Premier League UCL&UEL

ရာမို့စ် မရှိတော့ပေမယ့် ရီးရဲလ် ပြန်ပေးဆပ်ရမယ်လို့ ကြုံးဝါးခဲ့တဲ့ ဆာလား

လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက် ဆာလားက ၂၀၁၈ ခုနှစ်တုန်းက စပိန်လာလီဂါထိပ်သီးအသင်းကြီးကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း စနေနေ့မှာ ရီးရဲလ်မက်ဒရစ်ကို လက်စားပြန်ချေဖို့ အာရုံစိုက်နေတာဖြစ်ပါတယ်။

“ငါတို့တွေ လက်စားပြန်ချေရမယ်”လို့ မိုဟာမက် ဆာလားက ရီးရဲလ်မက်ဒရစ်အသင်းက လီဗာပူးလ်နဲ့ မေလ ၂၈ ရက်နေ့ ဗိုလ်လုပွဲမှာ တွေ့ဆုံရမယ်ဆိုတာကို သိရှိခဲ့ပြီးနောက် လူမှုကွန်ရက်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ဆာလားရဲ့ ဥရောပအဆင့်ဘောလုံးပွဲစဉ်မှာ ပထမဆုံး ပါဝင်ကစားခဲ့တဲ့ လွန်ခဲ့တဲ့ ၄ နှစ်က ကိဗ်မြို့က ပွဲစဉ်ဟာ ဆိုးဆိုးရွားရွားပဲ အချိန်မတန်မီ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

အီဂျစ်တိုက်စ်စမှူးဟာ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်ရဲ့ ဖျက်ထုတ်မှုကြောင့် ပုခုံးအဆစ်လွဲသွားခဲ့ပြီးနောက် ပထမပိုင်းမှာပဲ ကွင်းထဲကနေ မျက်ရည်တွေနဲ့ ထွက်ခွာခဲ့ရတာဖြစ်ပြီး စပိန်ဝါရင့်နောက်ခံလူဟာ ပြိုင်ဘက်ကစားသမားကို ရည်ရွယ်ချက်ရှိရှိနဲ့ လူချခဲ့တာလို့ စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးလ်ကို ၃-၁ နဲ့ အနိုင်ရရှိသွားခဲ့ပြီး ဆာလားအနေနဲ့ အဲဒီညက ခါးသီးတဲ့ အမှတ်တရတွေကို ဘယ်လိုမှ ခေါင်းထဲကနေ ထုတ်နိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

“အဲဒါက ကျွန်တော့် ကစားသမားဘဝမှာ အဆိုးရွားဆုံး အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် အဲဒီအချိန်မှာ တကယ်ကို စိတ်ဓာတ်ကျနေခဲ့ပါတယ်။ ငါတို့တွေ ဒီလိုပုံစံနဲ့တော့ ရှုံးလို့မရဘူးလေဆိုသလိုမျိုး ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဘောလုံးကစားခဲ့တဲ့တလျှောက်လုံးမှာ အဲဒီခံစားချက်ကို ဘယ်တုန်းကမှ မခံစားခဲ့ရဖူးပါဘူး။ အထူးသဖြင့် ကျွန်တော်တို့အားလုံးရဲ့ ပထမဆုံး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာပေါ့”

ဆာလားဟာ နောက်ထပ် ၁၂ လအကြာမှာတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရမှုကို ပြန်လည်တုံ့ပြန်နိုင်ခဲ့ပြီး လီဗာပူးလ်အသင်းက တော့တင်ဟမ်ဟော့စပါးကို အနိုင်ယူပြီး ၆ ကြိမ်မြောက် ဥရောပချန်ပီယံ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆာလားက ဆာဂျီယို ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တာတောင်မှပဲ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ယခုအပတ် စနေနေ့မှာ နောက်ထပ်တစ်ကြိမ် ပြန်လည်ရင်ဆိုင်ရတဲ့အချိနကျရင် ပြန်လည်ပေးဆပ်ရစေချင်နေတာဖြစ်ပါတယ်။

“ဒါက လက်စားချေရမယ့်အချိန်လို့ ကျွန်တော် ထင်ပါတယ်”လို့ ဆာလားက ယခုလအစောပိုင်းက ဘောလုံးကလောင်ရှင်များအဖွဲ့ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လက်ခံရယူပြီးနောက် ပြောကြားခဲ့တာဖြစ်ပါတယ်။ မိုဟာမက် ဆာလားဟာ လက်စားချေဖို့ စိတ်ထဲရှိနေချိန်မှာ လီဗာပူးလ်နဲ့ ရေရှည်အနာဂတ်၊ ကြံ့ခိုင်မှုနဲ့ ခြေစွမ်းအပေါ် စိုးရိမ်စရာတွေ ဝိုင်းရံနေချိန်မှာ ပဲရစ်ကို ခရီးထွက်ခဲ့တာဖြစ်ပါတယ်။

ဆာလားဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဝုလ်ဗ်စ်နဲ့ပွဲမှာ ယခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၂၃ ဂိုး ပြည့်မြောက်ခဲ့တာကြောင့် တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်နဲ့အတူ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ပူးတွဲရပ်တည်ခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ၾကယ္ပြင့္တိုက္စစ္မႉး မိုဟာမက္ ဆာလားက ၂၀၁၈ ခုႏွစ္တုန္းက စပိန္လာလီဂါထိပ္သီးအသင္းႀကီးကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း စေနေန႔မွာ ရီးရဲလ္မက္ဒရစ္ကို လက္စားျပန္ေခ်ဖို႔ အာ႐ုံစိုက္ေနတာျဖစ္ပါတယ္။

“ငါတို႔ေတြ လက္စားျပန္ေခ်ရမယ္”လို႔ မိုဟာမက္ ဆာလားက ရီးရဲလ္မက္ဒရစ္အသင္းက လီဗာပူးလ္နဲ႔ ေမလ ၂၈ ရက္ေန႔ ဗိုလ္လုပြဲမွာ ေတြ႕ဆုံရမယ္ဆိုတာကို သိရွိခဲ့ၿပီးေနာက္ လူမႈကြန္ရက္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။ ဆာလားရဲ့ ဥေရာပအဆင့္ေဘာလုံးပြဲစဥ္မွာ ပထမဆုံး ပါဝင္ကစားခဲ့တဲ့ လြန္ခဲ့တဲ့ ၄ ႏွစ္က ကိဗ္ၿမိဳ႕က ပြဲစဥ္ဟာ ဆိုးဆိုးရြားရြားပဲ အခ်ိန္မတန္မီ အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။

အီဂ်စ္တိုက္စ္စမႉးဟာ ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ ဆာဂ်ီယို ရာမို႔စ္ရဲ့ ဖ်က္ထုတ္မႈေၾကာင့္ ပုခုံးအဆစ္လြဲသြားခဲ့ၿပီးေနာက္ ပထမပိုင္းမွာပဲ ကြင္းထဲကေန မ်က္ရည္ေတြနဲ႔ ထြက္ခြာခဲ့ရတာျဖစ္ၿပီး စပိန္ဝါရင့္ေနာက္ခံလူဟာ ၿပိဳင္ဘက္ကစားသမားကို ရည္ရြယ္ခ်က္ရွိရွိနဲ႔ လူခ်ခဲ့တာလို႔ စြပ္စြဲခံခဲ့ရတာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဟာ လီဗာပူးလ္ကို ၃-၁ နဲ႔ အနိုင္ရရွိသြားခဲ့ၿပီး ဆာလားအေနနဲ႔ အဲဒီညက ခါးသီးတဲ့ အမွတ္တရေတြကို ဘယ္လိုမွ ေခါင္းထဲကေန ထုတ္နိုင္ခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

“အဲဒါက ကၽြန္ေတာ့္ ကစားသမားဘဝမွာ အဆိုးရြားဆုံး အခိုက္အတန႔္ျဖစ္ခဲ့ပါတယ္။ ကၽြန္ေတာ္ အဲဒီအခ်ိန္မွာ တကယ္ကို စိတ္ဓာတ္က်ေနခဲ့ပါတယ္။ ငါတို႔ေတြ ဒီလိုပုံစံနဲ႔ေတာ့ ရႈံးလို႔မရဘူးေလဆိုသလိုမ်ိဳး ျဖစ္ခဲ့ပါတယ္။ ကၽြန္ေတာ္ ေဘာလုံးကစားခဲ့တဲ့တေလၽွာက္လုံးမွာ အဲဒီခံစားခ်က္ကို ဘယ္တုန္းကမွ မခံစားခဲ့ရဖူးပါဘူး။ အထူးသျဖင့္ ကၽြန္ေတာ္တို႔အားလုံးရဲ့ ပထမဆုံး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာေပါ့”

ဆာလားဟာ ေနာက္ထပ္ ၁၂ လအၾကာမွာေတာ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲနဲ႔ လြဲေခ်ာ္ခဲ့ရမႈကို ျပန္လည္တုံ႔ျပန္နိုင္ခဲ့ၿပီး လီဗာပူးလ္အသင္းက ေတာ့တင္ဟမ္ေဟာ့စပါးကို အနိုင္ယူၿပီး ၆ ႀကိမ္ေျမာက္ ဥေရာပခ်န္ပီယံ ျဖစ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဆာလားက ဆာဂ်ီယို ရာမို႔စ္ဟာ ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေရႊ႕သြားခဲ့ၿပီျဖစ္တာေတာင္မွပဲ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ယခုအပတ္ စေနေန႔မွာ ေနာက္ထပ္တစ္ႀကိမ္ ျပန္လည္ရင္ဆိုင္ရတဲ့အခ်ိနက်ရင္ ျပန္လည္ေပးဆပ္ရေစခ်င္ေနတာျဖစ္ပါတယ္။

“ဒါက လက္စားေခ်ရမယ့္အခ်ိန္လို႔ ကၽြန္ေတာ္ ထင္ပါတယ္”လို႔ ဆာလားက ယခုလအေစာပိုင္းက ေဘာလုံးကေလာင္ရွင္မ်ားအဖြဲ႕ရဲ့ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို လက္ခံရယူၿပီးေနာက္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ မိုဟာမက္ ဆာလားဟာ လက္စားေခ်ဖို႔ စိတ္ထဲရွိေနခ်ိန္မွာ လီဗာပူးလ္နဲ႔ ေရရွည္အနာဂတ္၊ ႀကံ့ခိုင္မႈနဲ႔ ေျခစြမ္းအေပၚ စိုးရိမ္စရာေတြ ဝိုင္းရံေနခ်ိန္မွာ ပဲရစ္ကို ခရီးထြက္ခဲ့တာျဖစ္ပါတယ္။

ဆာလားဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ဝုလ္ဗ္စ္နဲ႔ပြဲမွာ ယခုရာသီ ပရီးမီးယားလိဂ္သြင္းဂိုး ၂၃ ဂိုး ျပည့္ေျမာက္ခဲ့တာေၾကာင့္ ေတာ့တင္ဟမ္ေဟာ့စပါးတိုက္စစ္မႉး ဆြန္ေဟာင္မင္နဲ႔အတူ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ပူးတြဲရပ္တည္ခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.