Premier League

ပဲလေ့စ်နဲ့ပွဲအပြီး လက်ခလယ်ထောင်ပြခဲ့တဲ့ ကာဗာနီ ပရိသတ်တွေကို ဘယ်လိုနှုတ်ဆက်သွားခဲ့သလဲ

ကာဗာနီဟာ အိုးထရက်ဖို့ဒ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ကြိုတင်ပြင်ဆင်နေတာကြောင့် မန်ချက်စတာယူနိုက်တက် ပရိသတ်တွေကို နှုတ်ဆက်စကား ပြောကြားခဲ့ပါတယ်။

ကာဗာနီဟာ ၂၀၂၀ အောက်တိုဘာလမှာ ပီအက်စ်ဂျီအသင်းကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်က ပထမရာသီမှာ ပြိုင်ပွဲစုံ ၁၇ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ကြီးမားတဲ့ အကျိုးသက်ရောက်မှု ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာပြဿနာတွေ ဆက်တိုက် ရင်ဆိုင်ခဲ့ရတာက ကာဗာနီရဲ့ ယခုရာသီ ပွဲအရေအတွက်ကို ကန့်သတ်ခဲ့ပြီး ပွဲ ၂၀ မှာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

“ဒီရာသီမှာ ဒီထက်ပိုပြီး ဂိုးတွေ ပိုသွင်းယူပေးချင်ခဲ့ပါတယ်။ ကျွန်တော်တို့ အရမ်းပျော်ရွှင်ခဲ့ရပြီး တော်တော်လေး ကောင်းမွန်တဲ့ ၂၀၂၀-၂၀၂၁ ရာသီကို ပိုင်ဆိုင်ခဲ့ချိန်မှာ (ကိုဗစ်ကန့်သတ်ချက်ကြောင့်) ပရိသတ်တွေလာမကြည့်နိုင်ခဲ့တာက ကျွန်တော့်ကို ခါးသီးတဲ့အရသာပေးခဲ့တဲ့အရာတွေထဲက တစ်ခုပါ”

“ကျွန်တော်တို့နဲ့အတူ ပရိသတ်တွေ မရှိနိုင်ခဲ့ပါဘူး။ အခုတော့ ဒီရာသီမှာ ပရိသတ်တွေ ကွင်းထဲကို ပြန်လာနိုင်ခဲ့တယ်။ ကျွန်တော် ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာတော့လည်း ကျွန်တော် လုပ်ချင်တာမျိုးကို တကယ်မလုပ်နိုင်ခဲ့ပါဘူး”

“ကျွန်တော် ပြီးခဲ့တဲ့ရာသီမှာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပြီးတော့ အဲဒီသွင်းဂိုးတွေကို ပရိသတ်တွေနဲ့ အောင်ပွဲခံချင်ခဲ့တယ်။ ဒါက တိုက်စစ်မှူးတစ်ယောက် လုပ်ရမယ့် အရမ်းကောင်းတဲ့ အရာပါ”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ရမှတ် ၅၈ မှတ်နဲ့ အဆင့် ၆ နေရာမှာသာ ရာသီပြီးဆုံးနိုင်ခဲ့ပြီး လာမယ့်ရာသီမှာ ဥရောပဒုတိယတန်းပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

“ပရိသတ်တွေနဲ့ မန်ချက်စတာယူနိုက်တက် အားပေးသူတွေကို ကျေးဇူးတင်ကြောင်း ပြောရုံကလွဲပြီး ကျွန်တော့်မှာ ဘာမှ ပြောစရာမရှိတာ အမှန်ပါပဲ။ သူတို့တွေက ဒီအသင်းအတွက် အကောင်းဆုံးပေးနိုင်ဖို့ အမြဲတမ်းအကောင်းဆုံးဖြစ်နိုင်မယ့် နည်းလမ်းနဲ့ ကြိုးပမ်းခဲ့တဲ့ အလုပ်ပြင်းပြင်းထန်ထန် ကြိုးစားမှုအားလုံးကို ကြီးကြီးမားမား အသိအမှတ်ပြုခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်ကို သူတို့တွေ ပြသခဲ့ပြီး အမြဲတမ်း ထုတ်ဖော်ပြသခဲ့တဲ့ ချစ်ခြင်းတရားတွေရဲ့ ပျော်စရာအမှတ်တရတွေနဲ့အတူ ဒီနေရာကို စွန့်ခွာတော့မှာပါ”လို့ ကာဗာနီက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ကာဗာနီဟာ အိုးထရက္ဖို႔ဒ္ကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာဖို႔ ႀကိဳတင္ျပင္ဆင္ေနတာေၾကာင့္ မန္ခ်က္စတာယူနိုက္တက္ ပရိသတ္ေတြကို ႏႈတ္ဆက္စကား ေျပာၾကားခဲ့ပါတယ္။

ကာဗာနီဟာ ၂၀၂၀ ေအာက္တိုဘာလမွာ ပီအက္စ္ဂ်ီအသင္းကေန မန္ခ်က္စတာယူနိုက္တက္ကို ေျပာင္းေရႊ႕လာခဲ့တာျဖစ္ၿပီး အိုးထရက္ဖို႔ဒ္က ပထမရာသီမွာ ၿပိဳင္ပြဲစုံ ၁၇ ဂိုးအထိ သြင္းယူေပးခဲ့ၿပီး ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈ ျပသနိုင္ခဲ့တာျဖစ္ပါတယ္။ ဒဏ္ရာျပႆနာေတြ ဆက္တိုက္ ရင္ဆိုင္ခဲ့ရတာက ကာဗာနီရဲ့ ယခုရာသီ ပြဲအေရအတြက္ကို ကန႔္သတ္ခဲ့ၿပီး ပြဲ ၂၀ မွာ ၂ ဂိုးသာ သြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

“ဒီရာသီမွာ ဒီထက္ပိုၿပီး ဂိုးေတြ ပိုသြင္းယူေပးခ်င္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ အရမ္းေပ်ာ္ရႊင္ခဲ့ရၿပီး ေတာ္ေတာ္ေလး ေကာင္းမြန္တဲ့ ၂၀၂၀-၂၀၂၁ ရာသီကို ပိုင္ဆိုင္ခဲ့ခ်ိန္မွာ (ကိုဗစ္ကန႔္သတ္ခ်က္ေၾကာင့္) ပရိသတ္ေတြလာမၾကည့္နိုင္ခဲ့တာက ကၽြန္ေတာ့္ကို ခါးသီးတဲ့အရသာေပးခဲ့တဲ့အရာေတြထဲက တစ္ခုပါ”

“ကၽြန္ေတာ္တို႔နဲ႔အတူ ပရိသတ္ေတြ မရွိနိုင္ခဲ့ပါဘူး။ အခုေတာ့ ဒီရာသီမွာ ပရိသတ္ေတြ ကြင္းထဲကို ျပန္လာနိုင္ခဲ့တယ္။ ကၽြန္ေတာ္ ျဖစ္ေစခ်င္တဲ့အတိုင္း ျဖစ္လာေတာ့လည္း ကၽြန္ေတာ္ လုပ္ခ်င္တာမ်ိဳးကို တကယ္မလုပ္နိုင္ခဲ့ပါဘူး”

“ကၽြန္ေတာ္ ၿပီးခဲ့တဲ့ရာသီမွာ သြင္းဂိုးေတြ သြင္းယူနိုင္ခဲ့ၿပီးေတာ့ အဲဒီသြင္းဂိုးေတြကို ပရိသတ္ေတြနဲ႔ ေအာင္ပြဲခံခ်င္ခဲ့တယ္။ ဒါက တိုက္စစ္မႉးတစ္ေယာက္ လုပ္ရမယ့္ အရမ္းေကာင္းတဲ့ အရာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ ရမွတ္ ၅၈ မွတ္နဲ႔ အဆင့္ ၆ ေနရာမွာသာ ရာသီၿပီးဆုံးနိုင္ခဲ့ၿပီး လာမယ့္ရာသီမွာ ဥေရာပဒုတိယတန္းၿပိဳင္ပြဲျဖစ္တဲ့ ယူရိုပါလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

“ပရိသတ္ေတြနဲ႔ မန္ခ်က္စတာယူနိုက္တက္ အားေပးသူေတြကို ေက်းဇူးတင္ေၾကာင္း ေျပာ႐ုံကလြဲၿပီး ကၽြန္ေတာ့္မွာ ဘာမွ ေျပာစရာမရွိတာ အမွန္ပါပဲ။ သူတို႔ေတြက ဒီအသင္းအတြက္ အေကာင္းဆုံးေပးနိုင္ဖို႔ အျမဲတမ္းအေကာင္းဆုံးျဖစ္နိုင္မယ့္ နည္းလမ္းနဲ႔ ႀကိဳးပမ္းခဲ့တဲ့ အလုပ္ျပင္းျပင္းထန္ထန္ ႀကိဳးစားမႈအားလုံးကို ႀကီးႀကီးမားမား အသိအမွတ္ျပဳခဲ့တယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ကၽြန္ေတာ့္ကို သူတို႔ေတြ ျပသခဲ့ၿပီး အျမဲတမ္း ထုတ္ေဖာ္ျပသခဲ့တဲ့ ခ်စ္ျခင္းတရားေတြရဲ့ ေပ်ာ္စရာအမွတ္တရေတြနဲ႔အတူ ဒီေနရာကို စြန႔္ခြာေတာ့မွာပါ”လို႔ ကာဗာနီက ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.