Premier League UCL&UEL

ချန်ပီယံလိဂ်မကန်ဖူးပေမယ့် ရီးရဲလ်နဲ့ လီဗာပူးလ်ပွဲကို ခန့်မှန်းလိုက်တဲ့ အာဆင်နယ်ကစားသမား

အာဆင်နယ်ဘယ်နောက်ခံကစားသမား နူနို တာဗာရက်စ်က ယာဂန် ကလော့ပ်ရဲ့အသင်ဟာ ကာလို အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်သွားလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးဖြစ်တဲ့ လီဗာပူးလ်ဟာ စနေနေ့မှာ လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၂၀၂၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ပဲရစ်မြို့က Stade de France ကွင်းမှာ ယှဉ်ပြိုင် ကစားသွားတော့မှာဖြစ်ပါတယ်။

အာဆင်နယ်ဘယ်နောက်ခံလူက ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးလ်ထက် ပိုမိုကောင်းမွန်ပြီး ဥရောပရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ဆုဖလားကြီးကို ကိုင်မြှောက်သွားနိုင်လိမ့်မယ်လို့ ထောက်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။

“ရီးရဲလ်မက်ဒရစ်ပဲ အနိုင်ရမှာပါ။ ဘာလို့လဲဆိုတော့ သူတို့တွေက ဒီရာသီမှာ အရမ်းမိုက်နေလို့ပါ။ ၁၁ ယောက်ချင်းစီ ကစားသွားရမှာပါ။ လီဗာပူးလ်က တကယ်ကို ကောင်းမွန်ပါတယ်။ သူတို့တွေ တစ်ချိန်လုံး တိုက်စစ်ဆင်နေပြီး အခြားအသင်းတွေကို အသက်ရှူခွင့်မပေးခဲ့ပေမယ့် ကောင်းမွန်တဲ့ တိုက်ပွဲဖြစ်လာပါလိမ့်မယ်”လို့ Counter Attack Podcast ကို ပြောကြားခဲ့ပါတယ်။

အများစုရဲ့ အမြင်မှာတော့ လီဗာပူးလ်အသင်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ရေပန်းအစားဆုံးအသင်းအဖြစ်နဲ့ ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပါတယ်။ လီဗာပူးလ်ဟာ ဥရောပမှာ အကောင်းဆုံးလူစာရင်းတွေထဲက တစ်ခုကို ပိုင်ဆိုင်ထားပြီး ၎င်းတို့ရဲ့ တိုက်စစ်ပိုင်းဟာ အမှန်တကယ်ကို ကြောက်မက်စရာ ကောင်းမွန်နေတာ ဖြစ်ပါတယ်။

မိုဟာမက် ဆာလား၊ လူးဝစ္စ ဒီယက်ဇက်၊ ရောဘတ်တို ဖာမီနို၊ ဂျိုတာနဲ့ ဆာဒီယို မာနေးတို့ အားလုံးဟာ အရည်အသွေးရှိတဲ့ ကစားသမားတွေဖြစ်ပြီး ရီးရဲလ်မက်ဒရစ်မှာလည်း အကောင်းဆုံး ပွဲထွက်လူစာရင်း ပိုင်ဆိုင်ထားပေမယ့် အစ္စကို၊ ဂါရတ် ဘေးလ်၊ အီဒင် ဟာဇက်တို့လို ကစားသမားတွေဟာ အကောင်းဆုံးပုံစံမှာရှိမနေတာကြောင့် ပွဲထွက်ပါဝင်လာဖွယ် မရှိတာ ဖြစ်ပါတယ်။

အန်ဆယ်လော့တီအနေနဲ့ အရန်ခုံကနေ သိပ်များများစားစား မျှော်လင့်စရာမရှိတာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ပီအက်စ်ဂျီ၊ ချဲလ်ဆီး၊ မန်ချက်စတာစီးတီးတို့လို ဥရောပဟဲဗီးဝိတ်အသင်းကြီးတွေကို ဘယ်လို ဖြုတ်ချပြီး ဗိုလ်လုပွဲအထိ တက်ရောက်လာခဲ့လဲဆိုတာကိုတော့ လစ်လျူရှုထားလို့မရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္ဘယ္ေနာက္ခံကစားသမား ႏူနို တာဗာရက္စ္က ယာဂန္ ကေလာ့ပ္ရဲ့အသင္ဟာ ကာလို အန္ဆယ္ေလာ့တီရဲ့ ရီးရဲလ္မက္ဒရစ္အသင္းကို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ရႈံးနိမ့္သြားလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ပရီးမီးယားလိဂ္ထိပ္သီးအသင္းႀကီးျဖစ္တဲ့ လီဗာပူးလ္ဟာ စေနေန႔မွာ လာလီဂါခ်န္ပီယံ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ၂၀၂၂ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျဖစ္ ပဲရစ္ၿမိဳ႕က Stade de France ကြင္းမွာ ယွဥ္ၿပိဳင္ ကစားသြားေတာ့မွာျဖစ္ပါတယ္။

အာဆင္နယ္ဘယ္ေနာက္ခံလူက ရီးရဲလ္မက္ဒရစ္အသင္းဟာ လီဗာပူးလ္ထက္ ပိုမိုေကာင္းမြန္ၿပီး ဥေရာပရဲ့ ဂုဏ္သိကၡာႀကီးမားတဲ့ ဆုဖလားႀကီးကို ကိုင္ေျမႇာက္သြားနိုင္လိမ့္မယ္လို႔ ေထာက္ခံေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ရီးရဲလ္မက္ဒရစ္ပဲ အနိုင္ရမွာပါ။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြက ဒီရာသီမွာ အရမ္းမိုက္ေနလို႔ပါ။ ၁၁ ေယာက္ခ်င္းစီ ကစားသြားရမွာပါ။ လီဗာပူးလ္က တကယ္ကို ေကာင္းမြန္ပါတယ္။ သူတို႔ေတြ တစ္ခ်ိန္လုံး တိုက္စစ္ဆင္ေနၿပီး အျခားအသင္းေတြကို အသက္ရႉခြင့္မေပးခဲ့ေပမယ့္ ေကာင္းမြန္တဲ့ တိုက္ပြဲျဖစ္လာပါလိမ့္မယ္”လို႔ Counter Attack Podcast ကို ေျပာၾကားခဲ့ပါတယ္။

အမ်ားစုရဲ့ အျမင္မွာေတာ့ လီဗာပူးလ္အသင္းဟာ ရီးရဲလ္မက္ဒရစ္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ေရပန္းအစားဆုံးအသင္းအျဖစ္နဲ႔ ယွဥ္ၿပိဳင္ ကစားသြားရမွာ ျဖစ္ပါတယ္။ လီဗာပူးလ္ဟာ ဥေရာပမွာ အေကာင္းဆုံးလူစာရင္းေတြထဲက တစ္ခုကို ပိုင္ဆိုင္ထားၿပီး ၎တို႔ရဲ့ တိုက္စစ္ပိုင္းဟာ အမွန္တကယ္ကို ေၾကာက္မက္စရာ ေကာင္းမြန္ေနတာ ျဖစ္ပါတယ္။

မိုဟာမက္ ဆာလား၊ လူးဝစၥ ဒီယက္ဇက္၊ ေရာဘတ္တို ဖာမီနို၊ ဂ်ိဳတာနဲ႔ ဆာဒီယို မာေနးတို႔ အားလုံးဟာ အရည္အေသြးရွိတဲ့ ကစားသမားေတြျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္မွာလည္း အေကာင္းဆုံး ပြဲထြက္လူစာရင္း ပိုင္ဆိုင္ထားေပမယ့္ အစၥကို၊ ဂါရတ္ ေဘးလ္၊ အီဒင္ ဟာဇက္တို႔လို ကစားသမားေတြဟာ အေကာင္းဆုံးပုံစံမွာရွိမေနတာေၾကာင့္ ပြဲထြက္ပါဝင္လာဖြယ္ မရွိတာ ျဖစ္ပါတယ္။

အန္ဆယ္ေလာ့တီအေနနဲ႔ အရန္ခုံကေန သိပ္မ်ားမ်ားစားစား ေမၽွာ္လင့္စရာမရွိတာျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ ပီအက္စ္ဂ်ီ၊ ခ်ဲလ္ဆီး၊ မန္ခ်က္စတာစီးတီးတို႔လို ဥေရာပဟဲဗီးဝိတ္အသင္းႀကီးေတြကို ဘယ္လို ျဖဳတ္ခ်ၿပီး ဗိုလ္လုပြဲအထိ တက္ေရာက္လာခဲ့လဲဆိုတာကိုေတာ့ လစ္လ်ဴရႈထားလို႔မရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.