Premier League

လာမယ့်ရာသီမှာ ဟာလန်းက ရော်နယ်လ်ဒိုနဲ့ ဆွန်တို့ထက် ဂိုးပိုသွင်းလိမ့်မယ်လို့ ပြောလိုက်တဲ့ မက်မာနာမန်း

မန်ချက်စတာစီးတီးတိုက်စစ်မှူးသစ် အာလင်း ဟာလန်းဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုကို အနိုင်ရရှိမယ့်သူဖြစ်တယ်လို့ တစ်ကြိုပေးခြင်း ခံခဲ့ရပါတယ်။

၂၀၂၁-၂၀၂၂ ရာသီအတွက် ရွှေဖိနပ်ဆုကို တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဆွန်ဟောင်မင်နဲ့ လီဗာပူးလ် တိုက်စစ်မှူး မိုဟာမက် ဆာလားတို့က သွင်းဂိုး ၂၃ ဂိုးနဲ့ ပူးတွဲ ရရှိခဲ့တာဖြစ်ပါတယ်။ ဆာလားဟာ လက်ရှိအချိန်မှာ ရွှေဖိနပ်ဆုကို ၃ ကြိမ် ရရှိထားခဲ့ပြီဖြစ်ပေမယ့်လည်း လီဗာပူးလ်ကွင်းလယ်ကစားသမားဟောင်းက လာမယ့်ရာသီမှာတော့ အီဂျစ်တိုက်စစ်မှူးအနေနဲ့ ရွှေဖိနပ်ဆုကို မရနိုင်တော့ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဒေ့ါမွန်ကြယ်ပွင့်တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ဘွန်ဒက်စ်လီဂါမှာရှိခဲ့တဲ့ ၂ နှစ်ခွဲအတွင်း အသင်းအတွက် ၈၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၈၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ နော်ဝေလက်ရွေးစင်တိုက်စစ်မှူးဟာ စီနီယာကစားသမားဘဝ ၁၈၃ ပွဲမှာ ၁၃၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ၎င်းရဲ့ တစ်ပွဲပျမ်းမျှသွင်းဂိုးအချိုးဟာ မန်ချက်စတာစီးတီးမှာ ပိုလို့တောင် တိုးတက်လာလိမ့်မယ်လို့ မျှော်မှန်းခြင်း ခံနေရတာဖြစ်ပါတယ်။

ဟာလန်းဟာ အစ်တီဟတ်ကို လစာ၊ အေးဂျင့်ခ၊ ထပ်ဆောင်း ပေးချေမှုတွေ မပါဝင်ဘဲ ပြောင်းရွှေ့ကြေး ပေါင် ၅၁ သန်းနဲ့ ပြောင်းရွှေ့လာတော့မှာဖြစ်ပြီး မန်စီးတီးနဲ့ လီဗာပူးလ်ကွင်းလယ်ကြယ်ပွင့်ဟောင်း စတိဗ် မက်မာနာမန်းက ဟာလန်းအနေနဲ့ လာမယ့်ရာသီ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ တိုက်စစ်အားကောင်းတဲ့အစုအဖွဲ့ဖြစ်ပေမယ့်လည်း ဆာလား၊ မာနေး၊ လူးဝစ္စ ဒီယက်စ်၊ ဖာမီနို၊ ဂျိုတာတို့အားလုံးဟာ လာမယ့်ရာသီမှာ သွင်းဂိုးတွေ မျှယူရမှာဖြစ်တာကြောင့် ဟာလန်းက ရွှေဖိနပ်ဆုရဖို့ အခွင့်အရေးပိုသာနေတယ်လို့ မက်မာနာမန်းက ယုံကြည်နေတာဖြစ်ပါတယ်။

“သူသာ ကြံ့ခိုင်မှု ပြည့်ဝနေမယ်ဆိုရင် သူက အရမ်းကောင်းမွန်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ လီဗာပူးလ်တိုက်စစ်မှူးတွေက အခုအချိန်မှာ ပိုပြီး ဂိုးတွေ ခွဲဝေယူရတော့မယ်လို့ ကျွန်တော် ထင်တယ်။ သူတို့ထဲက တစ်ဦးကတော့ လာမယ့်နှစ်မှာ အသင်းပြောင်းရွှေ့နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗာျး တိုက်စစ်မှူး ၅ ဦးစလုံးကို ပျော်ရွှင်အောင် ထားလို့မရနိုင်တာကြောင့်ပါ”

“လီဗာပူးလ်အနေနဲ့ လာမယ့်နှစ်မှာ သူတို့ရဲ့ သွင်းဂိုးတွေက ပြန့်ကြဲနေလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဟာလန်းက သူတို့အားလုံးထက် ဂိုးပိုသွင်းနိုင်မယ်လို့ ကျွန်တော် ထင်တယ်။ သူသာ လူကာကူးလို ရာသီမျိုးရှိမယ်ဆိုရင် အဲဒါက ကြီးမားတဲ့ အံ့အားသင့်စရာဖြစ်လာမှာပါ။ မန်စီးတီး ကစားတဲ့ပုံစံနဲ့ဆိုရင် သူက ဂိုးသွင်းစက်ဖြစ်လာမယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးတိုက္စစ္မႉးသစ္ အာလင္း ဟာလန္းဟာ လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္ရဲ့ ေရႊဖိနပ္ဆုကို အနိုင္ရရွိမယ့္သူျဖစ္တယ္လို႔ တစ္ႀကိဳေပးျခင္း ခံခဲ့ရပါတယ္။

၂၀၂၁-၂၀၂၂ ရာသီအတြက္ ေရႊဖိနပ္ဆုကို ေတာ့တင္ဟမ္ေဟာ့စပါး တိုက္စစ္မႉး ဆြန္ေဟာင္မင္နဲ႔ လီဗာပူးလ္ တိုက္စစ္မႉး မိုဟာမက္ ဆာလားတို႔က သြင္းဂိုး ၂၃ ဂိုးနဲ႔ ပူးတြဲ ရရွိခဲ့တာျဖစ္ပါတယ္။ ဆာလားဟာ လက္ရွိအခ်ိန္မွာ ေရႊဖိနပ္ဆုကို ၃ ႀကိမ္ ရရွိထားခဲ့ၿပီျဖစ္ေပမယ့္လည္း လီဗာပူးလ္ကြင္းလယ္ကစားသမားေဟာင္းက လာမယ့္ရာသီမွာေတာ့ အီဂ်စ္တိုက္စစ္မႉးအေနနဲ႔ ေရႊဖိနပ္ဆုကို မရနိုင္ေတာ့ဘူးလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ေဒ့ါမြန္ၾကယ္ပြင့္တိုက္စစ္မႉး အာလင္း ဟာလန္းဟာ ဘြန္ဒက္စ္လီဂါမွာရွိခဲ့တဲ့ ၂ ႏွစ္ခြဲအတြင္း အသင္းအတြက္ ၈၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၈၆ ဂိုးအထိ သြင္းယူေပးနိုင္ခဲ့တာျဖစ္ပါတယ္။ ေနာ္ေဝလက္ေရြးစင္တိုက္စစ္မႉးဟာ စီနီယာကစားသမားဘဝ ၁၈၃ ပြဲမွာ ၁၃၅ ဂိုးအထိ သြင္းယူနိုင္ခဲ့တာျဖစ္ၿပီး ၎ရဲ့ တစ္ပြဲပ်မ္းမၽွသြင္းဂိုးအခ်ိဳးဟာ မန္ခ်က္စတာစီးတီးမွာ ပိုလို႔ေတာင္ တိုးတက္လာလိမ့္မယ္လို႔ ေမၽွာ္မွန္းျခင္း ခံေနရတာျဖစ္ပါတယ္။

ဟာလန္းဟာ အစ္တီဟတ္ကို လစာ၊ ေအးဂ်င့္ခ၊ ထပ္ေဆာင္း ေပးေခ်မႈေတြ မပါဝင္ဘဲ ေျပာင္းေရႊ႕ေၾကး ေပါင္ ၅၁ သန္းနဲ႔ ေျပာင္းေရႊ႕လာေတာ့မွာျဖစ္ၿပီး မန္စီးတီးနဲ႔ လီဗာပူးလ္ကြင္းလယ္ၾကယ္ပြင့္ေဟာင္း စတိဗ္ မက္မာနာမန္းက ဟာလန္းအေနနဲ႔ လာမယ့္ရာသီ ပရီးမီးယားလိဂ္ရဲ့ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္လာလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ တိုက္စစ္အားေကာင္းတဲ့အစုအဖြဲ႕ျဖစ္ေပမယ့္လည္း ဆာလား၊ မာေနး၊ လူးဝစၥ ဒီယက္စ္၊ ဖာမီနို၊ ဂ်ိဳတာတို႔အားလုံးဟာ လာမယ့္ရာသီမွာ သြင္းဂိုးေတြ မၽွယူရမွာျဖစ္တာေၾကာင့္ ဟာလန္းက ေရႊဖိနပ္ဆုရဖို႔ အခြင့္အေရးပိုသာေနတယ္လို႔ မက္မာနာမန္းက ယုံၾကည္ေနတာျဖစ္ပါတယ္။

“သူသာ ႀကံ့ခိုင္မႈ ျပည့္ဝေနမယ္ဆိုရင္ သူက အရမ္းေကာင္းမြန္လိမ့္မယ္လို႔ ကၽြန္ေတာ္ ထင္တယ္။ လီဗာပူးလ္တိုက္စစ္မႉးေတြက အခုအခ်ိန္မွာ ပိုၿပီး ဂိုးေတြ ခြဲေဝယူရေတာ့မယ္လို႔ ကၽြန္ေတာ္ ထင္တယ္။ သူတို႔ထဲက တစ္ဦးကေတာ့ လာမယ့္ႏွစ္မွာ အသင္းေျပာင္းေရႊ႕နိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ခင္ဗာ်း တိုက္စစ္မႉး ၅ ဦးစလုံးကို ေပ်ာ္ရႊင္ေအာင္ ထားလို႔မရနိုင္တာေၾကာင့္ပါ”

“လီဗာပူးလ္အေနနဲ႔ လာမယ့္ႏွစ္မွာ သူတို႔ရဲ့ သြင္းဂိုးေတြက ျပန႔္ၾကဲေနလိမ့္မယ္လို႔ ကၽြန္ေတာ္ ထင္တယ္။ ဟာလန္းက သူတို႔အားလုံးထက္ ဂိုးပိုသြင္းနိုင္မယ္လို႔ ကၽြန္ေတာ္ ထင္တယ္။ သူသာ လူကာကူးလို ရာသီမ်ိဳးရွိမယ္ဆိုရင္ အဲဒါက ႀကီးမားတဲ့ အံ့အားသင့္စရာျဖစ္လာမွာပါ။ မန္စီးတီး ကစားတဲ့ပုံစံနဲ႔ဆိုရင္ သူက ဂိုးသြင္းစက္ျဖစ္လာမယ္လို႔ ကၽြန္ေတာ္ ေမၽွာ္လင့္ထားပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.