးနည္းတာ မျဖစ္သင့္ဘူးလို႔ ေဝဖန္တာကို ခံခဲ့ရပါေသးတယ္။

ဝုလ္ဗ္စ္ဘက္က မားကင္ညိဳ႕စ္ကို သူတို႔နဲ႔ သေဘာတူညီမႈ ယူထားတယ္ဆိုတဲ့ စြပ္စြဲခ်က္ကေတာ့ ေတာ္ေတာ္ေလး ရယ္စရာေကာင္းေနခဲ့ၿပီး ဖီဖာရဲ႕ စည္းမ်ဥ္းေတြအရ ဟားတိုက္စရာျဖစ္ေနခဲ့သလို ေဆာ္ေပၚလိုအသင္းဘက္က တရားျပန္စြဲရင္ေတာင္မွ မအူမလည္ ပရီးမီးယားလိဂ္ အသင္းလတ္အေနနဲ႔ ခံရဖို႔ ရွိေနခဲ့တာပါ။

ဖီဖာရဲ႕ အလြတ္ေျပာင္း ေဘာ့စ္မန္စည္းမ်ဥ္းေတြအရ ကစားသမားတစ္ဦးဟာ အသက္ ၂၃ ႏွစ္နဲ႔ အထက္ရွိမွ စာခ်ဳပ္သက္တမ္း ၆ လအက်န္မွာ အသင္းသစ္နဲ႔ အႀကိဳ သေဘာတူညီမႈ ရရွိဖို႔ ေဆြးေႏြးႏိုင္တာျဖစ္ၿပီး ဝုလ္ဗ္စ္ရဲ႕ တရားဥပေဒနဲ႔ ၿခိမ္းေျခာက္မႈမွာ အသက္ ၁၉ ႏွစ္အ႐ြယ္နဲ႔ သူတို႔ သေဘာတူညီခဲ့ခ်ိန္မွာ စာခ်ဳပ္က အနည္းဆုံး ၆ လအထက္ စာခ်ဳပ္က်န္ရွိေနေသးတာေၾကာင့္ တရားမဝင္တဲ့ ကိစၥျဖစ္ေနသလို ပယ္ခ်ခံရဖို႔ပဲျဖစ္ေနခဲ့တာပါ။

ဘယ္စည္းမ်ဥ္းစည္းကမ္း ဥပေဒနဲ႔မွ ေဘာင္မဝင္တဲ့ ဝုလ္ဗ္စ္ရဲ႕ ၿခိမ္းေျခာက္မႈနဲ႔ လုပ္ရပ္ကေတာ့ အၿမဲတမ္း စည္းေဘာင္ထဲကေန ကစားသမားေတြကို စာအုပ္ႀကီးအတိုင္း ေခၚယူတတ္လို႔ မရလိုက္ဘဲ လက္လႊတ္ခဲ့ရတာမ်ိဳးေတာင္ ရွိခဲ့ရတဲ့ အာဆင္နယ္အသင္းအတြက္ေတာ့ ရယ္စရာ ဟာသေကာင္းေကာင္းတစ္ခုပဲ ျဖစ္ေနခဲ့ၿပီး အေျပာင္းအေ႐ႊ႕ အၿပီးသတ္ဖို႔ကို ဆက္လက္လုပ္ေဆာင္သြားဖို႔ပဲ ရွိေနပါတယ္။

ၿဗိတိန္မွာ ေဘာင္မ‌ဝင္ဘဲ အတင္းအဖ်င္းသတင္းေတြကိုပဲ အဓိက ေဖာ္ျပတတ္တဲ့ ေမရာ၊ မက္ထ႐ိုတို႔လို သတင္းဌာနေတြကေတာ့ ဝုလ္ဗစ္ရဲ႕ ၿခိမ္းေျခာက္မႈကို အာေဘာင္အာရင္းသန္သန္ ေရးသားေနခဲ့ၾကေပမယ့္ အာဆင္နယ္ဘက္ကေတာ့ တုန္လႈပ္ဖို႔ မရွိဘဲ မစားရတဲ့ အမဲကို သဲနဲ႔ပက္ဖို႔ႀကံတဲ့ တ႐ုတ္ဖိုဆန္ဂ႐ုရဲ႕ ေကာကြမ္းခ်န္၊ ဝမ့္ခြၽန္ပင္းနဲ႔ လ်န္ရွင္းခြၽန္တို႔ကေတာ့ အေပါစားဆန္လြန္းေနခဲ့ေၾကာင္းလည္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.