Premier League

တွစ်တာမှာ အပြန်အလှန် လေတိုက်ပြီး ကျောင်းတော်ကရန်စတွေကြောင့် ပွဲဖြစ်ခဲ့ကြတဲ့ ဖာဒီနန်နဲ့ ဂျွန် တယ်ရီ

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်နဲ့ ချဲလ်ဆီးဂန္တဝင် ဂျွန် တယ်ရီတို့ဟာ ကြာသပတေးနေ့ည လူအိပ်ချိန် တွစ်တာမှာ ရန်သတ်ခဲ့ကြပြီး ပြဿနာရဲ့အစကတော့ ဖာဒီနန်က တယ်ရီကို ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဗဟိုခံစစ် ၅ ဦးစာရင်းမှာ အဆင့် ၅ နေရာမှာ သတ်မှတ်ခဲ့တာက စခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဖာဒီနန်က လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်နဲ့ပတ်သက်တဲ့ အကြောင်းအရာကို BT Sport မှာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်းဟာ ၎င်းနဲ့ နီမန်ညာ ဗီဒစ်၊ ဂျပ် စတမ်း၊ ဗန်ဒိုက်တို့ကို ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂျွန် တယ်ရီရဲ့ရှေ့မှာ ထားခဲ့တာဖြစ်ပါတယ်။

ဂျွန် တယ်ရီက ဖာဒီနန်ရဲ့ ထင်မြင်ယူဆချက်ကို ၎င်းရဲ့ အနိုင်ရရှိတဲ့ ရာခိုင်နှုန်း၊ သွင်းဂိုးတွေနဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့တာတွေ စတဲ့ အောင်မြင်မှုတွေကို အင်စတာဂရမ်မှာ “ထင်မြင်ယူဆချက်တွေက အရမ်းကောင်းမွန်ပေမယ့် ကိန်းဂဏန်းအချက်အလက်တွေကတော့ လိမ်လို့မရဘူး”ဆိုတဲ့ စာသားနဲ့အတူ စာရင်းနဲ့အင်းနဲ့ တင်ပြီး တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဖာဒီနန်က ချဲလ်ဆီးဂန္တဝင်ရဲ့ တုံ့ပြန်မှုကြောင့် ဆတ်ဆတ်ခါသွားခဲ့ပြီး ဂျွန် တယ်ရီကို ၎င်းရဲ့ညီ အန်တန် ဖာဒီနန်နဲ့ ဖြစ်ခဲ့တဲ့ကိစ္စပါ အစဖော်ပြီး မန်းရှင်းခေါ်ပြီး ပြန်ဖြဲခဲ့တာဖြစ်ပါတယ်။

“လူတစ်ယောက်က သူ့ရဲ့ ကိုယ်ပိုင် မှတ်တမ်းတွေနဲ့ ကိန်းဂဏန်းအချက်အလက်တွေကို စပြီး လူသိအောင် လုပ်လာတဲ့အချိန်က ထိခိုက်လွယ်တဲ့ အတ္တကို စတင်ဖြေရှင်းရမယ့် အချိန်ပဲ။ ငါ့ညီနဲ့ ဖြစ်ခဲ့တဲ့ လူမျိုးရေးခွဲခြားတဲ့ ပြဿနာအပြီးမှာတောင် မင်းကို ထိပ်ဆုံး ၅ နေရာထဲမှာ ထည့်ပေးခဲ့တာ မင်း ကံကောင်းလို့ပဲ။ အဲဒီတော့ အဆင့် ၅ နေရာရတာကိုပဲ ကျေးဇူးတင်လိုက်”လို့ တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ဂျွန် တယ်ရီဟာ ၂၀၁၁ ခုနှစ်တုန်းက ကျူပီအာနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ရီယို ဖာဒီနန်ရဲ့ညီဖြစ်သူ အန်တန် ဖာဒီနန်ကို လူမျိုးရေး ခွဲခြားတဲ့အသုံးအနှုန်း သုံးစွဲခဲ့ကြောင်း တွေ့ရှိခဲ့ရပြီးနောက် အက်ဖ်အေရဲ့ ၄ ပွဲပယ် ပြစ်ဒဏ်အပြင် ဒဏ်ကြေး ပေါင် ၂၂၀၀၀၀ ပါ ဆောင်ခဲ့ရတဖြစ်ပါတယ်။

အဲဒီအပြင် ဂျွန် တယ်ရီဟာ အန်တန် ဖာဒီနန်ကို လူမျိုးရေးခွဲခြားဆက်ဆံမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာ တရားရုံးမှာ ထင်ထင်ရှားရှား စစ်ဆေးတွေ့ရှိခဲ့ရတာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ဂျွန် တယ်ရီက ဖာဒီနန်ရဲ့ ပြောဆိုမှုအပြီး သိပ်မကြာခင်မှာပဲ မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမား ပြောလိုက်တဲ့ စကားလုံးကိုပဲ နင်းပြီး ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ “ထိခိုက်လွယ်တဲ့ အတ္တကြောင့်ပဲ မင်းကိုယ်မင်း နံပါတ် ၁ နေရာမှာ ထားနေတာလေ။ ငါ့ကို မင်းရဲ့ထိပ်ဆုံး ၅ နေရာထဲမှာ ထည့်ပေးလို့ ကျေးဇူးပဲ”လို့ ဂျွန် တယ်ရီက ပြန်လည်ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ ရီယို ဖာဒီနန္နဲ႔ ခ်ဲလ္ဆီးဂႏၲဝင္ ဂၽြန္ တယ္ရီတို႔ဟာ ၾကာသပေတးေန႔ည လူအိပ္ခ်ိန္ တြစ္တာမွာ ရန္သတ္ခဲ့ၾကၿပီး ျပႆနာရဲ့အစကေတာ့ ဖာဒီနန္က တယ္ရီကို ပရီးမီးယားလိဂ္ရဲ့အေကာင္းဆုံးဗဟိုခံစစ္ ၅ ဦးစာရင္းမွာ အဆင့္ ၅ ေနရာမွာ သတ္မွတ္ခဲ့တာက စခဲ့တာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမတိုင္ခင္ မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ ဖာဒီနန္က လီဗာပူးလ္ေနာက္ခံလူ ဗန္ဒိုက္နဲ႔ပတ္သက္တဲ့ အေၾကာင္းအရာကို BT Sport မွာ ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္ေနာက္ခံလူေဟာင္းဟာ ၎နဲ႔ နီမန္ညာ ဗီဒစ္၊ ဂ်ပ္ စတမ္း၊ ဗန္ဒိုက္တို႔ကို ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ေဟာင္း ဂၽြန္ တယ္ရီရဲ့ေရွ႕မွာ ထားခဲ့တာျဖစ္ပါတယ္။

ဂၽြန္ တယ္ရီက ဖာဒီနန္ရဲ့ ထင္ျမင္ယူဆခ်က္ကို ၎ရဲ့ အနိုင္ရရွိတဲ့ ရာခိုင္ႏႈန္း၊ သြင္းဂိုးေတြနဲ႔ ကမၻာ့အေကာင္းဆုံး ကစားသမား ၁၁ ဦးစာရင္းအတြက္ ဆန္ခါတင္စာရင္းဝင္ခဲ့တာေတြ စတဲ့ ေအာင္ျမင္မႈေတြကို အင္စတာဂရမ္မွာ “ထင္ျမင္ယူဆခ်က္ေတြက အရမ္းေကာင္းမြန္ေပမယ့္ ကိန္းဂဏန္းအခ်က္အလက္ေတြကေတာ့ လိမ္လို႔မရဘူး”ဆိုတဲ့ စာသားနဲ႔အတူ စာရင္းနဲ႔အင္းနဲ႔ တင္ၿပီး တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

ဖာဒီနန္က ခ်ဲလ္ဆီးဂႏၲဝင္ရဲ့ တုံ႔ျပန္မႈေၾကာင့္ ဆတ္ဆတ္ခါသြားခဲ့ၿပီး ဂၽြန္ တယ္ရီကို ၎ရဲ့ညီ အန္တန္ ဖာဒီနန္နဲ႔ ျဖစ္ခဲ့တဲ့ကိစၥပါ အစေဖာ္ၿပီး မန္းရွင္းေခၚၿပီး ျပန္ျဖဲခဲ့တာျဖစ္ပါတယ္။

“လူတစ္ေယာက္က သူ႔ရဲ့ ကိုယ္ပိုင္ မွတ္တမ္းေတြနဲ႔ ကိန္းဂဏန္းအခ်က္အလက္ေတြကို စၿပီး လူသိေအာင္ လုပ္လာတဲ့အခ်ိန္က ထိခိုက္လြယ္တဲ့ အတၱကို စတင္ေျဖရွင္းရမယ့္ အခ်ိန္ပဲ။ ငါ့ညီနဲ႔ ျဖစ္ခဲ့တဲ့ လူမ်ိဳးေရးခြဲျခားတဲ့ ျပႆနာအၿပီးမွာေတာင္ မင္းကို ထိပ္ဆုံး ၅ ေနရာထဲမွာ ထည့္ေပးခဲ့တာ မင္း ကံေကာင္းလို႔ပဲ။ အဲဒီေတာ့ အဆင့္ ၅ ေနရာရတာကိုပဲ ေက်းဇူးတင္လိုက္”လို႔ တြစ္တာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

ဂၽြန္ တယ္ရီဟာ ၂၀၁၁ ခုႏွစ္တုန္းက က်ဴပီအာနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ရီယို ဖာဒီနန္ရဲ့ညီျဖစ္သူ အန္တန္ ဖာဒီနန္ကို လူမ်ိဳးေရး ခြဲျခားတဲ့အသုံးအႏႈန္း သုံးစြဲခဲ့ေၾကာင္း ေတြ႕ရွိခဲ့ရၿပီးေနာက္ အက္ဖ္ေအရဲ့ ၄ ပြဲပယ္ ျပစ္ဒဏ္အျပင္ ဒဏ္ေၾကး ေပါင္ ၂၂၀၀၀၀ ပါ ေဆာင္ခဲ့ရတျဖစ္ပါတယ္။

အဲဒီအျပင္ ဂၽြန္ တယ္ရီဟာ အန္တန္ ဖာဒီနန္ကို လူမ်ိဳးေရးခြဲျခားဆက္ဆံမႈေတြ ျပဳလုပ္ခဲ့တယ္ဆိုတာ တရား႐ုံးမွာ ထင္ထင္ရွားရွား စစ္ေဆးေတြ႕ရွိခဲ့ရတာေၾကာင့္ အဂၤလန္လက္ေရြးစင္အသင္းေခါင္းေဆာင္ရာထူးကေန ဖယ္ရွားျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

ဂၽြန္ တယ္ရီက ဖာဒီနန္ရဲ့ ေျပာဆိုမႈအၿပီး သိပ္မၾကာခင္မွာပဲ မန္ခ်က္စတာယူနိုက္တက္ေနာက္ခံကစားသမား ေျပာလိုက္တဲ့ စကားလုံးကိုပဲ နင္းၿပီး ျပန္လည္တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။ “ထိခိုက္လြယ္တဲ့ အတၱေၾကာင့္ပဲ မင္းကိုယ္မင္း နံပါတ္ ၁ ေနရာမွာ ထားေနတာေလ။ ငါ့ကို မင္းရဲ့ထိပ္ဆုံး ၅ ေနရာထဲမွာ ထည့္ေပးလို႔ ေက်းဇူးပဲ”လို႔ ဂၽြန္ တယ္ရီက ျပန္လည္ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.